{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}
Showing posts with label ဇတ်လမ်းတို. Show all posts
Showing posts with label ဇတ်လမ်းတို. Show all posts

Sunday, 18 September 2011

“တစ်ဘ၀လုံးအတွက်ညစာတစ်နပ်”

“အတိတ်၏မွေနှစ်များထဲတွင်အဖိုးတန်ဆုံးအရာမှာ
အတွေ့အကြုံပင်ဖြစ်သည်အတွေ့အကြုံကိုစာနှင့်သင်၍မရ..
ငွေနှင့်ဝယ်၍မရ.ဘ၀နှင့်ကာလဖြင့်သာရင်းနှီုးယူရပေသည်
ပင်ပန်းမှု့များလည်းစိုက်ထည့်ခံခဲ့ရပေဦးမည်..
ခံစားမှု့များလည်းဘေးထွက်ပစ္စည်းအဖြစ်..
ပေါ်ထွက်ခဲ့ပေမည်..သို့ရာတွင်ကုန်ချောဖြစ်သော
အတွေ့ကြုံမှာကား..သုံးတက်လျှင်(ပြဒါးရှင်လုံးပင်ဖြစ်ပေသည်)..”
….။ 29/08/2006.ဒိုင်ယာရီမှ။….
။………………………………………………………………………………။
“ဟေကောင်.ချက်ဆူ.ကြက်ကြီးပိုက်ပြီးဘယ်သွားမလို့တုန်းဟ”
“ရေထိုးဆိုင်ကိုကြက်သွားပေါင်မလို့လေ ညတုံးကငါထိသွားတာလေးဒီညပြန်သွား
ဖန်ရမယ်ကွ”..“ဟေမင်းဟာကလည်းကွာပစ္စည်းတွေပေါင်တာပဲကြားဘူးပါတယ်မင်း
ကြမှကြက်ပေါင်ရတယ်လို့”..“အေးဟုတ်တယ်ကွ.ရေထိုး.ကငါကြက်ကိုကြိုက်နေ
တာခွပ်လက်ချပီးသားလေကွာ.ဒီကောင်ကအပြီးရောင်းရင်8000ပေးမယ်ပြောတာ
ငါနှမျောလို့အပြီးမရောင်းတာသုံးရက်နဲ့ပြန်မရွေးနိုင်ရင်အဆုံးလေ..ဒါနဲ့မင်းရော
ညတုံးကအခြေအနေဘယ်လိုလဲ..”..“ခွီးပါပဲကွာ.ရှုံးလိုက်တာမှခွက်ခွက်လန်ပဲ.
ဘုရားပွဲကြရင်သုံးဖို့စုထားတာလေးတွေ.အကုန်ပါတာပဲ.အဲ့ဒိဘိုးတော်နဲ့ငါနဲ့
အကြိုးကိုမပေးပါဘူးကွာ..သူမသေခင်ကတဲကငါနဲ့ရန်ခဏခဏဖြစ်နေတာ”
“ဟဟ.ဘာမှလဲမဆိုင်ဘူးသေတဲ့သူကိုတောင်အပစ်မြင်နေသေးတယ်
ဒီည.အသုဘရက်လည်နောက်ဆုံးညနော်.မင်းလာအုံးမှာလား”
“လာစရာလမ်းစရိတ်မရှီတော့ပါဘူးကွာ.မင်းလိုဖန်စရာလည်းကြက်လည်းမရှီဘူးဟ
အိမ်ကစပါးကျီလဲငါဖန်ရပါများလို့ အထဲကကြွက်တွေတောင် ဗိုက်ဟောင်းလောင်းနဲ့
ကျွမ်းထိုးနေကြလောက်ပြီ.”. “အေးပါကွာ.ငါကတော့ဒီကြက်လေးနဲ့ပဲအရင်းအနှီုးလုပ်ပြီး
အရင်က အရှုံးလေးဒီညသွားပြန်ရှာလိုက်အုံးမယ်..လစ်ပီကွာ.”. “အေးအေး”
ကြက်လေးပိုက်ပြီး .ကိုရေထိုး..အရက်ဆိုင်သို့သုတ်ခြေတင်သွားသောချက်ဆူရဲ့ကျောပြင်
ကိုငေးကြည့်ရင်း ကျွန်တော်ညတုံးက ဖဲဝိုင်းမှာရှုံးခဲ့သောငွေများကိုမြင်ရောင်လာမီတယ်.၁၅၀၀၀..
ဆိုသောငွေဟာကျွန်တော့အတွက်တော့ မနည်းသောငွေပေါ့..ထိုငွေကိုကျွန်တော်ဘယ်လိုနည်းနဲ့
ပြန်ရအောင်ရှာရမလဲ တွေးနေမီသည်..။။
။.............................................................................။

..“အမေ..အဖေ့ကိုမတွေ့ပါလားဘယ်သွားတုံး”
မီးဖိုချောင်ထဲမှာအလုပ်ရှုပ်နေသော
အမေကိုလှမ်းမေးလိုက်တယ်.“မသိပါဘူးသားရယ်..အပြင်ခဏဆိုပြီးထွက်သွားတာပဲ”
အိမ်ကျမ်းပြင်ပေါ်မှာကျောခင်းရင်းအိမ်တွင်းသို့ ကျွန်တော်လှည့်ပတ်ကြည့်နေမီတယ်
ချက်ဆူကမှကြက်ပေါင်စရာရှီသေးတယ်ကျွန်တော်တို့အိမ်မှာပေါင်းစရာနှံစရာ
ဆိုလို့ဘာတစ်ခုမှမရှီ..အမေ့ဆီမှာငွေတောင်းပြန်ရင်လည်းမရှီမှာသေချာသည်..
အဲ့ဒိအချိန်ကျွန်တော့်မျက်လုံးကဘီဒိုပေါ်မှ..အမေ့ရဲ့ စုဘူးလေးကိုသွားတွေ့လိုက်
တယ်..အမေ့မှာအပ်ချုပ်စက်လေးတစ်လုံးရှီတယ်.အမေကအဲ့ဒိအပ်ချုပ်စက်
လေးနဲ့သူအားတဲ့အချိန်တွေမှာကလေးင်္အကျီလေးတွေ...ခေါင်းအုံးစွတ်လေးတွေ
ချုပ်.ချုပ်.ပြီး.ရောင်းတယ်.ရသမျှငွေတိုငွေစလေးတွေကိုအဲ့ဒိစုဘူးလေးထဲမှာ
ထည့်ထည့်ထားတယ်..အမေ့ရဲ့စိတ်ကူးကသူ့ရဲ့ချွေးနည်း စာလေးနဲ့ကျွန်တော်ကို
ရှင်ပြုပေးချင်လို့ပေါ့..အခုဆိုအမေစုစုထားတာတောင်တော်ကြာနေပြီ…
ကျွန်တော့်လက်တွေ ကတုန်ကယင်နဲ့အမေ့ရဲ့စုဘူးလေးကိုလှုပ်ကိုင်လုပ်ကြည့်
မိတယ်စုဘူးလေးထဲမှာငွေကပြည့် နေပုံရတယ်ဘောင်ခတ်သံတောင်မကြားရ…
မလုပ်သင့်ဘူးဆိုတာသိနေပေမယ့်လည်း..ကျွန်တော်အတွေးအာရုံထဲမှာ..
ရှုံးသွားတဲ့ငွေ.15000.ကိုပဲမြင်ရောင်နေမိတယ်....(“ငါဖဲနိုင်မှပဲအမေ့စုဘူးလေး
ထဲပြည့်သိပ့်နေအောင်ပြန်ထည့်ပေးတော့မယ်..သားကိုခွင့်လွတ်ပါအမေ့.”)
.စုဘူးလေးကိုရင်ထဲမှာတင်းကျပ်စွာပွေ့ပိုက်လို့.အိမ်ပေါ်ကနေအသံတိတ်ပြန်အ
ဆင်းမှာ…“သားရေ.. မင်းအဖေအိပ်ကပ်ထဲ
မှာငွေ..8000..ရှီတယ်အဲ့တာယူပြီးဒေါ်နှင်းရီတို့ဆိုင်ကဆန်တစ်အိပ်သွားဝယ်ပေးပါ
အုံး..လိုတဲ့ငွေကိုအမေနောက်ရက်မှလာပေးမယ်လို့ပြောလိုက်နော်..”
အမေ့ကတော့ကျွန်တော်ရဲ့လုပ်ရပ်တွေကိုဘာမှမသိရှာပဲမီးဖိုချောင်ထဲမှနေလှမ်းပြော
လိုက်တယ်..“ဟုတ်..ဟုတ်..ကဲ့အမေ..သားဒီညအိမ်ပြန်နည်းနည်းနောက်ကျမယ်နော်”
“အေးအေး..သိပ့်ညဥ့်နက်အောင်လုပ်မနေနဲ့သားရယ်.စောစောပြန်လာခဲ့.”
“ဟုတ်ကဲ့ပါအမေရာ.ထမင်းစားအမှီပြန်လာမှာပါ.”
.။…………………………………………………………။

“လာဟေ့..ဒုဒု.တစ်ဝိုင်းလိုနေတာအတော်ပဲကွာ..ပိုက်ဆံရောပါ၇ဲ့လား
ရှိုးမန်းဒီးပြအုံးနော်..ဟဲဟဲ..”
“ဟေ့ကောင်..သာကူ..တောသားပါးစက်ကဘိုလိုမမှုတ်နဲ့ အာပုတ်စော်နံ
တယ်.ပိုက်ဆံမရှီရင်အိပ်ကထွက်မလာဘူးကွ.ဟောဒိမှာ.တွေ့လား.”
ဘုတ်ခနဲ့ မည်အောင်အမေ့ရဲ့ စုဘူးလေးထဲမှရခဲ့သောငွေ30000ကျော်ကိုဖျာကျမ်းပေါ်
ပစ်ချလိုက်တယ်.“ဒါမျိုးမှ..သာကူ..တိုကကြိုက်တာကွ.စလိုက်ကြဆို့သူငယ်ချင်းရေ့.”
လောဘ.သားတို၏စိန်ခေါ်သံ..ကအိမ်ပေါ်မှ.ကျန်ရစ်သူမီသားစုရဲ့..ပူဆွေးသော
ကသံများကို.ဖုန်းလွှမ်းသွားလေတော့သည်..လက်သံတွေတစ်ဖြောင်းဖြောင်း
လောဘ နံ့တွေတစ်ထောင်းထောင်းနဲ့.ဆော့ကစားလာလိုက်တာ..ကျွန်တော်အိပ်
ကပ်လေးကတော့..နှဲသမားပါးတွေလို..ပိန်လိုက်ဖောင်းလိုက်ပေါ့…နောက်ဆုံးမှာ
အမေ့ရဲ့စုဘူးလေးထည်းကငွေ30000ကျော်ကတော့………
“ဟေ့..ဒုဒု..ကုန်ပြီလားကွ..ကုန်ရင်လည်းပြန်တော့ကွာ.နောက်မှာဝင်မည့်သူတွေ
တန်းစီနေတယ် တွေ့တယ်မဟုတ်လား.”.ကျွန်တော်ခါးကြားမှ.ကျစ်ကျစ်ပါအောင်
လိပ့်ထည့်ထားသော.အမေဆန်ဝယ်ခိုင်းလိုက်တဲ့..ပိုက်ဆံ.8000.စီသို့လက်ရောက်
သွားလေသည်.( မနက်ဖန်ညစာအတွက်ဆန်မရှီတော့ဘူး)ဆိုတဲ့အမေ့ရဲ့စကားသံ
ကထပ်ခါထပ်ခါကြားရောင်နေမိတယ်သို့သော်လည်း..ကျွန်တော်.ဆင်ကန်းတော့
တိုးလေပြီ..ကျွန်တော်မျက်လုံးထဲမှာ..၀ိုင်းထဲမှ.ပိုက်ဆံတွေကလွဲပြီးဘာကိုမှမမြင်
ရတော့..“ဒါနောက်ဆုံးလက်ကျန်ပဲကွာ.ဒါကုန်ရင်ငါပြန်မယ့်..ဒီတစ်လှည့်
အကုန်ထိုးတယ်ကွာ.”..ကံဆိုးမတို့သွားရာမိုးလိုက်လို့ရွာလေပြီ.ရာသီဥတုက
ကိုယ့်ဘက်မှာမရှီ..ရှီတာတွေကတော့အကုန်လုံးပြောင်သွားလေတော့သည်..။

။…………………………………………………………..။

“ကိုရေထိုး..ကျုပ်ကိုအရက်နှစ်လုံးလောက်အကြွေးရောင်းပါအုံးဗျာ”
ဆိုင်သိမ်းရန်ပြင်ဆင်နေသော.ကိုရေထိုးအားကျွန်တော်လှမ်းပြောလိုက်တယ်
“လုပ်ပြန်ပြီ..ဒုဒု..ရာ ငါအကြွေးမရောင်းတာမင်းသိရဲ့သားနဲ့ကွာ”
“အကြွေးမရောင်းရင်.ဟော့ဒီ့မှာကျုပ်င်္အကျီယူထားလိုက်အသစ်ကြီးရှီသေးတာ
600လောက်တော့တန်သေးတယ်.မကျင်နပ်ရင်ပုဆိုးပါချွတ်ယူလို့ရသေးတယ်ကျုပ်
ကတော့ဒီညအရက်မူးအောင်သောက်ရမှဖြစ်တော့မှာ.”
ပြောပြောဆိုဆိုပုဆီုးချွတ်ရန်ပြင်စဉ်နေသောကျွန်တော်အား“ပုဆီုးတော့မယူပရစေနဲ့တော့ကွာ
မင်းအပြန်ခွေးလိုက်ဆွဲခံနေရအုံးမယ် င်္အကျီတော့ယူထားလိုက်မယ်မင်းလာပြန်ရွေးအုံးနော်ဟဲဟဲ.”.
.“ဟုတ်ကဲ့ပါဗျာ”အကြွေးမရောင်းပါလို့ထုံးဖြူဖြူနဲ့ရေးထားသော.ရေထိုးရဲ့..ဆိုင်ပုဒ်ကို.င်္အကျီတစ်ထည့်
နဲ့ မျက်ကွယ်ပြုရင်း..အရှေ့ရောက်လာသောအရက်နှစ်လုံးအား..ရှေ့ဆင့်နောက်ဆင့်မှော့သောက်ဖြစ်
လိုက်လေတော့သည်..ဆီုးရွားလွန်းသောအနံ့အသက်နင့်.အ၀င်ဆိုးသော.အရည်ကြည်ကြည်များက..
ဖဲရုံး၍တင်းခံနေသော.ကျွန်တော်ရင်ဘက်ထဲက.အလုံးကြီးအားပြေလျှောစေခဲ့တယ်.
.ခေါင်းထဲမှငြီစီစီအတွေးများလည်း.ကြက်ပြေးငှက်ပြေးပြေးထွက်လို့..ရေထိုးဆိုင်ကအပြန်..
အရက်ရဲ့အရှိန်တန်ခိုးနဲ့ရွာလယ်လမ်းမကြယ်ကြီး.ကျွန်တော်တစ်ယောက်ထဲ
အပိုင်သိမ်းပိုင်းရင်းးကမ္ဘာကြီးကပဲ ပတ်ချာလည်နေတာလား..ကျွန်တော်ခေါင်းကပဲ
ပတ်ချာလည်နေတာလား.ကျွန်တော်မသိတော့.ခြေတစ်လှမ်း လှမ်းလိုက်တိုင်းမှာ
မဟာပထ၀ီမြေကြီးကတစ်ပေလောက်ကျွံကျွံကြလျှက်..အမျင်အာရုံနဲ့ဥုံးနှောက်တွေက
ဦးတည်ရာမဲ့နေကြပေမယ့်လည်း..ကျွန်တော့်ရဲ့ခြေမျက်စေ့တွေကတော့..
အိမ်ပြန်လမ်းကိုအလွတ်ရနေကြပြီလေ..
။……………………………………………………….။

