{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}
Showing posts with label စာပေ. Show all posts
Showing posts with label စာပေ. Show all posts

Saturday, 19 March 2011

မှန်ထဲကလူ



... လိုချင်တာတစ်ခု..လှုပ်ရှားရုန်းကန်လို့
....ရယူနိုင်တိုင်းမှာ...
....အဲဒိနေ့ မှာ ဇဗ္ဗူတလူလို့ အများကချီးမြောက်ကြလိပ်မယ်.
....ဒါပေမယ့် မှန်ရှေ့ကိုသွားပါဦး ကိုယ့်ပုံရိပ်ကိုယ့်ကြည့်ပါဦး ..
..(မှန်ထဲကလူ) ဘာပြောမလဲဆိုတာနားထောင်ပါဦး..
..ဘ၀ကို အဆုံးအဖြက်ပေးတာ ..

အဖေမဟုတ် အမေလည်းမဟုတ် ကြင်သူသက်ထားလည်းမဟုတ်
သင့်ဘ၀ကိုအဓိကအခန်းကနေအဆုံးအဖြက်ပေးသူကတော့..
မှန်ထဲကနေပြန်ကြည့်နေတဲ့သူပဲဖြစ်တယ်...

(မှန်ထဲကလူ)ကိုရဲရဲမကြည့်ဝံဘူးဆီုရင်
လူတကာက (အာဂလူ )တစ်ယောက်လို့ 
..ဘယ်လို့ ပဲချီးမြောက်ပါစေအုံးတော့သူအတွက်တော့သင်ဟာ.
(အလားကားလူ)တစ်ယောက်ပဲ

....လူတွေအားလုံးကို ခေါက် ထားလို့ရချင်ရမယ်..
.သူကိုကြည်ဖို့တော့ အလေးထားရမယ်
..ဘ၀ ဆုံးတိုင်သင်နှင့်အတူ သူ သာရှိနေမှာကိုး..
..သူ.နဲသာသင်မိတ်ဆွေဖြစ်နေပြီဆိုရင်တော့..
..အခက်ခဲဆုံး ဘ၀ စာမေးပွဲကို အောင်မြင်ပြီလို့မှတ်ယူရလိပ်မယ်..
.ဘ၀ ခရီးတစ်လျှောက်မှာ လူတွေကိုအရူးလုပ်လို့ ရချင်ရမယ်...
..လူတွေရဲ့ချီးကျူးထောပနာပြုတာကို ခံကောင်းခံရလိပ်မယ်..
..(မှန်ထဲကလူ) ကိုလိမ်ညာရင်တော့ နောက်ဆုံး ဘ၀ ရဲ့ ရလဒ်ဟာ .....
..ကြေကွဲခြင်းနဲ့  မျက်ရည်သာဖြစ်လိမ့်မယ်..။။။။။။။။။။။။။( ဒုတိယ)

Sunday, 20 February 2011

နှလုံးသား အာဟာရ(၁)

