{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, 5 June 2011

*စပ်မိစပ်ရာ ဘာညာကွိကွ* (၁)

၁။ “မေမေ သားကိုပုံပြောပြပါ့လား”
“အင်းပြောရတာပေါ့ လူလေးရယ်….ဟိုးရှေးရှေးတုံးက >>>>>>next>>>>>>>>>>>
သူဟာ ကမ်းမမြင်လမ်းမမြင်ပင်လယ်ကြီးထဲမှာ ၇ ရက်တိုင်တိုင် လက်ပစ်ကူးနေခဲ့တယ်..အဲဒ်ီလိုနဲံ…”
“မေမေ သူက (၇) ရက်တောင် ရေထဲမှာနေရတာဆိုတော့ အအေးမပတ်ဘူးလား”
“ သြော် …..ဒါကတော့ လူလေးရယ်...>>>>>>>>>”
။။။။။။။။။။။။။။။။

(၂)“ဆရာမ ဒီတိရစ္ဆာန်ရုံ ထဲက ခြင်္သေ့ကြီးကြတော့ သူအော်ရင် ဘာလို့ သားတို့ နားမကွဲ တာလည်း”
“သြော် သားရယ် သူက ခွေးခြသေ့င်္ မို့ လို့ပေါ့ ”
(ခွေးခြသေ့င်္)??????
….ကိုခြင်္သေ့ + မခွေးမ = မောင်ခွေးခြင်္သေ့ ….
“အင်း ဟုတ်မှာပဲ လူ ခြင်္သေ့ တောင် ရှီခဲ့သေးတာပဲ ခွေးခြသေ့င်္ ရှီတာ ဘာဆန်းတာမှက်လို့.”
။။။။။။။။။။။။။။

(၃).( “…………………………………” )
( “………………………………..” )
“သေချာ တွေးကြည့်ရင် တော့ မဟုတ်သေးပါဘူး အဖေရာ”
“ဘာကွ ဘိုးစင်ဘောက်ဆက် ယုံကြည်လာခဲ့တဲ့အရာ မင်းက
ဖအေ ထက် သားတစ်လ ကြီးနေတယ် ငါရှေ့က အခုထွက်သွားစမ်းကွာ”
။။။။။။။။။။။။။။။။။။။။။။။

ဥုံနှောက် ကိုအရေညှစ် …ထုပ်
အသုံးမကျ တဲ့ အတွေးတချို့ ပြုတ် ထွက်
တစ်ကယ်တော့ ငါဟာ လူတစ်ကာ ရဲ့ မျက်ခမ်းစပ် ပိုးတစ်ကောင် များလား..
အင်း သံထွေး ခွက်ထဲ ပက်လက် မမျှော့ ခဲ့ဘူး
တာပဲ ကိုယ်ကိုကိုယ့် ကျေးဇူး တင်ရမလို့ ဖြစ်လို့

(ဖြစ်တက်ပါတယ်) ဆိဲုတဲ့ စကား တစ်ခွန်း ကို
ရင်ဝယ်ပိုက် ငါခပ်တည်တည် ပဲ လောကကြီးအလယ် လမ်းလျှောက် ထွက်ခဲ့…

ခဏ ခဏ လျှာ ကို ခလုပ် တိုက်တဲတဲ့ ဒီကောင် ..
နော့က်ကြောက(လူမှဟုတ်သေးရဲ့လား) အသံတချို့အကြားမှာ
ကိုယ်နောက်ကြော ကို ပြန်စမ်း မီတယ်
အင်းးးးးးးးးးးးးးးးးးးးးးးးးး

………………..ငါ အမြှီး မပေါက် သေး ဘူးပဲ………………။။။။

============================


မနေ့က လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ စကားတွေဟိုပြောဒီပြော ပြောဖြစ်တယ် ။
ပြောရင်းကနေ စကားဝိုင်းက မျှော်လင့် ချက်ဆိုတဲ့ ဘက်ကိုမသိမသာရောက်သွားတာပေါ့ ။
ကျွန်တော်လည်း တက်ကျမ်းတို့ ဟိုကျမ်း ဒီကျမ်းတွေထဲမှာ ပါနေကျ စကားတစ်ခွန်းပြောလိုက်မိတယ် ။
“လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်တာကွ ၊ မျှော်လင့်ချက်အတိုင်းသာ ကြိုးစားလို့ကတော့ အောင်မြင်မှုဆိုတာ ကိုယ့်စီ ရောက်လာမှာပဲ”
ကျွန်တော်လည်း ကြားဖူးနားဝ ရှိတာတွေပြောပြီး ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်လို့ ကော်ဖီတစ်ငုံ သောက်ပြီး ဆေးလိပ်ဖွာနေတုံး သူငယ်ချင်းတစ်ယောက်က ကျွန်တော့ကိုပြန်မေးတယ် ။
“အဲဒါဆို သူ့ဟာသူနေရင်ကောင်းသား မျှော်လင့်ချက်ကြောင့်ကြိုးစားလို့ သေသွားတဲ့ သူတွေကျတော့ရော … သူ့စီ ဘာတွေလာမလဲ”
သူငယ်ချင်းအမေးကြောင့် ကျွန်တော် ဆေးလိပ်ငွေ့တောင် သီးချင်သလိုဖြစ်သွားတယ် ။ ဟုတ်သားပဲ … အဲလိုလူတွေအတွက်ရော …?
သူငယ်ချင်းတစ်ယောက်က ၀င်ဖြေပါတယ် ….
“အနည်းဆုံးတော့ ဘုန်းကြီး ၅ ပါးလာပြီး ဆွမ်းလာသွပ်ပေးလိမ့်မယ် … အဲဘုန်းကြီးတွေလည်း တစ်နပ်စာ ဆွမ်းခံရ သက်သာသွားတာပေါ့ … ”
နောက်ထပ်သူငယ်ချင်းတစ်ယောက် က ထပ်ပြောပါတယ် ...
"သူ့အပေါင်းအသင်းတွေလည်း ဖဲလေးဘာလေးရိုက်ရတာပေါ့ ....."

။။။။။။။။။။။။။
..
============================

.....................ဒီလိုနဲ့ ..... ဒီလိုနဲ့ .....
၇ ယောက်မြောက် မျက်မမြင် ပုဏ္ဏား အဖြစ်နဲ့ စာအုပ်ထဲသွားပြီး
ဆင်အကြောင်းကို ကျန်တဲ့ ၆ ယောက်ကို ရှင်းပြလိုက်တယ် ....
"ငါက ခေတ်သစ် မျက်မမြင် ပုဏ္ဏားကွ မင်းတို့ထက် ဗဟုသုတပိုများတယ်
မင်းတို့တွေ သေချာမှတ်ထား .... ဆင်ဆိုတာ ... တစ်ကယ်တော့ ..... ပြောင်းဖူး နဲ့တူတာကွ"
နားရွက်ကိုင်မိတဲ့သူက ယက်တောင်နဲ့တူတယ် ကိုယ်လုံးကိုင်မိတဲ့သူက နံရံနဲ့ တူတယ်ဆိုပြီး
အငြင်းပွားနေတဲ့ ၆ ယောက်လုံး ငြိမ်သွားပါတယ် ...
. ကျွန်တော် ဆင်ရဲ့ ဘယ်နားကိုင်မိလဲဆိုတာ သူတို့ ပြန်တွေးနေပုံပဲ .....
............................
အဲလိုပါပဲ .... ခံယူဆုပ်ကိုင်တာတွေ မှားယွင်းမိရင် ယုံကြည့်ချက်တွေပါ မှားယွင်းကုန်မလားပဲ ....


နေနက်/ဒုတိယ
05/06/2011

Wednesday, 25 May 2011

ကျွန်တော်တို့ ပိုင်ဆိုင်သော အချိန်

ကိုဇော် စီကနေပြီး သေခါနီး ၅ မိနစ်အကြောင်းဖတ်မိတော့ ကျွန်တော့ တစ်ခုတွေးမိတယ် ။ တစ်ခြားတော့ မဟုတ်ပါဘူး … start non zero time ဆိုတဲ့စကားလေးပါ ။ အဲဒါကတော့ သုညနဲ့ တစ်စက္ကန့်ကြားမှာရှတဲ့ အချိန်လေးပေါ့ ။ အရင်ကတော့ ကျွန်တော်လည်း လုံးလုံး ကို သတိမထားမိပါဘူး ။ အချိန်တွေထည့်တွက်ရတဲ့ ပုဒ်စာတွေ တွက်ရင် အနည်းဆုံး စက္ကန့်နဲ့ပဲ တွက်ကြတာများတာကိုး ။ မှတ်မှတ်ရရ အဲအကြောင်းလေးကို ကျွန်တော် စာသင်ခန်းထဲမှာ ပဲသိခဲ့ရတာပါ ။ အဲနေ့က ကျွန်တော်တို့ သင်တာက အရာဝတ္ထုတွေကို သပ်မှတ်တဲ့ အကွာအဝေး သပ်မှတ်ထားတဲ့ အမှတ်တစ်ခုကို သပ်မှတ်ထားတဲ့ အချိန်အတွင်း ရောက်အောင် သွားနိုင်ဖို့အတွက် တွက်ကြ ချက်ကြတာပေါ့ ။
ပုဒ်စာမတွက်ခင် ဆရာက ဟိုပြောဒီပြောနဲ့ ပြောရင်း ကျွန်တော်တို့ကို တစ်ခုမေးတယ် ။ နိုင်ငံတစ်ခုကျော်လောက်အောင် ပစ်လွှတ်ရတဲ့ ပစ္စည်းတွေ အတွက်ဆို ဘာတွေလိုမလဲတဲ့ (ဥပမာ … တာဝေးပစ်ဒုံး ၊ အာကာသထဲထိ ပစ်တဲ့ ဒုံးမျိုးတွေ ၊မောင်သူမဲ့ ဂြိုလ်တု တွေ စသည်ဖြင့်ပေါ့) သူ့ရဲ့ အရှိန်ကို တွက်ချက်ဖို့ပါ ။ ဘာတွေလိုမလဲလို့မေးတော့ ကျွန်တော်တို့လည်း ကိုယ်သိသလောက်ကြားဖူးနားဝလေးတွေဝိုင်းပြောကြတာပေါ့ ။ နောက်ကနေ တွန်းကန်အားတွေထွက်မယ့် အင်ဂျင် တို့ ဒုံးထိန်းဒလက် တို့ အရှိန်သပ်မှတ်ချက်တွေ ဘာတွေညာတွေ တစ်ယောက်တစ်ပေါက် ပြောကြတာပေါ့ …။ ကျွန်တော်တို့ပြောလို့အပြီးမှာ ဆရာက ပြောပါတယ် …။ အဲလိုမျိုးတွေအတွက်ဆို အချိန်ကို သုညနဲ့ တစ်စက္ကန့်ကြားမှာရှိတဲ့ အချိန်က အရေးကြီးဆုံးပါပဲတဲ့ ။
ကျွန်တော်ပြောတာ နည်းနည်းလေး ရှုပ်သွားပါပြီ ။ ပြန်ရှင်းပါ့မယ့် ။ တာဝေးပစ် ပစ္စည်းတွေမှာ တာတိုနဲ့ တာလတ် တို့မှာ ထည့်မစဉ်းစားတဲ့ အချက်တစ်ချက်ပါပါတယ် အဲဒါက တစ်ခြားတော့မဟုတ်ပါဘူး ကမ္ဘာရဲ့ လည်ပတ်နှုံးပါပဲ ။ သုညနဲ့ တစ်စက္ကန့်ကြားက ကြာချိန်ကို အရေအတွက်အားဖြင့် 100 ထားထားပါတယ် ။တစ်စက္ကန့်လျှင် ၂၉.၇၈၃ ကီလိုမီတာနှုန်း နဲ့လည်ပတ်နေတဲ့ ကမ္ဘာကြီးပေါ်ကနေ အာကာသထဲကို ပစ်မယ့် ဒုံးတစ်စင်းကို သူ့ရဲ့ သွားနှုန်းက တစ်စက္ကန့်ရဲ့ သုံးပုံတစ်ပုံလောက် မြန်သွားရင် ပဲဖြစ်ဖြစ် နှေးသွားရင်ပဲဖြစ်ဖြစ် ပစ်မှတ်ကို ၉.၉၂၇၇၇ ကီလိုမီတာလွဲချော်သွားမှာ ဖြစ်လို့ပါပဲ တဲ့ ။ နိုင်ငံကျော်ပစ်ရတဲ့ တာဝေးပစ် ပစ္စည်းတွေမှာလည်း အဲအချက်ကို အရေးကြီးအချက်နေနဲ့ ထည့်စဉ်းစားကြပါတယ်တဲ့ ။
ကျွန်တော်ပြောချင်တာက နည်းပညာအကြောင်းမဟုတ်ပါဘူး ။ ကိုဇော်ရေးထားတာလေးဖတ်ပြီး ကျွန်တော့စိတ်ထဲမှာ နည်းနည်းမေ့နေတဲ့ အကြောင်းအရာလေး ပြန်ပေါ်လာလို့ပါ ။ နိုင်ငံကျော် မင်းသားကြီး ခဏခဏ ပြောနေကျ စကားတစ်ခုရှိပါတယ် ။ သေဖို့အတွက် ပြင်ဆင်နေတယ်တဲ့ ။။။။ ပြင်ဆင်ခြင်းဆိုတာ လုပ်ဆောင်ခြင်းမဟုတ်သလို လုပ်ဆောင်ခြင်းဆိုတာလည်း ပြီးမြောက်ခြင်းမဟုတ်သေးပါဘူး ။ ကဲ ကျွန်တော်တို့ ပြင်ဆင်ရင်းနဲ့ သေသွားမယ်ဆိုရင်ရော ။။။ လုပ်ဆောင်တဲ့ အချိန်နဲ့ ပြီးမြောက်ခြင်းကိုတောင် ကြားဖူးလိုက်မယ်မထင်ဘူး ။ ပြင်၇င်းဆင်ရင်းနဲ့ တို့လို့တန်းလန်း သေသွားခဲ့မယ်ဆိုရင်တော့ မြန်မာစကား ဇော်ကန့်လန့် လိုဖြစ်လောက်မယ်ထင်တယ် လို့ တွေးဖူးပါတယ် ။ ဇော်ကန့်လန့်ဆိုတာတော့ တစ်ခြားဇော်ဂျီတွေလို မိုးပေါ်လည်း ပျံလို့မရ ။ ရိုးရိုးလူတွေလို မြေပေါ်မှာလည်း နေလို့မရ အလယ်ကောင်မှာ ကန်လန့်ကြီးဖြစ်နေတဲ့ ဇော်ဂျီပေါ့ ။ တော်တော်လေး ကိုးရိုးကားယား နိုင်မယ့်ပုံပါပဲ ။
လူတိုင်းက တစ်နေ့ကို ၂၄ နာရီပိုင်ဆိုင်ထားတယ်လို့ပြောပြီး ထသွားတုံး ကားတိုက်သွားတဲ့ ကျွန်တော့သူငယ်ချင်းတစ်ယောက် ရှိဖူးပါတယ် ။ အဲနေရာမှာပဲ သေသွားတယ် ။မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက်ရှိတယ်လို့ ပြောရင်းပဲ မတော်တစ်စတစ်ခုခုကြောင့် မနက်ဖြန်ဆိုတာောတင် မမြင်လိုက်ရတဲ့သူတွေ တစ်ပုံကြီးပါပဲ ။ အဲတော့ ကျွန်တော်တို့ ဘယ်လောက်များများ ပိုင်ဆိုင်နိုင်မလဲ ။ နောက်ပြီး ဘယ်လောက်ထိ လုပ်သင့်လဲ ။ သေဆုံးခြင်းဆိုတာ ကျွန်တော်တို့နဲ့ ဝေးကွာနေတယ်လို့ထင်ရပေမယ့် အနီးကပ်ဆုံးလည်း ဖြစ်နိုင်တာပဲလေ ။ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ။ ကျွန်တော့အထင်တော့ အကြွေစေ့တစ်ခုက ပန်းနဲ့ခေါင်းလိုပါပဲ ။ အချိန်မရွေးပြောင်းလဲ သွားနိုင်ပါတယ် ။ ပြင်ဆင်ချိန် အရမ်းများနေရင်တော့ လုပ်ဆောင်ချိန်တွေ လျှော့နည်းသွားမှာပါပဲ … ။ ကျွန်တော်တို့ သေချာပေါက် ပိုင်ဆိုင်ထားတဲ့ အချိန်တစ်ခုပဲရှိပါတယ် ၊ အဲဒါကတော့ သုညနဲ့ တစ်စက္ကန့်ကြားမှာရှိတဲ့ အချိန်ကလေး တနည်းအားဖြင့် ရှင်သန်ချိန်လေးပါပဲ ။ အရမ်းနည်းနေတယ်လို့ထင်လို့လား အဲအချိန် တစ်ယူနစ်အတွင်းမှာ ကမ္ဘာကြီးက 0.29783 ကီလိုမီတာတောင် လည်ပတ်သွားပြီ ။ ကဲ …. ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ သုညနဲ့ တစ်စက္ကန့်ကြားက အချိန်လေးထဲမှာ ဘာတွေလုပ်ကြမလဲ ?


ခလုပ်ဆွဲညှစ်ပြီးတဲ့ သေနတ်ပြောင်းဝမှာ ကျွန်တော်ရှိနေတယ်ဆိုရင်တော့ ကမန်း ကတမ်း စိတ်ထဲက အလုပ်တစ်ခု လုပ်လိုက်မိတယ် ….
“ဘု……..”



နေနက်
25/5/2011

Tuesday, 24 May 2011

ကြုံခဲ့ ဆုံခဲ့သမျှ မှက်တမ်း အပိုင်းအစများ

(၁)..မနက်စောစော အလုပ်သွားချိန် လမ်းမပေါ်အရောက်မှာ အရူးတစ်ယောက်
လမ်းလယ်မှာ ကန့်လန့်ဖြက်စီးတားထားလျှက် လက်ထဲမှာလည်းကျောက်ခဲတစ်လုံးကိုကိုင်းပီး
…“ ဒီ စီးကိုကျော်ရဲတဲ့သူ ကျော်ကြည့် ငါကျောက်ခဲ့နဲ့ ထုမှာ”
အလုပ်သွားဈေးသွား လူတချို့ အရူးတားထားသေားစီးကိုမကျော်ရဲ့ကြသဖြင့်
စုပုံ သွားကြသည် ။။
“ ငါကျော်တယ်ကွာ ထုချင်လည်းထုဟာ”
နောက်က လူတချို့ အသံ ထွက်လာကြသည်
“အာာာ...ဒီလူသေတော့မှာပဲ ဟိုက ရူးနေတာ တစ်ကယ်ထုမှာ အရူး ထက်ရူးတဲ့ကောင်ပဲ”
ထိုအချိန် အရူးက လက်ထဲမှာကျောက်ခဲ့ကို မြှောက်ကိုင်ပီး အနားကိုပြေးလာ၍ ....
အနားရောက်တော့ တိုးတိုးလေးကပ်ပြောတယ်
“မင်းကျော်ခဲ့တော့ မင်းဒီဘက်ရောက်လာတာပေါ့..ဟိုလူတွေက အရူးတွေကွ မင်းနောက်က
သူတို့ လိုက်လာကြလိမ့်မယ် သွားမပြောနဲ့ ”
ကျွန်တော်ပြုံးလိုက်မီသည်…ခပ်တည်တည်ပဲ ရှေ့ဆက် လာခဲ့တယ်..နောက်မှာတော့
အရူးက သူအလုပ်သူဆက်လုပ်နေလေရဲ့ ......

“ ဒီစီးကိုကျော်ရဲ့တဲ့သူကျော်ကြည့် ငါကျောက်ခဲ့နဲ့ ထုမှာ”
.................။။။။။။။။။။။။။။။။...............


(၂)။ ပက်စပိုစ့် ရုံးအတွင်း ရောက်ခဲ့စဉ်က
.“ ညီလေး ကဘယ်သွားမှာလည်း ”
“မလေးရှားပါအကို”
“သြော် အကိုကတော့ ကိုးရီးယား သွားမှာလေ”
“ဟုတ်လား အင်း ကောင်းပါတယ်”
“မသွားတော့ မသွားချင်ဘူး ညီရာ ဒါပေမယ့်လည်း မြန်မာပြည်မှာ နေရင်( ငက်)သေလိမ့်မယ်ကွ”
ကျွန်တော် စိတ် အချဉ် ပေါက်သွားခဲ့မီတယ်..
“ခင်းဗျား အသက် ဘယ်လောက်ရှီသွားပီလည်း”
“ ၂၈ ပြည့်ပီ”
“သြော် ဒါနဲ့ အဲဒီ ၂၈ နှစ်အတွင်းမှာ ခင်များ ထမင်းငက်ခဲ့ဘူးလား”
“ဟေ့ကောင် ဘာစကား ပြောတာလည်းကွ လူကို ကလေကချေများ မှက်နေလား”
“မဟုတ်ပါဘူး ဗျာ ကျွန်တော်တော့ ထမင်းငက်ခဲ့ဘူးတယ် ဒါပေမယ့် ခင်ဗျားလို
ငက်မှာကြောက်လို့  သူတစ်ပါးနိုင်ငံ မှာကျွန်သွားခံမှာ မဟုတ်ဘူး”
“ဒါဖြင့် မင်းက ဘာလို့သွားမှာလည်း ”
“ကျွန်တော်ဒီမှာ နေရင် ကျွန်တော့် မိသားစု ငပိရည်နဲ့ ထမင်းစားရမယ်
ဟိုကိုသွားရင် ကျွန်တော့် မိသားစု ကြက်သားဟင်းလေးနဲ့ များစားရမလားလို့ပါ”…
…………………။။။။။။။။။……………………………


(၃)။မလေးရှား ..ကွာလာလန်ပူ ..မြန်မာဆိုင် တစ်ဆိုင် သို့ ရောက်ခဲ့တုံးက
…“ညီလေး အကို ကိုတစ်ခုလောက်ကူညီပါ့လား
အိပ်ပြန်စရာ လမ်းစရိတ်ပြက်သွားလို့ ကွာ ၁၀ လောက်ချေးပါလား အကိုဖုန်းနံပါတ်
ယူထားလိုက် နောက်နေ့ ကြရင် မင်းဖုန်းထဲကို အကိုငွေလှမ်းထည့်ပေးလိုက်မယ်”
“သြော်ဟုတ်ကဲ့ ရပါတယ်အကို ”
ထိုလူကို ပိုက်ဆံ ၁၀ ထုပ်ပေးရင်း စကားအနည်းငယ်ပြောကာ ထိုလူထွက်သွားချိန်
ဘေးစားပွဲမှာ ထိုင်နေတဲ့သူတစ်ယောက် သောက်လက်စ ဘီယာ စားလက်စ ဒန်ပေါက်
ပုဂံကိုကိုင်လျှက် အနားသို့ရောက်လာ၍
“ညီလေး ဒီကိုရောက်တာမကြာသေးဘူးနဲ့ တူတယ်”
“ဟုတ်ကဲ့ တစ်နှစ်ကျော်ပဲရှီပါသေးတယ်”
“အင်း အဲတာကြောင့်ကိုး …..ခုဏ ကညီလေး ပိုက်ဆံ ပေးလိုက်တဲ့သူနဲ့ အကိုနဲ့ 
ကအလုပ်အတူတူပဲကွ ဒီကိုရောက်တာ ၅ နှစ်ကျော်သွားပီး အလုပ်ကို လက်ကြောတင်းအောင်မလုပ်ချင်ဘူး
ဘယ်သူဆီကအချောင်ရမလဲ လိုက်ချောင်းနေတဲ့ကောင် ရသမျှ ငွေ အရက်သောက်တာနဲ့ ကုန်တာပဲလေ
“သြော် ဒါနဲ့ အကိုလည်း ၅ နှစ်ကျော်ပီ ဆိုတော့ စုမီမှာပေါ့နော် ”
“မစုမီပါဘူး ညီးလေးရာ လစာက ၈၀၀ လောက်ပဲရတာ စားတာသောက်တာနဲ့
ကုန်တာပါပဲ မြန်မာပြည်ကိုတောင် ပြန်မပို့ နိုင်ပါဘူးကွာ”
ပြောရင်းနဲ့ ထိုလူ ဒန်ဟဲ ဗူးလေးထုပ်ကာ စီးကရက် တစ်လိပ့်ကောက်ဖွားလိုက်သည်..
.(.လစာ ..၈၀၀..စားတာ..ဒန်ပေါက် ..သောက်တာ.. ဘီိယာ..လက်ထဲမှာ ဒန်ဟဲ စီးကရက်လေး
ခဲ့လို့ )..
ကိုယ့်အိပ်ကပ် ကိုပြန်စမ်းကြည့်မီလိုက်တယ်…
..ငွေ ၁၀ တန်တစ်ရွက် ထောင့်စွန်းလေးမှာ ကပ်နေသေးတယ်.
.
..............အင်းးးး ငါလည်း အိပ်ပြန်အုံးမှပဲ….......