ဘယ်အချိန်မှာ ဘယ်လောက်ထိ ဘယ်လိုအိပ်ပျော်သွားခဲ့တယ်မသိ.
ကျွန်တော်အိပ်ယာနိုးတော့.နေပင်အတော်စောင်းနေသည်..မျက်လုံးနှစ်လုံးစဖွင့်လိုက်ကတည်းက.
အသိအာရုံထဲကိုပထမဆုံးအပြေးအလွှားဝင်ရောက်လာတာက..အမေ့ရဲ့စုဘူးလေး.နဲ့
အမေ၀ယ်ခိုင်းလိုက်တဲ့ဆန်ဖိုး…အလားကားရတဲ့လေကို ပင်ပင်ပန်းပန်းရှိုက်ရှုရင်း
ဘေးပက်ဝန်းကျင်ကိုလှည့်ပက်ကြည့်လိုက်မိတယ်..အိမ်ခန်းထောင့်ချိုးတနေရာမှာ.
မနေ့ကကျွန်တော်ခြံအပြင်ဘက်မှာ..ပစ်ချထားခဲ့သောသူ့ရဲ့.စုဗူးလေးကို.
ပွေ့ပိုက်ကာ.ငိုကြွေးနေတယ်..အဖေကတော့..အိမ်ရှေ့အဝေးတနေရာကိုမျှော်ငေး
လျှက်ညိမ်သက်စွာထိုင်နေတာကိုတွေ့လိုက်ရတယ်..“အဖေနဲ့အမေ.သားအမှားကြီးမှားသွားမိတယ်.
.သားကိုအပြစ်ပေးပါအဖေ”အဖေကျွန်တော်ဘက်ကိုအေးဆေးတည်ညိမ်စွာငှဲစောင်းကြည့်ရင်း.
.“သားကိုအဖေမှားတယ်လို့မပြောသေးဘူးနော်..”..“အဲ့ဒီလိုမလုပ်ပါနဲ့အဖေ.သားကိုကြိုက်သလောက်ရိုက်ပါ
ဆုံးမပါ.သားခံယူပါ့မယ်.”.“သားကိုအဖေတစ်ခု ဥပမာပေးမယ်နော်
ခွေးကိုက်ခံရလို့ကိုက်တဲ့ခွေးကိုသက်ပစ်လိုက်ယုံနဲ့ခွေးသာသေသွားမယ်.
ခွေးကိုက်ခံရတဲ့ဒဏ်ရာကတော့ပျောက်မှာမဟုတ်ဘူးသား..အဖေအခုစဉ်းစားနေတာက
သားဟာ ဟော့ဒိအဖေဟော့ဒိအမေကနေမွေးလာတဲ့သား.အဖေတို့အမေတို့ရဲ့သွေး
သားအစိတ်အပိုင်းပဲလေ..သားအမှားလုပ်ရင်အဖေတိုလည်းမှားနေတာပဲ.သားအမှန်တွေလုပ်ရင်
အဖေတို့လည်းမှန်နေတာပဲ.အခုသားလုပ်ရပ်ကို.သားကိုယ်တိုင်ကမှားသွား
တယ်ဆိုရင်..အဖေတို့ရဲ့..ဆုံးမသွန်သင်ညံဖြင်းမူ့ကြောင့်မှားတာပဲမဟုတ်လား
သားမနေ့ကယူသွားတဲ့သားအမေရဲ့စုဘူးလေးကဘာလုပ်ဖို့အတွက်ဆိုတာသားသိတယ်နော်..”.
.“ဟုတ်ကဲ့သားသိပါတယ်အဖေ.”..“အေး..သားအမေပေးလိုက်တဲ့..ငွေ8000
ကလည်းဒီနေည.စာအတွက်ဆန်ဖိုးဆိုတာသားသိတယ်နော်..”..ကျွန်တော်အဖေကို
ခေါင်းညိပ့်ပြလိုက်တယ်…“အဲဒိတော့သားပြောတဲ့အမှားအတွက်.သားရဲ့အဖေနဲ့
အမေဖြစ်သူက.မျှဝေခံစားရမှာပေါ့.ဒီနေ့ညစာ မစားကြပဲသားရဲ့အမှားကိုအဖေတို့
မျှဝေခံစားကြမယ်.”.“ဗျာ..အဲလိုမလုပ်ပါနဲ့အဖေ.မှားတာကသားပါသားရဲ့အပစ်ကို
သားပဲခံယူပါ့မယ်.အဖေနဲ့အမေကိုသားကတိပေးပါတယ်.သားနောက်ကိုဖဲလုံးဝမရိုက်
တော့ပါဘူး.”..“မဟုတ်သေးဘူးသား.သားမှန်တယ်ထင်လို့လုပ်ခဲ့တာမဟုတ်လား.
ကဲမှားတယ်ပဲထားပါတော့.သားဘာဖြစ်လို့အဖေနဲ့အမေကိုပဲ ဂတိပေးရတာလည်း
.အဖေနဲ့အမေကအသက်ကြီးနေပြီ အဖေတို့ကနောက်နေရ..10နှစ်ပေါ့.အဖေတိုကိုပဲ
ဂတိပေးတယ်ဆိုင်ရင်.အဖေတို့မရှီတော့တဲ့နောက်ပိုင်းမှာ.အဲဒိ ဂတိကို..သားတည်စရာ
မလိုတော့ဘူးပေါ့.အဖေလိုချင်တာက..သားမှားသွားတယ်ဆိုရင်.အဲဒိအမှားမျိုးနောက်မဖြစ်စေရဘူး
လို့သားကိုယ်သားဂတိပေးတာမျိုးပဲ.အဖေ.လိုချင်တာ..အမှားကိုသိရင်အမှန်ကိုပြင်နိုင်
ရမယ်.ရှီသမျှပစ္စည်းဥုစ္စာတွေဆုံးရှုံးသွားရင်.တောင်ဘာမှမဖြစ်သေးဘူး.ပစ္စည်းဥုစ္စာဆိုတာ..
လူမသေမချင်းပြန်ရှာလို့ရတယ်.အေး..ဒါပေမယ့်.ယောင်္ကျားတစ်ယောက်ရဲ့ ဂတိ
သစ္စာနဲ့.အကြင့်သိပ္ခါဆုံးရှုံးသွားပြီဆိုရင်တော့..တစ်ဘ၀စာလုံး..ပြန်ပြူပြင်ဖို့ခက်ခဲလွန်းသွားပြီ..”.
.အဖေ့ရဲ့ဆုံးမသွန်သင်မှု့တွေကကျွန်တော်ရင်ထဲနှလုံးသားထဲမှာလှံသွား
တစ်ချောင်းလိုစူးနစ်စိုက်ဝင်နေသည်..အမေကတော့..ဘာတစ်ခုမှဝင်မပြောပါ.
ကျွန်တော်ဝမ်းနည်းလွန်းလို့မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေမိတယ်..
“သားကိုယ်သားဂတိပေးလိုက်ပါပြီအဖေ..သားအဖေဖြစ်စေချင်တဲ့.ယောင်္ကျားတစ်
ကောင်းတစ်ယောက်ဖြစ်အောင်..ကြိုးစားသွားပါမယ်.”အဖေဘာမှဆက်မပြောတော့ပဲ
နုတ်စိတ်ညိမ်သက်သွားလေသည်..ကျွန်တော်အမေ့နားကိုတိုး၍အမေ့ကိုသိုင်းဖက်
လိုက်ရင်း.“သားကိုခွင့်လွတ်ပါအမေ”..“ရပါတယ်သားရယ်.သားကိုယ့်သား
ဂတိပေးတယ်ဆိုင်ရင်ပဲ.အမေကျင်နပ်ပါပြီ.”..အိမ်ကလေးထဲမှာတော့ကျွန်တော်ရဲ့
နောင်တမျက်ရည်နှင့်ငိုရှိုက်သံတွေလွှမ်းခြုံလျှက်………………
အဲ့ဒီည..အဖေကတော့သူ့ ဂတိအတိုင်းညစာမစားပဲနေလိုက်ပါတော့သည်..
အဖေပေးခဲ့တဲ့ညစာတစ်နပ်ရဲ့သင်ခန်း
စာက.ကျွန်တော်..ဘ၀တစ်ခုလုံစာအတွက်.လုံလောက်သည့်..ညစာတစ်နပ်ပင်
မဟုတ်ပါ့လား….။။။။။…



....ဆက်လက်..ကြိုးစားပါအုံးမည်..
စာရှုသူအပေါင်းကို ..ထာဝရ..လေးစား..ခင်မင်လျှက်.


(ဒုတိယ)
19/11/2011

Saturday, 18 June 2011

လမ်းဆုံမှာသောက်ဖြစ်တဲ့ ကော်ဖီ

ဒီနေရာ ဒီဆိုင်ရဲ့ ဒီစားပွဲမှာ ထိုင်ရင်း ဒီလောက် ခြောက်ကပ်ကပ် ဖြစ်နေလိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ မတွေးမိခဲ့ဘူး ။ ရင်ထဲမှာ ပြည့်ကျပ်နေတဲ့ သက်ပျင်းတွေကို မှုတ်ထုပ်ဖို့တောင် ကိုယ့်ကို မ၀ံ့မရဲဖြစ်နေမိတယ် ။ သူလည်း ကျွန်တော့လိုပဲ ဖြစ်နေမယ်ထင်တယ် ။ ကျွန်တော့ရှေ့မှာထိုင်နေတဲ့ သူ ပေါ့ ။ သာမန်အားဖြင့်တော့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါပဲ ။ သူနဲ့ကျွန်တော်နဲ့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ထိ ဒီထိုင်ခုံလေးမှာထိုင်ပြီး စကားတွေအများကြီးပြောဖူးသေးတယ်။ အခုတော့ ကျွန်တော်တို့ နှစ်ယောက်ကြားက တိတ်ဆိတ်ခြင်းတွေပဲ ခပ်ပါးပါး လွမ်းခြုံထားတဲ့ သံစဉ်မဲ့ လေထုတစ်ခုက လွမ်းမိုးနေပါသည် ။

ကျွန်တော်လည်း ရှေ့စားပွဲပေါ်က ပန်ကန်ခွက်ယောက် တွေကိုကြည့်ပြီး ဟိုတွေးဒီတွေးပေါ့ ။
“ပန်းကန်ခွက်ယောက် ဆိုတော့ ပန်းကန်ရယ် ခွက်ရယ် … အဲဒါတော့ဟုတ်ပါပြီ ယောက် ဆိုတာကရော … အိုးတွေမွှေတဲ့ ယောက်မ ကို ပြောတာလား ဒါမှမဟုတ် ဟင်းရည်ခက်တဲ့ ယောက်ချိုဇွန်း လား … သေချာတာကတော့ အဲ နှစ်မျိုးလုံး စားပွဲပေါ်မှာမှ မရှိတာ … ဒါဆို ပန်းကန် ခွက် လို့ပဲပြောရမယ် ထင်ပါ့..”

