{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Saturday, 21 May 2011

*လူ“အ”တစ်ယောက်အကြောင်း*

Views

ရန်ကုန် ကိုရောက်လာကတဲက မြိုထဲကိုကောင်းကောင်းမရောက်ဖြစ်သေးဘူး
ဘာပဲဖြစ်ဖြစ် ဒီနေ့ တော့အလုပ်လေးလဲ အားနေတာပဲ မြို့ထဲလျှောက်သွားအုံးမှ…
အဲလိုစိတ်ကူးလေး ပေါ်လာတာနဲ့ ကျွန်တော့် မြို့ထဲသို့ တစ်ယောက်တည်း ထွက်လာမီတယ်…။။
ဆူးလေ မှက်တိုင် ရောက်တော့ ကားပေါ်က ဆင်ပီး ကျွန်တော်တစ်ယောက် ဟိုဟိုဒီဒီလျှောက်လာရင်း
တနေရာအရောက်မှာတော့ မြို့သား နှစ်ယောက် ကလေးတစ်ယောက် ရောင်းနေတဲ့ ဂဏန်းကြော် ၀ယ်စားနေတာကို တွေ့လိုက်တယ်ဂဏန်းကြော်ဝယ်စားတာပြောစရာစကားမဟုတ်ပေ့မယ့် ကျွန်တော်တွေ့ နေရတဲ့ မြို့သားနှစ်ယောက် ဂဏန်ကြော်စားနေပုံကတော့ ကျွန်တော်အတွက် ထူးဆန်းနေတယ်
တောမှာဆိုရင်တော့ ဂဏန်းကိုရင်ပုန်ခွာအထဲမှာရှီတဲ့အညစ်အကျေးတွေကို သေချာစင်အောင်ဆေး ပီး ပုံကျပန်းကျ
ချက်ပြုပ်ခံရတဲ့ ဂဏန်း မြို့ပေါ်ရောက်မှ အခွန်မခွါ ရင်ပုန်မခွာပဲဆံမှုန့်လူးပီး အကောင်လိုက်ကိုဝါးစားခံနေရတဲ့ပါ့လား …စိတ်ထဲမှာတော့မှက်ချက်တစ်ခု ထားလိုက်တယ်….“ တော်တော်(အ)တဲ့ မြို့သားတွေပဲ
ဂဏန်းတောင် ကောင်းကောင်းမစားတက်ပါ့လား…”
အဲဒီလိုတွေးပီး ကျွန်တော် ((((ခပ်တည်တည်ပဲ))) ထွက်လာခဲ့တယ်……။။။
ရှေ့နားအရောက် လမ်းဘေးမှာ ချရောင်းနေတဲ့ မျက်မှန်ဆိုင် တစ်ဆိုင်ကိုတွေရပီး ကျွန်တော်လည်းမျက်မှန် တစ်လက်လောက်ဝယ်ချင်စိတ်ပေါက်လာတာနဲ့ ….“အကိုရေ ဒီမျက်မှန်လေး ဘယ်လောက်လဲဗျ”
“၁၅၀ ပါညီလေး ” “အာာာ..များလိုက်တာဗျာ ၇၅ကျပ် ထားလိုက်ပါ့လား”
“မရပါဘူး ညီလေးရာ အဲတာရောင်းဈေးပါပဲ ညီလေးလိုချင်ရင်တော့ ၁၀၀ နဲယူလိုက်ပါ အကိုလည်းဈေးဦးပေါက်မို့လိုကွာ”
…ဆိုင်ရှင်ကတော့ တစ်ခါပဲ ဈေးဆစ်ရသေးတယ် ဈေးဦးပေါက် ဆိုတဲ့စကားလုံးနဲ့ လျှော့ပေးနေလိုက်တာ သုံးပုံတစ်ပုံ တောင်ပဲ
..အဲတာကြောင့် ရွာကအမေ ကမှာလိုက်တာ မြို့ပေါ်မှာဈေးဝယ်ရင် ဘာဝယ်ဝယ် ဈေးဆစ် ၀ယ်လို့ …..ခုတော့ လက်တွေ့ပဲ လေ ကျွန်တော်လည်း အားမနာတက်တဲ့ကောင်ဆိုတော့ သူရဲဈေးဦးပေါက်ကို အခွင့်ရေးယူပီး ..“ဒိလိုလုပ် အကိုရာ အကိုလည်း ဈေးဦးပေါက် ကျွန်တော်လည်း ငွေမလောက်တာနဲ့  ဒီမျက်မှန်လေးကို ၅၀ နဲသာ ရောင်းလိုက်ပါ့လား” ကျွန်တော်အဲလိုပြောတော့ ဆိုင်ရှင်ကနည်းနည်း တင်းသွားပုံရတယ်….“ဟေ့ ကောင် အလားကား သာယူသွားကွာ ” ..“တစ်ကယ်လားဗျ အလားကားဆိုရင် နှစ်ခုမရ ဘူးလား”..ကျွန်တော် အဲလိုပြောပီးမှာတော့ ဆိုင်ရှင် က“ ဒီမယ် ဟေ့ကောင် နှစ်ခုတော့ မရဘူး လက်သီးပဲ ရမယ်ယူမလား ”..သြော် မြို့သားတွေနှယ့် တော်တော် စကားပြောရတာ ခက်ပါ့လား ခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ .. “ခင်ဗျား လက်သီး ကျုပ်က ဘာလုပ်ဖို့လည်း ပြုပ်စားမရ သုပ်စားမရနဲ့ မပေးလည်းနေပေါ့ဗျာ” ဟု ကျွန်တော်လည်း ပြန်ပြောကာ (((ခပ်ကုပ်ကုပ်))) ပဲထွက်လာလိုက်တယ်…အနောက်မှာတော့ မျက်မှန် ဆိုင်ရှင်ကကျွန်တော် ကိုဆဲဆိုကြိမ်းမောင်ပီး ကျန်ခဲ့လေရဲ့ .။။။.