ဒုတိယ
25/05/2011

Saturday, 21 May 2011

*လူ“အ”တစ်ယောက်အကြောင်း*

ရန်ကုန် ကိုရောက်လာကတဲက မြိုထဲကိုကောင်းကောင်းမရောက်ဖြစ်သေးဘူး
ဘာပဲဖြစ်ဖြစ် ဒီနေ့ တော့အလုပ်လေးလဲ အားနေတာပဲ မြို့ထဲလျှောက်သွားအုံးမှ…
အဲလိုစိတ်ကူးလေး ပေါ်လာတာနဲ့ ကျွန်တော့် မြို့ထဲသို့ တစ်ယောက်တည်း ထွက်လာမီတယ်…။။
ဆူးလေ မှက်တိုင် ရောက်တော့ ကားပေါ်က ဆင်ပီး ကျွန်တော်တစ်ယောက် ဟိုဟိုဒီဒီလျှောက်လာရင်း
တနေရာအရောက်မှာတော့ မြို့သား နှစ်ယောက် ကလေးတစ်ယောက် ရောင်းနေတဲ့ ဂဏန်းကြော် ၀ယ်စားနေတာကို တွေ့လိုက်တယ်ဂဏန်းကြော်ဝယ်စားတာပြောစရာစကားမဟုတ်ပေ့မယ့် ကျွန်တော်တွေ့ နေရတဲ့ မြို့သားနှစ်ယောက် ဂဏန်ကြော်စားနေပုံကတော့ ကျွန်တော်အတွက် ထူးဆန်းနေတယ်
တောမှာဆိုရင်တော့ ဂဏန်းကိုရင်ပုန်ခွာအထဲမှာရှီတဲ့အညစ်အကျေးတွေကို သေချာစင်အောင်ဆေး ပီး ပုံကျပန်းကျ
ချက်ပြုပ်ခံရတဲ့ ဂဏန်း မြို့ပေါ်ရောက်မှ အခွန်မခွါ ရင်ပုန်မခွာပဲဆံမှုန့်လူးပီး အကောင်လိုက်ကိုဝါးစားခံနေရတဲ့ပါ့လား …စိတ်ထဲမှာတော့မှက်ချက်တစ်ခု ထားလိုက်တယ်….“ တော်တော်(အ)တဲ့ မြို့သားတွေပဲ
ဂဏန်းတောင် ကောင်းကောင်းမစားတက်ပါ့လား…”
အဲဒီလိုတွေးပီး ကျွန်တော် ((((ခပ်တည်တည်ပဲ))) ထွက်လာခဲ့တယ်……။။။
ရှေ့နားအရောက် လမ်းဘေးမှာ ချရောင်းနေတဲ့ မျက်မှန်ဆိုင် တစ်ဆိုင်ကိုတွေရပီး ကျွန်တော်လည်းမျက်မှန် တစ်လက်လောက်ဝယ်ချင်စိတ်ပေါက်လာတာနဲ့ ….“အကိုရေ ဒီမျက်မှန်လေး ဘယ်လောက်လဲဗျ”
“၁၅၀ ပါညီလေး ” “အာာာ..များလိုက်တာဗျာ ၇၅ကျပ် ထားလိုက်ပါ့လား”
“မရပါဘူး ညီလေးရာ အဲတာရောင်းဈေးပါပဲ ညီလေးလိုချင်ရင်တော့ ၁၀၀ နဲယူလိုက်ပါ အကိုလည်းဈေးဦးပေါက်မို့လိုကွာ”
…ဆိုင်ရှင်ကတော့ တစ်ခါပဲ ဈေးဆစ်ရသေးတယ် ဈေးဦးပေါက် ဆိုတဲ့စကားလုံးနဲ့ လျှော့ပေးနေလိုက်တာ သုံးပုံတစ်ပုံ တောင်ပဲ
..အဲတာကြောင့် ရွာကအမေ ကမှာလိုက်တာ မြို့ပေါ်မှာဈေးဝယ်ရင် ဘာဝယ်ဝယ် ဈေးဆစ် ၀ယ်လို့ …..ခုတော့ လက်တွေ့ပဲ လေ ကျွန်တော်လည်း အားမနာတက်တဲ့ကောင်ဆိုတော့ သူရဲဈေးဦးပေါက်ကို အခွင့်ရေးယူပီး ..“ဒိလိုလုပ် အကိုရာ အကိုလည်း ဈေးဦးပေါက် ကျွန်တော်လည်း ငွေမလောက်တာနဲ့  ဒီမျက်မှန်လေးကို ၅၀ နဲသာ ရောင်းလိုက်ပါ့လား” ကျွန်တော်အဲလိုပြောတော့ ဆိုင်ရှင်ကနည်းနည်း တင်းသွားပုံရတယ်….“ဟေ့ ကောင် အလားကား သာယူသွားကွာ ” ..“တစ်ကယ်လားဗျ အလားကားဆိုရင် နှစ်ခုမရ ဘူးလား”..ကျွန်တော် အဲလိုပြောပီးမှာတော့ ဆိုင်ရှင် က“ ဒီမယ် ဟေ့ကောင် နှစ်ခုတော့ မရဘူး လက်သီးပဲ ရမယ်ယူမလား ”..သြော် မြို့သားတွေနှယ့် တော်တော် စကားပြောရတာ ခက်ပါ့လား ခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ .. “ခင်ဗျား လက်သီး ကျုပ်က ဘာလုပ်ဖို့လည်း ပြုပ်စားမရ သုပ်စားမရနဲ့ မပေးလည်းနေပေါ့ဗျာ” ဟု ကျွန်တော်လည်း ပြန်ပြောကာ (((ခပ်ကုပ်ကုပ်))) ပဲထွက်လာလိုက်တယ်…အနောက်မှာတော့ မျက်မှန် ဆိုင်ရှင်ကကျွန်တော် ကိုဆဲဆိုကြိမ်းမောင်ပီး ကျန်ခဲ့လေရဲ့ .။။။.
ရှေ့နားအရောက်မှာတော့
စိတ်မကောင်းစရာ မြင်ကွင်းတစ်ခုကို ကျွန်တော်တွေလိုက်ရတယ် အသက် 70 ကျော်
လောက်ရှီမယ်ထင်တဲ့ ကုလားအဘွားအိုကြီးတစ်ယောက် ဖိနပ်တွေ ရောင်းနေတာပါ
“အင်းသူမှာလည်း သားသမီးမရှီရှာလို သက်ကြီးရွယ်ကြီးနဲ့ လုပ်စားနေရပါလား ”
စိတ်ထဲမှာ တွေးရင်း သူရောင်းနေတဲ့ ဖိနပ် တွေကြည့်လိုက်တော့..အလိုလေးးး
ဖိနပ်တွေက အကောင်းစားတွေပါ့လား အကောင်းစားဆိုပေမယ့် ကြည့်ရတာတော့
အဟောင်းတွေ ဖြစ်ပုံရတယ် ဈေးကလည်း ချိုလိုက်တာ 50..60..70..အများဆုံး
100 ကျော်ပဲရှီတယ် သရေစိမ်း ဂွင်းထိုး ဖိနပ်အမျိုးမျိုး ဒီဇိုင်း အစုံပါပဲလား
ကျွန်တော် ၀ယ်ချင်စိတ် ပေါက်သွားတယ် အဲတာနဲ့ ကျွန်တော် နည်းနည်းပါးပါး ဈေးဆစ်ကြည့်အုံးမှ ဆိုတဲ့အတွေးနဲ့
ရှေ့နားကို တိုးလိုက်တော့ ကုလားတစ်ယောက်
အနားရောက်လာပီး 52 ကျပ်တန် ဖိနပ် တစ်ရံဝယ်ပီး ငွေ 100 ပေးလိုက်တာတွေလိုက်
တယ် “သြော်သူတို့ လူမျိုးချင်းမို့လို့ ရိုင်းပင်းလိုက်ကြတာနော် ဈေးတောင်မဆစ်ဘူး
52 ကျပ်တန်ကို100 တောင်ပေးပီဝယ်သွားတယ်”စိတ်ထဲမှာတော့ချီးကျူးလိုက်မီတယ်
ကျွန်တော်လည်း ၀ယ်မလို့ ထိုင်ပီး ဖိနပ်တွေကိုသေချာလိုက်ကြည့်မီနေတုံး အဘွားအို ကကျွန်တော်ကို ပြူးပြူးကြောင်ကြောင်နဲ့ နားမလည်သလိုကြည့်နေတယ် ကျွန်တော်လည်းပြုံးပြလိုက်မီတာပေါ့ အဲဒိအချိန်မှာ အနောက်က လူတစ်ယောက်အသံ
ကြားလိုက်ရတယ်“ အကိုနည်းနည်းလောက်ဗျာ” ကျွန်တော်လှည့်ကြည့်မီတော့ ကုလား
နှစ်ယောက်ဗျ သူတိုနှစ်ယောက်က ငွေ200ကျပ်ကို အဘွားအိုထုပ်ပေးပီး 59. 60.ကျပ်တန်ဖိနပ် နှစ်ရံ ကိုကောက်ယူပီး စီးသွားတယ် ထူးဆန်းတာက သူတို့ဆီမှာဖိနပ် စီးမလာဘူး ကျွန်တော်လည်း စိတ်ထဲမှာ မသိုးမသန့် ဖြစ်လာတာနဲ့ ဘေးဘီဝဲရာ
လှည့်ပတ်လှည့်ကြည့် မိလိုက်တော့မှ.........
…ကျွန်တော် ကျောခိုင်းထားတဲ့ အနောက်မှာ
ကုလား ဗလိ ကြီးဗျ အဲတော့မှ ကျွန်တော်ပေါက်သွားတယ် ကုလားတွေ ဗလိ တက်ရင်
ဖိနပ် ချွတ်ပီးအပ်ထားတာ အဘွားအိုက နံပါတ်ပြားလေးတွေနဲ့ မှက်ထား ထားတာကို
ကျွန်တော်က ဖိနပ် ရောင်းစားနေတယ်ထင်မီတာ..ဟီးးးးရှက်လိုက်တာဗျာကျွန်တော်
အဲနေရာက (((ခပ်သုတ်သုတ်))) ပဲပြေးထွက်လာလိုက်တယ်…။။။။


( သြော် ငါလည်း တော်တော် “အ” တဲ့တောသားပါ့လားနော်)

“ဒုတိယ”
22/05/2011

Saturday, 23 April 2011

ဘုန်းကြီးကျောင်းသား

မြို့ပြနဲ့ မနီးမဝေး ကျေးရွာလေးတစ်ရွာ မှာပေါ့ ထိုရွာလေးတွင် အတန်းကျောင်းမရှီပါ
ရွာရှီကလေးသူငယ်များသည်ရွာဦးဘုန်းတော်ကြီးကျောင်းတွင် မူလတန်း အတန်းကျောင်းစာကိုသင်ကြားကြရသည် .. ထိုကလေးငယ်များ ထဲတွင် အင်မတန် ဆီုးပေတေ ပီး အစားနဲ့အဆော့ ပြိုင်ဘက်မရှီ ပေပေတေတေ နဲ့  တစ်ရွာလုံးက အော်ကြောလန် ဆရာတော် လက်ဆွဲတော်
ကြိမ်လုံးကြီးရဲ့ တစ်ဦးတည်းသော အချစ်တော် လေး(ဒုဒု) ဆိုတဲ့ ငတိ လေးတစ်ယောက်ရှီခဲ့တယ်
သူကတော့ အခြားသူမဟုတ်ပါ ကျွန်တော်ပါပဲ။။
ဆရာတော် ဘယ်လောက်ပဲ ရိုက်ရိုက် ဘယ်လောက်ပဲပြောပြော “ဒုဒု” တို့ အတွက်ကတော့ ပန်းနဲ့ ပေါက်နေသလိုပဲ ဘယ်တော့မှ အပြုံးမပျက် ကျောင်းမှာ စာ ဆိုရင် ဘိတ်ချီးတူး ကျောင်းအတွက် ဝေရာဝစ်စ လုပ်စရာရှီနေပီဆိုရင် “ဒုဒု” တို့ ပြောက်နေပီ အစားအသောက် ဆိုရင်တော့ ရှေ့ဆုံးက ပဲ ..ကျွန်တော်က အဲသည့်လောက် တော်တဲ့ ကလေးပါ ..ထို့ ကြောင် ဆရာတော်ရဲ့  လက်ဆွဲတော်ကြိမ်လုံးကြီးသည် ကျွန်တော်အား ဘယ်တော့မှ မျက်ချေပြက်မခံ..။။
အတန်းကျောင်း နွေရာသီ သုံးလ နားချိန်ကျောင်းမှာ အတန်းဆရာ/ဆရာမတွေ မရှီကြတဲ့ အခါ ကျောင်းထိုင်ဆရာတော် ကြီးရဲ့ ဘုန်းကြီးစာကိုတစ်ခါထပ်သင်ကြရပါသည်အဲဒိလို အခါမျီုးမှာ “ဒုဒု”တို့အတွက် လွတ်လက်တဲံ့ ရာသိပေါ့ ဆရာတွေဆရာမ တွေမရှီတော့ ဆရာတော်တစ်ပါးတဲဆိုတော့ လွတ်လွတ်လက်လက် စာသင်ခွင့် ကမြင်းကြောထခွင့် လို့နေလို့ ပါ..။။
တနေ့ ကျောင်သား/သူ များကို စာကျက်ထားဖို့ မှာပီဆရာတော်နာရေးတစ်ခုကြွသွားနေချိန် အခြားသောကျောင်းသား/သူများကတော့ ဆရာတော်မှာခဲ့တဲ့ အတိုင်း စာတွေကျက်လို့ ပေါ့..ကျွန်တော် ကတော့စာကျက် ရမှာပျင်းလို့  ဆရာတော် မရှီတုံးလေး အိပ်ဖို. ကျောင်းမကြီးပေါ်က သလွန် ပေါ်တက် သင်္ဏန်းခေါင်းမြီးချုံပီး အိပ်လိုက်ပါတော့သည် (သလွန် ဆိုတာ ထေကြီးဝါကြီးဆရာတော်တွေအတွက် မြင့်မြက်တဲ့ နေရာတစ်ခုပါ) တော်တော်လေးကြာသွားမည် ထင်သည်
ကျွန်တော်အိပ်ရာက နိုးလို့ခေါင်းထောင်ကြည်မီတော့ ဆရာတော်ပြန်ရောက်နှင်နေပီး ကျွန်တော်အိပ်ပျော်နေတဲ့ သလွန် ချေရင်းမှာ ပုရစ်ခွေ လေးထိုင်လို့ ငိုက်နေတာတွေလိုက်ရတယ်..ဆရာတော် အတွေးထဲမှာ သူထက်ဝါရင့်ဆရာတော် တစ်ပါးပါး ရောက်နေလို့ သာ ဒီလို သလွန်ပေါ်မှာ ကြိမ်း နေတာပဲ ဖြစ်မယ် လို ယူစနေပုံရတယ် နိုးလဲမနိုးရဲဘူးထင်ပါရဲ့ .
ကျွန်တော်မှာတော့ သင်္ဏန်းခေါင်းမြီးခြုံ ပြီး ဇောချွေးတွေ ပြန်နေရပီ ခုဏ တုံးက ရွှေရောင်တွေတစ်ဝင်းဝင်းနဲ့  ပိုးသားကတိဗာ ခင်းထားတဲ့ ဟော့ဒီ့ သလွန်ညောင်စောင်းပေါ်မှာ အိပ်ခဲ့ တဲ့စည်းစိမ်လေး ပြောက်ချင်းမလှ ပြောက်နေရပီ ချေတွေလက်တွေ တုန်နေပီးဘာလုပ်ရမှန်းမသိ ကြိမ်လုံးကြီးပဲ မြင်ရောင်နေမီတယ် ခဏကြာတော့ကျွန်တော် သင်္ဏန်းလေး မပီး ဆရာတော်ကို ငုံ့ အကြည့် ဆရာတော်ကလည်း ငိုက်နေရာမှနေ ကျွန်တော်ကို မှော့အကြည့်
အကြည့်ချင်းဆုံရင်တွေခုန်ပီးဆရာတော်ရဲ နုတ်ဖျားက သာယာနာပျော်ဖွယ်အသံလေးနဲ
့“ (ခွေးသူခိုး) သေမယ့်သာပြင်တော့ ”…..ထို့နေက ကျွန်တော် ရဲ့ တင်ပါးလေး အညိုရောင်တွေ အနီ ရောင်
တွေလွှမ်းသွား ပါတော့သည်..။။
ဒါတင်ပဲလား မဟုတ်သေး နောက်နေ့  ဆရာတော် အလူ တစ်ခုကိုကြွ မလို့ ကျောင်းသား/သူ များကို ကျောင်းသန့်ရှင်းရေးလုပ်ဖို့ မှာ ခဲ့လေတာပေါ့ အလုပ်ဆိုလက်ကြောတင်းအောင်မလုပ်ချင်တဲ့ ကျွန်တော် ကျံကျံဖန်ဖန် ကစားနည်း တစ်နည်း ဖန်တီး နေမီတယ် …။။ကျောင်းသားတွေကို လိုက်စုပီး .
ကျွန်တော်ပြောလိုက်တယ် “ငါတိုတွေ သန့်ရှင်းရေး နောက်မှလုပ်ကြရအောင်ကွာ ဆရာတော်မရှီတုံးလေ အသုဘ ချတိုင်းကစားကြရအောင်”အဲတော့ ကျန်တဲ့ကလေးတွေက “အေး အဲသည့်လိုကစားရင် ဘယ်သူက မသာကောင် လုပ်မှာလည်းငါတို တော့ မလုပ်ရဲဘူးနော် ” နဂိုကတည်းက အကြံနဲ့ကောင်ဆိုတော့ ကျွန်တော်မဆိုင်းမတွပဲ ပြန်ဖြေလိုက်တယ် ..“ငါ မသာကောင် လုပ်မယ်လေ မင်းတို့ တွေ ငါကို ထမ်းပေါ့ဟ”
“အေးဒါဆိုလုပ်ကွာ” ကျန်သောကျောင်းသားများလည်း သဘောတူကြပီး ကျွန်တော်ရဲ့ ကစားနည်း အသစ်ကိုလက်ခံလိုက်ကြတယ် . မသာကောင် လုပ်မယ်ကျွန်တော်ကို တစ်ကယ် မသာကောင် လို့  ချေမလက်မ တွေကြိုးတွေနဲ့ တုပ် ပီးတော့ ဖျာလိပ်နဲ့ ပတ် ၀ါးလုံး နှစ်လုံးနဲ့ လျှိုထမ်းကြတယ်..ရှေ့ က ကျေးစည် ထုတဲ့ ကောင်ကလဲ တစ်နောင်နောင် နဲ့ ထုပေါ့ ကောင်မလေးတွေကလဲ နောက်ကနေ “အမလေး အဖေကြီးရဲ့  အဘ ရဲ့ နဲ့  ငိုကြ ယိုကြ..ဟဟ..ကျွန်တော်ကတော့ ဖျာလိပ်ကြီးထဲ ဇိမ် နဲ့ စီးနင်းလိုက်ပါလို့ ပေါ့ အဲဒီလိုနဲ့ ကျောင်းဝင်း ထဲကိုနှစ်ပတ်သုံးပတ် ပတ်ပြီးချိန် မှာတော့ကျွန်တော်စီးနင်း လိုက်ပါနေတဲ့ ဖျာလိပ်ကြီး ဖြုန်းဆို ပြုတ်ကျ လာတယ် ကျောတွေရင်တွေ ကိုအောင့်သွားတာပဲ ကျွန်တော်ကိုထမ်းထားတဲ့  ကျောင်းသားတွေရော
ကျောင်းသူ တွေရော “ပြေးကြဟေ့ပြေးကြ ဟ” ဆို ညာသံပေးပီး ထွက်ပြေးကုန်ကြတယ် ကျွန်တော်ကတော့ သူတို့ ဘာလို့ ပြေး မှန်းလဲမသိဘူး သူတို့ လို ပြေးရအောင်လဲ ချေလက် တွေ ကြိုးနဲ့ တုပ်ပီး ဖျာလိပ့်ထဲ ရောက်နေတဲ့ ကျွန်တော်ဘယ်လို ပြေးရမလဲ နော်..။။ ဘာကြောင့်များထွက်ပြေးကြပါလိမ့် ဆိုတဲ့ အတွေနဲ့  ဖျာလိပ်ရဲ့ အပြင်ဘက်ကိုလေလာကြည်တော့ မှ..(ဘုရား ဘုရား ကယ်တော်မူကြပါ) တွေလိုက်ရတာက ဆရာတော်ရဲ့  ချေအစုံဖြစ်နေပါပေါ့လား..ဆရာတော်က ဖျာလိပ် ကိုဖြေပေးပီး ……“ဒါဘာလုပ်တာလဲကွ” ဆရာတော်ရဲ့ ဒေါ်သအသံနဲ့ အမေးကိုကျွန်တော် ကြောက်ကြောက်နဲပဲ ဖြန်ဖြေရတယ်
“တပည့်တော် တို့  အသုဘ ချတိုင်းကစားကြတာပါဘုရား ” “…အေး မင်းတော်တော် အသုဘ ဖြစ်ချင်နေတာပေါ့ဟုတ်လား ဖြစ်စေရမယ်စိတ်သာချ” .. ထို့နောက်တော့ ကျွန်တော်ရဲ့ အချစ်တော် ကြိမ်းလုံးကြီးသည် ကျွန်တော်ရဲ့  အသုဘ ဖြစ်ချင်စိတ်လေးကို ဖြည့်စည်းပေးလိုက်ပါတော့သည်…။။။

အဲဒီလို ပေါက်ပေါက်ရှာရှာ ဆော့တဲ့ကောင် ……...တနေသောအခါဝယ်…….ဆရာတော် ကျောင်းပေါ်က လှေကားအဆင်းမှာကျွန်တော်နောက်ကလိုက်ပါလာခဲ့တယ်(မှက်ချက်) ကျွန်တော်ဆရာတော်ကိုလေးစားချစ်ခင်ကြည်ညိုရပါသည် သိုသော်လဲ ကလေးဆိုတော့ မလုပ်ကောင်းတာတွေ မလုပ်သင့်တာတွေကို မစဉ်းစားမတွေးတောတက်ပါ)….ဆရာတော်က လှေကါး တစ်ထစ် အဆင်း ကျွန်တော်လည်း နောက်က လှေကါး တစ်ထစ်ဆင်းပီး ၀ိုက်လက်သီး တစ်ချက်ထိုးလိုက်တယ် ကျွန်တော် ထိုးလိုက်တဲ့ လက်သီးက ဆရာတော် လှေကါးတစ်ထစ်ဆင်းလိုက်တော့ လွတ်သွားတာပေါ့ …အဲလို နဲ ဆရာတော် တစ်လှမ်းဆင်း ကျွန်တော်တစ်ချက် ထိုး ဆရာတော် တစ်လှမ်းဆင်း ကျွန်တော်တစ်ချက်ထိုးလိုက်နဲ့ ဟုတ်နေတာ ပဲ ဟီးးးး..အဲတာကို အောက်မှာ ရှီတဲ့ ကျောင်းသားတွေက ကြည်ပီး သဘောတွေကြနေကြတယ် ကျွန်တော်လဲ တစ်ချက်တစ်ချက် နဲ့  ထိုးလာလိုက်တာ ..ဆရာတော်က အောက်က ကျောင်းသားတွေ သူကို ကြည်ပီးရယ်နေတာ တွေ့ တော့ မသင်ကာ တာနဲ့  အောက်ကို ချေတစ်လှမ်း မဆင်းပဲ ရပ်ပီး နောက်ကို လှည့်အကြည့် ..ကျွန်တော်လည်း အရှိန်က တက်နေတာနဲ့  ဆရာတော်ကို သေချာမကြည်ပဲ အောက်တစ်လှမ်းဆင်းပီး ၀ိုက်လက်သီး တစ်ချက်အလွှတ် (အဲဒိလက်သီးမှအရှီန်ကပါသွားတယ်) ဆရာတော် မျက်နှာတော်နဲ့ ကျွန်တော်လက်သီးနဲ့  ကွက်တီ
“ခွက်” ခနဲ ပဲ

….။။။။။။။။။ကဲ ..အဆော့လွန်လို့ စာမကျက်လို့  ကျောင်း နောက်ကျ လို့ အပစ်ထက်
ဆရာတော် ကို ကိုယ်ထိလက်ရောက် ပစ်မှားမီတဲ့ အပစ်အတွက် ဆရာတော် ပေးသနား တဲ့
ဆုတော် လဒ်တော် ကတော့ ကျွန်တော်အချစ်တော်ကြိမ်လုံးကြီး ကျိုးကျေမွှ သွားရပါတော့သည်…။ကျွန်တော်ရဲ အင်မတန် နုနယ်လွန်းတဲ့ တင်ပါးသား လေးကတော့ ပြောစရာမလိုတော့ပါ ခင်ဗျာ..။။။။။။။။



…….။။။။။။။။။။။။။။။။။။ ဘာရေးရမှန်း မသိတာနဲ့  ဘုန်းကြီးကျောင်းသား ဘ၀ လေးကိုပြန်ပီး ရေးလိုက်မီတယ်ဗျာ
ဖတ်မကောင်းရင်လဲ သီးခံပီး အားပေးကြပါအုံး ဘော်ဘော် တို့ ရေ့ ။။။။။။။။။။။။။…………