အဲသည်လို အစ်ကိုမျိုး


ကျွန်တော့သူငယ်ချင်း ပေါလ်မှာ ခရစ္စမက် လက်ဆောင်အဖြစ် သူ့အစ်ကိုကြီးထံမှ ကားတစ်စီရသည်။ ခရစ္စမတ်အကြိုနေ့မှာ သူ့ရုံခန်းက ထွက်လာတော့ လမ်းဘေးမှာ ကောင်လေးတစ်ယောက်က တောင်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ်ကြည့်နေတာ မြင်ရသည် ။ ကြည့်ရုံနှင့် အားမရသေးဟန်ဖြသ့် ကောင်လေးက မေးသည် ။
“ဒါ အစ်ကို့ကားလား” တဲ့ ။
ပေါလ်က ခေါင်းညိတ်ပြီး “အေးကွ ၊ ငါ့ အစ်ကိုက ခရစ္စမတ် လက်ဆောင်ပေးတာ” ဆိုတော့ ကောင်လေး အံ့အားသင့်သွားသည် ။
“ဟာ….. ခင်ဗျား အစ်ကိုက ခင်ဗျားကို အလကားပေးတာ …. ဟုတ်လား ၊ ခင်ဗျား ပိုက်ဆံ တစ်ပြားမှ မကုန်ဘူးပေါ့ ၊ ဟာဗျာ …. ကျွန်တော်သာ ဆုတောင်းလို့ရမယ်ဆိုရင် ….” ဆိုပြီး ကောင်းလေ ရပ်နေသည် ။
ဆုတောင်းလို့ရရင် ကောင်လေး ဘာဆုတောင်းမလဲဆိုတာ ပေါလ် တွေးနေမိသည် ။ သူ့မှာလဲ အဲဒီလို အစ်ကိုမျိုး တစ်ယောက်ရပါစေလို့ ဆုတောင်းမှာပဲပေါ့ ။
သို့သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက်ရသော စကားကြောင့် ပေါလ် ကြက်သီး မွေးညှင်းထသွားသည်။
“ကျွန်တော် အဲဒီလို အစ်ကိုမျိုး ဖြစ်ချင်လိုက်တာဗျာ” တဲ့။
ကောင်လေးကို သူ အံ့အားသင့်စွာ ငေးကြည့်နေမိသည် ။ ထို့နောက်မှ ရုတ်တရက် ဘယ်လိုဖြစ်သွားသည် မသိ ။
“ မင်း ငါ့ကားလိုက်စီးကြည့်မလား”
ဟုမေးမိသည်။
“ဟုတ်ကဲ့….စီးချင်တာပေါ့ ခင်ဗျာ”
ကားစီးပြီး ခဏလေးကြောတော့ ကောင်လေးက ပေါလ်ဘက်သို့ လှည့်ကာ
“အစ်ကိုရေ … ကျွန်တော်တို့ အိမ်ဘက် လှည်မောင်းပေးလို့ရမလားဗျ” ဟုမေးသည်။
သူ့မျက်လုံးတွေ တောက်ပနေတာ ကြည့်ပြီး ပေါလ် ပြုံးမိသည် ။ ကောင်လေးစိတ်ထဲ ဘာရှိနေသလဲ သူတွေးမိသည် ။ သူကားသစ်ကြီး စီးပြီး အိမ်ပြန်လာတာ အိမ်နီးနားချင်းတွေကို ကြားချင်ပုံပဲ ။
သို့သော် သည်တစ်ခါလည်း ပေါလ် မှားပြန်ပါသည်။
“ဟို လှေကားနှစ်ဆင့်နဲ့ အိမ်ရှေ့ ရပ်ပေးပါဗျာ” ကောင်လေးက ဆိုသည် ။
လှေကားထစ်တွေ သူပြေးတက်သွားသည် ။ ခဏလေးကြာတော့ ပြန်လာနေသံကြားရသည် ။ တက်သွားတုံးကလို မမြန် ၊ သူက ကလေးတစ်ယောက်ကို ချီယူလာခြင်းဖြစ်သည် ။ ခြေမသန်သော သူ့ညီလေး ။ သူက ညီလေးကို အောက်ဆုံးလှေကားထစ်မှာ ထိုင်ခိုင်းသည် ။ သူ့လက်တစ်ဖက်က ညီလေးကို တင်းတင်းဖက်ထားပြီး ကားကိုပြသည် ။
“ဟောဒီမှာတွေ့လား ညီလေး ၊ အပေါ်ထပ်မှာတုန်းက အစ်ကိုကြီးပြောတာလေ ၊ ဒါသူ့အစ်ကိုကြီးက ခရစ္စမတ် လက်ဆောင်ပေးတာတဲ့ ၊ သူ့ ပိုက်ဆံတစ်ပြားမှ မကုန်ဘူး ၊ နောက်ကျရင် အစ်ကိုကြီးလဲ ညီလေးကို ဒါမျိုး ကားတစ်စီး ၀ယ်ပေးမယ် ၊ အဲဒီတစ်ခါကျတော့ ညီလေးကို အစ်ကိုကြီးပြောတဲ့ ခရစ္စမတ် ရောင်းဆိုင်တွေမှာ ပြထားတဲ့ အလှအပ ပစ္စည်းမျိုးစုံတွေ ညီလေး လိုက်ကြည့်နိုင်မှာပေါ့ကွ”တဲ့ ၊ သူက အားပါးတရ ပြောနေသည် ။
ပေါလ် ကားထဲက ထွက်လာပြီးခြေမသန်သော ကလေးငယ်လေးကို ချီပြီး ကားရှေ့ခန်းထဲထည့်သည်။ အစ်ကိုလုပ်သည့် ကောင်လေးက ၀မ်းသာအားရ သူ့ ညီလေး ဘေးမှ ၀င်ထိုင်သည် ။
အဲသည်နေ့က သူတို့ သုံးယောက် လျှောက်လည်ကြသည့် အတွေ့အကြုံမှာ သုံးယောက်လုံး အတွက် တစ်သက်မမေ့နိုင်စရာဖြစ်ခဲ့သည် ။
အထူးသဖြင့် ပေါလ်အဖို့ သင်ခန်းစာတစ်ခုမှတ်မှတ်သားသား ရခဲ့သည် ။ ယူရခြင်းအရသာထက် ပေးရခြင်းကြောင့် ဖြစ်သော ပီတိက ပိုပြီး နှစ်သက်ဖွယ် ချိုမြိန်လှ၏ …. ဟူသော အသိတရား ။။