ရှေ့နားအရောက်မှာတော့
စိတ်မကောင်းစရာ မြင်ကွင်းတစ်ခုကို ကျွန်တော်တွေလိုက်ရတယ် အသက် 70 ကျော်
လောက်ရှီမယ်ထင်တဲ့ ကုလားအဘွားအိုကြီးတစ်ယောက် ဖိနပ်တွေ ရောင်းနေတာပါ
“အင်းသူမှာလည်း သားသမီးမရှီရှာလို သက်ကြီးရွယ်ကြီးနဲ့ လုပ်စားနေရပါလား ”
စိတ်ထဲမှာ တွေးရင်း သူရောင်းနေတဲ့ ဖိနပ် တွေကြည့်လိုက်တော့..အလိုလေးးး
ဖိနပ်တွေက အကောင်းစားတွေပါ့လား အကောင်းစားဆိုပေမယ့် ကြည့်ရတာတော့
အဟောင်းတွေ ဖြစ်ပုံရတယ် ဈေးကလည်း ချိုလိုက်တာ 50..60..70..အများဆုံး
100 ကျော်ပဲရှီတယ် သရေစိမ်း ဂွင်းထိုး ဖိနပ်အမျိုးမျိုး ဒီဇိုင်း အစုံပါပဲလား
ကျွန်တော် ၀ယ်ချင်စိတ် ပေါက်သွားတယ် အဲတာနဲ့ ကျွန်တော် နည်းနည်းပါးပါး ဈေးဆစ်ကြည့်အုံးမှ ဆိုတဲ့အတွေးနဲ့
ရှေ့နားကို တိုးလိုက်တော့ ကုလားတစ်ယောက်
အနားရောက်လာပီး 52 ကျပ်တန် ဖိနပ် တစ်ရံဝယ်ပီး ငွေ 100 ပေးလိုက်တာတွေလိုက်
တယ် “သြော်သူတို့ လူမျိုးချင်းမို့လို့ ရိုင်းပင်းလိုက်ကြတာနော် ဈေးတောင်မဆစ်ဘူး
52 ကျပ်တန်ကို100 တောင်ပေးပီဝယ်သွားတယ်”စိတ်ထဲမှာတော့ချီးကျူးလိုက်မီတယ်
ကျွန်တော်လည်း ၀ယ်မလို့ ထိုင်ပီး ဖိနပ်တွေကိုသေချာလိုက်ကြည့်မီနေတုံး အဘွားအို ကကျွန်တော်ကို ပြူးပြူးကြောင်ကြောင်နဲ့ နားမလည်သလိုကြည့်နေတယ် ကျွန်တော်လည်းပြုံးပြလိုက်မီတာပေါ့ အဲဒိအချိန်မှာ အနောက်က လူတစ်ယောက်အသံ
ကြားလိုက်ရတယ်“ အကိုနည်းနည်းလောက်ဗျာ” ကျွန်တော်လှည့်ကြည့်မီတော့ ကုလား
နှစ်ယောက်ဗျ သူတိုနှစ်ယောက်က ငွေ200ကျပ်ကို အဘွားအိုထုပ်ပေးပီး 59. 60.ကျပ်တန်ဖိနပ် နှစ်ရံ ကိုကောက်ယူပီး စီးသွားတယ် ထူးဆန်းတာက သူတို့ဆီမှာဖိနပ် စီးမလာဘူး ကျွန်တော်လည်း စိတ်ထဲမှာ မသိုးမသန့် ဖြစ်လာတာနဲ့ ဘေးဘီဝဲရာ
လှည့်ပတ်လှည့်ကြည့် မိလိုက်တော့မှ.........
…ကျွန်တော် ကျောခိုင်းထားတဲ့ အနောက်မှာ
ကုလား ဗလိ ကြီးဗျ အဲတော့မှ ကျွန်တော်ပေါက်သွားတယ် ကုလားတွေ ဗလိ တက်ရင်
ဖိနပ် ချွတ်ပီးအပ်ထားတာ အဘွားအိုက နံပါတ်ပြားလေးတွေနဲ့ မှက်ထား ထားတာကို
ကျွန်တော်က ဖိနပ် ရောင်းစားနေတယ်ထင်မီတာ..ဟီးးးးရှက်လိုက်တာဗျာကျွန်တော်
အဲနေရာက (((ခပ်သုတ်သုတ်))) ပဲပြေးထွက်လာလိုက်တယ်…။။။။


( သြော် ငါလည်း တော်တော် “အ” တဲ့တောသားပါ့လားနော်)

“ဒုတိယ”
22/05/2011

2 comments:

jasmine(တောင်ကြီး) said...

တော်သေးတာပေါ့ ၅၀ ပေးပြီးဖိနပ်သွားမ၀ယ်တာပဲ
ကျေးဇူးတင်ရမလိုဖြစ်နေပြီ။

Angelhlaing(May everybody be happy and healthy! said...

ဖတ်ရင်းပြုံးမိတယ်...:):)