ဟိုတွေးဒီတွေးနဲ့ပဲ သူမကို ငေးကြည့်မိပြန်တယ် …. တစ်ပတ်အတွင်းမှာပဲ ပြောင်းလဲသွားတာလား ဒါမှမဟုတ် သတိမထားမိတာပဲ ကြာသွားတာလားတော့မသိ … သူမ နည်းနည်းတော့ ပိန်သွားသလိုပဲ … သူရဲ့ပါးလေးတွေတောင် အရင်လောက် မဖောင်းတော့သလိုပဲ … ပါး ဆိုမှ ဆက်ပြီးတွေးမိတော့ နည်းနည်းတော့ ရင်ခုန်သလိုလို …. တစ်စုံတစ်ရာ ဆုံးရှုံးမှုအတွက် နှမျောမိသလိုလို ….။

“………………………………..”
သူမ ပြောတဲ့ တစ်စုံတစ်ရာ သို့မဟုတ် ၀ါကျတစ်ကြောင်းက ကျွန်တော့နားထဲ ကိုးလိုကန့်လန့် တိုးဝင်လာပြန်တယ် ။ အဲလို စကားမျိုးက အခုပြောတာ ဒုတိယ အကြိမ်မြောက်ပေါ့ … ပထမအကြိမ်ကတော့ မနေ့က ညက ဖုန်းထဲမှာပဲ ။ စကားလုံးတွေ အတိအကျမမှတ်မိပေမယ့် အဓိပ္ပာကိုတော့ သေသေချာချာသိပြီးသားပါ ။ အရင့်အရင်က ပြောနေကျ စာသားတွေရဲ့ ဆန့်ကျဘက် စကားမျိုးပါ … ။

ခံတွင်းနည်းနည်းချဉ်သလို ဖြစ်လာတာနဲ့ ဆေးလိပ်တစ်လိပ်ထုပ်လိုက်ပြီးမှ သတိတရနဲ့ သူကိုကြည့်မိသေးတယ် ။ ပြီးမှ ကိုယ့်စိတ်ကိုယ် မကျေမနပ် ကျိန်ဆဲမိသေးတာပေါ့ … ဟုတ်တယ်လေ သူ ဆေးလိပ်သောက်တာ မကြိုက်ဘူးဆိုတာကို တွေးမိလိုက်တာကိုး … ။ ကိုင်ထားတဲ့ဆေးလိပ်လည်း မီးမညှိချင်တော့တာနဲ့ ရှေ့က ကော်ဖီကို တစ်ငုံ သောက်လိုက်တယ် ။ ထုံးစံအတိုင်းပါပဲ အေးစက်စက် ခါးသက်သက် ။ ဒါပေမယ့် အခြေအနေချင်းကတော့ ကွာသွားတာသေချာပါတယ် ။ ဟိုအရင်အချိန်တွေတုံးက နှစ်ယောက်အတူတူ ပတ်ဝန်းကျင်တွေမေ့အောင် စကားတွေပြောဖြစ်လို့ ကော်ဖီခွက်က အေးသွားတာ ၊ အခုကျတော့ …. ပတ်ဝန်းကျင်မေ့အောင် တိတ်ဆိတ်လွန်းလို့ ။

တိတ်ဆိတ်မှုဒဏ်ကို ဘယ်လိုမှ မခံနိုင်တော့တာနဲ့ ချောင်းတစ်ချက်ဟန့်လိုက်တယ် ။ တိုက်တိုက်ဆိုင်ဆိုင် သူ့စီကလည်း ချောင်းဟန့်သံ တစ်ချက်ထွက်လာတယ် ။ အော် … သူလည်း ကျွန်တော့်လိုပဲ ဖြစ်နေမယ်ထင်တယ် ။ ၀တ္တရားအရလိုပဲပြောရမလား … မေးနေကျမေးခွန်းလို့ပဲပြောရမလား … ဘာဖြစ်လို့လဲ … ဘာကြောင့်လဲ … ဆိုတဲ့ မေးခွန်းတစ်ချို့ကို သူ့ကိုမေးမိပြန်တယ် ။ သူကတော့ဘာမှပြန်မဖြေပဲ ခေါင်းပဲ ယမ်းနေတာပဲ … ။ ဘာမဆိုင်ညာမဆိုင် “ချစ်အားငယ်ရသူ” ဆိုတဲ့ သီချင်းကို သွားပြီး သတိရလိုက်သေးတယ် ။
“မောင်တို့ ယောက်ျားမှာကွယ် စိတ်အားငယ်တတ်သူမို့ ချစ်အားငယ်ရသူပါကွယ်” လို့ စိတ်ထဲက ဆိုမိသေးတယ် စာသားတော့မှန်မှာမဟုတ်တာသေချာတယ် အဲသီချင်းကို တစ်ခါ နှစ်ခါ ကြားဖူးတာ ဘယ်နားမှာ ကြားဖူးမှန်းလည်းမသိ ဘယ်သူဆိုမှန်းလည်းမသိ ။ ကျွန်တော်တို့ ၂ ယောက်လည်း ဘာမသိ ညာမသိနဲ့ ချစ်သူတွေဖြစ်ခဲ့ပြီး အခုလည်း ဘာမှမသိတဲ့ တစ်စိမ်းတွေပြန်ဖြစ်အုံးမှာပေါ့ ။
“သူငယ်ချင်းတွေပဲပေါ့ နော်”
သူမပြောတဲ့ စကားတစ်ခွန်းပေါ့ ။ စားပွဲပေါ်ချထားတဲ့ ဆေးလိပ်ကို မီးညှိရင်းနဲ့ပဲ ကျွန်တော် ခေါင်းယမ်းပြလိုက်တယ် ။
“သူစိမ်းတွေပါ”
ဟုတ်တယ်လေ … ချစ်သူဘ၀မှာတော့ အကောင်းဆုံးဖြစ်အောင် ချစ်ပေးခဲ့ပြီးပြီး ။ မနေနိုင်လို့ထွက်သွားတဲ့ သူအတွက်တော့ ကျွန်တော်က သူငယ်ချင်းဘ၀နဲ့ ဆက်ပြီး မရပ်တည်ချင်တော့ပါဘူး ။ ဝေးပြီးဆိုမှတော့ အဝေးဆုံးပေါ့ … သွားပြီဆိုမှတော့ တစ်လမ်းစီပေါ့ … လေပြေဖြစ်ခဲ့ရင်တောင်မှ သူ့ကို ဖြတ်မတိုက်မိအောင် …
ရွက်ဝါဖြစ်ခဲ့ရင်တောင် … သူ့အရိပ်ပေါ် ကြွေမကျမိအောင် ပေါ့ ….

စိတ်နာသွားတာလား စိတ်ဆိုးသွားတာလားတဲ့ …. အဆုပ်ထဲမှာရောက်နေတဲ့ မီးခိုးငွေ့တွေကိုမှုတ်ထုပ်ရင်းပဲ ခေါင်းကို ထပ်ပြီး ယမ်းပြလိုက်ပါတယ် ။
“အနှောက်အယှက်တစ်ခု ဖြစ်နေမှာဆိုးလို့ပါ”
ဟန်လုပ်ထားရတာလား တစ်ကယ်ပဲဖြစ်နေတာလား မသိတဲ့ သူမျက်နှာမှာတော့ တိမ်မည်းတစ်ချို့နှင့် မျက်ခမ်းစပ်က ရွာသွန်းတော့မယ့် မိုးစက်တစ်ချို့ …… ။
“သွားတော့မယ်”
နှုပ်ဆက်တာလား အသိပေးတာလား တော့မသိ သေချာတာတော့ ခွင့်တောင်းတာ မဟုတ်တာမို့ ကျွန်တော်လည်း ဘာမှပြန်မပြောဖြစ်ခဲ့ပါဘူး ။ ကျွန်တော်တို့ သောက်ထားတဲ့ ကော်ဖီဖိုး ရှင်းပြီးထသွားတယ် ။ ကျွန်တော်လည်း မတားတော့ပါဘူး ။ အရင်အချိန်တွေလိုပဲ ပိုက်ဆံလုပြီး မရှင်းဖြစ်ပါဘူး ။ ကံကောင်းတယ်ပဲပြောရမလား ကျွန်တော့ အိပ်ထဲမှာလည်း ပိုက်ဆံပါမလားဘူး ။။ ဒီလိုနဲ့ပဲ ကျောခိုင်းသွားလိုက်တာ တစ်လှမ်းချင်းနဲ့ပဲ …
ဒီလက်ဖက်ရည်ဆိုင်လေးသာ လမ်းစုံတစ်ခုဆိုရင်တော့ ကျွန်တော်တို့ ၂ ယောက်က ဆန့်ကျင်ဘက်က လမ်းတွေပေါ်ကို ရောက်သွားခဲ့ပြန်ပြီ …. ။ နောက်တစ်ခါ အမှတ်တမဲ့များ လမ်းမှာတွေ့ရင် ပြုံးပြရမလား မသိချင်ယောက်ပဲဆောင်ရမလားဆိုတာ ဆက်တွေးရင်းနဲ့ ကော်ဖီ ခါးခါးလေးကို တစ်ငုံ သောက်မိပြန်တယ် ။


နေနက်
18/6/2011

Tuesday, 24 May 2011

ကျွန်တော်တို့လည်း တ(ဂ်) ပါသည် ။

အခုတစ်လော ဘလော့ကာတွေ စီမှာ ဗိုင်းရပ် တစ်မျိုးဝင်နေတယ်လို့ မောင်(စွယ်စုံကျမ်း) သတင်းပေးတာနဲ့ ကျွန်တော်လည်း ဘာများလဲလို့ လျှောက်ကြည့်လိုက်တာ ဟုတ်တော့လည်းဟုတ်တာပဲ ။ ဘလော့ကာတိုင်းလိုလို တ(ဂ်) နေကြတာတွေ့တော့ ကျွန်တော် နေနက်နဲ့ ဒုတိယ လည်း အားကျမခံ တ(ဂ်) လိုက်ပါပြီ ။

နေ တ(ဂ်)

1. အစားချင်ဆုံး အစားအစာ = မြောက်ဝင်ရိုးစွန်းက ရေခဲခြစ်။

2. လတ်တလောစားနေတာ = ဦးနှောက် (စာမေးပွဲတွေရှိနေလို့ပါ)။

3. အလိုချင်ဆုံးရေမွှေး = မရှိ (လူကသန့်ပြိးသားဆိုတော့ မလိုဘူးလေ)။

4. သုံးဖြစ်နေတဲ့ဖုန်း = စလောင်းဖုံး(ဟင်းအိုးဖုံးတဲ့ စလောင်းဖုံးပါ) ။

5. အရူးအမူးဖြစ်စေသော အရာ = ပဒိုင်းသီး။

6. နေ့တိုင်းနားထောင်ဖြစ်တဲ့သီချင်း = တရားသီချင်း (ကျွန်တော်တို့ အိမ်နားမှာ အလှူခံတစ်ခုရှိပါတယ်)။

7. အလိုချင်ဆုံးစာအုပ် = စစ်နှင့်ငြိမ်းချမ်းရေး (ဘာသာပြန်) ဆရာမြသန်းတင့် ဘာသာပြန်ထားတာ ၁၂ အုပ်တောင်ရှိတယ်တဲ့ ခေါင်းအုံး လို့ရရုံတင်မဟုတ်ဘူး အောက်မှာပါ ခင်းအိပ်လို့ရတယ် ။

8. အကြားချင်ဆုံးသတင်း = အကြွေးရှင်ရဲ့ နာရေးသတင်း ။

9. နေ့တိုင်းရောက်ဖြစ်တဲ့နေရာ = အိမ်သာ ။

10. အသွားချင်ဆုံးနေရာ = အလှူအိမ် ။

11. အကြည့်ချင်ဆုံး ဇာတ်ကား = ဟိုကား (တစ်မျိုးမထင်နဲ့ ကာတွန်းကား)။

12. ဘယ်တော့မှ မတည်မြဲတဲ့အရာ = အိပ်ထဲက ပိုက်ဆံ ။

13. လတ်တလော အထိတွေ့ဆုံးအရာ = လက်ဖက်ရည်ဆိုင်က အကြွေးစာရင်း ။

14. အပြင်သွားတိုင်းပါတဲ့ ပစ္စည်း = ဖိနပ် ၊ အကျီ ၊ ဘောင်ဘီ … :P

15. ၀ါသနာအပါဆုံး အလုပ် = အိပ်စက်ခြင်း ( တစ်ခါတစ်လေ ဗိုက်ဆာတာတောင် ထမင်းစားပဲ ပေအိပ်နေတာ)။

16. အကြောက်ဆုံးအချိန် = သံချဆေးစားပြီး အိမ်သာတက်ချိန် ။

17. အခင်ဆုံး သူ = ပိုက်ဆံချေးပေးပြီး ပြန်တောင်ရန် မေ့နေသောသူ ။

18. အမုန်းဆုံးအရာ = အိပ်ယာပေါ်က ကြမ်းပိုး ။

19. ပေးချင်တဲ့ သတင်း = နေနက် ပိုက်ဆံပျက်နေသည် ဝေးဝေးရှောင်ကြပါ ။

20. ကြိုက်မိတဲ့ ကဗျာ = အိပ်ချင်သည့်စိတ် ၊ အိပ်သာအိပ် ၊ အိပ်သည့်အခါ ၊ အိမ်မက်လာ ၊ အိပ်ပါလျှက်နဲ့ နိုးရသည် (တာယာမင်းဝေ) ။

ဒု တ(ဂ်)

1. ၀ါသနာပါသော အလုပ်..= လေထဲမှာ တိုင်ဆောက်ချင်း

2. အပျော်ရွှင်ဆုံးအချိန်..= လာစာထုပ်ချိန်

3. အမြဲတန်းစုတောင်းတက်သောအရာ= အပြင်ထွက်တိုင်း ပိုက်ဆံ ကောက်ရပါစေ

4. အနှစ်သက်ဆုံးခံစားမှု့=ကြက်တောင်မွှေးဖြင့် နားကျပ်နေချင်း

5. ကိုယ်နဲ့အမြဲမကွာ ရှီနေတက်တာ=ဘကြီးဘုန်းကြီးပေးထားတဲ့ “ပိယသိဒ္ထိလက်ဖွဲကြိုး” (ယနေ့ အချိန်ထိ မစွံသေးပါ)

6. ဖြစ်ချင်သောဆန္ဒ..= အိုဘားမားရဲ့သမက်

7. စိတ်ညစ်သည့်အခါတိုင်း=ပါးစပ်ဆိုင်းတီးပီး ကနေတက်သည်

8. သူငယ်ချင်းတွေနှင့်ဆုံတိုင်း ပြောလေ့ရှီသည့်စကား..=ငါရေခမ်းနေတယ်ကွာ

9. ရှာဖွေတက်သည့်အရာ..= ..ပေါ..ချောင်…ကောင်း…

10. အကြိုက်ဆုံးအစားအစာများ=အရက်ဆိုင်ကအမြီး(တစ်ခါတစ်ရံ တကူးတကသွားစားလေ့ရှီသည်)

11. စိတ်နေသဘောထား..= သဘောကောင်းတယ် စိတ်ဆက်တယ်(အကြွေးတော့မဆပ်ဘူး)

12. မသွားချင်သည့်နေရာ= သုသန်

13. အမြဲရောက်သည့်နေရာ..= အပေါင်ဆိုင်

14. အကြိုက်ဆုံးဆောင်ပုဒ်=“ အစားလွန်တော့ ဗိုက်ဝ” “အအိပ်လွန်တော့ အိမ်မက်လှ” “အလုပ် လွန်တော့ ကျွန်ဖြစ်”

15. သူငယ်ချင်းများအတွက်စကားလက်ဆောင်=ကြက်သရေမင်္ဂလာအပေါင်းနဲ့ခါးညောင်း လို့ဒူးချောင် အရင်းပြောင် လို့ ဖွတ်တက်ကြပါစေ…



ဒုတိယ/နေနက်

Monday, 23 May 2011

မေးချင်တာမေး ဖြေချင်တာဖြေ ....