(ဒုတိယ)
24/04/2011

Tuesday, 5 April 2011

တနေတာအလွဲ

...“ကားလက်မှက် ၀ယ်ထားသူများ နောက်ထပ် 15 မိနစ်နေရင်ကား
ထွက်မည် ဖြစ်ပါသဖြင့် ထိုင်ခုံ လေးတွေမှာ နေရာဝင်ယူထားပေးကြပါခင်ဗျာ”..
စပါယ်ရာ ရဲ့လော်စပီကာမလိုပဲကြယ်လောင်စွာအော်နေတဲ့
အသံကြောင့် ခရီးသယ်များရုတ်ရုတ်သဲသဲဖြစ်နေကြချိန်.သူငယ်ချင်းက ကျွန်တော်ကိုကြည့်ပီး
“ဟေကောင်..မင်းမျက်နှာ ကဘယ်လိုဖြစ်နေတာလဲ မချိုမချင်နဲ့ ကားထွက်တော့မယ်လေ ..ကာပေါ်တက်ရအောင်”
“ အေးကွာ ကားထွက်တာက နောက်မှ လောလောဆယ် ငါ့ ဧည့်သယ်က အရင်ထွက်ချင်နေပီဟ”
“ဟေ..ဘယ်ကဧည့်သယ် လဲ ရှီတာမှ မင်းနဲ့ငါနှစ်ယောက်ထဲလေကွာ ဘီယာ လေးတစ်ခွက်သောက်ပီး
မူးကြောင်ရူးကြောင်နဲ့ ဘာတွေလျှောက်ပြောနေတာလဲ”
“ အာာ မင်းကလည်းကွာ ခုဏက ဟိုဆိုင်မှာ စားခဲ့သောက်ခဲ့တဲ့ဟာတွေက အခုပြန်ထွက် ချင်နေတာကိုပြောတာကွ..ပိန်းပါ့ ကွာ”
“မင်းဟာ ကလည်း အိမ်သာ တက်ချင်တက်ချင်တယ်ပြောရော့ပေါ့.. အခုတော့ဘယ်လိုလုပ်မလဲ
ကားကထွက်တော့မှာ” “မတက်နိုင်ဘူး ကားလက်မှက်အဆုံးခံရမှာပဲ မင်းဘာသာပဲသွားတော့ ငါမမှီလဲ နောက်ကားနဲ့ 
ပဲလိုက်ခဲ့တော့မယ် ရမလားလို့ အောင့်ထားတာ ဧည့်သယ်က မရတော့ဘူး ငါပြေးပီကွာ”
ပြောပြောဆိုဆို သူငယ်ချင်းကိုထား၍ ကျွန်တော်တစ်ယောက် အော်ဂလိဆန် စရာကောင်းလွန်းတဲ့
ခံစားမှုကိုရင်ဝယ်ပိုက်ပီး ကျွန်တော်ရဲ့ လက်တစ်လောထွက်ပေါက်ဖြစ်တဲ့ မျော်လင့်ခြင်း အများသုံး အိမ်သာ ဆီသို့ 
ဒရောသောပါး အပြေး သွားနေမီတော့တယ်..
.( ဒေ၀ါ..သကြား..မစ..လို့ အိမ်သာ အလွတ်တစ်လုံး ပေးသနားတော်မူးပါ ဘုရား)..
. အများသုံး အိမ်သာဆိုပေမယ် အထဲရောက်တော့ အိမ်သာက နှစ်လုံးထဲရယ်ပါ
ကျွန်တော်အထဲ ရောက်တော့နှစ်ခုစလုံးကလူရှီ့နှင့်နေပီလေ အပြင်မှာတော့ ကျွန်တော်နဲ့ ဘဝ
တူလူတစ်ယောက်စောင့်နေတာတွေရတယ် .
.ကျွန်တော်လဲ ခဏ စောင့်နေရင်း မနေနိုင်တာနဲ့ကျွန်တော့်ရှေ့က
အိမ်သာ တံခါးကို ခေါက်ကြည်မီတယ်.
အထဲက အသံတစ်ချို ခုန်ပေါက်ထွက်ကျ လာတယ်.
“ဘယ်လိုဖြစ်လို ခဏခဏ လာလာခေါက်နေတာလည်းကွ ဒီမှာ ဓါတ်ချုပ်နေလို့ ညှစ်မရ ဖြစ်နေတာခဏလေးစောင့်ပေးအုံး”
အလို့ လေးး..ဗျာ ကျွန်တော်လဲ အခုမှ တစ်ခါပဲခေါက်ကြည်မီပါသေးတယ်..ခဏခဏဆိုပဲ
“ဒီမှာကျွန်တော်လဲ အရမ်းခံစားနေရလို့ ခေါက်မီတာပါဗျာ”
လို့ တောင်းပန်စကားဆိုရတာပေါ့..အထဲကလူကလဲပြန်ပြော တယ်ဗျာ..
“အေးးးမင်းလို့ အရမ်းခံစားရလို့ ဒီလိုနေရာမျိုးမှာ
အိမ်သာလာတက်ရတာပေါ့ ဘယ်နယ်ကွာ တရားလာထိုင်နေတယ်များ မှက်နေလို့ လားးး”.
.သြော် တော်တော်စိတ်ကြီးတဲ့သူပါလားတံခါးလေးခေါက်မီပါတယ် မိန်းမတစ်ယောက်လို ရန်လာတွေနေပါ့လား

အင်းးဦးမိုးဒီပြောသလို စိတ်ကထစ်ဆို အ၀ှါကဗြစ် ဆိုတာ ဒီလိုလူမျိုးထင်ပါ့
ကျွန်တော်တစ်ယောက် ကိုယ်အတွေးနဲ့ ကိုယ်ပဲ ပြုံးလိုက်မိတယ် တစ်အောင့်ကြာတော့
ပြိုင်တူပဲ အိမ်သာတံခါး နှစ်ခုလုံး ပွင့်လာပီး ခုဏ ရန်ထောင်နေတဲ့ 
ကိုဒေါ်သကတော့ ကျွန်တော်ကိုတစ်ချက်လှည့်ကြည့်ကာ ခပ်သုပ်သုပ်ပဲ ထွက်သွားတယ်
ကျွန်တော်လဲ လူမရှီတော့တဲ့
အိမ်သာခန်း ထဲ အားရပါးရ ၀င်ထိုင်ပြီး စိမ်ပြေနပြေ ကိစ္စ ရှင်းမည် အပြု
ဟိုဘက်အခန်းထဲက အခုဏ ကျွန်တော်နှင့်အတူ
အပြင်မှာစောင့်နေတဲ့လူက လှမ်းပီးစကား စပြောလာတယ်
“ဟေ လူနေကောင်းလားဗျ”
အယ်....ဘယ်လိုလူပါလိမ့် ဒီလို နေရာမျိုးမှာ အလာပသလာပ ပြောရမယ့်နေရာလဲမဟုတ်ပဲနဲ့
မတက်နိုင်ဘူးလေ မကောင်းတက်တော့ပြန်ပြောရမှာပဲ“ဟုတ်ကောင်းပါတယ်” လိုပြန်ပြောလိုက်မိတယ် အဲတာကို
ဟိုဘက်က လူကမပြီးသေး ထပ်ပြောလာပြန်တယ်..“အချေအနေ ဘယ်လိုလဲဗျ”
အာာ ဒီလူတော်တော်ဂွကျ တဲသူပဲ “အရင်လိုပါပဲဗျာ” .ကျွန်တော် ဘုစပ်စပ်ပြန်ပြောပစ်လိုက်မိတယ်
အဲတာကိုမပီးနိုင်သေး
.“ ခင်ဗျား ဘာတွေ စားနေတာလဲဗျ ကျုပ်တောင်စားချင်လာပီ”
တိန်...အိမ်သာထဲ ရောက်နေပါတယ်ဆိုမှ ဘာတွေစားနေလဲတဲ့ တော်တော်နောက်တဲသူပဲ
“ဟားးးးးခင်းဗျား တော်တော်နောက်တဲ့သူပဲဗျာ”
င့ါ့နယ်နော် အိမ်သာထဲလာပီး စကားလက်ဆုံကျနေပါ့လား ဟိုဘက်ကလူကလဲ ဆက်ပီးပြောနေသေးတယ်
“ဒါနဲ့အခုခင်ဗျား ဘာတွေလုပ်နေတာတုံး”
ဘယ်လိုလူနဲ လာတွေနေပါလိမ့် ညစ်ညစ် နဲဘုတော့ပစ်လိုက်တယ်
်“ ခင်ဗျားလိုပဲပေါ့ဗျာ”
ကျွန်တော်ပြောတဲ့စကားထဲတွင် ဘာတွေ သဘောကျစရာပါသွားလဲမသိဘူး ဟိုဘက်ကလူက
ထပီး ရယ်ပါလေရော.
“ဟားးးးး ဒါဆို ကျွန်တော်လာခဲ့ မယ်လေဗျာ”
ဟိုက်..ဗုဒ္ဓေါ် ကယ်တော်မူကြပါ ဂေးလား အ၆ လား ဂျော်ဒကီးလား.
.ကိုယ်နယ်မဟုတ်တော့လည်း သီးခံရမှာပေါ့
ဆိုတဲ့ အတွေနဲ့ပဲ ကျွန်တော် လေးပြေအေးလေးနဲ့ ပြန်ပြောလိုက်တယ်
“မလာနဲလေဗျာ ဒီမှာ ကျွန်တော်လည်း တို့လို့ တန်းလန်းကြီးဗျ”
ကျွန်တော် အဲလိုပြောအပီးမှာ ဟိုဘက်ခန်းက လူ ပြောလိုက်ပုံက
“..ဒါပဲကွာ နောက်မှ ငါဖုန်းပြန်ဆက်လိုက်တော့မယ် ဒီမှာ ငါဘေးနားက အရူးလိုလို ငပေါ်လိုလို
ကောင်တစ်ယောက် ပြောသမျှ နောက်ကလိုက်ပြန်ပြောနေလို့ ကွာ”
ထိုလူပြောလို့အပြီးမှာတော့ ကျွန်တော်ဇက်ပုသွားပါတော့သည်.အဲဒီနေကကျွန်တော်ကံမကောင်းခဲ့ပါ.
ကားလက်မှက်လဲဆုံး လူလည်းအရူးလုံးလုံးဖြစ်ခဲ့ရတဲ့ တစ်နေ့တာအလွဲလေးပေါ့..။။။


(ဒုတိယ)
05.04.2011

Tuesday, 29 March 2011

ဒုက္ခထဲက ဟာသ

ကျုပ် ကိုရွှေတောသား မလေးရှား မြေပေါ်ကို စရောက် တယ်ဆိုရင်ပဲ
ဒုက္ခ နဲ လှလှ စတွေ့ တော့တာပဲ မြန်မာ ပြည်မှာ တုန်းက ကျေးဇူးရှင် (အရင်ဘ၀က) အေဂျင်စီ တွေကပြောတော့
“ညီလေး ဘာမှမပူနဲ့ ဟိုမှာ မြန်မာတွေ အများကြီးကွ အစအစအရာအရာ ညီတို့ ကို ကူညီလိမ့်မယ်သိလား”
တဲ့လေ ကျုပ်ကလဲ ငပြင်းရယ်
အေဂျင်စီတွေ ပြောတဲ့ စကားကိုနားထောင်ပီး မလေးရှားအကြောင်းကို ဘာဆိုဘာမှ မလေ့ လာခဲ့ဘူးလေ
ကျုပ် နဲ့ အတူတူအလုပ်လုပ်ရမယ့်ဆိုတဲ့  သူနှစ်ယောက်က လည်း ကျုပ်က တောသား
သူတို့ နှစ်ယောက် က အညာသား
အညာ သားနဲ့ ရွာသားနဲ့ ပေါင်းတော့ လဒ တွေဖြစ်ကုန်တာပေါ့
ဒီလိုနဲ့  မလေးရှား လေယဉ်ကွင်းကို ရောက်တော ကျုပ်တစ်ယောက် ချမ်းစိမ့်စိမ့် ဖြစ်လာတာနဲ့ 
ရွာက အသင့်ယူလာတဲ့ ဆေးပြင်းလိပ့် လေး ထုပ်ဖွာ မီပါတယ် နှစ်ဖွာသုံးဖွာလောက်ပဲ ဖွာမိပါသေးတယ်
မလေးရှား ရဲလိုလို ဘာလိုလို နှစ်ကောင် ရောက်လာပီး
ကျုပ် ကိုဂုတ်ဆွဲတောတာပဲဗျို့  ..သူတို့  ပါးစက် ကလဲ နွားမ ရုံးပတီသီးစားပီးချီးပန်း သလို
ပစ်ချွဲချွဲ အသံတွေ နဲ့  ကျုပ်ကို ပြောဆိုပီး ကျုပ်ရွာက ယူလာတဲ့ ဆေးပြင်းလိပ့် တွေအကုန်
ယူချသွားပါလေရောဗျာ
ကျုပ်ဖြင့် ဒေါသ ထွက်လိုက်တာပြောမနေပါနဲ့ တော့ ရွာမှာဆိုလိုကတော့
ကျုပ်လက်သီး ဒီကောင်မျက်နှာပေါ်ကို သုံးချက်လောက် ဆက်တိုက်ပစ်သွင်းမီမှာ အမှန်ပဲ
အင်းးးးအခုတော့ သူများနိုင်ငံ ဆိုတော့ သီးခံ ရတာပေါ့ နော်....။။
..အဲဒီလို့  အစင်မပြေမှု သေးသေးတွေကြီးကြီး တွေနဲ့ပဲ ကျုပ်တို့ အလုပ်လုပ်ကမယ့် အလုပ်ကို
ရောက်လာပါတယ် ဆိုပါတော့ .အလုပ်ရောက်မှပဲ ..ကိုယ်ဆရာ ရေ..အေဂျင့်တွေ ပြောလိုက်တာနဲ့ 
တက်တက်ဆင် အောင်လွဲတာပဲဗျို့ 
မလေးရှား မှာမြန်မာ တွေအများကြီးဆိုလို့  ရောက်တယ်ဆို မြန်မာ တွေများ ရှီမလား ရှာမိပါတယ်
မြန်မာဆိုလို့  ကျုပ်တို့ ရောက်လာတဲ့ နေရာမှာ မူးလို့ တောင် ရှု စရာမရှီ..။။။
ကျုပ်နဲ့ အတူလာတဲ့ ရွှေညာသား နှစ်ယောက်ကလဲ အားကိုးရမလားမှက်တယ်
..မြန်မာပြည် စထွက်ကတဲ့ကချုံးပွဲချ ငို လာလိုက်တာ အလုပ် ကိုရောက်တာတောင် နှပ်တရုံ့ ရူံ့ 
နဲ မပီးနိုင်သေးဘူး
ကျုပ်လဲ အာမရတာနဲ့ 
“ ခင်ဗျားတို့ ကလဲဗျာ နည်းနည်းပါးပါးအားတင်းထားစမ်းပါအုံး ငိုနေလို့ ပီးမှာလား”
အဲလိုပြောတော့ ရွှေညာသားနှစ်ယောက်က
“ကျုပ်တို့ က အမေနဲ့ ရွာကို ခွဲဘူးတာမဟုတ်ဘူးဗျ” တဲ့ ..ယော ခက်ပီ မှက်သားလောက်စရာပဲ
“ဒါနဲများ မလေးရှား လာနေသေးတယ် ကျုပ်သာ ခင်ဗျားတို့ နေရာမှာဆို မလေးရှားမလာတော့ဘူး ဘုန်းကြီးပျံတွေမှာ
အေးရင်ကျူးမယ် လိုက်လုပ်စားရင်တောင် ခင်ဗျားတို့ ငိုပုံနဲ့ ဆို ဈေးကောင်းရမှာပဲ” ..
ကျုပ် အဲလို့ ပြောလိုက်တော့ သူတို့ နှစ်ယောက်က မဲ့ပြုံးလေးပြုံးလို့ 
ထားပါတော့ ဒါတွေ ...။။။
အလုပ်ထဲကို ရောက်တော့ စူပါ ဖိုက်တာက တရုတ် မန်နေဂျာက မလေး သူဌေးက ဂျပန်.
.အဲဒီမှာ စတွေတော့တာပဲ
ရောက်တယ်ဆိုရင်ပဲ စူပါဖိုက်တာ တရုတ် ကလဲ တ ရှဲရှဲ မန်နေဂျာ မလေးရှား ကလဲ ပစ်ချွဲချွဲ သူဌေးဖြစ်တဲ့ 
ဂျပန် ကလဲ ၀ူးတူးဝါးတား ကျုပ်တို့ နားမလည်တဲ့ ဘာသာစကားတွေနဲ့ လာပီးမိတ်ဆက်ကြတယ် ..
ပြီးတော့ အလုပ်ထဲက
ကုလားမ တွေနဲ ပါ မိတ်ဆက် ပေးကြတယ် ကျုပ်ဖြင့် သူတို့ ပြောတာ နားမလည် ပေ့မယ့်
ပြုံးထားရတာ ပါးတွေများတောင် ညောင်းလို့  ။။

..။ ရင်ဘက်ထဲမှာတော့ ဘာရယ်မသိ တိတ်တိတ် လေးကျေကွဲနေတယ်..။။
အလုပ် လုပ်ကတာ အစဉ်ပြေတယ် စူပါဖိုက်တာ က ရှေ့ ကလုပ်ပြတာလေး နောက်ကလိုက်လုပ်ရုံပဲ လေ
ရွာမှာ နွားထွန်တုံး ကိုင်လာတဲ့ ကောင်တွေ ဆိုတော့ မလေးရှား
အလုပ်လောက်ကတော့ စပျော့ ပေါ့..ဟဲဟဲ
ခက်တာက စကားနားမလည်တော့အ အ ကြီးတွေ ဖြစ်လို့  ...
ပြောရအုံးမယ် ကျုပ်က ရွာသားဆိုပေမယ့် internasional language နားလည်တယ်ဗျ ..ဟီးးးး
အကုန်လုံးနဲ့ ပြောရတာ အစဉ်ပြေပေမယ့် သူဌေးနဲ့ စကားပြောရတာ အစဉ် မပြေဘူး
“ကိုယ်ဆရာ” လဲ သိတဲ အတိုင်း ပဲ သူဌေးဆိုတဲအမျိုး က လက်ညီုးထိုးပီး ခိုင်းတက်ကြတာမဟုတ်လား
အဲဒီတော့ နည်းနည်း ကပ်သီးကပ်သက်နိုင်တာပေါ့ ဥပမာ
သူက ကပ်ကြေး လိုချင်တယ် ဆိုပါတော့ သူလက် ညိုးနဲ့ လက်ခလယ်နဲ့ ကို ဟစိဟစိ လုပ်ပြတယ်
အင်း..ဒါဆို ကပ်ကြေး ယူခိုင်းတာ..နောက်ပီး
လက်နှစ်ဖက် ကိုမီုးပေါ်ထောင် ပီးတော့လက်သီးကိုဆုပ် အောက်ကချေထောက် နှစ်ချောင်းက ခုန်ပေါက်ခုန်ပေါက် လုပ်ပြနေတယ် ဆိုရင်တော့ အဲတာ လေကား ယူခိုင်း တာပဲ သူဌေးနဲ့ စကားပြောပီဆိုရင်
ကျုပ်ဖြင့် သူကို သေချာ ကြည်နေရတာ (မှန်တာပြော ရောက်လေရာအရပ် ပိုက်ဆံကောက်ရပါစေ)
ကျုပ်ရည်းစားတောင်အဲလောက် သေချာမကြည်မီဘူး
သူဌေး ခေါင်းလုပ်ပြရင် ဘာကိုဆိုလိုတယ် ချေ လုပ်ပြရင် ဘာပေါ့ ခါးလုပ်ပြ ရင် ဘာကိုရည်ညွန်း တယ်
...အို အစအဆုံး အကုန်သေချာကြည်နေပစ်တာ သူဌေးကိုပေါ့..အဲဒီလို့  သူဌေးနဲ့ စကားပြောရင်
ကျုပ်သေချာ.ဂရုဆိုက်ပီးကြည်တာများတော့ နောက်တော့
သူဌေးက ဘာစိတ်ကူးပေါက်တယ် မသိဘူး ကျုပ်ရှေ့ ကို ဖြက်မလျှောက်ရဲ့ တော့ဘူးဗျာ..။
အလုပ်ကိစ္စ တွေပီးတော့ စားရေးသောက်ရေးနေရေးထိုင်ရေး တွေလည်းပြောရအုံးမယ်
ရောက်ခါစ ဆိုတော့ သူဌေးက တရုတ်ဆိုင် တစ်ဆိုင်က အော်ဒါ မှာပီးကြွေးတယ်
မြန်မာပြည်မှာ ငပီ စားပီးကြီးလာတဲ့ ကောင်တွေဆိုတော့ တရုတ် စာ ချိုရဲရဲ တွေကိုဘယ်လိုမှ ခံတွင်း မတွေ့ ဘူးလေ
ဒါနဲ ကိုယ်ဘာသာချက်စားဖို့ ဈေးဝယ် ထွက်လာတယ် မလေးရှားကုန်စုံဆိုင် တစ်ဆိုင်ရောက်လာတယ် ဆိုပါတော့
ဆိုင်မှာ ဆီ စား ငရုပ် ကြက်သွန် အကုန်ရှီပါတယ် ခက်နေတာက အချိုမုန့် မတွေဘူး အချိုမှုန့်ကို ဘယ်လိုပြောရမှန်းလဲ
မသိတော့ ဆိုင်ရှင်ကိုခေါ်ပီး internasional language ပြောရတယ် ကျွန်တော်ပြောပုံက ဒီလိုလေး
ပလားစတိတ် အိပ်ကို အောက်မှာချ အဲတာက ဟင်အီုးပေါ့ ပီးတော့ အသီးအရွက်အနည်းငယ်ထည့် နောက်ပီး ဆီ စား ငရုပ် ကြက်သွန် (ဟန်ပြ) အနည်းငယ်ထည့် ..နောက်တစ်ခု အချိုမှုန့် ဆိုတာ လိုနေတဲ့ အကြောင်း ချေဟန်လက်ဟန်နဲ
ပြရတယ် ဆိုင်ရှင်က တော်တော်နဲ နားမလည် နှစ်ခါသုံးခါလောက်လုပ်ပြမှ သဘောပေါက်သွားပီး
အားရ၀မ်းသာနဲ ထအော်တယ် (အာချီနိုမိုတို) တဲ့...။။
ကိုယ့်ဆရာ လည်းမှက်ထားအုံးနော် ပြည်ပမှာ အချိုမှုန့် ကို (အာချီနိုမိုတို)တဲ့ဗျ..။။။
နောက်ပီး ညရောက်လို့ အိမ်မှာ အိပ်တော့ ဒီမလေးရှားမှာက ပူအိုက်တဲ့ရာသီ ပဲရှီတာဆိုတော့ အိုက်စပ်စပ်
နဲ့ အိပ်ရတာအစဉ်မပြေဘူး
ပန်ကာ ကလဲမရှီတော့ ခြင်တွေကလဲကိုက် လိုက်တာလွန်ရောပဲ
နောက်နေ့ မနက်ရောက်တော့ ကျုပ်အရဲစွန့် ပီး သူဌေးကို ပန်ကာ လေးတစ်ခုလောက်ပူစာဖို့ ရုံးခန်း ကိုတက်ပြောတယ်
သူဌေးကိုတွေ တော့ ကျုပ်လက်လေးနှစ်ဖက်ကိုပူးပီး ခေါင်းမှကပ် မျက်လုံးလေး ပေကလပ်ပေကလပ် လုပ်ပြ
သူဌေးက ကြောင်အန်းအန်းနဲ့ ကြည်နေတယ် နားမလည်းဘူးပေါ့
နောက်ပုံစံ တစ်မျိုးပြောင်းး လက်ကို ပက်ချာလှည့်ပြ ပါးစက်ကလဲ ၀ှီးဝှီး နဲအော်ပြတယ် ဒါလည်း သူဌေးက
နားလည်ပုံမရ ..ကျုပ်စိတ်က သိပ့်မရှည်တော့ ...။။။
နောက်ဆုံး အကြံထုပ်လိုက်တယ်..အင်္ကျီကိုချွတ်ပြီး ဘေးက စားပွဲတစ်ခုပေါ်ကို ပစ်လှဲချလိုက်တယ်
ပီးတော့ ခန္ဓာကိုယ်ကို ဟိုဘက်လှိမ့်ဒီဘက်လှိမ့် လုပ်ပြလိုက်တယ် ..။။
ပထမ တော့ သူဌေးက ကျွန်တော်ကိုကြည်ပီး မျက်လုံးပြူးကြီးနဲ ကြောင့်ကြည်နေတာ
နောက်တော့ ..သူသဘောပေါက်သွားပီးး OK OK OK လို့ သုံးချိန်တိုင်တိုင် ပြောလိုက်တယ်
ကျွန်တော်လဲ အဲတော့မှ စိတ်အေးပီး အောက်ပြန်ဆင်လာခဲ့တယ်
ညနေ ရောက်တော့ ကျွန်တော်လိုချင်တဲ့ ပန်ကာ ရောက်လာပါတော့တယ် ....
အဲတာပဲ ကိုယ်ဆရာရေ...မလေးရှားမှာ ပန်ကာကို OK OK OK တဲ့ဗျ....။။
.