(ဖေမြင့်)

[ကျွန်တော်တို့တွေဟာ နေ့စဉ်နဲ့အမျှ အသိပညာ အတတ်ပညာ များနဲ့ ဦးနှောက်အတွက် အဟာရများ ဖြည့်သွင်းနေချိန်မှာ တစ်ဖက်ကလဲ ခံစားတတ်တဲ့ နှလုံးသားအတွက် အဟာရတွေလဲ တစ်ကယ်ကိုလိုအပ်ပါတယ် ။ အတတ်ပညာတွေ ပြည့်စုံကြွယ်ဝပြီးနှလုံးသားခံစားချက် နည်းနေရင်တော့ အင်မတန်အဆင့်မြင့်တဲ့ စက်ရုပ်တစ်ရုပ်လိုပဲ ဖြစ်နေပါလိမ့်မယ်လို့ ထင်ပါတယ်။။။ အဲဒါကြောင့် ကျွန်တော်ဖတ်ခဲဖူးတဲ့ ဆရာကြီး ဖေမြင့်ရဲ့ နှလုံးသားအဟာရစာအုပ်ထဲမှ ကောင်းနိုးကောင်းရာ အဟာရများကို စာဖတ်သူငယ်ချင်း အပေါင်းအသင်းများအတွက် ပြန်လည်ဝေငှထားခြင်းဖြစ်ပါသည် ။ သူငယ်ချင်းတွေ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် ။ အားတဲ့ အချိန်တိုင်း ဆက်လက်ဝေမျှသွားပါအုံးပါမယ် ခင်ဗျာ ။ ]

Wednesday, 12 January 2011

အဖေ နဲ့  ကျွန်တော်

အတွေ့ အကြုံ ဆိုတာ ...

.

အရက်စက်ဆုံး

အကြမ်းကြုတ်ဆုံးဆရာပဲ ၊

ဒါပေမယ့်  အဲ့ ဒီက သင်ခန်းစာ ယူစမ်းပါ ၊

ယူဖြစ်အောင် ယူပါ ။

( စီ၊ အက်( စ် )၊ လူးဝစ် )


စပိန်ပြည်တောင်ပိုင်း အက်စ်တီပိုနာ ဆိုသည့် နေရာလေးမှာ ကျွန်တော်ကြီး

ပြင်းခဲ့ သည်။ ကျွန်တော် အသက် ၁၆ နှစ်အရွယ် တစ်မနက်မှာ၊ အဖေက သူ့ အား ၁၈

မိုင်လောက်အကွာမှာရှိသည့်  မီဂျား( စ် ) ရွာသို့  ကားမောင်းပို့ ခွင့် ပေးသည်။ အဲဒီလိုခွင့် 