မေး ။ ။ ခင်ဗျားကဘာလည်း

ဖြေ ။ ။ လူ

မေး ။ ။ ဒါဆို ဘာပညာတွေတတ်လဲ…

ဖြေ ။ ။ ခလုပ်မတိုက်အောင်လမ်းလျှောက်တတ်တယ် လှေကားတွေ့ရင် နင်းသွားတယ် ဘောလုံးတွေကန် ကန်ထုပ်တယ် ဖုန်ထူနေရင် မျက်စီမှိတ်ထားတယ် အရပ်ရှည်တဲ့ လူရှေ့
ခေါင်းငုံသွားတယ် အရပ်ပုတဲ့သူဆို ခေါင်းခေါက်တယ်

မေး ။ ။ ခင်ဗျားဘာတွေလုပ်လဲ

ဖြေ ။ ။ အမှောင်ထဲမှာ မှန်ကြည့်တယ် မျက်ချေးတွေမြင်မှာစိုးလို့…

မေး ။ ။ ဒီလိုအောင်မြင်အောင် ဘယ်လိုကြိုးစားခဲ့လည်း

ဖြေ ။ ။ တစ်သက်လုံး ကိုယ့်ဓါတ်ပုံပဲ ကိုယ်ကြည့်တယ်…

နောက်ပြီး ရှေ့မှာလူရှိရင် ဖိနပ်တက်နင်းတယ် နောက်မှာ ပါလာရင် လေလည်လိုက်တယ်…

မေး ။ ။ ရေရှည်အတွက် ဘာတွေစီမံထားလဲ…

ဖြေ ။ ။ ထိုင်ခုံကောင်းကောင်းတစ်လုံးကို ဘယ်သွားသွားထမ်းသွားတယ်

မေး ။ ။ အချစ်ကို ဘယ်လိုနားလည်လဲ

ဖြေ ။ ။ ကမ္ဘာပေါ်က အကောင်းဆုံး စီးကရက်တစ်လိပ်လိုပဲ ဘယ်လောက်အရသာရှိရှိ အစီခံရောက်ရင်တော့ လွှင့်ပစ်လိုက်ရတာပဲ…

မေး ။ ။ အိမ်ထောင်ရေးကိုရော…

ဖြေ ။ ။ စောနက လွှင့်ပစ်လိုက်တဲ့ အစီခံပါ

မေး ။ ။ ဒါနဲ့ ခင်ဗျားကြောကုန်းက ခြေရာတွေက

ဖြေ ။ ။ အော် ဒါလား…. မှောက်လျှက်ပြုတ်ကျတုံးက လှေကားထင်ပြီးနင်းသွားတာ…

မေး ။ ။ ရင်ဘက်ကခြေရာတွေကရော

ဖြေ ။ ။ လိမ့်နေတုံးက ဘောလုံးထင်ပြီး ကန်သွားကြတာ


မေး ။ ။ ခင်ဗျားရဲ့ အနာဂတ်ကို ဘယ်လိုမြင်လဲ…

ဖြေ ။ ။ ဘလပ်ကော်ဖီတစ်ခွက်လိုပါပဲ သကြားများရင်ချိုမယ် ကော်ဖီများရင်တော့ ခါးမှာပေါ့ ဒါပေမယ့် ကော်ဖီမကုန်မချင်း ခွက်အောက်ခြေကိုမြင်ရမှာ
မဟုတ်ဘူး

မေး ။ ။ စကားလက်ဆောင်ပေးအုံးမလား

ဖြေ ။ ။ ခင်ဗျားလဲ မျက်ချေးထွက်နေတယ်

မေးသူ ။ ။ ဟဟဟ ခင်ဗျား တစ်ကယ်လူ အစစ်ပဲ တစ်ခါတစ်လေလောက် အလင်းရောင်ရှိတဲ့အချိန် မှန်ထုပ်ကြည့်ကြည့်ပါအုံး….။ ။


နေနက်
8/7/2010


Friday, 25 March 2011

Typing Error

“အစ်ကိုတို့ဗျာ …… အစ်ကိုတို့ဗျာ …..”
ကျွန်တော်တို့ ထိုင်နေသော လက်ဖက်ရည်ဆိုထဲသို့ သံချောင်းတစ်ယောက်ဝင်လာရင်း ပြောချင်တာတွေ များနေသောကြောင့်ထင်ရသည် ။ စကားမဆက်ဖြစ်ပဲ ကျွန်တော် ငှဲ့ထားသော ရေနွေးခွက်ကို ကောက်မော့လိုက်သေးသည် ။ သံချောင်းဆိုတဲ့ကောင်လေးက ကျွန်တော်တို့ အဖွဲထဲမှာ အသက်အငယ်ဆုံး ။ သူ့ကို အသက်ငယ်တယ်လို့ပြောလို့ ကျွန်တော်တို့ကိုလည်း အသက်ကြီးတယ်လို့မထင်နဲ့အုံး အခုမှ ၃၅ ကျော်ခါစ လူပျိုလေးတွေပါ ။ ဒီကောင်လေးက ကျွန်တော်တို့နဲ့ ခင်တာမကြာသေးပေမယ့် ကျွန်တော်တို့ တစ်ဖွဲလုံးက ညီလေး တစ်ယောက်ကို ချစ်နေကြတာ … ။ သံချောင်းက အရမ်းဆင်းရဲ့တဲ့သူမဟုတ်ပေမယ့် ချမ်းသာတဲ့သူလည်း မဟုတ်ဘူး ပုံမှန်အသင့်အတင့်ပေါ့ ။ ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီးဖွင့်ထားတဲ့ အင်တာနက်ဆိုင်မှာ လာလာသုံးရင်းနဲ့ ခင်သွားတာပါ ။ ကျောင်းပြီးကာစ ယောင်ချာချာနဲ့ ဘာလုပ်ရမှန်းမသိသေးတဲ့ ကောင်လေးတစ်ယောက်ပေါ့ ။
“အစ်ကိုတို့ …. တော်တော်ဆိုးတဲ့သူတွေပဲ …. အခုလိုတော့ မလုပ်သင့်ဘူးဗျာ”
ကျွန်တော်တို့ သူငယ်ချင်းတစ်စုလည်း တစ်ယောက်နဲ့ တစ်ယောက် မေးဆက် ပြရင်း ဘာများလုပ်မိကြလဲလို့ စဉ်းစားရပြီပေါ့ ။ ဒီကောင်လေးက အငယ်ဆုံးလည်းဖြစ် ညီတစ်ယောက်လိုလဲ ဖြစ်နေတော့ ကျွန်တော်တို့ သူ့ကို မကြာခဏ စနေကြ ဖြစ်နေတာကိုး ။
“ဘာတွေဖြစ်နေတာလဲ ကောင်လေးရ …. အေးဆေးပြောပါအုံး …. ဒီကောင်တွေ ဘာတွေ ကြပ် လိုက်လို့လဲ”
သံချောင်းက ကျွန်တော့ကို မျက်ဒေါင့်နီကြီးဖြင့်လှည့်ကြီးပြီး …
“ဘယ်သူမှ ကျပ်တာမဟုတ်ဘူး ကိုသူရပဲ လုပ်တာလေ”
ကျွန်တော် သောက်နေတဲ့ ရေနွေးကြမ်းတောင် သီးသွားတယ် ….
“ဟ … ကောင်လေးရ … ငါဘာလုပ်မိလို့လဲဟ ….”
သံချောင်းက ရှုတည်တည် မျက်နှာဖြင့်ပင် စားပွဲပေါ်သို့ ဖိတ်စာတစ်ဆောင် ပစ်တင်ပေးရင်း
“အစ်ကို ဘာလုပ်လဲဆိုတာ ဒီမှာကြည့်လေ …. တစ်ခြားဟာ စတာ ဘာမှ မဖြစ်ပါဘူးဗျာ … ဒါမျိုးမှာ စတာတော့ မကောင်းပါဘူး အစ်ကိုရာ … အခုဘယ်လိုလုပ်ရမလဲ ဖိတ်စာတွေက ဝေပြီးတာတွေဝေပြီးနေပြီ …. ကျွန်တော်လည်း အစ်ကိုတို့ကို ယုံလို့ သေချာပြန်မစစ်မိဘူး … အစ်ကိုတို့ ဒီလောက်ထိ စမယ် နောက်မယ်လို့လည်း ကျွန်တော်မထင်လို့ပေါ့ ….”
ဒီကောင်လေး ဘာတွေပြောနေပါလိမ့် ဆိုတဲ့ အတွေးနဲ့ …. စာပွဲပေါ်က ဖိတ်စာကိုကြည့်လိုက်တယ် ။ တစ်ခြားဖိတ်စာတော့ မဟုတ်ပါဘူး သံချောင်းနဲ့ သူ့ကောင်မလေးနဲ့ မင်္ဂလာဆောင်ဖိတ်စာပါ ။ မြင်တာနဲ့သိတယ် ။ သိမှာပေါ့ ကျွန်တော် ကိုယ်တိုင်ရိုက်ပြီး ကျွန်တော်တို့ ဆိုင်က ထုပ်ပေးလိုက်တာကိုး ….။
“ကြည့်စရာ မလိုပါဘူးကွ အဲဒါ ငါကိုယ်တိုက် ရိုက်ပေးလိုက်တဲ့ ဖိတ်စာပဲဟာ …. ဖိတ်စာက ဘာဖြစ်လို့လဲ …”
သံချောင်းက စိတ်မရှည်သလိုပုံစံဖြင့် …
“ဟာ… အစ်ကိုကလဲ … ဒီမှာကြည့်ဗျာ … ဒီမှာကြည့်”
ဖိတ်စာ ထိပ်စည်းမှ ပန်းစလုံးကို ရွှေရောင် တောက်တောက်ဖြစ် လှပစွာရေးထားသည်က
“မင်္ဂလာလုပ်ထပ်ပွဲ ဖိတ်ကြားလွှာ”
သေပြီဆရာ …. ကိုယ့်မျက်လုံကိုယ် သေချာပွတ်ပြီး နောက်တစ်ခေါက်ပြန်ကြည့်ကြည့်တယ် စလုံးတွေကတော့ ပြောင်းမသွားဘူး လုပ်ထပ်ပွဲကတော့ လုပ်ထပ်ပွဲပါပဲ ။ အင်း… လပ်ထပ်ပွဲနဲ့ လုပ်ထပ်ပွဲ အဓိပ္ပာယ်ချင်းတော့ သိပ်မကွာပါဘူး ဟီး….။
ထောင်းကနဲထလာတဲ့ ရယ်ချင်စိတ်ကို အတင်းကြိတ်မှိတ်မျိုသိပ်ပြီး ရေနွေးကြမ်းတစ်ခွက် ဖိသောက်လိုက်တယ် ။ ဟုတ်တယ်လေ ဒီအချိန်မှာ ထရယ်ရင် လူသတ်မှုတွေတောင် ဖြစ်နိုင်တာကိုး …။သူငယ်ချင်းတွေကို လှမ်းကြည့်လိုက်တော့ သူတို့ကလည်း ပြုံးစိပြုံးစိနှင့် ။
ဒါလောက်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ ။ မောင်သံချောင်း ကျွန်တော့ကို ထပ်ပြသေးတယ် ။ ဖိတ်စာရဲ့ နောက်ဆုံးမှာရေးထားတာ …
“လက်မဖွဲ့ခြင်းသည်းခံပါ”
အမှန်က “လက်ဖွဲခြင်းသည်းခံပါ” ဆိုတာ ဖြစ်မယ်ထင်တယ် ။ အင်း မြန်မာစာ မြန်မာစကား တော်တော်ဆိုးတာပဲ “မ” လေးတစ်လုံးပိုတာနဲ့….
ဘယ်လိုမှ ထိန်းမရတဲ့ ရယ်ချင်စိတ်ကို ချောင်းဆိုးသံအဖြစ်ပြောင်းပြီး မသိမသာ ခိုးရယ်ရတာပေါ့ ။
“အဟွတ် …. အဟွတ် … အဟွတ် …. ဟုတ်သားပဲဟ …. အဲနေ့က မင်းဖိတ်စာရော တစ်ခြား အသုဘ ဖိတ်စာရော အရေးကြီးလို့ဆိုပြီး တစ်ညလုံး ထိုင်ပြီး ရိုက်နေလိုက်တာ အဲဒါရောသွားတာဖြစ်မယ် …. ဘယ်နှယ့်လုပ်ကြမတုံး …”
“မင်းတို့ ကောင်တွေကလဲ ဖိတ်စာထုပ်တာ စာလုံးပေါင်းလေး ဘာလေး ပြန်မစစ်ဘူးလား…”
မပြေးသော်လည်း ကန်ရာရှိ ဆိုသလိုပဲ ဘာမှ မဆိုင်တဲ့ ကျွန်တော့သူငယ်ချင်းတွေကို ဟောက်ကြည့်သေးပါတယ် ။ မရပါဘူး ….
“ငါတို့နဲ့ ဘာဆိုင်လို့လဲဟ မင်းဟာမင်း အိပ်ချင်မူးတူးနဲ့ စာစီပြီးတော့ … မင်းထုပ်ဆိုလို့ ငါတို့ထုပ်တာပေါ့ …. မင်းမှားတာလဲကြည့်အုံးလေ ခေါင်းစည်းစာလုံးကြီးမှ မှားရလား”
“ဆော်ရီးပါ သံချောင်းရာ ငါမင်းကို စတာမဟုတ်ပါဘူး အဲဒါ တစ်ကယ်ကို မှားသွားတာပါကွာ … typing error ပေါ့”
“အခု ဖိတ်စာတွေက ဘယ်လောက်ဖိတ်ပြီးပြီလဲ အကုန်ပြီးပြီလား”
သူငယ်ချင်းတစ်ယောက်က ၀င်မေးသည်။
“အကုန်လုံးတော့ မဖိတ်ရသေးပါဘူးဗျာ ကျွန်တော်တို့ ရပ်ကွက်ထဲပဲ ဖိတ်ရသေးတယ် …. တော်သေးတာပေါ့ ကျွန်တော့သူငယ်ချင်းတွေ ၀ိုင်းစမှ ကျွန်တော်လည်း သေချာကြည့်မိတာ … ကျွန်တော်လည်း အစ်ကိုတို့ကို ယုံတော့ ပြန်မစစ်မိဘူး”
ကျွန်တော့ သူငယ်ချင်းက
“ဒါဆိုတော်သေးတာပေါ့ …. စိတ်မညစ်ပါနဲ့ကွာ ငါတို့ ဖိတ်စာတွေအကုန်လုံးကို ဒီညအပြီးပြန်ရိုက်ပေးမယ် …ဟုတ်ပြီးလား မနက်ကျရင် လာယူလိုက်”
“ဒါဆိုရင်လည်း ပြီးရောဗျာ … ရပ်ကွက်ထဲက လူတွေကတော့ ဘာမှမဖြစ်ပါဘူး …. ပြီးမှ အကျိုးအကြောင်းပြောပြီး ဖိတ်စာအသစ်ပြန်ဝေလိုက်တော့မယ် … မနက်တော့ပြီးအောင်လုပ်ပေးနော်”
ကျွန်တော်ကတော့ ပြုံးဖြီးဖြီးနဲ့ပဲ ….
“စိတ်ချပါ သံချောင်းရယ် ….. အခုကလည်း စချင်လို့မဟုတ်ပါဘူး …. Typing error ပါကွာ tyipng error ပါ”
အော် typing error ကြောင့်ပဲ ကျွန်တော်တို့ရဲ့ ညနေခင်း လက်ဖက်ရည်ဝိုင်းလေးမှ အလုပ်ခန်းစီသို့ ပြန်လည် သုပ်ခြေတင်ခဲ့ရပါတော့တယ်ဗျာ ။