.ဘာပဲပြောပြော မလေးရှားရဲ ဒုက္ခ တစ်စိတ်တစ်ဒေသ လေးပေါ့
ကျုပ်တို့ လို့ ရွှေရွာသား ရွှေညာသား တွေ မလေးရှားမှာ
အားလုံး အစဉ်ပြေကြပါစေလို့ စုတောင်းရင်းးးးးး.....။။။။။။။။။။။။။။။။။။

........(ဒုတိယ)

Thursday, 17 March 2011

ကွန်မန့်(Comments) ယဉ်ကျေးမှု (သို့) မန့်ချင်းအနုပညာ

တစ်ဆင့်တစ်ဆင့် တိုးတက်ပြောင်းလဲနေတဲ့ ၂၁ ရာစုရဲ့ ခေတ်ရေစီးကြောင်းထဲမှာ အင်တာနက် ရေစီးကြောင်းကတော့ အရှိန်အဟုန် အပြင်းဆုံးလို့ပဲ ပြောရမလားမသိဘူး ။ “ခေတ်မှီသူတိုင်း အင်တာနက် သုံးကြသည်” လို့တောင် ဆိုင်းဘုတ်တင်ရတော့မလောက်ကို ဖြစ်နေတာပေါ့ ။ အင်တာနက်ကြောင့်ပဲ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာတောင် မဟုတ်တော့ပါဘူး ရပ်ကွက်လေး တစ်ခု လောက်ကိုဖြစ်နေပြီ ။ အင်တာနက်ကြောင့်ပဲ ကမ္ဘာ့ တောင်ခြမ်းက လူတစ်ယောက်နဲ့ မြောက်ခြမ်းက လူတစ်ယောက် တစ်ချိန်တည်းမှာပဲ မျက်နှာခြင်းဆိုင်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ စကားပြောနိုင်နေပြီပဲ ။

အဲလို လူတိုင်းလိုလို အသုံးပြုနေတဲ့ အင်တာနက်ထဲမှာ အကြောင်းအရာမျိုးစုံ ၊ ကန္တမျိုးစုံကို ရှာဖွေ ကြည့်ရှုနိုင်နေသလို စာပေ၀ါသနာရှင်တွေကလည်း ကိုယ်တိုင် ကလောင်သွေးလို့ စိတ်ကြိုက်ရေးဖွဲနိုင်တဲ့ အခြေအနေတွေဖြစ်ပါပြီ ။ ၀ါသနာရှင်တွေ ကလောင်ရှင်တွေက ရေးသားထားတဲ့ စာပေရသမျိုးစုံတွေကိုလဲ စာပေချစ်သူတွေ၊စာဖတ်ဝါသနာရှင်တွေက အချိန်နှင့်တစ်ပြေးညီ ဖတ်ရှုနိုင်သလိုပဲ …. သူတို့ရေးသားထားတဲ့ စာတွေအပေါ်မှာ မိမိ ခံစားရတာတွေကို တစ်ခါတည်း ပြန်လည်ပြောဆိုနိုင် ၊ အားပေးနိုင် ၊ ဝေဖန်ဆွေးနွေးတာမျိုးကိုလည်း တစ်ခါတည်း ပြုလုပ်နိုင်တဲ့ ကွန်မန့်ယဉ်ကျေးမှုကလဲ ကျွန်တော်တို့ အင်တာနက်အသုံးပြုတဲ့ လူငယ်တွေကြားမှာ မသိမသာနဲ့ နေရာယူခဲ့ပြန်ပါတယ်။



ရှေးဟောင်းကွန်မန့်

ကျွန်တော်တို့ အခုလို အွန်လိုင်းပေါ်မှာ စာတွေရေးလိုက် ကွန်မန့် တွေပေးလိုက် အဲလို နည်းစနစ်တွေကို ဘယ်အချိန်က စတင်ခဲ့ပြီး ဘယ်အချိန်လောက်မှာ စတင်တွင်ကျယ်ခဲ့လည်းဆိုတာတော့ သေချာမသိပါဘူး ။ ဒါပေမယ့် အခု ကျွန်တော်တို့ ပိုစ့်တွေရေး ကွန့်မန့်တွေ ပေးနေတဲ့ ကာလမတိုင်ခင် လွန်ခဲ့သောနှစ်ပေါင်းများစွာတည်းက ကွန်မန့် ပေးခြင်းစနစ်နဲ့ ခပ်ဆင်ဆင် တူတဲ့ ပုံစံလေးကတော့ ရှိပြီးသားပါ ။

တစ်ခြားတော့မဟုတ်ပါဘူး ။ ကျွန်တော်တို့ကြိုက်တဲ့ အနုပညာရှင်တွေစီကို စာတိုက်မှတဆင့် မိတ်ဆက်စာရေး သားခြင်း ၊ စာတိုက်မှတင်ဆင့် ဝေဖန် ဆွေးနွေးပြောကြားခြင်းများ… အစရှိတဲ့ ချစ်စဖွယ်အလေ့အထလေးတွေပါပဲ ။ ရုပ်ရှင် သဘင် ဂီတ အစရှိတဲ့ အနုပညာရှင်တွေကတော့ ပရိတ်သတ် လက်ခုတ်သံဟာ သူတို့ အတွက် အားဆေးဖြစ်သလို စာပေအနုပညာရှင်တွေအတွက်ကလည်း မိတ်ဆက်စာ ၊ အားပေးစာ ၊ ဝေဖန်ဆွေးနွေးစာတွေက သူတို့အတွက်အားတစ်မျိုးပဲ ဖြစ်ပါလိမ့်မယ် ။ အဲလိုပဲ ကျွန်တော်တို့လို ၀ါသနာရှင်တွေအတွက်လည်း ကွန်မန့်ဆိုတာ ပျော်ရွှင်မှုတစ်ခုပါပဲ ။
ချစ်စဖွယ်အလေ့အထ

အခုဆို ကျွန်တော်တို့က တိုးတက်လာတဲ့ ခေတ်နဲ့အညီ အွန်လိုင်းပေါ်မှာ အချိန်နဲ့ တစ်ပြေးညီ သတင်း ၊ ဆောင်းပါ ၊ စာပေ ၊ ရသမျိုးစုံကို ခံစားနိုင်နေပါပြီ ။ အဲလိုပဲ ကိုယ်ဖတ်လိုက်တဲ့ စာတစ်ပုဒ်အတွက် ကိုယ်လက်မခံနိုင်တဲ့ အကြောင်းအရာများ ဒါမှမဟုတ် ကိုးကားအချက်အလက်မှားယွင်းမှုများ အစရှိတဲ့ စာရေးသူ အမှားများ လိုအပ်ချက်များကိုလည်း စာတိုက်မှ တကူးတက စာပို့ပြီး ပြောစရာမလိုတော့ပဲ ကွန်မန့်တွေနဲ့ ဆွေးနွေးပြောဆိုလို့ပါတယ် ။ ဒါတင်မကပါဘူး ကွန်မန့်တွေကတဆင့် အချင်းချင်း မိတ်ဖွဲ ခင်မင်နိုင်ပြီး အပြန်အလှန်လည်း ဆွေးနွေးလို့ကောင်းတဲ့နေရာတစ်ခုပါပဲ ။



ဆွမ်းဆန်ထဲက ကြွက်ချေး

လောကကြီးမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာ သဘာဝဖြစ်နေတော့လဲ အကောင်းတွေထဲမှာ အဆိုးတွေ ၊ နှစ်လိုဖွယ် အလေ့အထတွေထဲမှာ ဆုတ်ယုတ်ဖွယ် အမူအကျင့်တွေလဲ ရှိနေပြန်တာပါပဲ ။ တစ်ခြားတော့မဟုတ်ပါဘူး ။ လူမျိုးစုံ ဆွေးနွေးဖလှယ် နိုင်တဲ့ ကွန်မန့် နေရာတွေမှာ ယုတ်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း ၊ ဆဲရေးတိုင်းထွာခြင်းနဲ့ အခြားမဖွယ်မရာ ရေးသားခြင်းတွေပါပဲ ။ သေချာတွေးကြည့်မယ်ဆိုရင်တော့ အင်မတန် ယုတ်ညံ့တဲ့ အပြုအမူတွေပါပဲ ။။နေရာတိုင်း နယ်ပယ်တိုင်းမှာ အယူအဆ၊ ခံယူချက် ၊ ရပ်တည်မှု မတူတဲ့သူတွေက အမြဲရှိပါတယ် ။ ကိုယ့်အယူအဆခံယူချက်ခြင်းမယူတို့ပဲ ဖြစ်ဖြစ် ကိုယ်မကြိုက်လို့ပဲဖြစ်ဖြစ် ဆဲရေးတိုင်းထွာခြင်းပြုလုပ်တာတော့ အင်မတန် အောက်တန်းကျတဲ့ အပြုအမူတစ်ခုပါပဲ ။ အွန်လိုင်းပေါ်မှာ ကွန်မန်ရေးသားရန် နေရာတွေဟာ လွတ်လပ်စွာ ဆွေးနွေးနိုင်တဲ့ နေရာတွေဖြစ်လို့ စာရေးသားသူနှင့်ဖြစ်စေ ကွန်မန့်ပေးသူချင်း ဖြစ်စေ လွတ်လပ်စွာ ဆွေးနွေးနိုင်ပါတယ် ဆဲတာထက် ပိုပြီးထိရောက်တဲ့ စကားလုံးတွေ အင်မတန်များပါတယ် ။ ထိုသို့ ဆဲရေးတိုင်းထွာခြင်းဟာ ဆဲတဲ့သူအတွက်ရော အဆဲခံရတဲ့သူအတွက်ရော ဘာအကျိုးမှ မရှိတဲ့အပြင် နောက်ထပ် လာရောက်ဖတ်ရှုပြီး ကွန်မန့်ပေးမယ့် သူတွေအတွက်ပါ တော်တော်လေးကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ် ။ နောက်တစ်မျိုးလဲရှိသေးပါတယ် အဲဒါကတော့ ဆဲရေးတိုင်းထားတာလောက် မဆိုးပေမယ့် သူလည်းဆိုးတဲ့စာရင်းထဲတော့ ထည့်လို့ရပါတယ် ။ တစ်ခြားတော့ မဟုတ်ပါဘူး ။ ကြော်ငြာတွေပါပဲ ဥပမာ-

“ ကောင်းတယ်ဗျာ ၊ ကျွန်တော့ဆိုက်က …………….” ဆိုတာမျိုးပါပဲ ။ ကိုယ်လုပ်ထားတဲ့ ဆိုက်တစ်ခုကို လာရောက်လည်ပတ်တဲ့သူတွေကိုတော့ ဆိုက် လုပ်သူတိုင်း မျှော်လင့်ပါတယ် ဒါပေမယ့် အဲလို ဘာမဆိုင် ညာမဆိုင် ၀င် ကြော်ပြာတာထက်စာရင် “တင်ပြပုံကောင်းတယ်။ X ဆိုတဲ့အကြောင်းရပ်နဲ့ ပတ်သက်ပြီး ခင်ဗျား ဘာဆိုလိုချင်မှန်း ကျုပ်တန်းသိသွားတယ်။ ပြီးတော့လည်း အဲသလို ယူဆနေတာ ကျုပ်တစ်ယောက်တည်း မဟုတ်မှန်း သိလိုက်ရလို့လည်း ၀မ်းသာတယ်။ ကျုပ်သာဆိုရင် A တွေ၊ B တွေ၊ C တွေတောင် ပါအောင် ထည့်ပြောမိဦးမှာ။ အခုလို ပွင့်ပွင့်လင်းလင်း ပြောပြတာကို အရမ်း သဘောကျမိပါတယ် … ကျွန်တော်လည်း အဲလိုအကြောင်းအရာမျိုးကို ဒီနေရာမှာ ဖေါ်ပြထားသေးတယ်” စတဲ့ပုံစံမျိုးနဲ့ ကြော်ငြာမယ်ဆိုရင်တော့ ပိုအဆင်ပြေမယ်လို့ တွေးမိပါတယ် ။



ဘယ်လိုမန့်မလဲ

ကွန်မန့်ရေးသားခြင်းနဲ့ ပက်သက်ပြီးတော့ သီးသန့်ပြန်ဌာန်းချက်တွေကိုတော့ မတွေ့ဖူးသေးပါ့ဘူး ။ ဒါပေမယ့် ရင်းရင်းနှီးနှီးရေးသားတဲ့ ကွန်မန့်များကြောင့် ကိုယ်ဟာသူရေးထားတာကို အချိန်ပေးပြီးသေချာဖတ်ခဲ့ပါတယ်ဆိုတာကို ပေါ်လွင်စေပါတယ် ။ “ကောင်းတယ်” “:P” စတာမျိုးကတော့ ဘာကိုကောင်းလို့ကောင်းမှန်းမသိနဲ့ မရေမရာဖြစ်တတ်ပါတယ် ။ ပိုစ့် တစ်ခုလုံးမှ ကိုယ်နှစ်သက်တဲ့ စာကြောင်းတစ်ချို့ကို မျက်တောင်ကွင်း အဖွင့်အပိတ်နဲ့ (“….”) ပြန်လည်ကိုးကားပြီးမန့်ခြင်းက လည်း အဆင်ပြေတဲ့ ကွန်မန့်တစ်ခုပါပဲ ။ ကြိုက်တော့ကြိုက်တယ် ဒါပေမယ့် ဘာရေးရမှန်းမသိရင်တော့ ကြိုက်တယ်(like) ဆိုတာလေးကိုပဲ ကလစ်လိုက်ရင် အဆင်ပြေနေပါပြီ ။ တစ်ခါတစ်လေကျရင် မန့်သူအချင်းချင်း ပြောဆိုဆွေးနွေးရင်းကနေပြီး ဘလော့ပါအကြောင်းအရာနဲ့ မဆိုင်တဲ့ဘက်တွေကိုရောက်သွားတတ်ပါတယ် ။ အဲလိုဆို စာဖတ်သူတွေရဲ့ အာရုံပြောင်းလဲသွားနိုင်တာကြောင့် အဲလိုကိစ္စမျိုးတွေကိုလည်း သတိလေးထားသင့်တယ်လို့ ထင်ပါတယ် ။ တစ်ချို့တွေလည်း ရှိတတ်ပါတယ် ကွန်မန့်ကို အရှည်ကြီးတွေမန့်တတ်တာပါ ။ အဲလိုမျိုး ရှည်လျားတဲ့ ကွန်မန့်မျိုးရေးသားခြင်းဟာ သိပ်တော့ မကောင်းဘူးလို့ ထင်တာပါပဲ။ မလိုအပ်ပဲ အရှည်ကြီးတွေမန့်တာကတော့ စာဖတ်သူတွေနဲ့ ကွန်မန့်ပေးသူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ဒါပေမယ့်လဲမကောင်းဘူးဆိုပြီး အပြစ်ပြောဖို့ကျတော့ နဲနဲခက်ပါတယ် ။ တစ်ခါတစ်လေမှာ စာရေးသူနှင့်ဖြစ်စေ ဒါမှမဟုတ် ကွန်မန့် ပေးသူအချင်းချင်းဖြစ်စေ အကြောင်းအရာတစ်ခုခု ဒါမှမဟုတ် သဘောတရား တစ်ခုကို အပြိုင်အဆိုင် ဆွေးနွေးတာမျိုးတွေရှိတတ်ပါတယ် ။ အဲလိုမျိုးကြုံလာခဲ့ရင် ဘယ်နှယ့်လုပ်မတုံး ။ ဘယ်လိုမှသာ တွေးမနေပါနဲ့ ။ ကိုယ်အဆင်ပြေသလိုသာ မန့်လိုက်ပါဗျာ ။

ကွန်မန့် မန့်ခြင်းနဲ့ ပက်သက်တဲ့ စည်းကမ်းဆိုတာကတော့ ဘာမှတိတိကျကျမရှိပေမယ့်လည်း ကိုယ်မန့်မယ့် ဆိုက် ရဲ့ တည်မြဲစည်းကမ်းတွေကို လိုက်နာရင်း အချင်းချင်း အားပေး ၊ ဝေဖန် ၊ဆွေးနွေး၊ ဖလှယ်တဲ့ ပုံစံမျိုး တွေနဲ့ မန့်မယ်ဆိုရင်တော့ ချစ်ဖို့ကောင်းတဲ့ ကွန်မန့်ယဉ်ကျေးမှုလေး တစ်ခုဖြစ်လာမှာ သေချာပါတယ်။



နေနက်

17/3/2011

Sunday, 13 March 2011

အလုံပိတ် စာမျက်နှာလွတ်များ

ကျွန်တော်သည် ဘာသာစကားမျိုးစုံသင်ဘူးသော စကားမပြောတတ်သူ တစ်ယောက်ဖြစ်ပါသည် ။ ထို့ကြောင့် ကျွန်တော်သည်
မလိုအပ်သော ဗျည်း များကိုလည်း ရှာဖွေဖူးပါတယ် ….ထို့ကြောင့် လိုအပ်သော ၀ါကျများကိုလည်း
ဖျက်ဖူးပါတယ်….။နိုင်ငံခြားရောက်နေသူများက ပြည်တွင်း အစားအစာများကို မှာစားကြပါတယ်
ပြည်တွင်းမှာနေသူတွေကလည်း နိုင်ငံခြား အစားများ မှာစားကြပါတယ် ထို့ကြောင့်ပဲ ကျွန်တော်လည်း
အနာဂတ် တစ်ပွဲ မှာစားဖို့ ကြိုးစားကြည့်ပါတယ်… ။ သိပ်တော့ အဆင်မပြေပါဘူး ကျွန်တော်တင်သွင်းလိုက်တဲ့
အနာဂတ်များမှာ မျက်ရည်တွေ ရောနှောနေလို့ပါ…။
အဲဒါကြောင့်ပဲ အားလုံး ပြန်ပို့လိုက်ပါတယ် ဒါပေမယ့် အတိတ် တွေဖြစ်သွားလို့ ဘယ်သူမှ
လက်မခံတော့ပါဘူး ။ သူများတွေအတွက်တော့ အိမ်မက် ဆိုတာ မျှော်လင့်ချက်လို့ ခဏခဏ ကြားဘူးလို့
morpheu နဲ့ အင်တာဗျူးတစ်ခု လုပ်ဖို့ကြိုးစားရင်း မနက်မိုးလင်းသွားပါတယ်…အိမ်မက်ဆိုတာ
ဖြစ်ပြီးသွားတာတွေ ဆိုတာ ပိုမှန်မယ်ထင်ပါတယ် ။ ပြောင်းလဲ မှုရေခဲသေတ္တာထဲမှာ မတည်မြဲချင်းတွေက
အေးခဲ တည်မြဲနေကြပြန်တယ်…။ သံချေးတက်ယဉ်ကျေးမှု တွေအတွက် ကျွန်တော် ခဏခဏ ပြုံးပြခဲ့ပါတယ်
ဒါပေမယ့် ပြုံးပြုံးလေး အိပ်ပျော်ဖို့ ကျွန်တော့ ကုတင်က
အရမ်းကျဉ်းလွန်းနေတယ် ….။ မနေ့က ဘစ် ကားစီးတုံးက နေရာရလို့ ကျွန်တော်
အိမ်ပြန်ခဲ့ပါတယ်
ဒါပေမယ့် အိမ်ရောက်မှ ထိုင်ခုံတွေ အခိုးခံလိုက်ရတယ်…။ ဒါပေမယ့်လည်း ကျွန်တော့မှာ ချစ်သူဆိုတဲ့
မူလီလေး တစ်ခုတော့ ကျန်သေးပါတယ်…။ ဘယ်နေ့မှ အဆုံးသတ်မယ်မှန်းမသိတဲ့ လမ်းထိပ်က လမ်းပြင်ရန်
အလှူခံ တစ်ခု နေ့စဉ်တွေ့ရတဲ့ ကားစပယ်ရာ ရပ်ကွက်ထဲက အတင်းပြောတဲ့ မိန်းမများ ကျွန်တော့
အခန်းထဲမှ ရေဒီယိုတစ်လုံး ညနက်သန်းခေါင်ထဟောင်တတ်တဲ့ ခွေးတစ်ကောင် အချိန်လွဲပြီး မြည်တတ်တဲ့
တိုင်ကပ်နာရီကြီး ပြီးတော့ ကျွန်တော့ချစ်သူ သူတို့တွေက တစ်ဖွဲတည်း
ဖြစ်လောက်ပါတယ်…။ ဒီလိုပါပဲ လမ်းလျှောက်တုံး ခလုပ်တိုက်မိလို့ ဖိနပ်ကို
အပြစ်တင်လို့မှ မရတာ … ။ ယုန်လေးက နားရွက်ထောင် ပညာရှိယောင်ဆောင် ဆိုတဲ့ ကဗျာလေးကို
ငယ်ငယ်က ဖတ်ဖူးပါတယ် ပညာရှိဖြစ်ဖို့ ယုန်လို နားရွက် ရှည်ဖို့လိုလား ယုန်တစ်ကောင်လို
ကြောက်ရွံတတ်ဖို့လိုလား ယုန်တစ်ကောင်လို့ သစ်ရွက်တွေစားဖို့လိုလား ဒါမှ မဟုတ် ယုန်တစ်ကောင်လို
အပြေးသန်ဖို့လိုလားဆိုတာတော့ တစ်ခါမှ မတွေးမိပါဘူး… အဲဒါကြောင့်လည်း ကျွန်တော် ပညာရှိမဖြစ်ခဲ့ပါဘူး…ကျွန်တော်ကိုယ်တိုင်ကို
အယောင်မဆောင်ချင်လို့တော့ မဟုတ်ခဲ့ပါဘူး အယောင်မဆောင်ဖြစ်တာပါ… ကျွန်တော့ အရေခွံ နဲနဲထူလိုဖြစ်မယ်ထင်ပါတယ်…။
သူငယ်ချင်းက ပြောသွားသေးပါတယ် ပင်လယ်ရေ တစ်ယောက်တည်း သောက်လို့ မကုန်ပါဘူးတဲ့ ဒါပေမယ့် ပင်လယ်ဘယ်နားမှာ ရှိမှန်း သူမသိပါဘူး…
ကျွန်တော်ကိုယ်တိုင်လည်း ကြိုးစားပြီး တက်လိုက်တာ ကိုယ်တိုင်ထိပ်ဆုံးရောက်ပြီထင်ပေမယ့်
ကျွန်တော်က ပြောင်းပြန်တက်မိလို့ ခြိုင့်ထဲ ရောက်နေမှန်းသတိမထား ခဲ့မိဘူး…။ အဲလိုပါပဲ
မနေ့က ကျွန်တော် ဖိနပ်တစ်ရံ ပျက်သွားတယ် နောက်တစ်နေ့ တစ်ရံထပ်ဝယ်လိုက်တယ် ဒါပေမယ့်ဖိနပ်ပေါက်တဲ့ဒဏ်ကို
မခံနိုင်လို့ပဲ ခြေဗြောင်နဲ့ပဲ လျှောက်သွားလိုက်တယ်…..။ ဒီလိုနဲ့ပဲ တစ်နေ၀င်တာပါ ဒီလိုနဲ့ပဲ
တစ်နေထွက်တာပါ….။ ဒီလိုနဲ့ပဲ ဟောင်းနွမ်းသွားပါတယ်…။ ဒီလိုနဲ့ပဲ ကျွန်တော် အကုန်လုံးကို
ပြန်ဖုံးထားလိုက်ပါတယ် ဘာလို့လဲ ဆိုတော့ ကျွန်တော့မှာ ဖွင့်ကြည့်ဖို့ စိတ်ကူးမရှိလို့ပါ…။

Sunday, 6 March 2011

နောလေ့(ခ်ျ)သည် ပါဝါမဟုတ်တော့ပါ


ဒေးထာ(data)ဆိုတာကို အဘိဓာန်မှာက “အချက်အလက်”လို့ ဖွင့်ဆိုထားပါတယ်။ တစ်နည်းအားဖြင့် သင်္ကေတတွေပေါ့။ နမူနာ ရေးပြရရင် “းယေ-ွမ။-ာတ-ိန-ုရ-်”ဟာ ဒေတာပါ။ အလားတူပဲ “၈၊ ၄၊ ၂”ဆိုတာလည်း “ဒေးထာ”သာ ဖြစ်ပါတယ်။ “အချက်အလက်သက်သက်”ပေါ့။
အဲဒီ့ဒေးထာအချက်အလက်တွေကို စနစ်တကျ စီစဉ်လိုက်ပြီး “ဘာ၊ ဘယ်သူ၊ ဘယ်နေရာ၊ ဘယ်တုန်းက”အစရှိတဲ့ မေးခွန်းများကို ဖြေနိုင်လာအောင် ဆောင်ရွက်တော့မှ အင်ဖှမေးရှင်း (information) ဆိုတာကို ရလာပါတော့တယ်။ အထက်က နမူနာနှစ်ခုကို စနစ်တကျ စီလိုက်တဲ့အခါ ပထမတစ်ခုအတွက် “မိုးရွာနေတယ်”ကို ရလာပြီး ဒုတိယတစ်ခုအတွက်ကျ တော့ “၂ x ၄ = ၈”ဆိုတာကို ရလာပါလိမ့်မယ်။ အဲဒါ အင်ဖှမေးရှင်း ဖြစ်သွားပါပြီ။ မြန်မာအဘိဓာန်မှာ အင်ဖှမေးရှင်းကို “အချက်အလက်၊ သတင်း၊ သုတ”လို့ ပြန်ဆိုပြီး အခုလတ်တလော လူသုံးများနေတာကတော့ “သတင်းအချက်အလက်”ဆိုပြီး ပြန်ဆိုသုံးစွဲနေကြပါတယ်။ “အကြောင်းအချက်”လို့ သုံးရင် ကောင်းမလားပဲ။အဲဒီ့ သတင်းအချက်အလက်တွေကိုမှ အသုံးတည့်လာစေမယ့် ရည်ရွယ်ချက်မျိုးနဲ့ ဆီလျော်အောင် စုစည်းလိုက်တဲ့အခါမှာတော့ နောလေ့(ခ်ျ) (knowledge) ဖြစ်လာပါတော့တယ်။ အဘိဓာန်က “သိခြင်း၊ အသိ၊ အလိမ္မာ”လို့ ပြန်ဆိုထားပါတယ်။ [သည်နေရာမှာ လူငယ်အများစုက နောလေ့(ခ်ျ)ကို “ဗဟုသုတ”လို့ မှားယွင်း ပြန်ဆိုမိတတ်တာ မကြာခဏ တွေ့ရပါတယ်။ ဂျယ်နရယ်(လ်)နောလေ့(ခ်ျ) (general knowledge) ကသာ “ဗဟုသုတ”ဖြစ်ပါတယ်။ ပါဠိလို “ဗဟု”ဆိုတာက “များစွာသော”လို့ အနက်ရတဲ့အတွက် ဗဟုသုတဆိုရင် များစွာသော (ဝါ) အထွေထွေ အပြားပြားသော အသိတွေလို့ ဆိုလိုရာ ရောက်နေပါတယ်။] အဲဒီ့ နောလေ့(ခ်ျ)ကို “သညာသိ”လို့ သုံးပါရစေ။

အဲဒီ့နောလေ့(ခ်ျ)ဆိုတဲ့ “သညာသိ”ကျတော့ ဇာတ်လမ်း နည်းနည်း ရှုပ်လာပါပြီ။ သညာသိမှာ ပိုင်းဖြတ်ထားတဲ့ လုပ်ငန်းစဉ်တစ်ရပ်က ပူးတွဲလာ ပါတော့တယ်။ ဆိုကြပါစို့၊ သတင်းအချက်အလက်တွေကို တစ်စုံတစ်ယောက်က မှတ်သားလိုက်တဲ့အခါ၊ သိပ်ရည်မှန်းချက် ကြီးကြီးမားမား မရှိလှဘဲ စာမေးပွဲအောင်ရေးသာ ပဓာန ထားတဲ့ ကျောင်းသားတွေ စာအံသလို ကျက်မှတ်လိုက်တဲ့အခါမျိုးမှာ “သညာသိ”တွေ အမြောက်အမြား ရလာပါတော့တယ်။ အဲဒီ့ “သညာသိ”က သက်ဆိုင်ရာ ပုဂ္ဂိုလ်အတွက်တော့ အသုံးတည့်ပါတယ်။ သို့ပေမယ့် နောက်ထပ် အသိတစ်ခုခု တိုးပွား လာဖို့အတွက်တော့ သညာသိက အကျိုးမပေးနိုင်ပါဘူး။

နမူနာပြောရင် အမြှောက်အလီပေါင်းတွေကို နှုတ်တက်ရွရွ ကျက်ထားတဲ့ ကျောင်းသားဟာ “နှစ် နှစ်လီ လေး”မှသည် “၁၆ ၁၂လီ ၁၉၂”အထိကို ဒေါင်းဒေါင်းပြေး ရွတ်နိုင်ပါလိမ့်မယ်။ အဲဒါ အလီနဲ့ ပတ်သက်တဲ့ “သညာသိတွေ” အမြောက်အမြား ရှိနေတာပေါ့။ သို့ပေမယ့် ၁၈၉၅ ကို ၃၀ဝ နဲ့ မြှောက်ပါဆိုရင်တော့ နည်းနည်း အူသွားတော့မှာပါ။ ဘာလို့လဲဆိုတော့ သူကျက်ထားတဲ့ အလီထဲမှာ ၁၈၉၅ အလီမှ မရှိတာကိုး။ အဲဒီ့ အဖြေအတွက်ကျတော့ သိမှတ်မှုနဲ့ ပိုင်းခြားစိတ်ဖြာ ဝေဖန်တတ်မှု စွမ်းရည်က လိုလာပါပြီ။ အဲဒီ့ စွမ်းရည်တွေက နောက်တစ်ဆင့်ဖြစ်တဲ့ “နားလည် သဘောပေါက်မှု” (understanding)နဲ့ သက်ဆိုင်သွားပါတယ်။