ပေးခြင်းအတွက် ကျွန်တော်က ကားကိုအနီးရှိ ၀ပ်ရှော့ တစ်ခုမှာ ရေဆေး၊ ဆီထိုး လုပ်

ပေးရန်ပါ တာဝန်ယူရသည်။

အဲသည်တုန်း ကျွန်တော် ကားမောင်းတတ်စ၊ ကားကိုကိုင်တွယ်သုံးစွဲခွင့် လည်း

သေသေချာချာ မရသေးသည့် ကာလဖြစ်ရာ၊ အဖေပြောတာကို ကျွန်တော် အလျှင်အမြန်

ခေါင်းညိတ်ဖြစ်ခဲ့ သည် ။

ကျွန်တော် အဖေ့ ကို မီဂျား( စ် ) သို့  ကားမောင်းပို့ သည်။ သည့် နောက်ည

နေ ၄ နာရီတိတိမှာပြန်လာကြိုမယ်ဟု ကတိပေးပြီး ၀ပ်ရှော့ ရှိရာတန်းသွားကာ ကား

ကို အပ်သည်။ အဲသည်နောက် အချိန်လေး အနည်းငယ်ပိုနေသဖြင့်  ၀ပ်ရှော့အနီးရှိ ရုပ်

ရှင်ရုံမှာ ရုပ်ရှင်တစ်ကားနှစ်ကားကြည့် မည်ဟု ဆုံးဖြတ်ပြီး ရုံထဲဝင်ကာကြည့်နေ

လိုက်သည်။ ဇာတ်လမ်းများထဲ ကျွန်တော် မျောပါကာ အချိန်ဘယ်လောက်ကြာမှန်း

မသိ ဖြစ်သွားသည်။ နောက်ဆုံးကားကြည့် ပြီး နာရီကြည့် လိုက်သည့် အခါ ၆ နာရီထိုး

နေပြီ။

နှစ်နာရီတိတိ ကျွန်တော်နောက်ကျသွားသည် ။

ရုပ်ရှင်ကြည့် နေ၍ နောက်ကျမှန်းသိလျှင် အဖေ အကြီးအကျယ် ဒေါသ၏ထွက်

တော့ မည်။ ကျွန်တော့ ကိုလည်း ဘယ်တော့ မှကားမောင်းခွင့်ပေးမည်မဟုတ် ။ ထို့ 

ကြောင့် အဖေ့အား ကားမှာပြင်စရာတွေရှိနေ၍ ၀ပ်ရှော့ ကလူတွေ အချိန်အကြာကြီး

လုပ်ကိုင်နေရကြောင်း၊ ပြောရန်စဉ်းစားပြီ လာခဲ့ သည်။

အဖေနှင့် တွေ့ ရန် ချိန်းထားသည့် နေရာသို့ ရောက်သည့် အခါ စိတ်ရှည်လက်

ရှည်ပင် အဖေ စောင့် နေတာတွေ့ ရသည်။

နောက်ကျသည့် အတွက်တောင်းပန်ကြောင်း၊ တတ်နိုင်သမျှ အမြန်ဆုံးလာခဲ့

ကြောင်း ၊ ၀ပ်ရှော့ မှာ ကြီးကြီးမားမားပြင်ရတာတွေ ရှိသဖြင့် အကြာကြီးဖြစ်နေရကြောင်း

ကျွန်တော်ပြောလိုက်သည့် အချိန်၊ ကျွန်တော့် ကိုလှမ်းကြည့် လိုက်သည့်  အဖေ့၏ အ

ကြည့် ကို ကျွန်တော့် တစ်သက်မေ့နိုင်မည်မဟုတ် ။

`` ဂျေဆင် ၊ ဒီကိစ္စ အဖေ့ကိုလိမ်ပြောမှဖြစ်မယ်လို့  မင်းသဘောထားတာ

အဖေ စိတ်မကောင်းဘူး သား ´´

`` ဘာဖြစ်လို့ လည်း အဖေ၊ ကျွန်တော်အမှန်အတိုင်းပြောတာပဲဟာ ´´

အဖေ ကျွန်တော့် ကိုထပ်ကြည့် ပြန်သည် ။

`` မင်းမပေါ်လာတော့  ၀ပ်ရှော့ ကို ဘာတွေဖြစ်သလဲ လှမ်းမေးတယ်၊ မင်းလာ

မယူသေးတာတဲ့ ၊ အဲဒီတော့ ကားမှာ ဘာမှမဖြစ်တာ ငါ သိပြီးသားပေါ့ ကွာ ´´

ရုတ်တရက် ရှက်ကြောက်သည့် စိတ်ဖြင့်ကျွန်တော် ထူပူ၍သွားသည်။ ရုပ်ရှင်

သွားကြည့် ၍ နောက်ကျရခြင်းဖြစ်ကြောင်း ကျွန်တော် ၀န်ခံရသည်။ ကျွန်တော့်စကား

တွေနားထောင်နေတဲ့ အဖေ့မျက်နှာမှာ ၀မ်းနည်းကြေကွဲသည့်  အရိပ်လက္ခဏာများ

ယှက်သန်းလာပြီး ...