နေနက်
25/3/2010

Wednesday, 23 March 2011

အပြာရင့်ရင့်စုံမှတ်များ……


“ဒါတွေအားလုံး မင်းကြောင့်ဖြစ်ရတာ”

“အိုး… ကျွန်မနဲ့ဘာဆိုင်လို့လဲ အကုန်လုံးက ရှင့်ကြောင့်ဖြစ်လာတဲ့ ပြသနာတွေပဲ”


ရထားစင်္ကြန်တစ်ခုပေါ်မှာ ဖြစ်ပါသည်… ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက် ဒေါသကြောင့် နီမြန်းနေတာလား စိတ်ရှုပ်မှုတွေကြောင့် အရောင်ပြောင်းလဲနေတာလား … သူတို့ကိုယ်တိုင်ကို မဝေခွဲနိုင်တဲ့ မျက်နှာတွေနဲ့… သူတို့နှစ်ဦးရဲ့
သောကတွေကို မသိချင်ယောင်ဆောင်နေတဲ့ အေးစက်စက် သံဇကာကြီးကတော့ သူတို့နှစ်ဦးကြားမှာ
ငြိမ်ငြိမ်သက်သက် ရပ်တည်လျှက်ပေါ့…


…………………………………………………


“မင်းတော်တော် အသုံးမကျတဲ့ တာပဲ”

“ရှင်ကရော … အခုရှင့်ကြောင့် မလိုတဲ့ပြသနာတွေ အကုန်ဖြစ်ကုန်ပြီ”

“မင်းကရော ဘာလို့ ဒီလိုလုပ်ရတာလဲ”

“ဘာပဲပြောပြော ဒါတွေက ရှင့်ကြောင့်ဖြစ်လာတာတွေပဲ”

နှစ်ယောက်လုံးရဲ့ တင်းမာတဲ့ နှုပ်ခမ်းတွေက လေးကိုင်းတွေအလား တစ်ယောက်နဲ့တစ်ယောက် တစ်ရဆက် ပစ်လွှတ်ရင်း မုန်တိုင်းသေးသေးလေးတစ်ခု လွှမ်းခြုံထားတဲ့ သူတို့နှစ်ယောက်ကတော့ ပတ်ဝန်းကျင်ကိုတောင်မေ့နေပြီလား……
…………………………………………………

“ကျေးဇူးပြုပြီးနားဆင်ပါရှင်… မကြာမီမှာ ထွက်ခွာမယ့် ………………..”

ပြန်ကြားရေးဌာနမှ ကြေငြာသော ရထားထွက်ချိန်သတိပေးကြော်ငြာသံ ဟာ ရထားဘူတာအတွင်းမှာ အသာအယာပင် လွှင်မျောပျံလွင့်သွားပါတယ်….

…………………………………………………

ကြေငြာသံအဆုံးမှာပဲ သူတို့ နှစ်ယောက်ရဲ့ အကြည့်တွေမှာလဲ အရောင်တွေပြောင်းလဲသွားတာလား မီးတောက်တွေ အရှိန်လျှော့သွားတာလား… ဒါမှ မဟုတ် အတိတ်ကိုပဲ လွမ်းဆွတ်မိတာလား…

“မင်း တစ်ကယ်ပဲ ထွက်သွားတော့မလို့လား”

“… … …”

ကောင်မလေးရဲ့ တိုးတိုးလေးဖြေလိုက်တဲ့ အသံဟာ ဆူညံညံ စင်္ကြန်ပေါ်မှာ ပျောက်ကွယ်သွားလို့ ကောင်လေး မကြားလိုက်ဘူးထင်ပါရဲ့…


…………………………………………………

အေးစက်စက် သံဇကာပေါ်မှာ စုံစည်းလာတဲ့ နွေးထွေးတဲ့ လက်လေး နှစ်ခုပေါ့…

ကောင်မလေးရဲ့ လက်ပေါ်ကို ကောင်လေးရဲ့ လက်က နွေးထွေးစွာနဲ့ပဲ ဆုပ်ကိုင်လိုက်မိတယ်…

မော့ကြည့်လိုက်တဲ့ ကောင်မလေးရဲ့ မျက်ဝန်းထဲမှာ မီးတောက်တွေအစား မိုးတိမ်တွေ အံ့မှိုင်းလို့ မကြာမှီရွာချတော့မယ့် မိုးစက်တွေလို မျက်ခမ်းစပ်မှ တွဲခိုနေတဲ့ ပုလဲတစ်ချို့နဲ့…

“အမှန်တော့ ဒါတွေက ကိုယ့်အပြစ်တွေပါကွာ”

“ရှင့် အပြစ်တွေပဲလဲ မဟုတ်ပါဘူး ကျွန်မ အပြစ်တွေလည်း အများကြီးပါပါတယ်”

“ကိုယ်တစ်ကယ် အသုံးမကျခဲ့တာပဲ… အမှန်တော့ ကိုယ်ဒီလိုမျိုးတွေ မလုပ်ခဲ့သင့်ဘူး”

“ကျွန်မ ကလည်း ကျွန်မပါပဲ… ကိုယ်စိတ်ကိုယ်မထိန်းနိုင်ပဲ လျှောက်လုပ်ခဲမိလို့ အခုဒီလိုမျိုးတွေဖြစ်လာတာပါ”


…………………………………………………

“ကျေးဇူးပြုပြီး နာဆင်ပါရှင်… ……… ………….. …………. ………. ………… နေရာယူပေးကြပါရန်…… ….”

ကောင်မလေးရဲ့ မျက်ဝန်းထဲမှ မိုးစက်တွေ သွန်းဖြိုးလာခဲ့ပါပြီ… တစ်သွင်သွင်စီးကျခဲ့တာ မြစ်ကျိုးအင်းတစ်ခုအလား…

ကောင်လေးရဲ့ နီးမြန်းနေတဲ့ မျက်နှာကတော့ အခုအချိန်မှာ ဒေါသကြောင့်နီမြန်းနေတော့တာ မဟုတ်တော့ပါဘူး အံကိုတင်းတင်းကြိပ်ရင်း ကောင်မလေးရဲ့ လက်ကို တင်းတင်း ဆုပ်ကိုင်ထားရင်း…

“ကိုယ့် အမှားတွေကို ခွင့်လွှတ်ပေးပါကွာ… ကိုယ်လုပ်ခဲ့မိတဲ့ အပြစ်တွေ အတွက် ကိုယ်တောင်းပန်ပါတယ်…”

“ကျွန်မကို မတောင်းပန်ပါနဲ့… အမှန်ဆို ကျွန်မက ပြန်တောင်းပန်ရမှာပါ… ကျွန်မကြောင့်ဖြစ်တဲ့ ပြသနာတွေပဲ”


…………………………………………………

“ကိုယ့်ကို တစ်ယောက်တည်းထားခဲ့တော့မှာလား….”

ကောင်မလေးရဲ့ဆုံးဖြတ်ရခက်တဲ့ မျက်ဝန်းတွေထဲကနေပြီး သေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကောင်လေးတွေလိုက်မိတယ် ထင်ပါရဲ့….

ကောင်မလေးရဲ့ မျက်နှာကလည်း တစ်စုံတစ်ရာကို သေချာဆုံးဖြစ်နိုင်ခဲ့တဲ့ မျက်နှာမျိုးနဲ့ပေါ့…

ကောင်မလေးက သူ့မျက်ရည်တွေကို လက်ခုံနဲ့ ဖြစ်သလို သုပ်လိုက်ပြီး ခေါင်းကိုမော့ကာ ကောင်လေးမျက်နှာကို သေချာကြည့်လိုက်တယ်…….


…………………………………………………

တစ်ဘော်ဘော် အသံပေးရင် ရထားကြီးဟာ သူရပ်တည်နေရာ ဘူတာကြီးကို ကြောခိုင်းလို့ သူ့ဗိုက်ထဲက ခရီးသည်တွေ ကုန်စည်တွေကို သယ်ဆောင်ရင်း အိပဲအိပဲနဲ့ပဲ ထွက်ခွာသွားပါတယ်…ထွက်သွားသူတွေကလည်း နှုပ်ဆက်
ကျန်ရစ်သူတွေကလဲ လက်ပြလို့ပေါ့…

နောက်ဆုံးတော့ ထုံစံ အတိုင်းပဲ ဘူတာရုံလေးရယ် စင်္ကြန်လေးရယ်ပဲ တိတ်တစိတ်နဲ့ ပေါ့… ဘူတာလေးရဲ့ မလှမ်းမကမ်းမှာတော့ ကောင်လေးရဲ့ ခါးကို အသာအယာဖက်ထားတဲ့ ကောင်မလေးနဲ့ ကောင်းမလေးရဲ့ ခရီးဆောင်အိပ်ကိုဆွဲပေးထားရင်း
ကောင်မလေးပခုံးကို အသာအယာပြန်ဖက်ထားတဲ့ ကောင်လေးတို့ရဲ့ ပုံရိပ်ကလည်း တစ်ဖြေးဖြေးနဲ့
ဝေးကွာသွားတာကို ဘူတာရုံလေးက ပျော်ရွှင်စွာနဲ့ပဲ ငေးမျှော်ကြည့်နေမလား… ကောင်လေးနဲ့
ကောင်မလေး တို့ရဲ့ မျက်နှာကိုယ်စီမှာလည်း ပျော်ရွှင်မှုတွေနဲ့ပေါ့ သူတို့တွေ ဘယ်တော့မှ
ခွဲခွာကြတော့မှာ မဟုတ်တော့ပါဘူး….။ ။




(နေနက်)