နားလည်သဘောပေါက်မှုမှာကျတော့ ဆက်စပ်တွေးမြင်နိုင်တာ၊ ဖြည့်စွက်ကြည့်တာ၊ ဖြစ်နိုင်ချေကို တွက်ချက်တာတွေ ပါဝင်လာပါပြီ။ သည်မှာကျတော့ သိမှတ်မှုနဲ့ ပိုင်းခြားစိတ်ဖြာမှုတွေက အဓိက ဖြစ်ပါတယ်။ သညာသိအသစ်တစ်ခု ရလာတယ်၊ အဲဒီ့ သညာသိအသစ်ကို အရင်က သိထားတာနဲ့ ပေါင်းစပ်လိုက်ပြီးတော့ ချသုံးတတ်လာတယ်။ အဲဒါ နားလည်မှုပါပဲ။ အထက်က ၁၈၉၅ ကို ၃၀ဝ နဲ့ မြှောက်တဲ့အခါမှာ မူလရှိထားတဲ့ သညာသိက သုံးအလီရယ်၊ မြှောက်ပုံမြှောက်နည်းရယ်ပါ။ အဲဒါကို နားလည်တဲ့အတွက် ၁၈၉၅ ကိုမြှောက်ချိန်မှာ သုည နှစ်လုံးကို မေ့ထားလိုက်မယ်၊ ပြီးရင် ၁၈၉၅ ကို သုံးနဲ့ မြှောက်မယ်။ သုံး ငါးလီ၊ သုံးကိုးလီ၊ သုံး ရှစ်လီ စသဖြင့် နဂို သညာသိနဲ့ တွက်ချက် ပေါင်းစပ်သွားပြီး ရတဲ့အဖြေကိုမှ သုညနှစ်လုံး ဖြည့်လိုက်ရင် ၃၀ဝ နဲ့ မြှောက်တာအတွက် မှန်ကန်တဲ့ အဖြေကို ရလာပါလိမ့်မယ်။

“နားလည်သဘောပေါက်မှု”နဲ့ “သညာသိ”တို့ ကြားမှာ ကွာခြားပုံက သင်ယူမှတ်သားမှုနဲ့ အလွတ်ကျက်မှုတို့နှစ်ခု ကွာခြားသလိုပါပဲ။ သင်ယူ မှတ်သားလိုက်တယ် ဆိုတာက ကြောင်းကျိုးဆင်ခြင်မှုတွေ၊ ဆက်စပ်မှုတွေ ပါဝင်ပါတယ်။ “ခွေးကောင်”ဆိုတဲ့ ဝေါဟာရတစ်ခုကို ကလေးတစ်ယောက် သင်ယူမှတ်သားတာနဲ့ပဲ ကြည့်ရအောင်ပါ။ တစ်စုံတစ်ယောက်က သူ့ကို “ခွေးကောင်”လို့ ပြောလိုက်တယ်။ ကလေးက အဲဒါကို အလွတ်ကျက်ပြီး မှတ်သားလိုက်တာ မဟုတ်ပါဘူး။ စိတ်တိုတိုနဲ့ ပြောတဲ့အခါမှာ သည်စကားလုံးကို သုံးလိုက်တယ်။ ဒါကို ကလေးက မှတ်လိုက်ပါတယ်။ နောက်တစ် ယောက်က သူ့ကို “ခွေးကောင်”လို့ ပြောပြန်တယ်။ သည်တစ်ခါကျတော့ သူ့ကို ချစ်ခင်တဲ့စိတ်နဲ့ ချစ်စနိုးပြောလိုက်တာကို ဆက်မှတ်တယ်။ အဲဒီ့ နှစ်ခုအပေါ်မှာ ကလေး သင်ယူမှတ်သားလိုက်တာက “ခွေးကောင်”ဆိုတဲ့ ဝေါဟာရကို ဒေါသဖြစ်တဲ့အခါမှာ သုံးလို့ရသလို ချစ်စနိုးပြောတဲ့ နေရာမှာလည်း သုံးလို့ရတယ်ဆိုတာကို သင်ယူမှတ်သားလိုက်ပါတယ်။ အဲဒါဟာ နားလည်မှုပါ။ ဒါပေမယ့် “ဧရာဝတီမြစ်သည် မိုင်ပေါင်း ၁၃၅၀ ရှည်လျားသည်”ဆိုတာကျတော့ ကလေးက ကျက်ပြီ။ အဲဒီ့မှာ အဆက်အစပ်က ဘာမှ မပါဘူး။ အဲဒါ သညာသိဖြစ်သွားပြီ။

အဲဒီ့ကလေးက စာမေးပွဲအောင်ဖို့အတွက်ကျတော့ အဲဒါကို အလွတ် ကျက်ထားတယ်။ ဖြေချလိုက်တယ်။ ကိစ္စက ပြတ်သွားတယ်။ နောက် တစ်တန်းတက်တယ်၊ နောက်ထပ် သညာသိတွေ ထပ်မှတ်ရပြန်တယ်။ အဲလိုနဲ့ အချိန်တစ်ခုကို ရောက်လာတဲ့အခါ ဧရာဝတီ ဘယ်လောက် ရှည်လျားမှန်း သူ မသိတော့ဘူး။ အဲဒါဟာ သညာသိရဲ့ ပြဿနာပါပဲ။ မိုင်ပေါင်း ၁၃၅၀ကို မှတ်သားပုံနဲ့ “ခွေးကောင်”ကို သင်ယူပုံတို့ ကွာခြားတာကို စာဖတ်သူလူကြီးမင်းများ သဘောပေါက်နိုင်ကြပြီ ထင်ပါတယ်။ အဲဒါဆိုရင် နားလည်သဘောပေါက်မှုနဲ့ သညာသိတို့ ကွာခြားတာကိုလည်း ခွဲခြားနိုင်လောက်ပါပြီ။

“ဒေးထာ”ဆိုတဲ့ “အချက်အလက်သက်သက်”ကို ကွန်ပျူတာမှာ ထည့်လိုက်လို့ရတယ်။ ကိန်းဂဏန်းတွေ ဖြစ်ချင်ဖြစ်မယ်၊ သင်္ကေတတွေ ဖြစ်ချင် ဖြစ်မယ်။ အက္ခရာတွေ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

အဲဒီ့ “ဒေးထာ”တွေကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်လိုက်ပြီး အနက်ဖွင့် လိုက်တဲ့အခါမှာ “အင်ဖှမေးရှင်း”ဆိုတဲ့ “အကြောင်းအချက်” ရလာပါတယ်။ စောစောက ကွန်ပျူတာမှာ ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေမှာ အလွယ်ဆုံး ပြောရရင် ဇန်နဝါရီကနေ ဒီဇင်ဘာအထိ လနာမည်တွေ ထည့်တယ်။ ဒါ အချက်အလက် သက်သက်၊ ပြီးတော့ တစ်လစီရဲ့ ဘေးမှာ ဂဏန်းတွေ ထည့်တယ်။ လေးလုံးဖြစ်ချင်ဖြစ်မယ်၊ ငါးလုံး၊ ခြောက်လုံးလည်း ဖြစ်ချင်ဖြစ်မယ်။ အချက်အလက် သက်သက်တွေ ထပ်ဖြည့်လိုက်တယ်။ ဒါပေမယ့် အနက်ဖွင့်တဲ့အခါကျတော့ “နှစ်ချုပ်ဝင်ငွေစာရင်း”ဆိုတဲ့ “အင်ဖှမေးရှင်း” (အကြောင်းအချက်)ကို ရလာပါလိမ့်မယ်။

“နောလေ့(ခ်ျ)” (သညာသိ)ကလည်း ကွန်ပျူတာမှာ ရှိတယ်။ ကွန်ပျူ တာရဲ့ မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားတဲ့ အကြောင်းအချက်တွေကို နေရာတကျ ချသုံးတဲ့အခါ ကျွန်တော်တို့ ယနေ့ ကွန်ပျူတာတွေမှာ သုံးနေတဲ့ “အပျော့ထည်” အတော်များများကို ရလာပါတယ်။ အခု ကျွန်တော် စာရိုက်နေတာ “စာမျက်နှာဖွဲ့စပ်ရာ” (Pagemaker) အပျော့ထည်ကို သုံးနေတာပါ။ အဲဒါကို သုံးနိုင်ဖို့အတွက် သက်ဆိုင်ရာ အပျော့ထည် ထုတ်လုပ်သူများက အချက်အလက် သက်သက်များကို ထည့်သွင်းရတယ်။ ဒါပေမယ့် အဲဒီ့အချက်အလက်တွေကနေ အနက်ဖွင့်ပေးပြီး အကြောင်းအချက်တွေ ဖန်တီးထားရတာ။ အဲဒီ့ အကြောင်းအချက်တွေကို ကွန်ပျူတာက သညာသိ သိသွားအောင် ဖန်တီးယူလိုက်တဲ့အခါမှာ လူအများသုံးလို့ ရတဲ့ လုပ်ငန်းသုံး ပရိုဂရယ်(မ်) (application) တစ်ခု ရလာပါတော့တယ်။

“နားလည်သဘောပေါက်မှု”ကလည်းပဲ ကွန်ပျူတာတွေမှာ ရှိလာပါပြီ။ အဲဒါကတော့ “ဉာဏ်အတု” (Artificial Intelligence) ဆိုတဲ့ စနစ်တွေပါ။ အေအိုင်စနစ်များ(AI Systems)လို့ အတိုကောက် ခေါ်ပါတယ်။ အဲဒါကကျတော့ စောစောက ပြောနေတဲ့ လုပ်ငန်းသုံးအစီအစဉ်တွေ၊ သာမန်အပျော့ထည်တွေထက် ကျော်လွန်သွားပါပြီ။ ကွန်ပျူတာက လူစကား နားလည်တာ၊ လူ့လက်ရေး ဖတ်တတ်လာတာမျိုးကို အရိုးဆုံး ဥပမာများအဖြစ် ပြလို့ရပါတယ်။ လူပေါင်း မြောက်များစွာရဲ့ ပြောပုံဆိုလက် အသံထွက်အမျိုးမျိုးကို ကွန်ပျူတာက ပိုင်းခြားစိတ်ဖြာတတ်လာတာဟာ နားလည်သဘောပေါက်မှုဆိုတဲ့ အဆင့်ကို ရောက်လာတာပါပဲ။

ဒါပေမယ့် ကွန်ပျူတာဟာ “ခွေးကောင်”ဆိုတဲ့ ဝေါဟာရကိုသာ သိမှတ်နိုင်ပြီး အဲဒီ့နောက်ကွယ်မှာ ဒေါသနဲ့ ပြောလိုက်တာလား၊ ချစ်စနိုး ပြောလိုက်တာလားဆိုတာကို နားလည်နိုင်တဲ့ အဆင့်တစ်ဆင့် ကျန်နေပါသေးတယ်။ ခက်တော့ သိပ်မခက်တော့ပါဘူး။ ယနေ့ကာလ ကွန်ပျူတာ နည်းပညာ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်နေပုံနဲ့ဆိုရင် အဲဒါကိုလည်း ကွန်ပျူတာက မကြာခင်ကာလအတွင်းမှာ ပိုင်းခြားစိတ်ဖြာတတ်ပြီး နားလည် သဘောပေါက်နိုင်တော့မှာပါ။

ကျွန်တော် ဒါတွေ ဘာ့ကြောင့် ဝိတ္တာရချဲ့နေတာလဲလို့ စာဖတ်သူ လူကြီးမင်း တွေးနေမယ်ထင်ပါတယ်။ ဒေးထှာဆိုတဲ့ အချက်အလက် သက်သက်မှသည် နားလည်သဘောပေါက်မှုအထိက လူတိုင်း လုပ်နိုင်တယ်၊ လူတိုင်း တတ်နိုင်တယ်ဆိုတာအပြင် လူသာမက ကွန်ပျူတာလို သက်မဲ့မှာ ပင်လျှင် ထည့်သွင်း၊ စီစဉ်၊ ထားသို၊ ရေးဆွဲ၊ ညွှန်ကြားလို့ရနေတာကို ပြောချင်တာပါ။

အဲဒီ့ကမှတစ်ဆင့် လူသားမှသာ တတ်နိုင်တဲ့ “မြော်မြင်ဆင်ခြင်မှု”ဆိုတာကို ဆက်သွားချင်လို့ပါ။ ဝစ္စဒမ် (Wisdom) ကို “ဉာဏ်ပညာ၊ အမြော်အမြင်”ရယ်လို့ အဘိဓာန်က ဖွင့်ဆိုပါတယ်။ မြော်မြင်ဆင်ခြင်မှုကျတော့ ရတတ်သမျှ အချက်အလက်တွေ၊ အသိတွေ၊ နားလည်မှုတွေအပေါ် အခြေခံပြီး တွက်ချက် ခန့်မှန်းတာ ပါသွားပြီ၊ ဖြစ်နိုင်ချေတွေကို ကျော်လွန်ပြီး စဉ်းစားတာလည်း ပါတယ်။ လှေနံဓားထစ်တာတွေလည်း မရှိတော့ဘူး။ အဲဒါက မြော်မြင်ဆင်ခြင်မှု ဖြစ်ပါတယ်။ သည်မှာက လူသားတို့ရဲ့ ကျင့်ဝတ်တွေ၊ စာရိတ္တတွေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ၊ ဘေးပယောဂတွေ အစရှိတဲ့ တခြားအကြောင်းအချက်တွေနဲ့ ကိုယ်သိထား၊ ကိုယ်နားလည်ထားတာတွေနဲ့ စပ်ဟပ်ယူပါတော့တယ်။

အရင်က နားမလည်ထား၊ သဘောပေါက်မထားခဲ့တာတစ်ခုကို အဲဒီ့ မြော်မြင်ဆင်ခြင်မှုကသာ ပေးစွမ်းနိုင်ပါတယ်။ တစ်နည်းပြောရရင် အချက်အလက် သက်သက်တွေ၊ အကြောင်းအချက်တွေ၊ သညာသိတွေ၊ နားလည်သဘောပေါက်မှုတွေလို လွယ်လွယ်ကူကူ ရနိုင်မယ့် အဖြေမျိုးတွေ မဟုတ်ဘဲ အင်မတန်မှ ခက်ခဲ နက်နဲတဲ့ အဖြေတွေ၊ ဘယ်သက်ရှိ လူသားကမှ တစ်ခါဖူးမှ မတွေးခဲ့ဖူးတာတွေကို မြော်မြင်ဆင်ခြင်မှုက ဖော်ယူပေးနိုင်ပါတယ်။ နောက်တစ်နည်း ပြောရရင် အမှားနဲ့ အမှန်၊ အဆိုးနဲ့ အကောင်း ဆိုတာကို ရိပ်စားမိလာအောင်၊ ဒါမှမဟုတ် ချိန်ဆတတ်အောင် အဲဒီ့ မြော်မြင်ဆင်ခြင်မှုနဲ့သာ လုပ်ယူရပါတယ်။

* ပေါက်ပင် ကိုင်းတယ် (အချက်အလက်သက်သက်ပါ)။
* ဗျိုင်းနားလို့ ပေါက်ပင်ကိုင်းတယ် (အကြောင်းအချက် အင်ဖှမေးရှင်း ဖြစ်လာပါပြီ။)
* ဗျိုင်းရဲ့ ကိုယ်အလေးချိန်ကို ပေါက်ပင်က မခံနိုင်ဘူး။ ဒါ့ကြောင့် ပေါက်ပင်ကိုင်းတာပဲ (သညာသိဖြစ်လာပါပြီ။)
* ဒါဆိုရင် ဗျိုင်းသာ မဟုတ်ဘူး၊ တခြား ဘာကောင်ပဲ နားနား၊ ပေါက်ပင် ကိုင်းတော့မယ်။ စာကလေးနားမယ်ဆိုရင်တော့ ဗျိုင်းနားသလောက် ကိုင်းမှာ မဟုတ်ဘူး။ (နားလည်သဘောပေါက်မှုပါ။ သည်အထိက ကျောင်းသင်ပညာလောက်နဲ့ အလွယ်တကူ ရနိုင်ပါတယ်။)

ပေါက်ပင် ဘာ့ကြောင့် ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ်၊ ဗျိုင်း ဘာ့ကြောင့် နားရတယ်၊ ငါးပေါ်လို့ နားရတယ် အစရှိသဖြင့် တစ်ဆင့်ချင်း မြော်မြင် ဆင်ခြင်မှုကျတော့ နက်နဲလာပါတယ်။ အဲဒါကျတော့ အဖတ်အရှု အလေ့အလာ နည်းနေသမျှ ဘယ်လိုမှ မရနိုင်တော့ပါဘူး။ အဲဒါကို မရအောင် ကြားခံ ဆီးတာနိုင်တာကလည်း “နားလည်သဘောပေါက်မှု”လောက်ကို အသိဉာဏ်ရဲ့ လမ်းဆုံးလို့ ထင်မိယောင်မှားပြီး ပညာတတ်မာန် တက်သွားတဲ့အခါမှာပါ။

အဲဒီ့ မြော်မြင်ဆင်ခြင်မှုကိုကျတော့ ဘယ်ကွန်ပျူတာမှ ဘယ်တော့မှ မရနိုင်တဲ့ စွမ်းရည်ဖြစ်သွားသလို လူတိုင်းလည်း အလွယ်တကူ မရနိုင်တော့ပါဘူး။ အထူးသဖြင့် ကနေ့ခေတ် လူငယ်တွေလို ခေတ်မီ ဆက်သွယ်ရေး နည်းပညာ လှိုင်းတံပိုးများကြားမှာ တလိမ့်လိမ့် မျောနစ်နေရင်းက စာမေးပွဲအောင်ရေး၊ ဘွဲ့လက်မှတ်ဆိုတဲ့ စက္ကူများ ရရှိရေးကိုသာ လုံးပမ်းနေကြရင်း ပိုက်ဆံတစ်မျိုးတည်းကိုသာ ကိုးကွယ်ရာလို့ ယုံမှတ်နေကြသူများဟာ အချက်အလက်သက်သက်တွေ၊ အကြောင်းအချက်တွေ၊ သညာသိတွေလောက်ကိုပဲ အဟုတ်မှတ်နေကြပါလိမ့်မယ်။

“နောလေ့(ခ်ျ) အစ်(စ်) ပါဝါ (Knowledge is power.)”ဆိုတဲ့ စကားလည်း ခေတ်နောက်ကျကျန်ရစ်ခဲ့တာကို အများ သိသင့်နေပါပြီ။ ကွန်ပျူတာမှာ ဉာဏ်အတုထိတောင် ရောက်လာတဲ့အပြင် နောလေ့(ခ်ျ)ထက် တစ်ဆင့်မြင့်တဲ့ နားလည်သဘောပေါက်မှုကိုတောင် ကွန်ပျူတာဆိုတဲ့ သက်မဲ့(စက်) တစ်လုံးက လုပ်နိုင်နေမှတော့ နောလေ့(ခ်ျ)ဟာ ကနေ့ နည်းပညာခေတ်မှာ နှစ်ပြားမှ မတန်တော့ပါဘူး။ နောလေ့(ခ်ျ)အစ်(စ်) ပါဝါ မဟုတ်တော့ဘဲ “နောလေ့(ခ်ျ)အစ်(စ်) ဖျူထိုင်း(လ်) (Knowledge is futile.)” ဖြစ်သွားပါပြီ။

ကွန်ပျူတာတစ်လုံးကို ဖွင့်၊ အင်တာနက်ကြီးနဲ့ ချိတ်ဆက်လိုက်တာနဲ့ တစ်ပြိုင်နက် ဘာသိချင်သလဲ၊ ဘာသညာသိ လိုချင်သလဲ၊ လိုချင်တာ အားလုံးလောက် နီးပါးကို စက္ကန့်ပိုင်းအတွင်းမှာ ရယူနိုင်တဲ့ခေတ် ဖြစ်နေပါပြီ။ သညာသိအလျှံပယ်ခေတ်ကို ကျွန်တော်တို့ ဖြတ်သန်းနေကြပါတယ်။

ကနေ့ခေတ် လူငယ်တွေဟာ ကျွန်တော်တို့တွေထက် အချက်အလက်သက်သက်တွေ၊ အကြောင်းအချက်တွေ၊ သညာသိတွေ အများကြီး ပိုရနေကြတာမို့ အဲဒီ့ဘက်မှာ ကျွန်တော်တို့ထက်၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေထက် အဆများစွာ သာနေတာ အင်မတန်မှ သေချာလှပါတယ်။

ဒါပေမယ့် သညာသိမှသည် နားလည်သဘောပေါက်မှုအဆင့် တစ်ဆင့်ကို ဆက်တက်နိုင်ဖို့၊ တစ်နည်းပြောရရင် ဉာဏ်ရှိလာဖို့နဲ့ အဲဒီ့ကမှ နောက်တစ်ဆင့်ဖြစ်တဲ့ မြော်မြင်ဆင်ခြင်မှုတွေ ရင့်သန် ခိုင်မာလာဖို့အတွက်ကျတော့ အများစုက မေ့လျော့ပစ်ပယ်ထားနေကြတယ်လို့ ရှုမြင်မိရလို့ ကျွန်တော် မြင်တာလေးတွေကို ချရေးလိုက်မိရကြောင်းပါခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ဝ၉၀၂၁၁)

ဆရာအတ္တကျော်ဆိုက်မှ ပြန်လည်မျှဝေပါသည်

Saturday, 26 February 2011

နှလုံးသားအဟာရ(၂)

ဖြစ်အောင်လုပ်စမ်းပါ

၁၉၅၇ ခုနှစ်က ကယ်လီဖိုးနီးယားတွင် ဆယ်နှစ်ရွယ် ကောင်လေးတစ်ယောက် ရည်မှန်းချက် ပန်းတိုင် တစ်ခုချသည် ။
အဲသည်အချိန်က အမေရိကန် ကြေးစားဘောလုံး(ရပ်ဂဘီဘော) လောကတွင် ဂျင်(မ)ဘရောင်းသည် အကျော်ကြားဆုံး နောက်တန်းအလယ်လူ ဖြစ်သည် ။ ပိန်တာရိုးကောင်လေးက သူ့အော်တို လက်မှတ်လိုချင်သည် ။ သည်ရည်မှန်းချက် အောင်မြင်ရေးအတွက် ကောင်လေးမှာ ကျော်လွှားရမည့် အခက်အခဲတစ်ချို့ရှိနေသည် ။
သူသည် လူမည်းဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်းရခြင်းသာဖြစ်သည် ။ သူ့ခမျာ ဘယ်တုန်းကမှ ၀၀လင်လင် မစားရ ။ အာဟာရ ချို့တဲ့မှုကြောင့် အရိုးပျော့ ရောဂါ ရနေသည် ။ အရိုးပေါ် အရေတင်သည့် သူ့ခြေထောက်ခွင်ခွင်လေးကို သံမဏိ ထိန်းတံများ ဖြင့် ကျားကန်ပေးထားရသည် ။ လောလောဆယ်လည်း ပိုက်ဆံမရှိသဖြင့် ဘောပွဲဝင်ကြည့်ရန် လက်မှတ်မ၀ယ်နိုင် ။ ထို့ကြောင့် ဂျင်(မ)ဘရောင်း ကစားပြီးပြန်တက်လာသည့်အချိန် တွေ့ဆုံရန် အ၀တ်လဲခန်းနားက စိတ်ရှည်လက်ရှည် စောင့်မျှော်နေရသည် ။
ဂျင်(မ)ဘရောင်းနှင့် တွေ့တော့ အော်တိုရေးပေးရန် ယဉ်ယဉ်ကျေးကျေး တောင်းခံသည် ။ ဘရောင်း လက်မှတ်ထိုးနေသည့် အချိန်ကောင်လေးပြောပြသည် ။
“မစ္စတာဘရောင်း … ခင်ဗျားပုံကို ကျွန်တော့ အခန်းနံရံမှာ ချိတ်ထားတယ်ဗျ ၊ စံချိန်တွေအားလုံးကို ခင်ဗျား ချိုးထားတာ ကျွန်တော်သိတယ် ၊ ခင်ဗျားက ကျွန်တော် ကြည့်ညိုလေးစားဆုံး ပုဂ္ဂိုလ်ဗျ”
ဘရောင်းပြုံးပြီး နားထောင်ပြီးသွားရန်ပြင်သည် ။ သို့သော် ကောင်လေးက မပြီးသေး ။
“ကျွန်တော် တစ်နေ့ကျရင် မစ္စတာဘရောင်း တင်ထားတဲ့ စံချိန်တွေ အားလုံးကို ချိုးမယ်ဗျ” သူကရဲရဲဝံ့ဝံ့ ကြေညာသည် ။
ဘရောင်း ဖြုံသွားသည် ။ “သားနာမည် ဘယ်လို ခေါ်လဲကွ” သူမေးလိုက်မိသည် ။
“အိုရင်သယ်ဂျိမ်း(စ)ပါ ၊ သူငယ်ချင်းတွေကတော့ အိုဂျေ လို့ အတိုကောက်ခေါ်ကြပါတယ်” ကောင်လေးက ပြန်ဖြေသည် ။
နောက်ပိုင်းတွင်မူ အိုဂျေဆင်မဆင် ဆိုသော ထိုအရိုးပျော့နှင့် ကောင်လေးသည် ထူးချွန်ထင်ရှားသော ဘောလုံးသမားတစ်ဦး တစ်ကယ်ဖြစ်လာခဲ့သည် ။ ထိခိုက် ဒဏ်ရာကြောင့် ဘောလုံးလောကမှ စောစီးစွာ နုတ်ထွက်ခဲ့ရသည့် အချိန်တွင် ဂျင်(မ)ဘရောင်း တင်ခဲ့သည့် စံချိန်များအနက် သုံးခုမှ အပ ကျန်အားလုံးကို ချိုးနိုင်ခဲ့သည် ။
လူတစ်ယောက်ကို ထက်သန်တက်ကြွအောင် နှိုးဆွအေးသည့်နေရာတွင် ရည်မှန်းချက် ပန်းတိုင် ချမှတ်ခြင်းလောက် အင်အားပြင်းထန်သော အရာမရှိပါ ။ ထို့ကြောင့်….
ပန်းတိုင် ခိုင်ခိုင် ချပါ ၊ ပြီးလျှင် အဲသည်အတိုင်း တစ်ကယ်ဖြစ်အောင် စွမ်းဆောင်ပါ ။