`` အဖေ တော်တော် ဒေါသထွက်တယ်၊ အဲဒါ သားကိုမဟုတ်ဘူး၊ ကိုယ့်ကိုကိုယ်

ဒေါသထွက်တာ ဒီအရွယ်ထိရောက်လာတဲ့ သားမှာ၊ အဖေ့ကို လိမ်ပြောရမယ်ဆိုတဲ့  စိတ်

မျိုးရှိနေတာ အဖေညံ့ လို့ ပဲ၊ အဖေမွေးထာတဲ့ သားဟာ .. ကိုယ့်အဖေကိုတောင် အမှန်

အတိုင်းမပြောနိုင်တဲ့  လူတစ်ယောက်ဖြစ်နေတာ အဖေအသုံးမကျလို့ ပဲ။ ဖခင်တစ်

ယောက်အနေနဲ့  အဖေ မအောင်မြင်ခဲ့ ဘူး ၊ အခု အဖေ အိမ်ကိုလမ်းလျှောက်ပြီးပဲ ပြန်

မယ်၊ သားကို ပြုစုပျိုးထောင်ခဲ့ တဲ့  ဒီနှစ်ကာလတွေအတွင်း အဖေ ဘာအမှာတွေကျုး

လွန်ခဲ့ လည်းဆိုတာ အဖြေပေါ်တဲ့ အထိ စဉ်းစားသွားမယ် ´´

`` အဖေ ၊ ၁၈ မိုင်ဝေးတဲ့ အိမ်ကိုလမ်းလျှောက်ရမှာ ဝေးလွန်းပါတယ် ၊ ပြီးတော့ 

မှောင်လဲမှောင်နေပြီ ´´

ကျွန်တော် တောင်းပန်တာတွေ အချည်းနှီးသာ ဖြစ်ခဲ့သည် ။ အဖေ အကြီးအ

ကျယ် စိတ်မကောင်းဖြစ်အောင် ကျွန်တော် လုပ်ခဲ့ မိပြီ။ ယခုတော့ တစ်သက်တာမှာ

အထိခိုက်၊ အနာကျင်ရဆုံး သန်ခန်းစာတစ်ခု ကျွန်တော် ခံယူရတော့ မည်။

ဖုန်ထူးသော ထိုလမ်းအတိုင်း အဖေ လျှောက်သွားသည့် အခါ ကျွန်တော်

ကားပေါ်ပြေးတက်ပြီး အဖေ့နောက်က လိုက်ရသည်။ သည်မျှဆို အဖေ ရပ်လေမည်

လား၊ မျှော်လင့်ချက်ကြီးစွာ တောင်းပန်တိုးလျှိုးပြီးလိုက်လာသည် ။ အဖေ ကျွန်တော့် ကို

စကားတစ်ခွန်းမှ ပြန်မပြော ။ ၀မ်နည်းကျေကွဲပြီး တွေဝေငေးမောစွာဖြင့်သာ လျှောက်

၍သွားနေသည် ။

ကျွန်တော့် ဘ၀ တစ်သက်တာတွင် အဖေ့ကို အဲဒီလို ကိုယ်ပင်ပန်းကြီးစွာ ၊

စိတ်ပင်ပန်းကြီးစွာ ခံစားနေသည့် အနေအထားဖြင့် ... မြင်တွေ့ ခဲ့ရသည်မှာ ၊ ထိုစဉ်က

အဖြစ်လောက် ခါးသီးဖွယ်၊ ရင်နင့်ဖွယ်ကောင်းလှသော အတွေ့ အကြုံ မရှိတော့ ပါ ။

နောက်နောင်များတွင်တော့ အဖေ့ရှေ့ မှောက်၌ မမှန်သောစကားကို တစိုးတစိမျှပင်

ကျွန်တော် မဆိုဖြစ်တော့ ပါ ။ ။

Jason Bocarro ၏ A Long Walk Home

ဆရာ ဖေမြင့် ဘာသာပြန်သည်။

ဖက်ဖူးသူများလည်းဖက်ဖူးကြမှာပါ...မဖက်မိကြသေးသူတွေအတွက်လည်း...ရင်ထဲမှာ တစ်ခုတစ်ခု ကျန်ခဲ့ရင်ကို..ကျွန်တော် ကျင်နက်ပါပြီ...

Sunday, 9 January 2011

ပရမ်းပတာပြဇာတ်...

“ခွက်… ခွက်… ခွက်”

ရွာထဲကို မြင်းတွေဝင်လာတယ်

သူပုန်တွေကိုစီးပြီးတော့…

ဟုတ်သေးဘူး…

သူပုန်တွေဝင်လာတယ်…

မြင်းတွေစီးပြီးတော့….

ကုတ်အကျီအရှည်ဝတ်မယ်….

မာဖလာပတ်မယ် ဦးထုပ်ငိုက်ငိုက်ဆောင်းမယ်…

ဒါပေမယ့် သူပုန်ပဲ….



“ကတော် … ကတော် … ကတော်”

ကြက်တစ်ကောင်ဆွဲသွားတယ်….

သူကြီး….

အင်း….