Thursday, 24 February 2011

ကျမ တာဝန်မကျေပါ

သူငယ်ချင်းတို့ရေ... ဒီဝတ္ထုတိုလေးကောင်းလို့ သူငယ်ချင်းတို့ကိုဖတ်စေချင်တာနဲ့ တင်ပေးလိုက်တယ်။။။။။ကဲ သားတို့သမီးတို့ သည်နေ့ ဆရာမ က မင်းတို့ကို သစ်ပင်တွေအကြောင် ပြောပြချင်တယ်။ ဆရာမက အတန်း တွင်းရှိ ကလေးများကို ပြောရင်း မေးခွန်းထုတ်လိုက်သည်။
သစ်ပင်ကြီးတွေအသက်ရှုသလား
ရှုပါတယ်
သေချာလား .. ရှုတယ်ဆိုရင် သူ တို့ဘာနဲ့ အသက်ရှုလဲ၊ မင်းတို့ သစ်ပင်မှာ နှာခေါင်းပေါက်များတွေ့ဖူးလို့လား
မတွေ့ပါဘူး..မရှုပါဘူး
ရှုပါတယ်..အမြစ်နဲ့ပါ
အကိုင်းနဲ့ရှုပါတယ်
ဆရာမက အကြောင်ဖမ်းမေးလိုက်၍ ကလေးများ တစ်ယောက်တစ်ပေါက် ဖြစ်ကုန်ကြသည်။ဆရာမက ပြုံးလိုက်ပြီး သင်ပုန်းပေါ်တွင် မြေကြီးမှာပေါက်နေသော သစ်ပင်ပုံဆွဲလိုက်သည်။ ထို့နောက်ကလေးများဘက်ပြန်လှည့်ကာ..
ကဲ မင်းတို့လည်း အသက်ရှုရင် လေကိုရှုတယ်လေ၊ သစ်ပင်လည်းလေ ကိုရှုမှာပေါ့၊ ဒါဆို ဘယ်အပိုင်းနဲ့ရှုမလဲ၊ အမြစ်က မြေကြီးထဲမှာဆိုတော့အမြစ် နဲ့ရှုလို့ရပါ့မလား
လေပေါ်ကအပိုင်းနဲ့ရှုပါတယ်
ဒါပေါ့ သစ်ပင်တွေက အရွက်တွေ ကနေ အသက်ရှုကြတယ်
သစ်ပင်တွေဟာ လေထဲက ကာ ဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို အရွက် မှာရှိတဲ့ လေပေါက်ကလေးတွေကနေ စုပ်ယူကြတယ်၊ မြေကြီးထဲက ရေကို တော့ အမြစ်တွေကနေ စုပ်ယူကြတယ်၊ နောက်သစ်ပင်ရဲ့ အစိမ်းရောင်အပိုင်း မှာရှိတဲ့ ကလိုရိုဖီးလ်ဆိုတဲ့ ဓာတ်ကနေ ရောင်ခြည်ကို အသုံးပြုပြီးခုနစုပ်ယူထား တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေကိုကာ ဗွန်ဟိုက်ဒြိတ်လို့ခေါ်တဲ့ အစာတွေဖြစ် အောင်ချက်ပေးတယ်၊ အဲသည်မှာ ဘေး ထွက်ပစ္စည်းအနေနဲ့ အောက်စီဂျင်ကိုထုတ်လွှတ်လိုက်တယ်၊ အိမ်မှာမင်းတို့ စားဖို့အစာကို အမေက ထမင်းအိုးထဲ ဆန်ထည့်၊ ရေထည့်ပြီး ထမင်းချက်သလိုပေါ့၊ ဆန်က ကာ ဗွန်ဒိုင်အောက်ဆိုဒ်ဆိုရင် ရေကတော့ ရေပေါ့၊ နေရောင်ခြည်က မီးဆိုရင် အ မေက ဘာလဲ
အမေက ထမင်းချက်တဲ့သူပါ
အမေက ကလိုရိုဖီးလ်ပေါ့၊ သစ်ပင်ကြီးကတော့ ထမင်းအိုးကြီးပေါ့ မဟုတ်ဘူးလားကွဲ့
ဟုတ်ပါတယ် ဆရာမ
ဒီတော့ သစ်ပင်တွေဟာ တို့တွေ စားဖို့ အစာတွေကို အဓိက ထုတ်လုပ် ပေးတယ်၊ တို့တွေရှုဖို့ လေကောင်းလေ သန့် အောက်စီဂျင်တွေကိုလည်း ထုတ် ပေးသေးတယ်၊ တို့လူသားတွေကို အ ကျိုးမပြုဘူးလားနော်
ပြုပါတယ် ဆရာမ
အေး ဒါပေမယ့် အဲလို လုပ်ပေး တာက နေ့ခင်းနေရောင်ခြည် အလင်း ရှိတုန်း သူတို့အစာချက်တဲ့ လုပ်ငန်းစဉ် မှာပဲကွဲ့၊ ညရောက်တဲ့ အခါမှာတော့ သစ်ပင်တွေကလည်း တို့လူတွေအသက် ရှုသလိုပဲ သူတို့လည်းရှုကြတယ်တဲ့၊ ဆရာမက သင်ပုန်းတွင် ရောင်ခြည်ဖြာနေသော နေလုံးပုံ၊ သစ်ပင်ပုံ ဆွဲပြပြီး၊ အမြစ်က ရေစုပ်ယူပုံ၊ ပင်စည် အပေါ်ပိုင်းက စုပ်ယူသောဓာတ်ငွေ့ ၊ ပြန်ထွက်ဓာတ်ငွေ့ စတာတွေကို ကလေးတို့သဘောပေါက်လွယ်အောင် မျှားလေးတွေဖြင့်ပြရင်းမေးလိုက်သည်။ လူတွေက လေထဲက ဘာဓာတ်ငွေ့ကို ရှုကြတာလဲ
အောက်စီဂျင် ဓာတ်ငွေ့ပါ
ဘာဓါတ်ငွေ့ကို ပြန်ထုတ်သလဲ
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ပါ
ဟုတ်တယ် ကလေးတို့သိပ်တော်တာပဲ၊ သစ်ပင်ကြီးတွေဟာ နေ့အခါမှာတော့ နေရောင်ခြည်အသုံးပြုပြီး အစာ ချက်ရာမှာ လူတွေထုတ်လိုက်တဲ့ ကာ ဗွန်ဒိုင်အောက်ဆိုဒ်ကို သူတို့ကယူ၊ လူ တွေအသုံးလိုတဲ့ အောက်စီဂျင်ကို သူ တို့က ပြန်ထုတ်ပေးလို့ လူတွေနဲ့ သိပ် အဆင်ပြေကြတာပေါ့
ညဘက်ရောက်လို့ နေရောင်မရှိ တော့တဲ့အခါ အစာမချက်နိုင်တော့တဲ့ အချိန်မှာတော့ သူတို့လည်း လူတွေလို ပဲ အောက်စီဂျင်ကိုရှုပြီး ကာဗွန်ဒိုင်အောက် ဆိုဒ်ကိုပဲ ထုတ်ကြသတဲ့ကွယ်၊ ဒါကြောင့် တခါတလေ ညဘက်ကြီး သစ်ပင်အကြီး ကြီးတွေအောက်မှာတို့၊ သစ်တောတွေ ထဲမှာတို့ နေမိ၊ အိပ်မိရင် အသက်ရှုမဝ ဖြစ်ပြီး သတိလစ်တတ်တယ်ဆိုတာ၊ လူတွေနဲ့ သစ်ပင်တွေ အောက်စီဂျင်ကို လုရှုကြလို့ပေါ့၊ ဒါကို မသိတဲ့သူတွေက တော့ သရဲဖမ်းတာ၊ နတ်ဖမ်းတာနဲ့ ကြောက်တတ်ကြတယ်၊ အမှန်ကတော့ သစ်ပင်တွေက ညမှာကာဗွန်ဒိုင်အောက် ဆိုဒ်ကို ထုတ်တာကိုး
နေ့အချိန်တွင် လူနှင့်သစ်ပင် သ ဟဇာတဖြစ်စွာ အောက်စီဂျင်နှင့် ကာ ဗွန်ဒိုင်အောက်ဆိုဒ်ကို အပေးအယူ လုပ်ကြသော်လည်း ညအခါ အောက်စီ ဂျင်ကိုချည်းရှု၍ ကာဗွန်ဒိုင်အောက် ဆိုဒ်တွေချည်း ထုတ်လွှတ်ကြပုံကို လည်း ဆရာမက သင်ပုန်းပေါ်တွင် နေ့ ညခွဲခြားကာ ပုံကြမ်းဆွဲပြလိုက်သည်။
မင်းတို့ စဉ်းစားကြည့်စမ်း၊ သစ် ပင်တွေက သူတို့မနက်က သုံးထားစား ထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် ငွေ့ကို ညကျတော့ ပြန်ထုတ်၊ သူတို့မ နက်က ထုတ်ထားတဲ့ အောက်စီဂျင်ကို ညကျတော့ယူ၊ သူ့ဖာသာလည်ပတ် နေတာပဲနော်၊ သူတို့အစာအတွက် ဈေး သွားဖို့မလိုဘူး၊ မင်းတို့လည်း ဈေးသွား ဖို့မလိုအောင် မနက်ကစားထားတာ ည ကျပြန်ထုတ်၊ မနက်ကျပြန်စား မကောင်း ဘူးလား၊ အမေဈေးဖိုး သက်သာတာ ပေါ့
ဟင့် မကောင်းပါဘူး ဆရာမက လည်း
ဟားဟား..ဒါတော့သိသားပဲ ကဲ သစ်ပင်ကြီးတွေက ဘယ်လောက်ချစ်ဖို့ကောင်းလဲနော်၊ သူ့ပတ် ဝန်းကျင်ကို မျှတနေအောင် လုပ်ပေး ထားတာ၊ တို့လူတွေအတွက်လည်း အ စာတွေလည်းပေးတယ်၊ လေရှုဖို့လည်း လုပ်ပေးတယ်၊ နေစရာ၊ အရိပ်ခိုစရာ လည်းပေးတာပဲ၊ အဝတ်အထည်တွေ လည်းပေးတာပဲ၊ သစ်ပင်တွေကို ချစ် တတ် ထိန်းသိမ်းတတ်ဖို့လိုတယ်၊ သစ် ပင်မရှိတဲ့ ကမ္ဘာကြီးဆိုရင် ဘယ်လိုဖြစ်လဲစဉ်းစားကြည့်ကြစမ်းပါ

ကြောက်စရာကြီးပါ လူတွေ အကုန်သေကုန်မယ်ထင်တယ် ဆရာမ
အေး မင်းတို့ထင်တာတွေကို သစ်ပင်မရှိတဲ့ကမ္ဘာဆိုပြီး အိမ်ကနေ စာငါးကြောင်းလောက် ရေးခဲ့ကြနော်
ဆရာမက သင်ပုန်းပေါ်ရှိ ပုံများကို ဖျက်ကာ ပုံသစ်တစ်ပုံဆွဲရန် အစပြုရင်း မေးခွန်းထုတ်လိုက်သည်။
အခု သစ်ပင်တွေအသက်ရှုတာ သိပြီ၊ သူတို့လူတွေလို သွားလာလို့ ရ လား
မရပါဘူး ဆရာမ
လှုပ်လို့ရောရလား
လှုပ်လို့တော့ ရပါတယ်၊ လေတိုက် ရင်လေ
အေး မှန်တာပေါ့၊ ဟုတ်ပြီသူတို့ မျိုးပွားလို့ရောရလား၊ မင်းတို့ လူအသစ် လေးတွေ ထပ်မွေးလာသလို၊ သစ်ပင် အသစ် ကလေးတွေရော ထပ်ပေါက် သေးလား
ပေါက်ပါတယ်
ဘယ်လိုပေါက်သလဲ
သစ်စေ့လေးတွေကနေ အပင် သစ်လေးတွေ ပေါက်ပါတယ်
သိပ်တော်တာပဲ ကလေးတို့ ဒီမှာ ကြည့် သစ်စေ့ကလေးကနေ သည်လို မျိုး အဆင့်ဆင့် အပင်လေးပေါက်လာ တယ်နော်၊ ဒါက ပဲစေ့လေးတစ်စေ့ အ ပင်ပေါက်ပုံပေါ့
တတိယတန်း သဘာဝသိပ္ပံသင် ခန်းစာမှ ပဲစေ့အပင်ပေါက်ပုံအဆင့်ငါး ဆင့်ကို ဆရာမက ဆွဲပြလိုက်သည်။
ကဲ ကောင်းပြီ။ အခုမင်းတို့က သစ်စေ့လေးတစ်စေ့လို့ ကိုယ့်ကိုယ်ကို စိတ်ကူး ကြည့်ရအောင်နော်၊ မင်းတို့ ဘာစေ့လေးတွေ ဖြစ်ချင်လဲ၊ ပဲစေ့လေး တွေလား၊ သရက်စေ့လေး တွေလား၊ သင်္ဘောသီးအစေ့လေးတွေလား ဖြစ် ချင်တဲ့အပင်ကို စိတ်ကူးကြည့်ပါ
ဆရာမက ကြမ်းပေါ်တွင် ဒူးတုပ် ထိုင်လိုက်ရင်း ကိုယ်ကိုဝပ်လိုက်သည်။
ဆရာမ လုပ်သလို လိုက်လုပ် မယ်၊ ကိုယ်ကလေးတွေကို မြေကြီးပေါ် မှာ သစ်စေ့လေးလို ကပ်ထားပါ
ကလေးတို့အားလုံး ဒူးတုပ်ကလေး တွေထိုင်ပြီး စာသင်ခန်းကြမ်းပြင်တွင် ကုန်းကုန်းလေးတွေ လုပ်နေကြသည်။
ကဲ နေရောင်ခြည်တွေ၊ ရေတွေ၊ လေတွေရလို့ သစ်စေ့လေး အပင်ပေါက် လာပြီ
ဆရာမက တဖြည်းဖြည်း လက် နှစ်ဖက်ကို လက်အုပ်ချီသလို လုပ်ရင်း အပေါ်ကို မြှောက်ပြသည်။ ကလေးများလိုက်လုပ်ကြသည်။ ဟောသစ်ပင်ပေါက်ကလေး ရှည်လာပြီ ဆရာမက ဒူးကိုထောက် ခါးကိုဆန့်လိုက်ပြီး လက်ဖဝါးနှစ်ခုကို ဘေးဘက် ကားရင်း ခေါင်းပေါ်ကို မြှောက်လိုက် သည်။ ထို့နောက် တဖြည်းဖြည်း မတ် တပ်ထလိုက်သည်။ ကလေးများလည်း တဟိဟိ ရီရင်း လိုက်လုပ်ကြသည်။
ဟုတ်ပြီ သစ်ပင်ကြီး ဆက်ကြီး ထွားလာပြီ၊ နေရောင်ခြည်ရအောင် အ စွမ်းကုန် ရှည်လိုက်ကြစမ်းပါ
ဆရာမက အစွမ်းကုန် ခါးကိုဆန့် ပြီး လက်ကိုမြှောက်၊ ခြေဖျားကိုထောက် ရင်း ကလေးများကို ပြောလိုက်သည်။ ကလေးများကလည်း တကိုယ်လုံး အ စွမ်းကုန် ဆန့်ရင်း အညောင်းတွေ ပြေ ကုန်သည်။
ကဲ လိုက်ဆိုပါ .. လေငြိမ်ငြိမ်
လေငြိမ်ငြိမ်
သစ်ပင်ကြီးငြိမ်
သစ်ပင်ကြီးငြိမ်
လေပြင်းတိုက်တော့ဘယ်လိုဖြစ်တယ်
လေပြင်းတိုက်တော့ ဘယ်လိုဖြစ် တယ်
ဟောဒီလိုဖြစ်တယ်
ဟောဒီလိုဖြစ်တယ်
ဆရာမက လက်နှစ်ဖက်ကို ဝှေ့ယမ်းရင်းဆိုတော့ ကလေးများလည်း ပျော်ရွှင်စွာ ဝှေ့ယမ်းကြလေသည်။
ကလေးတို့ရေ အရှေ့ဘက်က လေတိုက်ရင် ဘယ်ဘက်ကိုယိမ်းမလဲ
အနောက်ဘက်ကိုယိမ်းပါမယ်
ဟုတ်ပြီ ဆက်ဆိုမယ်
အရှေ့ကတိုက်တော့ အနောက် ကိုယိမ်းတယ်
အရှေ့ကတိုက်တော့ အနောက် ကိုယိမ်းတယ်
အနောက်ကတိုက်တော့ အရှေ့ ကို ယိမ်းတယ်
အနောက်ကတိုက်တော့ အရှေ့ ကို ယိမ်းတယ်
စာသားအလိုက် ခါးကို ရှေ့နောက် ယိမ်းကြသည်။
ညာဘက်ကတိုက်တော့ ဘယ် ဘက်ကို ယိမ်းတယ်
ညာဘက်ကတိုက်တော့ ဘယ် ဘက်ကို ယိမ်းတယ်
ဘယ်ဘက်ကတိုက်တော့ ညာ ဘက်ကိုယိမ်းတယ်
ဘယ်ဘက်ကတိုက်တော့ ညာ ဘက်ကိုယိမ်းတယ်
အသံကို ဆွဲဆိုကာ ဘယ်ညာယိမ်း နွဲ့ ကြပြန်သည်။
လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်
ဆရာမက ရုတ်တရက် လက်နှစ် ဖက်ကို ဘေးကပ်၍ ခြေစုံရပ်လိုက် သည်။
ကလေးများကလည်း လက်ဘေးဘက်ကပ်လိုက်ရင်း သံပြိုင်အော်ဟစ် လိုက်ကြသည်။
လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်
ကဲ ရပြီလား ဆရာမနဲ့အတူနောက် တစ်ခေါက်ဆိုကြဦးမယ် သစ်ပင်လေး တို့ရေ
ကလေးတို့ အမူအရာနှင့်တကွ သီ ဆိုလိုက်သံက ဆရာမအသံကိုတောင် ဖုံးလွှမ်းသွားရသည်။
လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်
လေပြင်းတိုက်တော့ ဘယ်လိုဖြစ် တယ် .. ဟောဒီလိုဖြစ်တယ်။
လေပြင်းတိုက်တော့ ဘယ်လိုဖြစ် တယ် .. ဟောဒီလိုဖြစ်တယ်။
အရှေ့ကတိုက်တော့ အနောက် ကို ယိမ်းတယ်။
အရှေ့ကတိုက်တော့ အနောက် ကို ယိမ်းတယ်။
ညာဘက်ကတိုက်တော့ ဘယ်ဘက် ကိုယိမ်းတယ်။
ညာဘက်ကတိုက်တော့ ဘယ်ဘက် ကိုယိမ်းတယ်။
လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်။