(ဆရာဖေမြင့်)

နှုတ်ဆက်ပါတယ် အိုအဆွေ

နှုတ်ဆက်ပါတယ် အိုအဆွေ

အနာဂတ်ဆိုတာ စိတ်ကူး အိမ်တွေရဲ့ အလှကို ယုံကြည်တဲ့ သူတွေရဲ့ ပိုင်ဆိုင်မှုပါ။

ဘဝကို ကျေနပ်စွာ လက်ခံပါ ပွဲမဝင် ခင်အပြင်မှာကျင်းပတဲ့ သဘောတော့မဟုတ်ပါဝူး၊

ဖိနိုပ်တာ ဖိအားပေးတာကို ကြောက်စရာ မလိုဘူး ဖိနှိပ်တာဟာ ကျောက်တုံးကို စိန်တုံးဖြစ်အောင် ပြောင်းနိုင်တယ်။

နေ့စဉ် ပစ္စုပ္ပန်မှာ နေပါ လက်ရှိဘကို လှအောင် ဖန်တီးပါ။

ကိုယ့်ကိုယ်ကို မြင့်မြင့်မားမား တွေးထင်ပါ တကယ်တော့ ကမ္ဘာကြီးက မင်းရဲ့ ရည်မှန်းချက်ကို သယ်ဆောင်လာလိမ့်မယ်။

မင်းဘဝဟာ ထိုက်တန်တဲ့ အသက်ရှင် ရပ် တည်မှု ဖြစ်တယ်လို့ယုံကြည်ရမယ်။ မင်းရဲ့ ယုံကြည်မှု တွေဟာ တကယ်တော့အဖြစ်မှန်တွေဖြစ်လာအောင် ဖန်တီးပေးလိမ့် မယ်။

မင်းဘယ်ကိုသွားသွား ကိုယ့်ယုံကြည်မှာ ရည်မှန်းချက်ကို တစ်ပါးတည်းသယ်ဆောင်သွားပါ။

ဘဝကို ကိုယ်က ချစ်မြတ်နိုးလျှင် ဘဝကလည်း ကိုယ့်ကို ချစ်မြတ်နိုးမှာပါ။အတိတ်ဝကို ကုစားပါ။ မျက်မှောက်ဘဝမှာ နေပါ။အနာဂတ် အတွက် မျှော်မှန်းချက်ထားပါ။

နေ့ရက်တွေကို ကိုယ်က ရေတွက်စရာမလိုဘူး နေ့ရက်တွေကသာ မင်းကို ရေတွက်ပါစေ။

ပျော်ရွှင်မှု အတွက်အဓိကအချက်ကတော့ စိတ်ကူးရှိနေဖို့ပဲ အောင်မြင်မှုအတွက် အဓိက အချက်ကတော့ ရှိနေတဲ့ စိတ်ကူးကို အမှန်တကယ် ဖြစ်လာအောင် ဖန်တီးခြင်းပါပဲ။

လောကက မှန်လိုပါပဲ။ ကိုယ်ကပြုံးပြရင် သူက ပြန်ပြုံးပြလိမ့်မယ်။

ပျော်ရွှင်မှုဆိုတာ ကိုယ်လိုချင်တဲ့ဆန္ဒ ကိုယ့်မှာ ရှိနေတာ မစဟုတ်ပါဘူး ကိုယ့်မှာ ရှိနေတာကိုပဲ လိုလားတာပဲဖြစ်မယ်။

နားထောင်တက်အောင်သင်ယူလေ့ကျင့်ပါ။ အခွင့်အလမ်းက တစ်ခါမှာ တော့ညင်သာစွာ တံခါးလာခေါက်လိမ့်မယ်။

ကောင်းမွန်တဲ့ အချိန်တွေဟာ ကောင်းမွန်တဲ့ အမှတ်တရတွေ ဖြစ်လိမ့်မယ်။ မကောင်းတဲ့အချိန် ကာလတွေကတော့ ဘဝသင်ခန်းစာတွေဖြစ်လာလိမ့်မယ်။

လျှင်လျှင်မြန်မြန် သွားတဲ့ အချိန်တွေကြောင့် လှပတဲ့ ရှုခင်းတွေကိုသာမက အလှအပကိုပါ မျက်ကွယ်ပြုရာ ရောက်ရတယ်။

အောင်မြင်မှုဆိုတာ ကိုယ်လိုချင်တာကို ရရှိခြင်းဖြစ်တယ်။ ကံကြမ္မာဆိုတာကတော့ ကိုယ်ရတာကိုပဲ သိမ်းဆည်းထားခြင်းပါပဲ။

ကျွန်တော်က အနာဂတ်ကိုကြည့်မျှော်မိတယ် ကျန်သေးတဲ့ဘဝကို ဘယ်မှာကုန်ဆုံးရမယ် ဆိုတာပါပဲ။

လူတွေက အထီးကျန်နေတက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ လျှောက်လှမ်းရမယ့် တံတားကိုတည်ဆောက်ရမယ့်အစား နံရံတွေကိုပဲ တည်ဆောက်နေလို့ပါ။

ကောင်းသောနေ့မြတ်တေါက်ုရောက်ကြပါစေ။...................

Monday, 21 February 2011

ဆရာဖေမြင့်ရဲ့ စာအုပ်မှ This, too, will pass

သူငယ်ချင်း မင်းပျော်နေလား ဒါလဲပြီးသွားမယ်နော်
ဒါမှမဟုတ်
စိတ်ညစ်နေလား ပြီးသွားမယ် စိတ်မပူနဲ့။

ဆရာဖေမြင့်ရဲ့ စာအုပ်မှ This, too, will pass. ဆိုတဲ့ဟာလေးကိုတင်ပြပေးချင်ပါတယ်။

စာဖတ်ရင်း စကားလုံး အသုံးအနှုန်း ကောင်းလေးတွေတွေ့လျှင် စာအုပ်ထဲမှာ ကျွန်တော်တို့ မျဉ်းသားမိတတ်ကြသည်။ အကယ်၍ ကိုယ့်ဘ၀ ကိုယ့်အတွေ့အကြုံနှင့် တိုက်ဆိုင်တူညီလွန်းသော၊ ကိုယ့်ခေါင်းထဲက မပီမသအတွေးကို ပီပီသသ လှလှပပကြီး ဖော်ပြလိုက်သောစာပိုဒ်မျိုး အရေးအသားမျိုး တွေ့လျှင်မူ ၀မ်းသာ၍မဆုံးတော့။ အကြောင်းကြုံကြိုက်လျှင် အဲသည် နှစ်နှစ်ခြိုက်ခြိုက်စာပိုဒ်မျိုးကို ကျွန်တော်တို့ ကိုးကားပြောဆိုမည်။ ကိုယ်တိုင်စာရေးသားသည့်အခါ ငှားရမ်းယူငင် သုံးစွဲကြမည်။
တကယ် အံဝင်ခွင်ကျအနေအထား ကြုံ၍ကား စကားကောင်းတစ်ခုကို မသုံးစွဲဘဲ မနေနိုင်။
သို့ဖြင့်ပင် ရှေးလူတွေ ပြောခဲ့သည့် ထိမိသောစကားနှင့် ယင်းတို့က သယ်ဆောင်လာသည့် ထူးခြားသော အတွေးများသည် နောက်လူတွေ လက်ဆင့်ကမ်းကိုးကားခြင်းဖြင့် အဓွန့်ရှည်တည်တံ့နေကြခြင်းဖြစ်သည်။
**********************************************************************************
စာထဲပေထဲမှာ မကြာခဏ တွေ့ကာ ခေါင်းထဲစွဲမိသော စကားတစ်ခွန်းရှိသည်။
This, too, shall pass away.
ဒါလည်း ပြီးသွားမှာပါ၊ တဲ့။
စာသားက ရိုးရိုးလေးပင်။
သို့သော် တန်ခိုးရှိသည်။
လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ထဲ အနှောက်အယှက်ဖြစ်ကာတနုံ့နုံ့ တွေးနေမိသည့်အခါမျိုးတွင် သည်စကားလေး ခေါင်းထဲ ပေါ်လာလျှင် စိတ်ထဲ ပေါ့ပါးသွားတတ်သည်။
အချိန်တန်ရင် ပြီးသွားမှာပါကွာ၊ ပူမနေပါနဲ့။ သည်စကားလေးက နှိမ့်သိမ့်အားပေါးသည်။
အားပေးရုံပဲလား။
သိပ်အားတက်နေ ၀မ်းမြောက်နေ တစ်ကိုယ်တည်းပီတိတွေ ဖြာနေမိသည့်အခါမျိုးမှာလည်း ကိုယ်ရှိန်သတ်နိုင်အောင် သူက သတိဖော်ပေးသည်။
ဟေ့...သိပ်ကြည်နူးမနေနဲ့ ကိုယ့်လူ၊ ဒါလည်းအချိန်တန်ရင်ပြီသွားမှာ။
တန်ဖိုးရှိလှသည့် စကား။ လောကကြီးထဲမှာသင့်တင့်လျှောက်ပတ်စွာ နေတတ်အောင် တစ်ခွန်းတည်းနှင့် နှစ်ဖက်နှစ်လမ်း ညှပ်ပိတ်ထိန်းထားပေးသော စကား။
သည်စကားကို ဘယ်သူစပြောခဲ့သလဲ။ သည်စကားက ပေးသော အတွေးကို ဘယ်သူစတွေးခဲ့သလဲ။ ဘယ်သူက စသလဲ၊ လိုက်ကြည့်တော့ ဒဏ္ဍာရီထဲ ရောက်သွားသည်။
ပုံပြင်စတင်ထွက်ပေါ်သည့် နေရာကား အနောက်အာရှဒေသဖြစ်သည်။
************************************************************************************
တစ်ရံရောအခါ ရှင်ဘုရင်တစ်ပါးသည် စိတ်ပင်ပန်းဆင်းရဲစရာတွေ အများအပြား ကြုံရပြီးသည့်နောက်၌ အမတ်ပညာရှိတို့တို့အား မိမိအားကိုးစရာ ဆောင်းပုဒ်တစ်ခု ရေးသားပြုပေးရန် တောင်းဆိုသည်။ ဆောင်းပုဒ်က လက်စွပ်တစ်ကွင်းပေါ်မှာ ရေးထွင်း၍ ရလောက်အောင်လည်း တိုရမည်၊ အောင်မြင်စဉ်ရော နိမ့်ပါးစဉ်မှာပါသုံးစွဲနိုင်တာမျိုး ဖြစ်ရမည်ဟု ဆိုသည်။မှူးမတ်တွေ ဆောင်းပုဒ်အမျိုးမျိုး တင်ပြကြသည်။ ရှင်ဘုရင်က လက်မခံ။ အားလုံးကို ပယ်ချသည်။ နောက်ဆုံးသမီးတော်က သူမရွေးချယ်ထားသည့် ဆောင်ပုဒ်တစ်ခုကို မြလက်စွပ်တစ်ကွင်းမှာ ရေးထွင်ပြိး ဆက်သတော့မှ ရှင်ဘုရင်ကနှစ်သက်သဘောကျသွားသည်။ လက်စွပ်ပေါ်မှာ အာရေဗီဘာသာဖြင့် ရေးထွင်းထားသည့် စာသား၏ အဓိပ္ပာယ်က This, too, will pass ဟူ၍။
**************************************************************************************
အနောက်အာရှမှ အိန္ဒိဝသို့ ရောက်ရှိနေသောသည်ပုံပြင်ကို ဥရောပ(အင်္ဂလန်)သို့ အဓိကသယ်ဆောင်ဖြန့်ချီခဲ့သူက အိန္ဒိယတွင် ပထမဆုံး အင်္ဂလိပ်ဘုရင်ခံချုပ်လုပ်ခဲ့သူ ၀ါရင်းဟေးစတင်း(စ) (Warren Hastings) (၁၇၃၂-၁၈၁၈) ဖြစ်သည်။ ဘုရင်ခံချုပ်ဟောင်း ဟေးစတင်း(စ) အင်္ဂလန်သို့ ပြန်ရောက်ပြီးသည့် နောက်တွင်(ဆန့်ကျင်ဘက်နိုင်ငံရေးသမားတစ်စု၏ ထိုးနှက်မှုကြောင့်) ဘုရင်ခံဘသက အာဏာအလွဲသုံးစား ပြုခဲ့သည်ဟူသော စွဲချက်ဖြင့် ရုံးတင်စစ်ဆေးခြင်း ခံရသည်။
နောက်တွင် တရားရုံးက သူ၌ အပြစ်မရှိကြောင်းဆုံးဖြတ်ခဲ့သော်လည်း ခုနစ်နှစ်တိုင်တိုင် ငွေကုန်လူပမ်းခံကာ အမှုကို ရင်ဆိုင်ခဲ့ရသည်ဖြစ်ရာ ထိုကာလအတွင်း This, too, will pass. စကားလေးဖြင့် မိမိကိုယ်ကိုအာပေးမြှင့်တင်ရကြောင်း၊ မိတ်ဆွေများအား ဟေးစတင်း(စ) ဖွင့်ဟပြောဆိုမိရာမှ သည်ပုံပြင်နှင့် သည်စကားသည် အင်္ဂလန်တွင် ပြန့်ပွားထင်ရှားသွားခဲ့သည်။
***************************************************************************************
နောက်ပိုင်းတွင် ကဗျာဆရာ သီအိုဒိုတစ်လတန်(Theodore Tilton)(၁၈၃၅-၁၉၀၇) က Even This Shall Pass Away ခေါင်းစဉ်တပ်လျက် သည်စကားအကြောင်း ပုံပြင်ကိုလင်္ကာဖွဲ့ဆိုသည့်အခါ`၌မူ ပုံပြင်ထဲကရှင်ဘုရင်အား ပါရှားပြည်(ယခု အီရန်ပြည်) ကို အစိုးရသောမင်းဟု တိတိကျကျ ဖော်ပြထားတာတွေ့ရသည်။
သူ့ ကဗျာပထမပိုဒ်က ဤသို့။
Once in Persia reigend a king,
Who upon his signet ring
Graved a maxim true and wise,
Which, if held before the eyes,
Gave him counsel at a glance
Fit for every change and chance;
Solemn words, and these are thay;
"Even this shall pass away"

ဤစာလေးကို အဆုံးတိုင်ဖတ်ရှုပြီးသော သူငယ်ချင်းတို့ ရင်ထဲတွင်တန်ဖိုးရှိတဲ့စကားလုံးလေးစွဲကျန်ရစ်နေပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Sunday, 20 February 2011

နှလုံးသား အာဟာရ(၁)

အဲသည်လို အစ်ကိုမျိုး


ကျွန်တော့သူငယ်ချင်း ပေါလ်မှာ ခရစ္စမက် လက်ဆောင်အဖြစ် သူ့အစ်ကိုကြီးထံမှ ကားတစ်စီရသည်။ ခရစ္စမတ်အကြိုနေ့မှာ သူ့ရုံခန်းက ထွက်လာတော့ လမ်းဘေးမှာ ကောင်လေးတစ်ယောက်က တောင်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ်ကြည့်နေတာ မြင်ရသည် ။ ကြည့်ရုံနှင့် အားမရသေးဟန်ဖြသ့် ကောင်လေးက မေးသည် ။
“ဒါ အစ်ကို့ကားလား” တဲ့ ။
ပေါလ်က ခေါင်းညိတ်ပြီး “အေးကွ ၊ ငါ့ အစ်ကိုက ခရစ္စမတ် လက်ဆောင်ပေးတာ” ဆိုတော့ ကောင်လေး အံ့အားသင့်သွားသည် ။
“ဟာ….. ခင်ဗျား အစ်ကိုက ခင်ဗျားကို အလကားပေးတာ …. ဟုတ်လား ၊ ခင်ဗျား ပိုက်ဆံ တစ်ပြားမှ မကုန်ဘူးပေါ့ ၊ ဟာဗျာ …. ကျွန်တော်သာ ဆုတောင်းလို့ရမယ်ဆိုရင် ….” ဆိုပြီး ကောင်းလေ ရပ်နေသည် ။
ဆုတောင်းလို့ရရင် ကောင်လေး ဘာဆုတောင်းမလဲဆိုတာ ပေါလ် တွေးနေမိသည် ။ သူ့မှာလဲ အဲဒီလို အစ်ကိုမျိုး တစ်ယောက်ရပါစေလို့ ဆုတောင်းမှာပဲပေါ့ ။
သို့သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက်ရသော စကားကြောင့် ပေါလ် ကြက်သီး မွေးညှင်းထသွားသည်။
“ကျွန်တော် အဲဒီလို အစ်ကိုမျိုး ဖြစ်ချင်လိုက်တာဗျာ” တဲ့။
ကောင်လေးကို သူ အံ့အားသင့်စွာ ငေးကြည့်နေမိသည် ။ ထို့နောက်မှ ရုတ်တရက် ဘယ်လိုဖြစ်သွားသည် မသိ ။
“ မင်း ငါ့ကားလိုက်စီးကြည့်မလား”
ဟုမေးမိသည်။
“ဟုတ်ကဲ့….စီးချင်တာပေါ့ ခင်ဗျာ”
ကားစီးပြီး ခဏလေးကြောတော့ ကောင်လေးက ပေါလ်ဘက်သို့ လှည့်ကာ
“အစ်ကိုရေ … ကျွန်တော်တို့ အိမ်ဘက် လှည်မောင်းပေးလို့ရမလားဗျ” ဟုမေးသည်။
သူ့မျက်လုံးတွေ တောက်ပနေတာ ကြည့်ပြီး ပေါလ် ပြုံးမိသည် ။ ကောင်လေးစိတ်ထဲ ဘာရှိနေသလဲ သူတွေးမိသည် ။ သူကားသစ်ကြီး စီးပြီး အိမ်ပြန်လာတာ အိမ်နီးနားချင်းတွေကို ကြားချင်ပုံပဲ ။
သို့သော် သည်တစ်ခါလည်း ပေါလ် မှားပြန်ပါသည်။
“ဟို လှေကားနှစ်ဆင့်နဲ့ အိမ်ရှေ့ ရပ်ပေးပါဗျာ” ကောင်လေးက ဆိုသည် ။
လှေကားထစ်တွေ သူပြေးတက်သွားသည် ။ ခဏလေးကြာတော့ ပြန်လာနေသံကြားရသည် ။ တက်သွားတုံးကလို မမြန် ၊ သူက ကလေးတစ်ယောက်ကို ချီယူလာခြင်းဖြစ်သည် ။ ခြေမသန်သော သူ့ညီလေး ။ သူက ညီလေးကို အောက်ဆုံးလှေကားထစ်မှာ ထိုင်ခိုင်းသည် ။ သူ့လက်တစ်ဖက်က ညီလေးကို တင်းတင်းဖက်ထားပြီး ကားကိုပြသည် ။
“ဟောဒီမှာတွေ့လား ညီလေး ၊ အပေါ်ထပ်မှာတုန်းက အစ်ကိုကြီးပြောတာလေ ၊ ဒါသူ့အစ်ကိုကြီးက ခရစ္စမတ် လက်ဆောင်ပေးတာတဲ့ ၊ သူ့ ပိုက်ဆံတစ်ပြားမှ မကုန်ဘူး ၊ နောက်ကျရင် အစ်ကိုကြီးလဲ ညီလေးကို ဒါမျိုး ကားတစ်စီး ၀ယ်ပေးမယ် ၊ အဲဒီတစ်ခါကျတော့ ညီလေးကို အစ်ကိုကြီးပြောတဲ့ ခရစ္စမတ် ရောင်းဆိုင်တွေမှာ ပြထားတဲ့ အလှအပ ပစ္စည်းမျိုးစုံတွေ ညီလေး လိုက်ကြည့်နိုင်မှာပေါ့ကွ”တဲ့ ၊ သူက အားပါးတရ ပြောနေသည် ။
ပေါလ် ကားထဲက ထွက်လာပြီးခြေမသန်သော ကလေးငယ်လေးကို ချီပြီး ကားရှေ့ခန်းထဲထည့်သည်။ အစ်ကိုလုပ်သည့် ကောင်လေးက ၀မ်းသာအားရ သူ့ ညီလေး ဘေးမှ ၀င်ထိုင်သည် ။
အဲသည်နေ့က သူတို့ သုံးယောက် လျှောက်လည်ကြသည့် အတွေ့အကြုံမှာ သုံးယောက်လုံး အတွက် တစ်သက်မမေ့နိုင်စရာဖြစ်ခဲ့သည် ။
အထူးသဖြင့် ပေါလ်အဖို့ သင်ခန်းစာတစ်ခုမှတ်မှတ်သားသား ရခဲ့သည် ။ ယူရခြင်းအရသာထက် ပေးရခြင်းကြောင့် ဖြစ်သော ပီတိက ပိုပြီး နှစ်သက်ဖွယ် ချိုမြိန်လှ၏ …. ဟူသော အသိတရား ။။

(ဖေမြင့်)

[ကျွန်တော်တို့တွေဟာ နေ့စဉ်နဲ့အမျှ အသိပညာ အတတ်ပညာ များနဲ့ ဦးနှောက်အတွက် အဟာရများ ဖြည့်သွင်းနေချိန်မှာ တစ်ဖက်ကလဲ ခံစားတတ်တဲ့ နှလုံးသားအတွက် အဟာရတွေလဲ တစ်ကယ်ကိုလိုအပ်ပါတယ် ။ အတတ်ပညာတွေ ပြည့်စုံကြွယ်ဝပြီးနှလုံးသားခံစားချက် နည်းနေရင်တော့ အင်မတန်အဆင့်မြင့်တဲ့ စက်ရုပ်တစ်ရုပ်လိုပဲ ဖြစ်နေပါလိမ့်မယ်လို့ ထင်ပါတယ်။။။ အဲဒါကြောင့် ကျွန်တော်ဖတ်ခဲဖူးတဲ့ ဆရာကြီး ဖေမြင့်ရဲ့ နှလုံးသားအဟာရစာအုပ်ထဲမှ ကောင်းနိုးကောင်းရာ အဟာရများကို စာဖတ်သူငယ်ချင်း အပေါင်းအသင်းများအတွက် ပြန်လည်ဝေငှထားခြင်းဖြစ်ပါသည် ။ သူငယ်ချင်းတွေ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် ။ အားတဲ့ အချိန်တိုင်း ဆက်လက်ဝေမျှသွားပါအုံးပါမယ် ခင်ဗျာ ။ ]

Sunday, 6 February 2011

ယုန်နှစ်မှာ ယုန်သားစားခြင်း

တရုတ်ပြက္ခဒိန်အရ ဒီနှစ်က ယုန်နှစ်ဖြစ်တယ်။
ထူးထူးခြားခြားတိုက်တိုက်ဆိုင်ဆိုင် တရုတ်နှစ်ကူးနေ့မှာ ယုန်သားလက်ဆောင်ရတယ်။ မန္တလေးက မိတ်ဆွေတစ်ယောက်က နေပြည်တော်က အပြန်လမ်းမှာတွေ့လို့ဝယ်လာခဲ့ပြီး ကားဂိတ်ကတစ်ဆင့်ပို့လိုက်တာ။ မနှစ်ကလည်း သူပို့ပေးလို့ နှစ်ငါးဆယ်လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယုန်သားစားလိုက်ရတယ်။ မနှစ်ကတော့ ဘုတလင်ကရလို့ပို့ လိုက်တာတဲ့။


တိုင်း၍ရက်တဲ့ပက္ကလာ

သူက မန္တလေးသားစစ်စစ်ဆိုတော့ အညာစာတွေကြိုက်တတ်တယ်။ တစ်ခါတလေ တယ်လီဖုန်းထဲကနေပြီးတောင် အညာစာတွေအကြောင်း သူပြောတာနားထောင်ရင်းသရေ(သွားရည်)ကျရတယ်။ ညက်ညက်ကလေးနဲ့ အပြောလည်းကောင်းတယ်။ သူယုန်သားပို့တဲ့နေ့မှာပဲ နှမတွေကလည်း ထုံးစံအတိုင်းအညာစာတွေ ဘူးကြီးတစ်ဘူးနဲ့ပို့လိုက်တော့ တိုင်း၍ရက်တဲ့ပက္ကလာဆိုသလိုဖြစ်သွားတယ်။ နှမတွေပို့တဲ့ထဲမှာက တမာရွက်နဲ့ ထနောင်းရွက်ပါသလို ခွေးတောက်ရွက်လည်းပါတယ်။ တဇောင်းခါးလည်းပါတယ်။ ပဲနဲ့ဆီးသီးလည်းပါတယ်။ ပဲမြစ်နဲ့ခေါပုတ်တောင်မကျန်ဘူး။ နည်းနည်းနဲ့စုံအောင် ထည့်ပေးလိုက်တာလို့ ပြောပေမယ့် တစ်မျိုးတစ်မျိုးကို နည်းတာမဟုတ်ဘူး။ တစ်ဆင့်တောင် ပြန်ပြီးခွဲဝေပေးရသေးတယ်။


ယုန်သားနဲ့ခွေးတောက်ရွက်ဟင်းချို

တိုင်း၍ရက်တဲ့ ပက္ကလာလို့ပြောလိုက်တာက ယုန်သားနဲ့ခွေးတောက်ရွက် သိပ်ပြီး လိုက်ဖက်လို့ပါ။ ယုန်သားပြုတ်တဲ့အရည်ထဲကို ခွေးတောက်ရွက်ကလေးခပ်ပြီး သောက်ရတဲ့အရသာက သိပ်ကောင်းတာ။ ပြုတ်ထားတဲ့ယုန်သားကိုထောင်းပြီး ကြက်သွန်နီလေးပါးပါးလှီး၊ ဆီရွှဲရွှဲလေးနဲ့စားရတာကလည်း ဘာနဲ့မျှမတူအောင် အရသာရှိလှတယ်။ ယုန်သားကကြက်သားထက်နူးညံ့ပြီး ပိုချိုတယ်။ ချက်စား၊ ကြော်စား၊ ပြုတ်ထောင်းကြော်စား အမျိုးမျိုးစားလို့ရတယ်။ အဲဒီနေ့ကတော့ ယုန်သားထောင်း ခွေးတောက်ရွက်ဟင်းချို၊ ပဲနှပ်၊ မရမ်းသီးထောင်း၊ ထနောင်းရွက်သုပ်နဲ့ အညာပြန်ရောက်နေသလိုကို အောက်မေ့ရတယ်။