သူကြီးသွားတိုင်မှဖြစ်မယ်…

ဆေးတွံကြီးခဲမယ်…ခေါင်းပေါင်းပေါင်းမယ်…ရဲတွေ… ရဲတွေရောက်လာမယ်…

အမှုစစ်မယ်…

ဝက်သုံးကောင်ပေါ်ကျွေးရတယ်…

အရက်မူးပြီး နွားတင်းကုတ်မီးရှိ့တယ်…

တိုင်မယ်…ဘယ်သူ့တိုင်ရမလဲ….



ဖြတ်တယ်….

ဒီအခန်း ဆင်ဆာ ဖြတ်တယ်…

ဆင်ဆာဖြတ်ပေမယ့်…

ကြင်ယာဖက်ကတော့ နောက်ဖေးတံခါးဖွင့်ထားတယ်….



နောက်ပေါက်က တက်ရတယ်….

ဒါပေမယ့် ဂိတ်ကြေးဈေးကြီးတယ်…

သူတိုက်တဲ့ ရေတစ်ခွက်က တော်တော်ပူနေတယ်….



တော်တော်ပူနေတဲ့သူဗိုက်ထဲမှာ

ဘီယာဘားဖွင့်ထားတယ်….

ခွက်ထဲက အရက်ပြင်းလို့ထင်တယ်..

နှုပ်ခမ်းနီလေးနဲ့ မြည်းတယ်…

နှုပ်ခမ်းနီလေးကလဲ

အစိမ်းရောင်ခြေင်္သေ့တွေနဲ့ ပြန်မြည်းတယ်….



မြည်းရင်းနဲ့ပဲ စာတမ်းထိုးမယ်…

တယောသံထည့်ချင်ထည့်မယ်…

နှဲသံပါချင်ပါတယ်…

သေချာတာတော့ စာတမ်းထိုးရမယ်…

ဦး…..

အသက်( ) ။ ။

နေနက်

Saturday, 8 January 2011

အိမ်ကလေး

ကျွန်မ…အိမ်ပေါ်ရောက်တာနဲ့…ရုံးပစ္စည်းတွေနဲ့ တစ်ခြားပစ္စည်းတွေထည့်ထားတဲ့ ဆွဲခြင်းကို ချပြီး ခဏ အမောဖြေနေမိတယ်…

“အော်…အမေကြီးတောင် ပြန်ရောက်ပြီပဲ…”

အသံကြားလို့ ကြည့်လိုက်တော့ ကျွန်မရဲ့ ခင်ပွန်းပါ…သူခပ်ပေးတဲ့ရေတစ်ခွက်ကိုသောက်ရင်း အမောဖြေနေမိတယ်…

အမောဖြေနေရင်းနဲ့ နံရံပေါ်မှာ ချိတ်ထားထဲ ဓါတ်ပုံတွေကို ကြည့်နေမိတယ်….သောက်နေတဲ့ ရေတစ်ခွက် ဘယ်လိုကုန်သွားမှန်းကို မသိပါဘူး…

သက်ပြင်းချသံတစ်ခု ကြားလိုက်ပါတယ်…

“လာပါ အမေကြီးရယ်…ရေမိုးချိုးလိုက်အုံး…ပြီးရင် ထမင်းစားရအောင်…အဖေကြီးဒီနေ့ စောစောပြန်ရောက်လို့ထမင်းဟင်း အကုန်ချက်ထားတယ်…”

ရေမိုးချိုးပြီး ထမင်းဝိုင်းရောက်တော့လည်း ထမင်းဝိုင်းက ထုံးစံအတိုင်းပါပဲ ခြောက်ကပ်ကပ်နဲ့ပေါ့…

မဲညစ်ညစ် ထမင်းဝိုင်းပု လေးမှာ နေရာ ၂ နေရာက လွတ်နေတယ်လေ…

ကျွန်မ ခင်ပွန်းရဲ့ မျက်နှာကို ကြည့်လိုက်တော့လည်း သူက ထမင်းသာစားနေရတယ်…သူ့စိတ်က ထမင်းဝိုင်းထဲမှာ မရှိဘူးဆိုတာ… လွတ်နေတဲ့ နေရာ ၂ ခုကို ကြည့်ကြည့်
နေတဲ့ သူ့မျက်လုံးတွေက ၀န်ခံနေတယ်လေ…




ထမင်းစားပြီး TV ဇတ်လမ်းတွေကြည့်တော့လည်း ဘာမှမထူးခြားပါဘူး…ကျွန်မတို့ရဲ့ အိမ်လေး သေးသေးလေးထဲမှာ TV ဇတ်လမ်းအသံတွေပဲလွှမ်းနေတယ် မျက်လုံးတွေက
ဇတ်လမ်းပေါ်ရောက်နေသော်လည်း ဘာတွေဖြစ်နေမှန်းမသိ
စိတ်တွေကတော့ တစ်နေရာမှာ…

“အမေကြီး…သားနဲ့ သမီး စီက ဖုန်းလာသေးလား…”

ကျွန်မ ခင်ပွန်းရဲ့မေးခွန်းပါ…နေ့စဉ်မေးနေကျမေးခွန်းတစ်ခုပါ…..