(၂)
မနက်ဖြန် သူတို့နဲ့ တွေ့ရတော့ မည်။ ကျမ ပျော်ရွှင်စွာ စိတ်လှုပ်ရှားနေ မိပါသည်။ သူတို့ဆိုတာက သူငယ်တန်း ကနေ လေးတန်းအထိရှိသည့် ဘုန်းတော် ကြီးသင် ပညာရေးကျောင်းက ကလေး တွေပါ။ မနေ့က သူငယ်ချင်းက ဖုန်းလှမ်း ဆက်သည်။ သဘက်ခါကျရင်ငါတို့တွေ ဒဂုံမြို့သစ်တောင်ပိုင်းက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ကလေးတစ်ရာလောက် ကို နေ့လည်စာကျွေးရင်း ကလေးတွေ အတွက် ပန်းချီဆွဲတာလေး၊ ကဗျာဆို တာလေးတွေ လုပ်မယ်၊ နင်လည်းစိတ် ဝင်စားရင် နင်သိထားတဲ့၊ စာသင်နည်း လေးတွေကို ပြပေးမလားတဲ့။
အိုး ... သိပ်ရတာပေါ့။ ပြပေးချင်နေ တာ အတော်ပါပဲ။ ကျမ စာသင်ရမှာကို သိပ်ပျော်တာ။ စိတ်ကူးထဲမှာ အမြဲ စာ သင်ပေးနေတာ။ သူတို့ကို ကဗျာလေး တွေလည်း ဆိုခိုင်းမယ်၊ ကိုယ်လက်လှုပ် ရှား ကစားနည်းလေးတွေနဲ့လည်း က စားပေးဦးမယ်။
သည်နေ့ တစ်နေ့လုံး သူတို့နဲ့တွေ့ ရင် သင်ပြဖို့ သင်ခန်းစာတွေ ပြင်ဆင် နေမိသည်။ တစ်နာရီလောက်ဆိုရင် တော့ ကလေးတွေ ပျင်းမလားပဲ။ လေး ဆယ့်ငါးမိနစ်လောက်တော့ မပျင်းလောက် ပါဘူးလေ။ သူတို့ကို ဘာအကြောင်း သင်ပေးရင် ကောင်းမလဲ၊ သမိုင်း၊ ပထ ဝီ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အင်း ဒါတွေက သူတို့ အတန်းစုံ၊ အရွယ်စုံဆို တော့ သင်ရခက်မယ်။ အဲတော့ ကလေး အားလုံးလည်း နားလည်နိုင်မယ့် တတိ ယတန်း သဘာဝသိပ္ပံထဲက သစ်ပင်အ စာချက်တာနဲ့ သစ်စေ့လေးအပင်ပေါက် တဲ့ ပုံကိုယူသင်ပေးမယ်။ ဟုတ်ပြီ။ သား သားတို့ မူကြိုမှာသင်တဲ့ ကဗျာလေးကို သင်ပေးရမယ်။ ဒါဆို သူတို့ကိုယ်လက် လှုပ်ရှားပြီးသားလည်း ရမယ်။ သင်ခန်း စာနဲ့လည်း ကိုက်ညီတယ်။ ကောင်းတယ် ခုခေတ်စားနေတဲ့ ပတ်ဝန်းကျင်ထိန်း သိမ်းရေးကို ပညာပေးရာလည်း ရောက် တယ်။
ကလေးဗဟိုပြု သင်ကြားရေးမှာ ကလေးတွေရဲ့ သိပြီးသားအသိကို အ ခြေခံပြီး သင်ကြားပေးမယ့် သင်ခန်းစာ နဲ့ ဆက်စပ်ဆွဲယူ သင်ကြားပေးရတယ် လို့ ဆိုတယ်။ သည်တော့ ကလေးတွေ ကို သူတို့သိပြီး နားလည်ပြီးတာတွေကို မေးခွန်းတွေထုတ်ပေး မေးပေးရမယ်တဲ့။ သူတို့ စိတ်ကူးÓဏ်တွေကို အသစ်စဉ်း စားတတ်လာအောင်ဖွင့်ပေးတဲ့ မေးခွန်း တွေမေးရမယ်။ သူတို့ရဲ့ ကိုယ်ပိုင် စဉ်း စားချက်တွေကို စာကြောင်းအနည်းငယ် ရေးခိုင်းတဲ့နည်း၊ အတန်းသားတွေရှေ့ မှာ ပြောခိုင်းတဲ့နည်းကိုသုံပြီး ထုတ်ဖော် ပေးရမယ်တဲ့။ ဒါမှ ကလေးတွေဟာ မိမိ ယူဆချက်ကို ထုတ်ဖော်ပြောဆိုရဲလာ မယ်။ စာအရေးအသားစွမ်းရည်၊ အပြော စွမ်းရည်လည်း တက်လာမယ်လို့ ကျမ တက်ထားဖူးတဲ့ သင်တန်းတွေမှာ သိခဲ့ ရတယ်။
ကျမပြင်ဆင်ထားခဲ့တဲ့ သင်ခန်း စာကို အထပ်ထပ်စဉ်းစား၊ အထပ်ထပ် လေ့ကျင့်နေမိပါတယ်။ ကျမစိတ်ကူးထဲ မှာတော့ ကလေးတွေနဲ့ အပေးအယူ မျှ နေတာပဲ။ ကျမတို့ စာသင်ခန်းလေးက ပျော်စရာ သိပ်ကောင်းနေပါတယ်။

(၃)
သူငယ်ချင်းကတော့ ပြောခဲ့သား ပါ။
ကျောင်းကနည်းနည်းဝေးတယ် နော်တဲ့။ ဆင်းရဲလည်း ဆင်းရဲတယ်တဲ့။
သိပါတယ်ဟယ်။
အစိုးရကျောင်း မတက်နိုင်တဲ့ က လေးတွေအတွက် ဖွင့်တဲ့ကျောင်းဆိုမှ တော့ ချမ်းသာပါ့မလားပေါ့။
ဒါပေမယ့် ကျမစိတ်ကူးထဲမှာတုန်း က သည်လောက်ဆင်းရဲပြီး သည်လောက် ဝေးလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ ဝေး တယ်ဆိုတာက လူတွေနဲ့ဝေးတာကို ပြောတာပါ။ ရန်ကုန်မြို့ထဲကနေ ကားစီး ရင် တစ်နာရီလောက်ပဲ ကြာတဲ့ခရီးမို့ အမှန်တော့ ဝေးလှတယ်လို့ မဆိုနိုင်ပါ ဘူး။ ဒါပေမယ့် လူနေထူထပ်တဲ့ မြို့ ပြ ကနေထွက်လို့ လယ်ကွင်းစိမ်းစိမ်းတွေ ကြားကမြေနီနီလမ်းလေးနံဘေး ရွှံ့အိုင် ထဲက ဘုန်းတော်ကြီးကျောင်းကလေး ကတော့ ခေါင်လွန်း၊ ဝေးလွန်းလှသလို ပါပဲ။ ဘုန်းကြီးကျောင်းဆိုရင် ကလေး တွေအတွက် ကစားစရာ မြေကွက်လပ် တော့ရှိမယ်။ သစ်ပင်ရိပ်အောက်က မြေကွက်လပ်မှာ စာသင်ရရင် စာသင် ခန်းမလိုပါဘူး။ နာမည်ကျော် ဆန်တနိ ကေတန်ကျောင်းလို သဘာဝပတ်ဝန်း ကျင်ကို လေ့လာပြီးသားတောင် ရလိမ့် မယ်လို့ ထင်ခဲ့မိတယ်။
အခုတော့ ဘုန်းတော်ကြီးနဲ့ စာ သင်သားကိုရင် ငါးပါးလောက် သီတင်း သုံးတဲ့ ဆယ်ပေပတ်လည် ထရံကာ သွပ်မိုး၊ ပျဉ်ခင်းကျောင်းကလေး နှစ် ဆောင်နဲ့ ကလေးတို့ စုဝေးရာ ပေနှစ် ဆယ်ပတ်လည် ပြတင်းပေါက်မပါတဲ့ မြေစိုက်ထရံကာ စာသင်ကျောင်း အ တွက် မြေနေရာကလွဲလို့ ကျန်တာက လယ်ကွင်းပြင်ကြီးပဲလေ။ သစ်ပင်ကြီး ဆိုလို့ တစ်ပင်တောင်ပေါက်စရာနေရာ မရှိတဲ့ ဘုန်းကြီးကျောင်းကို တွေ့လိုက် ရပါတယ်။ အင်း သည်လိုကျောင်းမျိုးကို ရှာဖွေအလှူလုပ်နိုင်တဲ့ သူငယ်ချင်းတို့ အုပ်စုကို ချီးကျူးမိပါသေးတယ်။
ဆရာတော်ကို ကန်တော့ပြီးတော့ ကလေးတွေရှိတဲ့ စာသင်ခန်းကို လာခဲ့ တယ်။ ကလေးတွေကတော့ ချစ်စရာ လေးတွေပါ။ တို့နိုင်ငံရဲ့ အနာဂတ်ပန်း ကလေးတွေပေါ့။ အားလုံးပဲ အဖြူ၊ အ စိမ်းလေးတွေဝတ်လို့ တောက်တောက် ပပကြီး မဟုတ်ကြပေမယ့်၊ သိပ်နွမ်းနွမ်း ပါးပါးတော့ မတွေ့ရပါဘူး။ သူတို့ကို ကြာဇံကျော်ကျွေးမယ်၊ ပန်းချီတွေလည်း သင်မယ်၊ ကျောင်းကိုဧည့်သည်တွေ လည်းလာတယ်ဆိုတော့ ပျော်ရွှင်တက်ြွကနေကြတာပေါ့။ ဆရာမလေး နှစ် ယောက်ခမျာ တုတ်တချောင်းစီကိုင်လို့ တဟဲ့ဟဲ့ အော်နေရတာပါပဲ။ အင်း ကျမ တက်ခဲ့တဲ့ သင်တန်းမှာတော့ ကလေး စိတ်ပညာအရ တုတ်မကိုင်ရဘူး ဆိုပဲ။
သည်နေ့က ဧည့်သည်တွေလာလို့ အတန်းဖွဲ့စည်းပုံ ပြင်ထားသလား။ အ ရင်ကလည်း သည်လိုပဲလားတော့ မသိ ဘူး။ တခန်းတည်းသာရှိတဲ့ စာသင် ကျောင်းရဲ့ နံရံသုံးဘက်မှာ သင်ပုန်းငါး ခုကို ကပ်ထားတယ်။ နံရံတဘက်က တော့ ဝင်ပေါက်ပေါ့။ အင်း သူငယ်တန်း အတွက်က ဟိုသင်ပုန်းဖြစ်မယ်။ သည် ဘက်နံရံက သုံးတန်းနဲ့ လေးတန်းအ တွက်ဖြစ်နိုင်တယ်။ သုံးတန်းနဲ့ လေး တန်း အင်္ဂလိပ်စာတွေ သင်ပုန်းပေါ်မှာ ရေးလက်စတွေ့တယ်။ ဒါဆို ဟိုဘက် နံရံမှာ ပထမတန်းနဲ့ ဒုတိယတန်း ဖြစ် နိုင်တယ်။ ကလေးတစ်ရာကျော် အတန်း ငါးတန်းအတွက် ဆရာမနှစ်ယောက်ဆို တော့ အတန်းတွေကို ကြားမှာ မကာ ထားပဲ အဆင်ပြေမယ် ထင်ပါရဲ့လေ။ ဆရာတော်ရော ကူသင်ပေးသလား မ သိဘူး။ သင်မှပဲ ဖြစ်မယ်ထင်တယ်။ ကို ရင်ကြီးတွေ ဦးပဇင်းတွေလည်း ရှိသား ပဲ။ သူတို့လည်း ကူထိန်းပေးမှာပေါ့။
ဟော .. ကလေးတွေ ကြာဇံကျော် စားရအောင် တန်းစီပါတဲ့။ ဆရာမက တုတ်တချောင်းကိုင်ရင်း အော်နေတယ်။ တန်းစီ တန်းစီတဲ့။ အင်း အတန်းအလိုက် ကျွေးလိုက်ရင် ကောင်းမယ်။ တန်းစီလို့ တင်ပြောနေရင် သူတို့က ဘယ်စီတတ် မလဲ။
ကဲ .. ကဲ သူငယ်တန်းတွေ အရင် ရှေ့ကိုလာ။ အတန်းကြီးတွေ နောက်မှာ နေဦး
အမလေး .. ကျမ ဝင်အော်ပေးမှပဲ ပိုဆိုးသွားပါလား။ ဝုန်းကနဲဆို သူငယ် တန်းတွေရှေ့ကိုတဲ့ဆိုပြီး အားလုံးနီးပါး ပြုံတိုးရောက်လာကြတယ်။ နည်းနည်း အသက်ကြီးတဲ့ ကလေးတွေကို ဟဲ့နင် တို့က သူငယ်တန်းလား ဘာလို့ ရှေ့တိုး နေတာလဲ နောက်မှာစီလေလို့ ပြော လိုက်တော့ ...
သမီးသူငယ်တန်းပါ၊ မယုံရင် ဆ ရာမကို မေးကြည့်ပါတဲ့
စိတ်ရှုပ်နေပုံရတဲ့ ဆရာမလေးက လှည့်ကြည့်ရင်း ပြောလိုက်တယ်။
ဟုတ်တယ် အမရေသည်ကျောင်း မှာ သူငယ်တန်းကတင် ငါးဆယ်ကျော် တယ်။ အားလုံးနီးပါး သူငယ်တန်းချည်း ပဲတဲ့လေ။
ဪသာ် .. ဟုတ်မှာပေါ့နော်။ ဆရာ တော်ကျောင်းဖွင့်တယ်ဆိုမှ ကျောင်းစ တင်အပ်ရတော့ သူတို့ခမျာ အသက် ၈ နှစ်၊ ၉နှစ်လည်း သူငယ်တန်းပဲ ဖြစ်နေ တာကိုး။
ဟန်ဆောင်မှု၊ ပြိုင်ဆိုင်မှုကင်းကင်း နဲ့ စားသောက်နေကြတဲ့ ကလေးတွေကို ငေးကြည့်ရင်း ကျမလည်း ဗိုက်ဆာဆာ နဲ့ သူတို့နဲ့အတူ တန်းစီပြီး ကြာဇံကျော် စားလိုက်ပါတယ်။ ပြီးရင် သူတို့လေး တွေကို စာသင်ရင်း၊ ဂိမ်းတွေ ကစားပေး ရဦးမယ်လေ။