လပေါ်ကယုန်လို

ရန်ကုန်ရောက်ကတည်းက ယုန်သားကိုခဏခဏသတိရနေရတယ်။ မနှစ်ကမှ မိတ်ဆွေရဲ့ကျေးဇူးကြောင့် စားရတာ။ ဒီနှစ်ယုန်နှစ်မှာလည်း ယုန်သားစားရတော့ လပေါ်ကယုန်ကလေးလို အသက်ရှည်မယ့်ပုံပဲ။ ရှဲ့ရှဲ့၊ ရှဲ့ရှဲ့လို့ပဲပြောလိုက်ရတယ်။ ထမင်းစားရင်းကနေ ငယ်ဘ၀ကို ပြန်ပြီးတွေးမိတယ်။ ငယ်ငယ်တုန်းက တရုတ်တန်းဈေးမှာ ယုန်သားရလေ့ရှိတယ်။ ယုန်သားကိုထောင်းဖို့ အသားကိုနွှင်တော့ ထွက်လာတဲ့အရိုးတွေကိုဟင်းချိုအိုးထဲ အမေကပစ်ထည့်တတ်တယ်။ ဟင်းချိုကပိုချိုတာပေါ့။ မရမ်းသီးမပေါ်တဲ့ အချိန်ဆိုရင်တော့ မန်ကျည်းသီးထောင်းနဲ့လည်းလိုက်ဖက်ပါတယ်။ မန်ကျည်းသီးထောင်းပေါ်မှာ ပင်စိမ်းရွက်ကလေးတွေအုပ်လိုက်ရင် အနံ့ကလေးမွှေးနေတာပေါ့။


အဆောင်တွေထဲပြေးဝင်လာကြ

ရန်ကုန်မှာတော့ ယုန်သားစားလေ့မရှိကြဘူး။ ရောင်းတာလည်း မတွေ့ဖူးဘူး။ မွေးဖို့ရောင်းတဲ့ယုန်တွေပဲရှိတယ်။ ပေါပေါမရလို့မစားတတ်ကြတာထင်ပါရဲ့။ မန္တလေးမှာတော့ ငယ်စဉ်က တော်တော်ပေါတယ်။ မန္တလေးတက္ကသိုလ်ရဲ့ ယောက်ျားလေး အဆောင်နှစ်ဆောင်ဖြစ်တဲ့ အောင်မင်္ဂလာဆောင်နဲ့ ရွှေပြည်အေးဆောင် ဆောက်ပြီးစကဆို အဆောင်ထဲကို ယုန်ကလေးတွေပြေးပြေးလာတတ်တယ်။ အဆောင်တွေရဲ့ အရှေ့ဖက်မှာက လယ်ကွင်းတွေနဲ့ ထန်းတောတွေရှိတာကိုး။ ယုန်လိုက်ရုံလောက်တော့ အဝေးကြီးသွားစရာမလိုဘူး။ တက္ကသိုလ်ဝန်းကျင်မှာတင်ရတယ်။


ဆင်အုပ်နဲ့ တိုး

သေနတ်ပစ်ဝါသနာမပါပေမယ့် တောလည်တာဝါသနာပါလို့ သူငယ်ချင်းတွေတောပစ်ထွက်ရင်လိုက်လေ့ရှိတယ်။ ပုလိပ်လောက်ထွက်လိုက်ရုံနဲ့ တောဝက်ကောင်းကောင်း ပစ်ရတယ်။ မတွေ့တဲ့အခါမရှိသလောက်ပဲ။ ထုံးဘိုတို့၊ ရွှေစာရံတို့ဘက်ထွက်ရင် တောဝက်သာမက ဒရယ်တို့၊ ဂျီ(ချေ)တို့ပါရတယ်။ တစ်ခါကဆို နားဋောင်းကျချောင်းဖျားမှာ သူငယ်ချင်းတွေက ဂျီလိုက်ချောင်းနေတုန်း တစ်ယောက်တည်း သရက်သီးလိုက်ကောက်နေမိတယ်။ သရက်တောကြီးက နေပြောက်တောင်မထိုးဘူး။ ကြွေကျတဲ့သရက်ကင်းလေးတွေကို လိုက်ကောက်နေတုန်း တောဆင်လေးငါးကောင်အုပ်နဲ့ တိုးလို့ပြေးရတာကို ကောင်းကောင်း မှတ်မိနေသေးတယ်။ နှစ်ဆယ့်တစ်မိုင်ဝန်းကျင်မှာ တစ်ခါတလေကျားတောင် တွေ့ရတယ်။ အဲဒီအချိန်ကမေမြို့(ပြင်ဦးလွင်)အတက် တောင်ကြောတွေမှာ ရေထွက်ကလေးတွေ၊ စမ်းချောင်းကလေးတွေကသိပ်ပေါတာ။


မုဆိုးလည်း သူ့စရိုက်နဲ့သူ

ရေထွက်ကလေးတွေနေရာမှာ သားကောင်မျိုးစုံ ရေသောက်လာလေ့ရှိတယ်။ တောပစ်သူတွေက ရေထွက်နေရာကစောင့်ပြီးပစ်ရုံပဲ။ သူငယ်ချင်းတွေက တောဝက်ကိုပဲရှာကြတာများတယ်။ ၀က်မရမှ ဒရယ်တို့၊ ဂျီ (ချေ)တို့ပစ်ကြတယ်။ မုဆိုးကလည်း သူ့စရိုက်နဲ့သူ သေနတ်ကိုင်ပြီး မည်းမည်းမြင်တိုင်း လျှောက်ပစ်တာမဟုတ်ဘူး။ ကိုယ်တိုင်ကတော့ တောလည်လိုက်နေပေမယ့် လေသေနတ်တောင် ပစ်ဖူးတာမဟုတ်ဘူး။ ငယ်စဉ်ကလည်း လေးခွတောင်မကိုင်ဖူးဘူး။ တောလည်ရတာကိုပျော်တာ။ တောထဲရောက်ရင်ဆီးသီးခူးမယ်။ သရက်သီးကောက်မယ်။ မရမ်းသီးကောက်မယ်။ ဒါပဲ။


မိဘမဲ့ဝက်ဝံလေးနှစ်ကောင်

တစ်ခါက ထုံးဘိုတို့၊ ကျောက်ချောတို့ဘက်တောလည်ရင်း မိဘမဲ့ဝက်ဝံလေးနှစ်ကောင် တွေ့ခဲ့ရတာကို မှတ်မိသေးတယ်။ ၀က်ဝံလေးတွေက တစ်လသားအရွယ်လောက်ပဲ ရှိဦးမယ်နဲ့တူပါတယ်။ ၀က်ဝံမကြီးက တစ်ယောက်ယောက် လက်ချက်မိသွားပုံရပါတယ်။ ၀က်ဝံလေးနှစ်ကောင်ကိုယူလာပြီး သူငယ်ချင်းတစ်ယောက်အိမ်မှာ နို့ဘူးတိုက်မွေးထားကြတယ်။ သိပ်လိမ္မာပြီး သိပ်ချစ်စရာကောင်းတယ်။ နောက်တော့ဒီကောင်တွေက ဧရာမအကောင်ကြီးတွေ ဖြစ်လာတယ်။ အန္တရာယ်ဖြစ်မှာ စိုးရိမ်ရတယ်လို့ ပြောလွန်းမကပြောကြတာကြောင့် နောက်ဆုံးမှာ သူငယ်ချင်းတစ်သိုက် ကျောက်ဆည်ဘက်က မြို့ကြီးဒေါင်းမီးအထိ ယူသွားပြီး မျက်ရည်စက်လက်နဲ့လွှတ်ပစ်ခဲ့ကြရတယ်။


သမိုင်းဆောင်းပါးလို

ယုန်သားထောင်းနဲ့ ခွေးတောက်ရွက် ဟင်းချိုစားရင်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်လေးတွေကို ပြန်ပြောင်းအောက်မေ့လွမ်းဆွတ် နေမိတာဖြစ်ပါတယ်။ အခုခေတ် လူငယ်တွေဖတ်မိရင်တော့ သမိုင်းဆောင်းပါးတစ်ပုဒ် ဖတ်ရသလို အောက်မေ့နေကြပါလိမ့်မယ်။ အခြေအနေတွေက ဆက်စပ်ကြည့်လို့ မရနိုင်လောက်အောင်ကို ပြောင်းလဲသွားကြပြီ မဟုတ်လား။ လူ့သမိုင်းမှာပြောင်းလဲမှုဆိုတာ လိုအပ်ချက်တစ်ခုဖြစ်တယ်။ တားဆီးလို့မရတဲ့ အရာလည်းဖြစ်တယ်။ ဒါပေမဲ့ ပြောင်းလဲမှုတိုင်းဟာ ကောင်းတယ်လို့တော့ သတ်မှတ်လို့ မရဘူး။ ကောင်းတဲ့ပြောင်းလဲမှု ရှိသလို မကောင်းတဲ့ပြောင်းလဲမှုလည်း ရှိတယ်။



ဆင်နဲ့လူဘယ်သူကကျူးကျော်တာလဲ


မကြာမီကပဲ တောဆင်ရိုင်းတွေ အန္တရာယ်ပြုလို့ အင်းတကော်နားမှာ လူနှစ်ယောက်သေဆုံးသွားတဲ့သတင်းဖတ်ရတယ်။ မြစ်ဝကျွန်းပေါ်ဘက်မှာလည်း ရွာနားပတ်ဝန်းကျင်ကို တောဆင်ရိုင်းတွေ ၀င်ရောက်နှောင့်ယှက်တဲ့ သတင်းတွေ ဖတ်ရတယ်။ ကလောအတက် ယင်းမာပင်နားမှာလည်း တောဆင်ရိုင်းတွေ ၀င်ရောက်လာတဲ့သတင်းတွေ ဖတ်ရတယ်။ တောဆင်ရိုင်းတွေ ၀င်ရောက်နှောင့်ယှက်တယ်လို့ သတင်းတွေကဆိုတယ်။ လူတွေရဲ့ရပ်ရွာထဲကိုဆင်တွေကလာပြီး နှောင့်ယှက်တာလား၊ ဆင်တွေနေတဲ့ တောကြီးတွေထဲကို လူတွေက ၀င်ရောက်ကျူးကျော် နေထိုင်ကြတာလားဆိုတာ စဉ်းစားကြဖို့ကောင်းတယ်။ တောအုပ်ကြီးတွေ အဖြစ်ကနေ လူနေရပ်ရွာတွေ အဖြစ်ပြောင်းလဲသွားခြင်းရဲ့ ရလဒ်မဟုတ်ဘူးလား။


လူတွေကိုယ်တိုင်လုပ်တာ

ဒီနေ့ကမ္ဘာ့နေရာ အနှံ့အပြားမှာ အပူလွန်ကဲလိုက်၊ အအေးလွန်ကဲလိုက်၊ ရေကြီးလိုက်၊ မုန်တိုင်းတိုက်လိုက်၊ ငလျင်လှုပ်လိုက်၊ မီးတောင်ပေါက်ကွဲလိုက်နဲ့ သဘာဝအန္တရာယ်ဆိုးကြီးတွေ နေ့စဉ်နေ့တိုင်း မကြားရတဲ့နေ့ တစ်နေ့မှမရှိပါဘူး။ ဒီအန္တရာယ်ဆိုးကြီးတွေ အများစုဟာ လူသားတွေကိုယ်တိုင် ဖန်တီးခဲ့ကြတာဖြစ်တယ်။ ဒါကိုလူတိုင်းလိုလို သိနေကြတယ်။ မသိလို့လုပ်နေကြတာ မဟုတ်ဘူး။ တောထဲကဆင်တွေက လူနေရပ်ရွာထဲဝင်ရောက် ကျူးကျော်တာလား။ လူတွေကပဲ ဆင်တွေနေတဲ့ တောအုပ်ကြီးတွေကိုဖျက်ဆီးပြီး ကျူးကျော်နေထိုင် ကြတာလားဆိုတာ ရှင်းနေတာပဲ။ လူတိုင်းသိတယ်။ ဒါပေမဲ့ လူတွေကဆင်ခြင်ကြသလား။ ပြုပြင်ကြသလား။ ရှောင်ကြဉ်ကြသလား။ အဲဒါကြောင့်ရှေးဖြစ်ဟောင်းတွေ ပြန်ပြီးပြောနေရတာပါ။


လူထုစိန်ဝင်း

Thursday, 27 January 2011

စနစ်တကျ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပါ

ကွယ်လွန်သူ စာရေးဆရာ ကဗျာဆရာများအကြောင်း လွမ်းစာတွေရေးကြတဲ့အခါမှာ အရက်ဆိုင်ထဲ အရက်သောက်ရင်း ပြောကြဆိုကြတာတွေ အရေးများနေတဲ့အကြောင်း မကြာမီက ရေးလိုက်ပါတယ်။


စုတုပြု

ကွယ်လွန်သူတွေရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေရုံသာမက စာကဗျာဝါသနာပါတဲ့ လူငယ်လေးတွေ အတုယူမှားဖွယ် ဖြစ်စေတာကြောင့် ရေးလိုက်တာပါ။ လူ့ဦးနှောက်ဆိုတာ 'စုတုပြု' ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဖြည်းဖြည်းချင်းနှင့် တဆင့်ပြီး တဆင့် ဖွံ့ဖြိုးလာတာ ဖြစ်တယ်။ ရှေ့ကပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို နောက်လူတွေက အတုယူကြတယ်ဆိုတာ သဘာဝ ဖြစ်ရိုးဖြစ်စဉ်ကိစ္စ ဖြစ်တယ်။

ကျွန်တော်တို့ခေတ်က စာပေသမားမှန်ရင် လက်ဖက်ရည်ကျကျကို တနေ့ ကိုးခွက်၊ ၁၀ ခွက် သောက်လေ့ရှိတယ်။ အများစုက ဆရာဗန်းမော်တင်အောင်ရဲ့ ဇာတ်လိုက်တွေကို အားကျအတုယူခဲ့ကြတာ ဖြစ်တယ်။ တချို့ကျတော့ သူတို့ကြိုက်တဲ့ စာရေးဆရာတွေ ထိုင်တယ်ဆိုတဲ့ 'တာဝှာ'ဘား တို့ 'ကျုံဝှာ'ဘား တို့မှာ သွားထိုင်ကြတယ်။ နောက်ပိုင်းလူငယ်တွေကျတော့ ကဗျာဆရာတွေ အထိုင်များတယ်ဆိုတဲ့ ရေကျော်နဲ့ ၄၂ လမ်းက အရက်ဆိုင်တွေမှာ ကြက်ရိုးသုပ်နဲ့ ပျော်ကြတယ်။


သစ္စာရှိပြီး မေတ္တာကြီးမား

တချို့စာရေးဆရာ ကဗျာဆရာတွေ အရက်ကြိုက်လို့ သောက်ကြတယ်။ တချိန်တည်းမှာ သူတို့ဟာ စာရေးဆရာကောင်း၊ ကဗျာဆရာကောင်းတွေ ဖြစ်ကြတယ်။ စားဝတ်နေရေး ပြည့်စုံအောင် တာဝန်မယူနိုင်ပေမယ့် အများစုဟာ သစ္စာရှိပြီး မေတ္တာကြီးမားတဲ့ လင်ယောက်ျားနဲ့ ဖခင်တွေ ဖြစ်ကြတယ်။

သူတို့သားသမီးတွေရဲ့ စိတ်ထဲမှာ သူတို့အဖေဟာ အရက်သမားကြီးပါလားဆိုတဲ့ အရိပ်မည်းကြီး လွှမ်းမိုးနေအောင် မလုပ်သင့်ကြပါဘူး။ သူတို့အဖေများဟာ ဘယ်လောက် ကောင်းတဲ့စာတွေ၊ ကဗျာတွေ ရေးခဲ့ကြသူတွေဖြစ်တယ်ဆိုတဲ့ ဂုဏ်ယူစိတ်နဲ့ ကြီးပြင်းလာစေသင့်ပါတယ်။ သိမ်ငယ်စိတ်နဲ့ ကြီးပြင်းလာရတဲ့ ကလေးများဟာ တသက်လုံး ကြောက်စိတ်ကြီးမားနေတတ်ပြီး လူတောမတိုး ဖြစ်သွားတတ်ပါတယ်။


လွမ်းစာ အရေးကောင်းသူ

အမေ လူထုဒေါ်အမာဟာ ကွယ်လွန်သူများရဲ့ အကြောင်းရေးတဲ့နေရာမှာ အင်မတန် ကောင်းလှတယ်လို့ အမေ့ ဆရာတွေဖြစ်ခဲ့တဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ကိုယ်တိုင် မှတ်ချက်ချခဲ့ကြပါတယ်။ ဒါတောင်မှ တချို့က ကွယ်လွန်သူများရဲ့ ဘဝအစိတ်အပိုင်းတချို့ကို ချန်လှပ်ရေးသားမှုနဲ့ပတ်သက်ပြီး သဘောမတူနိုင်ခဲ့ကြဘူး။ ဘယ်သူက အရက်သမားဖြစ်ပြီး ဘယ်သူက ဘိန်းစွဲသူဖြစ်တယ်။ ဘယ်သူက မိန်းမ ဘယ်နှယောက်ယူပြီး၊ ဘယ်သူက ယောက်ျား ဘယ်နှယောက်နဲ့ ညားခဲ့တယ် ဆိုတာမျိုးတွေကိုပါ အမှန်အတိုင်း ထည့်ရေးသင့်တယ်လို့ ဆိုသူက ဆိုခဲ့ကြတယ်။

အမေ လူထုဒေါ်အမာကတော့ ပြည်သူချစ်သော အနုပညာရှင်တွေရဲ့ အနုပညာအစွမ်းထက်ပုံနဲ့ ကြိုးစားအားထုတ်ပုံတွေ အကြောင်းရေးမှ နှောင်းလူတွေအတွက် အကျိုးရှိစေတယ်။ ဘယ်သူ ဘယ်လောက် အရက်သောက်ပြီး ဘယ်လောက် ဖဲကစားကြောင်း၊ မိန်းမ ဘယ်နှယောက်ယူကြောင်း ဇွတ်တွေရေးလို့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ ပြောလေ့ ရှိပါတယ်။


လူထုကျောင်းထွက်

စာရေးဆရာတိုင်းဟာ ကိုယ့်ခံယူချက်နဲ့ကိုယ် ရေးကြတာ ဖြစ်တယ်။ အမေမာကတော့ သူ့ခံယူချက်အတိုင်း ပြည်သူချစ်သော အနုပညာသည်များအကြောင်း ရေးခဲ့တယ်။ သူ့ဆရာတွေက ချီးကျူးစကားဆိုခဲ့သလို စာဖတ်ပရိသတ်များကလည်း နှစ်သက်ကြတယ်။ ကိုယ်တိုင်ကလည်း 'လူထု ကျောင်းထွက်' ဖြစ်တာကြောင့် အနုပညာသမားတွေအကြောင်း လွမ်းစာရေးကြတဲ့အခါမှာ သူတို့ရဲ့အနုပညာတွေအကြောင်းပဲ မီးမောင်းထိုးပြသင့်တယ်လို့ ယူဆသူ ဖြစ်တယ်။

သီချင်းတပုဒ်အကြောင်းရေးတဲ့အခါမှာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီသီချင်းရေးဖြစ်တဲ့အကြောင်း၊ သီချင်းရဲ့ သံစဉ်တွေကို ဘယ်လိုရှာတဲ့အကြောင်း၊ စာသားနဲ့ စကားလုံးတွေရအောင် ဘယ်နည်း ဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတဲ့အကြောင်း စတာမျိုးတွေက ဘယ်အချိန်မှာ ဘယ်သူနဲ့ ဘယ်လိုအရက်မျိုးသောက်ပြီး ရေးတယ် ဆိုတာမျိုးတွေထက် ပိုပြီး တန်ဖိုးရှိတယ်လို့ ယူဆတယ်။


ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်တာ မကောင်း

ဘယ်နေရာမှာဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးကို သိပ်ပြီးရှေ့တန်းတင်တာ မကောင်းဘူး ထင်တယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှုကို ဦးတည်ရောက်ရှိသွားစေနိုင်တယ်။ အာဏာရှင်စနစ်ဆိုတာ ပုဂ္ဂိုလ်ကိုးကွယ်မှုလွန်ကဲရာက ပေါ်ပေါက်လာတာ ဖြစ်တယ်။ မြို့မငြိမ်း အကြောင်း ရေးမယ်ဆိုရင် မြို့မငြိမ်းရဲ့ အနုပညာအတိမ်အနက်ကို စနစ်တကျ လေ့လာ သုတေသနပြုပြီး သီချင်းတပုဒ်ချင်းစီရဲ့ သံစဉ်တွေဟာ ဘယ်လိုသံစဉ်တွေဖြစ်ပြီး ဘယ်လို ရှာယူခဲ့ရကြောင်း၊ စာသားတွေကိုလည်း ဘယ်လို ရှာခဲ့ကြောင်း ခွဲခြမ်းစိတ်ဖြာ ရေးပြမယ်ဆိုရင် နောင်လာနောက်သား ဂီတဝါသနာရှင်တွေအတွက် အများကြီး အကျိုးရှိစေနိုင်ပါလိမ့်မယ်။


မြို့မငြိမ်းရဲ့ ပုံရိပ်

မြို့မငြိမ်းအကြောင်း ရေးတဲ့စာတွေ အများကြီး ဖတ်ခဲ့ဖူးတယ်။ မြို့မငြိမ်းရဲ့ သားတွေကိုယ်တိုင်ရေးတဲ့ စာတွေလည်း ဖတ်ခဲ့တယ်။ မှန်တာပြောရရင် ဒီနေ့ထိ အားရကျေနပ်လောက်တဲ့ စာမျိုးမတွေ့သေးဘူးလို့ပဲ ပြောချင်တယ်။ စာတွေထဲမှာ ဖတ်ရတဲ့ မြို့မငြိမ်းက သေးနေ ငယ်နေတယ်။ အားလုံးရဲ့အရေးအသားတွေက မြို့မငြိမ်းရဲ့ စကားလုံးနဲ့ စာသားတွေ ဘယ်လောက်နူးညံ့လှပပြီး ဘယ်လောက် ကဗျာဆန်ကြောင်း၊ မြို့မငြိမ်း သီချင်းအရေး ဘယ်လောက်ကောင်းကြောင်း ညွှန်းဖွဲ့တာတွေပဲ များတယ်။

အားလုံးခြုံ နိဂုံးချုပ်လိုက်တော့ မြို့မငြိမ်းဆိုတာ စာသားနဲ့ စကားလုံးလှလှလေးတွေ ရွေးချယ် သီကုံးတတ်တဲ့ သီချင်းရေးဆရာတယောက်ဖြစ်တယ် ဆိုတဲ့ပုံရိပ်ပဲ ပေါ်လွင်ထင်ရှားလာခဲ့တယ်။


အဆပေါင်းများစွာမြင့်တဲ့


သီချင်းအရေးကောင်းတဲ့ သီချင်းရေးဆရာဆိုတဲ့ ပုံရိပ်ဟာ မြို့မငြိမ်းကို ဂုဏ်ပြုရာမရောက်ဘဲ သေးသိမ်အောင် နှိမ့်ချပြောဆိုလိုက်တာလို့ ခံစားရတယ်။ တကယ်တော့ မြို့မငြိမ်းဟာ သာမန်စကားလုံးလှလှလေးတွေ ရေးတတ်တဲ့ သီချင်းရေးဆရာ သက်သက်ထက် အဆပေါင်းများစွာ မြင့်မားတဲ့ ဂီတပညာရှင်ကြီးတယောက် ဖြစ်တယ်လို့ ဆိုချင်တယ်။ စိန်ဗေဒါကြီးဟာ သာမန် ဆိုင်းဆရာတယောက်မဟုတ်တဲ့ ဂီတအနုပညာရှင်ကြီးတယောက် ဖြစ်သလို ဆရာငြိမ်းဟာလည်း သာမန် သီချင်းရေးဆရာတယောက်မျှသာ မဟုတ်ပါဘူး။ ဂီတ အနုပညာရှင်ကြီးတယောက်ပါ။


သရီးဒီ သံစဉ်တွေ



မြို့မငြိမ်းရေးခဲ့တဲ့ သီချင်းတိုင်းလိုလိုမှာ စကားလုံး စာသားအလှတင်မက တေးသွားသံစဉ်တွေပါ ရောင်စုံဖြာယှက်ပြီး လှနေတယ်၊ ကြွနေတယ်၊ ခေတ်စကားနဲ့ပြောရရင် သရီးဒီသံစဉ်တွေလို့ ပြောနိုင်တဲ့ သီချင်းတွေ အများကြီး တွေ့နိုင်တယ်။ အတော်များများဟာ ရှေးရိုးမြန်မာသံစဉ်မျိုးတွေနဲ့ မတူကွဲပြားခြားနားနေတာကိုလည်း ဂီတနားရှိသူတိုင်း သိနိုင်ကြတယ်။

တချို့သီချင်းတွေမှာ ဘီသိုဗင်ရဲ့သံစဉ်နဲ့ ဆင်နေတာတွေ တွေ့ရသလို တချို့သီချင်းကြတော့ မိုးဇက်ရဲ့ တီးလုံးလိုလို ထင်ရတာမျိုးတွေ တွေ့နိုင်တယ်။ ဆရာငြိမ်းဟာ မြန်မာ့ဂီတကို ကမ္ဘာ့အဆင့်ထိရောက်အောင် ဆွဲတင်ဖို့ ကြိုးစားနေသူ ဖြစ်တယ်။ သာမန် သီချင်းရေးဆရာတယောက် သက်သက်မဟုတ်ဘူး။ ဂီတဗေဒပညာရှင် (Musicologist) ဖြစ်တယ်။