ကျွန်မကတော့ တက္ကသိုလ်တစ်ခုက ဌာနခွဲစာရေးကြီးတစ်ယောက်ပါ…လွန်ခဲ့သော ၁၀ နှစ်လောက်ထဲက ဌာနအုပ်အဖြစ် ရာထူးတိုးဖို့ အခွင့်အရေးရှိခဲ့ပေမယ့်လည်း
နယ်ပြောင်းရမည်ဖြစ်သောကြောင့် ၂ ယောက်တည်းသာရှိတဲ့
သားနှစ်သမီးကို မခွဲနိုင်တာက တစ်ကြောင်း သားနှင့် သမီးကို နယ်ခေါ်သွားပါက သူတို့ ကျောင်းနှစ်တစ်ခြားကိစ္စတွေ
အခက်အခဲဖြစ်မှာစိုးလို့ တိုးမယ့်ရာထူးကို လက်လွှတ်ပြီး စာရေးကြီး အဖြစ်နှင့်ပင် ဆက်လက်တာဝန်ထမ်းနေခြင်းဖြစ်သည်…ကျွန်မခင်ပွန်းမှာလည်း
ပန်းပုဆရာတစ်ယောက်ဖြစ်သော်လည်း သားနှင့် သမီးကို စိတ်မချသောကြောင့် နယ်သွားပြီး အလုပ်မလုပ်ပဲ
ဒီနေရာမှပဲ ရရာအလုပ်လုပ်နေသူဖြစ်ပါသည်…



ကျွန်မ နံရံပေါ်မှ ဓါတ်ပုံများကို ကြည့်ရင်း မျက်ရည်များ ၀ဲလာပါတယ်…

ကျွန်မရော ကျွန်မ ခင်ပွန်းပါ ဖိနပ်ပြတ်လျှင်တောင် တွယ်ချိတ်ထိုးစီပြီး သားနှင့်သမီး ပညာရေးကို ထောက်ပံ့ရင်းနဲ့ အခု ကျွန်မတို့ အိမ်နံရံမှာတော့ မိသားစု ၎
ယောက်တွဲရိုက်ထားတဲ့ သားကြီး
နှင့် သမီးတို့ရဲ့ ဘွဲဝတ်စုံနှင့် ရိုက်ထားသော
ဓါတ်ပုံ များနှင့် တစ်ခြား သင်တန်းများရဲ့ သင်တန်းပြီးဆုံးခြင်းလက်မှတ်ပေးပွဲတွေမှာ
ရိုက်ထားတဲ့ ဓါတ်ပုံတွေ…

“အဖေကြီးရယ်…ဒီလိုမှန်းသိရင် သားတွေ သမီးတွေ စာမတော်ခဲ့ရင်ကောင်းမယ်နော်…”

“အာာ…အမေကြီးကလည်း အဲလိုတော့ မပြောပါနဲ့…”

“ဟုတ်ပါတယ် အဖေကြီးရယ် ကျွန်မ သပ်သပ်ပြောတာပါ…အခုလို သူတို့တွေ ထူးထူးချွန်ချွန်ဖြစ်သွားတော့လည်း ကောင်းပါတယ်…ဒါပေမယ့် အဖေကြီးရယ်…”

“အင်း…သားကြီးတောင် ဖုန်းမဆက်တာ တော်တော်ကြာပြီနော်…ဟိုမှာ အဆင်ပြေရဲ့လား မသိပါဘူး”

ကျွန်မသားကြီးမှာ ပြည်ပနိုင်ငံတွင် ကျောင်းသွားတက်နေသူတစ်ယောက်ဖြစ်ပါတယ်

သမီးကတော့ ရန်ကုန်နှင့် မိုင်ပေါင်းများစွာဝေးသော မြို့တစ်မြို့ရဲ့ ရေအားလျှပ်စစ် စီမံကိန်းတစ်ခုမှာ အထက်တန်း
အင်္ဂျီနီယာတစ်ယောက်အဖြစ်နှင့်သွားရောက်တာဝန်ထမ်းဆောင်နေတာပါ…

လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခုလောက်ကပေါ့ ကျွန်မတို့ရဲ့ ယိုင်နဲ့နဲ့ အိမ်လေးက အရမ်းပျော်ဖို့ကောင်းတဲ့ နေရာလေးတစ်ခုပေါ့ အစအနောက်သန်တဲ့ သားနဲ့
စိတ်တိုတတ်တဲ့ သမီးတို့ရဲ့ အသံတွေ…ကျွန်မ ရုံးကပြန်ရောက်တာနဲ့
အလုအယှက် ပြေးကြိုကြပြီး ကျွန်မဆွဲခြင်းထဲမှာ ပါလာတဲ့မုန့် အနည်းငယ်လေးကို အလုစားကြတဲ့
မောင်နှမနှစ်ယောက်ရဲ့ အသံတွေ…ညပိုင်း အပန်းဖြေစရာ TV လေးတစ်လုံးတောင် မရှိပေမယ့် သားနဲ့သမီးတို့ရဲ့
စာကျက်သံတွေနဲ့ စနောက်ညင်းခုံသံတွေက ကမ္ဘာကျော်နာမည်ကြီး ဇာတ်ကားတစ်ကားထက်ကို ပိုပြီး
ခံစားလို့ကောင်းခဲ့တယ် တစ်နေကုန်ပင်ပန်းသမျှ သားနဲ့ သမီး အသံနဲ့ပဲ ဖြေဖျောက်ခဲ့တယ်ပေါ့…

ကျွန်မတို့အကြောင်းမသိတဲ့ သူများကတော့ အဘိုးကြီးနဲ့ အဘွားကြီး ၂ ယောက်တည်းနေတယ်ထင်တဲ့သူတွေရှိ သလို သိတဲ့သူတွေကလည်း သားနဲ့သမီးတွေကို ချီးမွန်းနေတဲ့သူတွေလည်း
ရှိပါရဲ့…ဒါပေမယ့်လည်း တစ်ခါတစ်လေကျရင် တောင့်တမိတယ်…အဲလို
ချီးမွန်းသံတွေနဲ့ သားနဲ့သမီးကို ခဏလောက်လဲလို့ ရရင်ကောင်းမယ်လို့ ဘယ်သူမှ မချီး ကျူးရင်နေပါ…သားနဲ့သမီး
အနားမှာ ရှိနေရင်ကို ပြည့်စုံပြီလို့ထင်နေတာ…

အော်…စိတ်ကူးကတော့ စိတ်ကူးပေါ့…အဆင့်မြင့် ပညာတွေသင်နေတဲ့ သားအတွက် ဂုဏ်ယူသလို တာဝန်ကြီးတွေ ထမ်းဆောင်နေတဲ့ သမီးအတွက်လည်း ကျွန်မ ပျော်နေခဲ့ပါတယ်…

တစ်နေ့နေ့ တစ်ချိန်ချိန်ပေါ့…

“ဖေကြီးရေ…မေကြီးရေ..” ဆိုပြီး တစ်ကျော်ကျော်အော်ရင်းနဲ့ ၀မ်းသာအားရပြန်လာမယ့် သားနဲ့သမီးကို မျှော်ရင်းနဲ့ပဲ…ကျွန်မတို့ရဲ့အိမ်သေးသေးလေးမှာတော့…ကျွန်မရယ်ကျွန်မခင်ပွန်းရယ်ဟာ…တစ်ယောက်ပခုံးကို
တစ်ယောက်မှီရင်း…တိတ်ဆိပ်လို့ပေါ့…ကျွန်မတို့ရဲ့ မျက်လုံးများကလည်း
နံရံပေါ်မှာ သားနဲ့
သမီးရဲ့ ဓါတ်ပုံတွေပေါ်မှာပါပဲ…ကျွန်မတို့ အိမ်လေးထဲမှာတော့ TV ကဇာတ်လမ်းသံလေးက သဲ့သဲ့လေး
လွင့်နေပါတယ်…ဒါပေမယ့်လည်း ထုံးစံအတိုင်းပါပဲ…ဒီအိမ်သေးသေးလေးမှာ ကျွန်မတို့ အဘိုးကြီး
အဘွားကြီး ၂ ယောက်ရဲ့ သက်ပြင်းချသံတွေကတော့…..

နေနက်