မဏ္ဍပ်တိုင် တက်ပြကြတာ



စိန်ဗေဒါကိုသွားပြီး ဆိုင်းတီးကောင်းတယ်လို့ပြောလိုက်တာဟာ ချီးကျူးရာ မရောက်ဘဲ စော်ကားသလို ဖြစ်စေတယ်ဆိုတာ သိဖို့ ကောင်းတယ်။ စာရေးသူအတော်များများက သူတို့ရေးတဲ့ ပုဂ္ဂိုလ်အကြောင်း ရေးချင်တာထက် သူတို့အကြောင်း မဏ္ဍပ်တိုင်တက်ပြချင်ကြတာ များကြတယ်။

အဲဒီအကြောင်းကို 'ဆင်ဖြူတော်မှီ ကြံစုပ်တဲ့စာတွေ' ဆိုတဲ့ခေါင်းစဉ်နဲ့ မဂ္ဂဇင်းတစောင်မှာ ရေးခဲ့ဖူးသေးတယ်။ ဆင်ဖြူတော်မှီ ကြံစုပ်တာလည်း လူ့သဘာဝ၊ မဏ္ဍပ်တိုင်တက်ပြချင်တာလည်း လူ့သဘာဝမို့ အပြစ်မပြောချင်ပါဘူ့း။ ဒါပေမယ့် အရေးခံပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းထိခိုက်စေတာမျိုး မဖြစ်အောင်တော့ ဂရုစိုက်သင့်ကြတယ်။


လူကို စိတ်မဝင်စားပါနဲ့



လူငယ်တွေကို အထူးသဖြင့် ပြောချင်တာက လူပုဂ္ဂိုလ်ကို စိတ်ဝင်စားတာထက် သူတို့ရဲ့လုပ်ရပ်တွေကို ပိုပြီး စိတ်ဝင်စားလေ့လာပါဆိုတာ ဖြစ်တယ်။ မောင်ချောနွယ်တို့၊ မောင်လေးမောင်တို့ အရက်သောက်တဲ့စာတွေသာ ဖတ်နေရပြီး သူတို့ရေးခဲ့တဲ့ ကဗျာတွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်ပြတဲ့စာမျိုးတွေတော့ အတွေ့ရ အင်မတန် နည်းပါတယ်။ မောင်ချောနွယ်တို့၊ မောင်လေးမောင်တို့ဟာ သာမန် ကဗျာဆရာဆိုတဲ့အဆင့်ကို လွန်မြောက်ခဲ့သူတွေပါ။ သေးသိမ်အောင် မလုပ်ကြစေချင်ဘူး။


လူထုစိန်ဝင်း

Sunday, 23 January 2011

ကဲ ကျွန်တော်တို့ ဘာတွေချန်ထားခဲ့ကြမှာလဲ

လူတိုင်းပါးစပ်ဖျားမှာလွယ်လွယ်ပြောတတ်ကြတဲ့ရှေးရိုးစဉ်လာ စကားတချို့ကို သဘောမကျ နိုင်ကြောင်းမကြာခဏဆိုသလိုရေးဖြစ်ခဲ့တယ်။ဘုရားတောင် အမှီရှိမှပွင့်တယ်ဆိုတဲ့ စကား မျိုးဟာ အတ္တာဟိ အတ္တနောနတ္ထော မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ မြတ်စွာဘုရားသခင်ရဲ့ အဆုံးအမနဲ့ ဆန့်ကျင်နေရုံမျှမက ဘုရားသခင်ရဲ့ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုပါ သေးသိမ် အောင်ပြုသလို ဖြစ်နေကြောင်း ရေးခဲ့ဖူးတယ်

သီလကြောင်တွေက ခုတုံးလုပ်

အလားတူပဲ 'အူမတောင့်မှ သီလစောင့်နိုင်တယ်'ဆိုတဲ့ စကားကို အကျင့်ပျက် သီလကြောင် တွေက ခုတုံးလုပ်ပြီး ထင်ရာစိုင်းတတ်တဲ့ အကြောင်းလည်း ရေးဖူးတယ်။ မကြာခင်လေး က တောင် 'ရေကိုသားလို့ အကြားမထင်' ဆိုတဲ့ တစ်သွေးတည်း တစ်သားတည်း စည်းလုံးညီ ညွတ်ရေး အညွှန်းစကားဟာ လူအမျိုးမျိုး စိတ်အထွေထွေ လောကမှာ မဖြစ်နိုင်ရုံသာမက ဒီမို ကရေစီရဲ့ သဘောနဲ့လည်း ဖီလာဆန့်ကျင် ဖြစ်နေတဲ့အကြောင်း ရေးဖြစ်လိုက်သေးတယ်။


 

စကားနောက်တရားပါ

အစိုးရဆိုတာ မိဘသဖွယ် တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ရမယ်ဆိုတဲ့ စကားဟာ ပဒေသရာဇ် မင်းရှင်ဘုရင်များ အုပ်ချုပ်တဲ့ ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်ပေမယ့် အစိုးရကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီခေတ်မှာ မဲဆန္ဒရှင် ပြည်သူ လူထုကသာ အကြွင်းမဲ့ အာဏာပိုင်စိုးသူ အကြီးအမှူး နာယက မိဘနေရာက ထားရမှာ ဖြစ်ပြီး အစိုးရနဲ့ အစိုးရ၀န်ထမ်းများက (Public Servant) ပြည်သူ့အစေခံများသာ ဖြစ်ကြောင်းကို လည်း 'အစိုးရက မိဘလား၊ ပြည်သူက မိဘလား' ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၁-၁၁-၂၀၁၀ နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ရေးခဲ့တယ်။ တချို့စကားတွေက 'ပညတ်သွားရာ ဓာတ်သက်ပါ' ဆိုသလို ဖြစ်နေတတ်တယ်။ တချို့ကျတော့ စကားလုံးကြောင့် ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု ထမ်း ထားရသလို လေးလံဖိစီးနေလေ့ ရှိတယ်။ အထက်မှာ ပြောခဲ့တဲ့ 'ရေကိုသားလို့ အကြား မထင်'တဲ့ ညီညွတ်ရေးဆိုတဲ့ စကားမျိုးဆိုပါတော့ တစ်သွေးတစ်သားတည်း ပေါင်းစည်း ညီ ညွတ်ရေးဆိုတဲ့ စကားလုံးကြီး ခေါင်းစဉ်ထဲမှာ အမြစ် တွယ်နေလေတော့ သဘောထားမတူ ကွဲပြားခြားနားတာကို နည်းနည်းလေးမှ သည်းမခံနိုင်တော့ဘဲ မတူတာမှန်သမျှ ရန်ဘက် ပဋိ ပက္ခလို့ မှတ်ယူလိုက်တော့တယ်။ ရှေးစကားတွေ၊ စကားပုံတွေဆိုတာ ရှေးခေတ်က ပညာရှိကြီး တွေ ပြောခဲ့ကြ ရေးခဲ့ကြတာတွေပါ။ ကာလကြာညောင်းတော့ နောက်လူတွေက စကားပုံတွေလို့ သတ်မှတ်လိုက်ကြတာ ဖြစ်တယ်။ ရှေးလူကြီးတွေ သူ့ခေတ်သူ့အခါမှာ သူတို့ တာဝန်ကျေခဲ့ ကြသလို အခုနှစ်ဆယ့်တစ်ရာစု လူသားတွေလည်း နောင်လာနောက်သားတွေ အတွက် ဆိုရိုး စကားတွေ၊ စကားပုံတွေ ချန်ထားရစ်ကြရမှာ မဟုတ်ဘူးလား . . .


 

ပညတ်နောက်ဓာတ်လိုက်

လူတစ်ကိုယ် စိတ်တစ်မျိုးဆိုတာ သဘာဝတရားက ဖန်တီးပေးလိုက်တာပဲ။ မိဘနဲ့ သားသမီး တောင်မှ စိတ်ဓာတ်တစ်ထပ်တည်းကျတယ်လို့ ရှိမှမရှိတာ။ ဒါကို လူတိုင်းသိနေကြတယ်။ သိပေ မယ့် တစ်သွေးတစ်သားတည်း ရေကိုသားလို့ အကြားမထင်သလို ပေါင်းစည်းညီညွတ်ရမယ် ဆိုတဲ့ ပညတ်နောက်ကို ဓာတ်ကလိုက်သွားတဲ့ သဘောကြောင့် မတူကွဲပြား ခြားနားမှုကို လက် မခံနိုင်အောင် ဖြစ်နေကြတယ်။ သည်းမခံနိုင်ရာက တစ်ဆင့်တက်တော့ 'ငါနဲ့မတူ ငါ့ရန်သူ' ဖြစ် သွားကြရော။ ဒီလိုနဲ့ပဲ ကမ္ဘာကြီး တစ်ခုလုံးမှာ ပဋိပက္ခတွေ ကြီးသထက် ကြီးထွားပြီး စစ်မီးတွေ မငြိမ်းနိုင်အောင် ဖြစ်နေကြတာ။


 

မြန်မာမှန်းသိအောင်

ရှေးရိုးစဉ်လာ ဓလေ့စရိုက်တွေနဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်း စောင့်ရှောက်ရမယ် ဆိုတာ မှန် တယ်။ ဒါပေမဲ့ ရှေးရိုးစဉ်လာတွေအတိုင်း အားလုံးလိုက်လုပ်ရမယ်၊ ပြောဆိုရမယ်၊ ကျင့်သုံး ရ မယ် လို့တော့ အဓိပ္ပာယ် မကောက်သင့်ဘူး။ ပြတိုက်ထဲမှာ ထိန်းသိမ်းထားသင့်တာ တချို့ကို ထိန်းသိမ်း စောင့်ရှောက်ပြီး တချို့ကိုတော့ ကျမ်းစာအုပ်တွေထဲမှာပဲ သိမ်းထားသင့်တယ်။ နှစ် ဆယ့်တစ်ရာစုခေတ်အထိ ခေတ်မီနေသေးတဲ့ ရှေးရိုးစဉ်လာတွေ၊ ယဉ်ကျေးမှုတွေကိုတော့ မြန်မာပီသအောင်၊ မြန်မာမှန်း သိအောင် ဆက်လက်သုံးစွဲပြီး ရှင်သန်နေအောင် လုပ်ကြရမယ်။ ဒါမှ ကမ္ဘာ့အလယ်မှာ မြန်မာဆိုပြီး တင့်တယ် ၀င့်ကြွားနိုင်မှာ ဖြစ်တယ်။


 

ဆင်ခြေမပေးနဲ့

နှစ်ဆယ့်တစ်ရာစုကို အမီလိုက်ဖို့ဆိုပြီး တိုးတက်တဲ့ သူများနိုင်ငံတွေဆီက အရာမှန်သမျှကို စကားအသုံးအနှုန်းကစ ယူသုံးနေလို့ မဖြစ်ပါဘူး။ နောက်ဆုံးပေါ် ခေတ်မီနည်းပညာတွေနဲ့ ပတ် သက်တဲ့ စကားလုံး ဝေါဟာရတွေကို ဘာသာပြန်လို့ မရဘူး ဆိုတဲ့ ဆင်ခြေမျိုးပေးပြီး ဆင် ဝှေ့ရန်ရှောင် လုပ်ဖို့ မစဉ်းစားပါနဲ့။ ဒီ ဆင်ခြေမျိုးတွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း များ စွာ ကတည်းက ဆရာကြီး ဦးဖေမောင်တင်က ပြောခဲ့ပြီးသားပါ။ အင်မတန် ခက်ခဲနက်နဲလှတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်တွေကိုတောင် မြန်မာလို ဘာသာပြန်နိုင်ပါလျက်နဲ့ လောကီ ပညာရပ်တွေကို ဘာသာပြန်လို့ မရဘူးဆိုတာ မရှိပါဘူးလို့ ဆရာကြီးက ပြောခဲ့ပါတယ်။


 

ဘာချန်ထားခဲ့မှာလဲ

ကျွန်တော်တို့ အပျင်းထူပြီး ကြိုးစားအားထုတ်မှု မပြုကြလို့သာ ဘာသာမပြန်နိုင်တာပါ။ ရှေး စကားတွေ၊ စကားပုံတွေဆိုတာ ရှေးခေတ်က ပညာရှိကြီးတွေ ပြောခဲ့ကြ ရေးခဲ့ကြတာ တွေပါ။ ကာလကြာညောင်းတော့ နောက်လူတွေက စကားပုံတွေ လို့ သတ်မှတ်လိုက်ကြတာ ဖြစ်တယ်။ ရှေးလူကြီးတွေ သူ့ခေတ်သူ့အခါမှာ သူတို့ တာဝန်ကျေခဲ့ကြသလို အခု နှစ်ဆယ့်တစ်ရာစု လူသားတွေလည်း နောင်လာနောက်သားတွေအတွက် ဆိုရိုးစကားတွေ၊ စကားပုံတွေ ချန်ထား ရစ်ကြရမှာ မဟုတ်ဘူးလား။ ကဲကျွန်တော်တို့ ဘာတွေ ချန်ထားခဲ့ကြမှာလဲ။


 

လူထုစိန်ဝင်း

Saturday, 22 January 2011

သင်ဒါတွေပိုင်ဆိုင်နိုင်ပါစေ

တက်ကျမ်းကောက်နှုတ်ချက်ပါပဲ။
ဒီကောက်နှုတ်ချက်ကတော့ စိနတိုင်းဆန်ပါတယ်။ ခေတ်သစ်စိနတိုင်း၊ စိနနွယ်တို့ရဲ့ လက်ရာလို့ ယူဆပါတယ်။
ဖတ်ကြည့် စဉ်းစား ဆင်ခြင်ကြည့်ကြပါ။ ဘာပဲဖြစ်ဖြစ် ဆင်ခြင်စဉ်းစားမှုက အရေးအကြီးဆုံးမို့ ဘာပဲဖတ်ဖတ် ဆင်ခြင်စဉ်းစားကြစေလိုပါတယ်။• အခန်းကို ဘာအရောင် သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့ အဖြူရောင်ကို အရင်စမ်းသုတ်ကြည့်ပါ။ တစ်ခါတစ်လေ ရိုးရှင်းပြီး ရှေးကျတဲ့ နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။
• တစ်ပတ်မှာ တစ်နပ်လောက် ချွေတာပါ။ စားမယ်လို့ ရည်ရွယ်ထားတဲ့ အစာကိုချို့တဲ့သူတွေအတွက် ပေးကမ်းစွန့်နေချိန် အတွင်းမှာ တပြိုင်နက် မေတ္တာကိုလည်း သင်စွန့်နေပါတယ်။
• တကယ်လို့ဖြစ်နိုင်ရင် ကလေးတွေကို (၁၆)နှစ်ပြည့်တာနဲ့ အလုပ်တစ်ခုရှိဖို့ အားပေးကူညီပါ။ ဒါဟာလူ့ဘ၀ အရသာကို အချိန်စောပြီး သူတို့ခံစားသိမြင်စေသလို အရာရာခက်ခဲကြောင်း သူတို့နားလည်စေပါတယ်။
• ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို လက်ကိုင်ထားပါ။ ဒါဟာအချစ်ကို ထာဝရ လတ်ဆတ်စေသလို လူ့ဘ၀ကို ကြာရှည်ခံစားစေတဲ့အရာ ဖြစ်တယ်။
• သားသမီးတွေကို အကောင်းဆုံး အရာမပေးနိုင်မှာကို စိတ်မပူပါနဲ့။ သူတို့အတွက် အကောင်းဆုံး သင် ကိုပေးပဲပေးပါ။ ဒါဟာသူတို့ အလိုချင်ဆုံး အရာဖြစ်သလို သူတို့ရဲ့ အလိုအပ်ဆုံးလည်း ဖြစ်ပါတယ်။
• အမုန်းဆိုတာ အလွယ်တကူ ကူးစက်တတ်တဲ့ ခံစားချက်ဖြစ်တယ်။ဒါကြောင့် အမုန်းကို စိတ်ထဲအ၀င် မခံပါနဲ့။ ဒီနေ့အထိ လူတွေတိုးပွားလာ၇တာဟာ အမုန်းကြောင့် မဟုတ်ဘဲ အချစ်ကြောင့် ဖြစ်ပါတယ်။
• သက်ရှိတိုင်းက လေးစားထိုက်သူတွေပါ။ လေးစားမှုတွေ ရင်ဝယ်ပိုက်ပြီး သက်ရှိတိုင်း ပျော်ပျော်ရွှင်ရွှင် ရှင်သန်ကြီးပြင်းဖို့ ကျွန်တော်တို့ ဆန္ဒပြုရအောင်…
• သူငယ်ချင်းကောင်း ဆိုတာ သင့်ရဲ့ကိုယ်ခွဲလေးပါ။ အဖော်ကောင်းတစ်ယောက် ပိုင်ဆိုင်တာဟာ လူ့ဘ၀ ခရီးလမ်းမှာ သင့်ကိုအထီးမကျန်စေပါဘူး။
• ကတိဆိုတာ နှလုံးသားတစ်ခုက အခြားနှလုံးသားတစ်ခုကို သစ္စာပြုတာဖြစ်တယ်။ ဒါကြောင့်လဲ ကတိတည်ပါစေ။
• အေးဆေးတည်ငြိမ်တဲ့ ညချမ်းလေးတစ်ခုမှာ တစ်ယောက်ထဲ မြက်ခင်းပေါ်လဲပြီး ကောင်းကင်က ကြယ်လေးတွေကို ရေတွက်ပါ။ စိတ်လည်း အပန်းဖြေဖို့လိုပါတယ်။
• အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ အချက်နှစ်ချက် လိုအပ်ပါတယ်။ တစ်…အသင့်တော်ဆုံး လူကိုရှာယူပါ။ နှစ်..အသင့်တော်ဆုံးလူ ဖြစ်အောင်ကြိုးစားပါ။ ဒီနှစ်ချက်မှာ တစ်ချက်ချက် မရှိလို့မဖြစ်ဘူးဆိုတာကို သင်မြဲမြဲမှတ်ထားပါ။
• လျှပ်တပြက် အောင်မြင်ဖို့ အချိန် (၁၅)နှစ်လိုအပ်တယ်။ အောင်မြင်ခြင်းရဲ့ တောက်ပမှုကိုသာ မြင်ပြီး မအောင်မြင်ခင် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို လျစ်လျူ မရှုလိုက်နဲ့။ တစ်ကြိမ်အောင်မြင်ဖို့ ကျဆုံးခြင်းတွေ အများကြီး စုပုံရပါတယ်။
• အားလပ်ရက်မှာ နေ့တစ်ဝက်လောက် အချိန်ခိုးပြီး အနားယူ အိပ်စက်ပါ။ နိုးလာတဲ့အခါ သင့်စိတ်ဟာ မွန်းလွဲနေရောင်ခြည်လို ကြည်လင်တောက်ပ နေလိမ့်မယ်။
• သင့်မွေးနေ့မှာ သင်ကိုယ်တိုင် သစ်ပင်တစ်ပင် စိုက်ပါ။ သစ်ပင်က သင်နဲ့အတူ ရှင်သန်ကြီးထွားပါစေ။
• ငယ်ရွယ်နုပျိုစဉ်မှာ ဓါတ်ပုံများများရိုက်ပါ။ အကောင်းဆုံးကာလကို ဘ၀မှာ အမှတ်တရ ချန်ခဲ့ပါစေ။• ကလေးသူငယ်တွေကို စည်းကမ်းတကျ သင်ပြောဆိုဆုံးမပြီးနောက် သူတို့ကို စိတ်ပါလက်ပါ ပွေ့ဖက်ပါ။သူတို့ကို သင်ဘယ်လောက် ချစ်တယ်။ ဂရုစိုက်တယ် ဆိုတာကို သူတို့ သိပါစေ။
• များပြားလှတဲ့ အလုပ်ကြောင့် သင့်ရဲ့နှစ်ပတ်လည်နေ့ကို ဘယ်တော့မှ မမေ့လိုက်နဲ့။ ဘ၀မှာရှိတဲ့ နေ့ထူးနေ့မြတ် တိုင်းက သင့်ဘ၀မှာ အကောင်းဆုံး စည်းစိမ်ချမ်းသာတွေဖြစ်တယ်။
• မသိတတ်၊ နားမလည်တတ်သူတွေ အတွက်ကောင်းတာတွေ လုပ်ပေးပါ။ သူတစ်ပါးကို ကူညီတာ တုန့်ပြန်မှုတွေ မလိုပါဘူး။
• သင့်မျက်စိရှေ့က မြင်ကွင်းကို အမြဲလှပအောင် ထိန်းသိမ်းပါ။ ပုလင်းထဲ ထိုးထားတဲ့ ပန်းတစ်ပွင့် ဆိုရင်လည်း လှပနေပါစေ။
• သင့်နာရီကို ငါးမိနစ်မြန်ထားပါ။ ဘာပဲလုပ်လုပ် တခြားသူထက် သင်ခြေတစ်လှမ်း မြန်နေပါစေ။ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိပါစေ။
• စွန့်ဝင့်စားခြင်း ဆိုတာရဲဝံ့ခြင်းပဲ။ တကယ်လို့ သင်မစွန့်စားဝံ့ရင် အောင်မြင်ခြင်းရဲ့ ရဲဝံ့မှုကို သင်မသိဘူး။ စွန့်စားခြင်းထဲကနေ အောင်မြင်တဲ့ လူ့ဘ၀ကို ရှာယူပါ။
• သင့်အကြိုဆုံး တေးဂီတနဲ့ နေ့ရက်တိုင်းကို ဖွင့်ပါ။ ဂီတဆိုတာ စိတ်ဝိညာဉ်ရဲ့ သီချင်းပဲဖြစ်တယ်။ မနက်ခင်းတိုင်းမှာ စိတ်ဝိညဉ်ကို ကြည်လင်လန်းဆန်းပြီး နေ့ရက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။
• လင်မယားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိတ်ထိခိုက်စေတဲ့အခါ ဘယ်သူ့အမှားပဲ ဖြစ်ဖြစ် အရင်ဆုံးတောင်းပန် တတ်ဖို့သင်ယူပါ။ ဆောရီးပဲ..နင့်ကိုဒေါသထွက်စေခဲ့ပြီ။ ငါ့ကိုခွင့်လွှတ်ပါ။ ဒါဟာ စိတ်ထိခိုက်မှုကို ကုသတဲ့ အကောင်းဆုံးဆေး ဖြစ်တယ်။
• တစ်ယောက်ယောက်က သင့်ကိုပွေ့ဖက်တဲ့အခါ သင့်ရင်ခွင်ထဲကနေ သူအရင်ခွာပါစေ။သင့်ဝေးရာကို အချစ်မထွက်သွားမချင်း အချစ်ကို သင်ပွေ့ဖက်တဲ့အခါ သင့်ဖက်ကစပြီး အရင်လက်မလွတ်ပါနဲ့။
• သိလိုစိတ်တွေ အမြဲ ပြင်းပြနေပါစေ။ ဘာကြောင့် ဆိုတာကို များများမေးပေးပါ။ ဒါဟာထိုးထွင်း ဖန်တီးနိုင်စွမ်းကို • ဖြစ်စေပြီး ဘ၀ကိုမညိုးနွမ်း မခြောက်သွေ့စေတဲ့ အရင်းအမြစ် ဖြစ်တယ်။
• အချစ်မှာထူးခြား ဆန်းကြယ်တဲ့ ဆွဲဆောင်မှုတွေ ရှိတယ်။ အချစ်ကလေကို တိုက်ခိုက်စေနိုင်သလို မိုးကိုလည်း ရွာသွန်းစေတယ်။
လူကိုသေရာက ရှင်သန်လာစေတယ်။လူကို အမြဲနုပျိုစေတယ်။ဒါကြောင့်အချစ်ရဲ့ အင်အားကို ဘယ်တော့မှ အထင်မသေးပါနဲ့။
• အနာဂတ်မှာ ဖြစ်ပျက်လာမဲ့ အကြောင်းကို စိုးရိမ်ပူပန်လွန်းပြီး မျက်စိရှေ့က လှပတဲ့အရာတွေကို လက်မလွှတ်မိ စေနဲ့။ပစ္စုပန်မှာ နေပျော်တတ်ဖို့ သင်ယူပါ။ အနာဂတ်ကို ကြိုတင်တွေးကြောက်သူဟာ လက်ရှိတန်ဖိုး ရှိတဲ့အရာတွေနဲ့ ပိုပိုဝေးသွားပါလိမ့်မယ်။
• အိမ်၊ အမေဆီကို မကြာခဏဖုန်းဆက်ပါ။ အချစ်ရှိရင် လွမ်းဆွတ်မှုက ရှိစမြဲပါ။ တခြားလူကို လွမ်းဆွတ်ခြင်းရဲ့ ညင်းပန်းမှု ဒဏ်တွေ မခံပါရစေနဲ့။ ဖုန်းဆက်တာဟာလည်း ချစ်ကြောင်းကို တခြားနည်းနဲ့ ထုတ်ဖော်ပြသခြင်း ပါပဲ။
• အချစ်အတွက်နဲ့ လက်ထပ်ပါ။အချစ်စစ်မှာ ဘာအကြောင်းပြချက်မှ မလိုဘူး။လက်ထပ်ခြင်းမှာ အချစ်ဆိုတာ လိုအပ်သလို ဒါဟာလည်း ခိုလှုံခြင်းဖြစ်တယ်။
• အခွင့်အရေးကို အေးဆေးသက်သာ ရှာလို့မရဘူး။ အေးဆေးသက်သာဆိုတာ ကမ်းစပ်မှာ ရပ်နေတဲ့ လှေငယ်လေးလို ဖြစ်တယ်။ အေးဆေးသက်သာ ရပ်နေပြီး မလှုပ်ရှားလို့ လှေအောက်ပိုင်းဟာ မကြာခင်မှာ ဆွေးသွားတော့မယ်။
• နေ့ရက်တွေကို ရိုးရိုးရှင်းရှင်း ဖြတ်ကျော်ပါ။ရိုးရှင်းတာက ဘ၀ကို ပိုလက်တွေ့ကျစေသလို တန်ဖိုးအရှိဆုံးလည်း ဖြစ်တယ်။
• ခွေးတစ်ကောင်ဖြစ်ဖြစ်၊ အခြားတိရိစ္ဆာန် ပဲဖြစ်ဖြစ် မွေးမြူကြည့်ပါ။သက်ရှိတစ်ခုကို ဘယ်လိုတန်ဖိုးထား ဂရုစိုက်ရမယ် ဆိုတာကို သင်နားလည် လာလိမ့်မယ်။