(၄)
ပန်းချီဆွဲပြနေတဲ့ ဆရာကြီးနဲ့ အ ပေးအယူမျှနေတဲ့ ကလေးတွေကို နောက် နားက ကြည့်နေရင်း သဘောကျမိနေ ပါတယ်။ အရမ်းထုံထုံအအ မပြောရဲ မ ဆိုရဲတဲ့ ကလေးတွေတော့ မဟုတ်ပါဘူး နော်။ မေးလိုက်ရင် ဖြေကြတာချည်းပဲ။ ဒါမျိုးမှကောင်းတယ်။ အင်းကိုယ့်အလှည့် မှာတော့ ဘယ်လိုလာမလဲ မသိဘူး။ အတန်းနားက တုတ်ကိုင်ရင်း ထိန်းပေး နေတဲ့ ဆရာမလေးကို တိုးတိုးပြောမိ တယ်။ အမ သိပ္ပံသင်ခန်းစာလေး နည်း နည်းသင်ပြပေးချင်တယ်နော်ဆိုတော့ သင်ပါ အမ ရပါတယ်တဲ့။
ကဲ ကိုယ့်အလှည့်ရောက်ပါပြီ။ သူ ငယ်တန်းကနေ လေးတန်းအထိ အား လုံးရောနေတဲ့ သည်ကလေးတွေကို ကြို တင်ပြင်ဆင်လာခဲ့တဲ့ သင်ခန်းစာကို သင်ပြပေးလိုက်ပါတယ်။ ပထမငါးမိနစ် လောက်တော့ ဘာအနှောင့်အယှက်မှ မရှိ အဆင်ပြေနေသားပင်။ ဟော . က လေးတစ်ယောက် ချွေးတွေရွှဲလို့ လိုက် အော်ရလို့ မောပန်းနေတဲ့ မျက်နှာထား လေးနဲ့ လက်ကလေးတစ်ချောင်းထောင် လို့ ဆရာမ ရေသောက်တဲ့ ကျမခေါင်း ညိတ်ပြလိုက်ပါသည်။ ကလေးက စာ သင်ခန်း အပြင်ဘက်က ရေအိုးစင်ဆီ ထွက်ပြေးသွားသည်။
အရှိန်ရနေတဲ့ စာကိုဆက်သင်မယ် လုပ်တုန်း .. ဟော နောက်တစ်ယောက် လက်ညိုးလေးထောင်လို့ ဆရာမသေး ပေါက်တဲ့ ခေါင်းညိတ်ပြရပြန်သည်။ မေးခွန်း မေးမယ်လုပ်တုန်း လာပြန်ပြီ လက်တစ်ချောင်းထောင်လို့ ဆရာမ ရေသောက် ဘုရားရေ လေးငါးယောက် တပြိုင်တည်း စုပြုံပြီး လက်တစ်ချောင်း စီထောင်လို့။ ကျမ ခေါင်းညိတ်မပြချင် တော့ပါဘူး။ ခေါင်းညိတ်ပြလိုက်မိရင် နောက်ထပ် ထောင်လာဦးမယ့် လက် ညိုးလေးတွေ အများကြီးကို မြင်နေပါ တယ်။ ယောင်နနငေးရင်း ဘာလုပ်ရမှန်း မသိတဲ့ ကျမအခက်အခဲကို တုတ်ကိုင် ထားတဲ့ ဆရာမလေးက ဝင်ကူလိုက်ပါ တယ်။ အားလုံးပြန်ထိုင်ကြ၊ တစ်ယောက် မှ မထရဘူး။ ရေလည်းမသောက်ရဘူး၊ သေးလည်းမပေါက်ရဘူး၊ သွားပြန်ထိုင် အင်း .. တော်ပါသေးရဲ့ နည်းနည်းငြိမ် သွားတဲ့ ကလေးတွေကိုကြည့်ရင်း ခုန သင်လက်စ သင်ခန်းစာကို ဆက်သင် လိုက်ပါတယ်။ ခဏတော့ အဆင်ပြေ သား။ ဟော .. လက်ကလေးထောင်လို့ ချွေးရွှဲနေတဲ့ မျက်နှာနဲပ ရေသောက်တဲ့ နောက်တစ်ယောက် နောက်နှစ်ယောက် နောက်သုံးယောက် လေးယောက်။
အင်း ခုနလည်း စားသောက်ဆော့ ကစားထား၊ စာသင်တော့လည်း အော် ဟစ်ထား၊ ပြတင်းပေါက်မရှိတဲ့ သွပ်မိုး အောက်က စာသင်ခန်းထဲမှာ ချွေးတွေ လည်းထွက်ဆိုတော့ ရေငတ်မယ်ဆို လည်း ငတ်မှာပေါ့လေ။ ရေသောက်ချင် နေတဲ့ ကလေးတွေကို ရေမသောက် ခိုင်းပဲ စာသင်ခန်းထဲမှာ ထိုင်ခိုင်းထား တာ တရားပါ့မလား။ လူ့အခွင့်အရေး ချိုးဖောက်ရာ ကျမှာပေါ့နော်။ ဒါပေမယ့် လည်း ဒါ စာသင်ချိန်လေ။ သူတို့ ရေ သောက်တိုင်း သေးပေါက်တိုင်းသာ သွားခိုင်းရရင်တော့ တတန်းလုံးအကုန် ထွက်ကြမှာပဲ။ စာသင်ခန်းထဲ ကျောင်း သားတောင် ရှိတော့မယ် မထင်ဘူး။ ကျမကသာ ဘာလုပ်ရမှန်းမသိ စဉ်းစား နေတုန်း သူတို့ဆရာမက ပြန်ထိုင်ကြ စမ်းဆိုပြီး တုတ်သံ တဗြန်းဗြန်းပေးပြီး အတန်းထိန်းပေးနေသည်။
ကဲ .. ကဲ .. သင်လက်စလည်း ဘယ် ရောက်ပြီမသိ။ စိတ်လည်းမပါတော့ဘူး။ သူတို့ကို ကဗျာပဲဆိုခိုင်းပြီး သူတို့ဆရာ မ လက်ထဲပဲ အပ်လိုက်တော့မည် စဉ်း စားသည်။ အားလုံး သစ်စေ့လေးတွေ လုပ်ကြမယ် .. ကိုယ့်နေရာကိုယ်နေပါ၊ ဆရာမလုပ်သလို လိုက်လုပ်ကြပါ။ အင်းဒီလိုတော့လည်း အားလုံး လိုက် လုပ်ကြသည်။ ပျော်ရွှင်စွာ အားရပါးရ အော်ဟစ်သီဆိုကြသည်။ လွတ်လပ် စွာ ကိုယ်ကိုလှုပ်ရှား ယိမ်းနွဲ့ ကြလေ သည်။

(၅)
သူငယ်ချင်းက ပြောသည်။
သည်က ဆရာမလေးနှစ်ယောက် ကို နင်တက်ခဲ့တဲ့ သင်တန်းက ကလေး ဗဟိုပြုသင်နည်းတို့ ဘာတို့နည်းနည်း လောက်ပြောပြပေးခဲ့ပါဟာ၊ နည်းလေး တွေလည်း ပြပေးခဲ့ပါဦးတဲ့။
တကယ်တော့ ကျမက အစိုးရဝန် ထမ်းဆရာမ မဟုတ်ပါ။ ခေတ်မီစာသင် ကြားနည်းသင်တန်းတွေကိုတော့ တက် ခဲ့ဖူးသည်။ စာတွေ့လည်း လေ့လာခဲ့ သည်။ လက်တွေ့လည်း စနစ်တကျ ပြင်ဆင်ဖွဲ့စည်းထားသည့် စာသင်ခန်း တွေမှာ သင်ထောက်ကူပစ္စည်းအစုံအ လင်နဲ့ သင်ပြလေ့ကျင့်ခဲ့ဖူးသည်။ က လေး ၂၅ယောက်ထက်မပိုတဲ့ စာသင် ခန်းတွေမှာ အုပ်စုဖွဲ့ကစားနည်းတွေ၊ ကလေးတွေနဲ့ အပြန်အလှန် ဆွေးနွေး ပြောဆိုတာတွေ၊ ကလေးတွေရဲ့ ပင်ကို မူလ စွမ်းရည်တွေ အတွေးအခေါ်တွေ ကို ပိုမိုတောက်ပလာစေမယ့် နည်းလမ်း တွေသုံးလို့ သင်ကြားပြသပေးခဲ့ဖူးသည် ပေါ့။ ကလေးစိတ်ပညာစာအုပ်တွေ၊ က လေးဖွံ့ ဖြိုးမှုစာအုပ်တွေကိုလည်း ဖတ် ခဲ့ဖူးသည်ပေါ့။
လက်တွေ့ဘဝမှာ သူငယ်တန်းက နေ လေးတန်းအထိ ကျောင်းသား တစ် ရာနီးပါးကို ဘာသာစုံပြနေတဲ့ သည် ဆရာမလေး နှစ်ယောက်ကို သုံးလ လောက် သင်တန်းတွေတက်ပြီး သိခဲ့ တဲ့ ကျမက ဘာတွေများ ပြောပြရမှာပါ လိမ့်။ ကလေးတွေကို မရိုက်ပါနဲ့၊ တုတ် မကိုင်ပါနဲ့လို့ ပြောရမလား။ ဆရာက ချည်း သင်မပေးပါနဲ့၊ သူတို့ကိုလည်း ဆွေးနွေးစေပါ။ သူတို့ပြောတာကို နား ထောင်ပေးပါလို့ပြောရင် ကလေးတစ် ရာရဲ့ ပြောစကားကို နားလေးပေါက်ထဲ နဲ့ နားထောင်နိုင်ပါ့မလား။ ကစားနည်း တွေကိုသုံးပြီး ကစားရင်းစာသင်ပါလို့ အကြံပေးရမယ်ဆိုရင်တော့ သင်ထောက် ကူပစ္စည်းသိပ်မလိုတဲ့ ကစားနည်းလေး တွေကို စဉ်းစားကြံဆပြီး နည်းပေးခဲ့ရင် ကောင်းမယ်ထင်ပါရဲ့။
အင်း ဆရာမတို့ရယ် နည်းတွေ ကတော့ သည်လို သည်လိုရှိပါတယ်။ အဓိကကတော့ စေတနာနဲ့ ဝါသနာကို ဗဟိုပြုပြီး ကိုယ့်အခြေအနေနဲ့ ကိုက်ညီ တဲ့ သင်နည်းတွေကို ကိုယ်တိုင်စဉ်းစား ပြီးတော့ပဲ သင်ကြပါ။ အစိုးရက ပြဌာန်း ထားတဲ့ သင်ရိုးညွှန်းတမ်းကိုလည်းကုန် အောင်သင်ရမှာဆိုတော့ အမြဲတမ်း က စားနည်းတွေနဲ့ချည်း မသင်ပေးနိုင်တော့ တစ်ပတ်မှာ တစ်ရက်လောက်တော့ ပျော်စရာ စာသင်ခန်းလေးဖြစ်အောင် သင်ပေးပေါ့နော်။
ဟုတ်ကဲ့ပါ အမရယ် ကျမတို့က လည်း ဘုန်းတော်ကြီးသင်ကျောင်းက ခန့်ထားတဲ့ ဆရာမတွေဆိုပေမယ့် ခေတ် မီနည်းတွေနဲ့လည်း သင်ပေးချင်ပါတယ်၊ ခုလောက်ပြောပြတာကိုပဲ ကျေးဇူးတင် ပါတယ်။ နောက်ကြုံရင်လည်း သင်တန်း တွေဖွင့်ပေးရင် ကျမတို့ တက်ချင်ပါ တယ်။ ကျမတို့လည်း ကိုယ့်အရည်အ ချင်းကို တိုးတက်ချင်တယ်လေ
ဟုတ်တာပေါ့ ဆရာမတို့ရယ်၊ ဆရာဆိုတာ ဓားသွေးကျောက်တဲ့၊ ကျ မတော့ လက်မခံနိုင်ပါဘူး။ သူတို့ကို သင်ရင်း ကိုယ်ကဘာလို့ လုံးပါးပါးရမှာ လဲ၊ သူတို့လည်းထက်မြက်၊ ကိုယ်လည်း တိုးတက်ရမှာပေါ့
ကျမက ကျမထင်မြင်ချက်တွေကို ဆက်ပြီးပြောပြန်သည်။
နောက်ပြီး .. ဆရာမတို့ရဲ့ ကလေး တွေကို ဘွဲ့ရပညာတတ်ကြီးတွေ ဖြစ် စေရမယ်လို့ ကြုံးဝါးစရာမလိုပါဘူး။ ဘွဲ့ မရလည်း အကောင်းအဆိုးကို ခွဲခြားသိ တဲ့ ကလေးတွေဖြစ်အောင်၊ လောကကို အကျိုးပြုနိုင်တဲ့ လူတွေဖြစ်လာဖို့ပဲ လို တာပါ။ မိဘတွေက ကိုယ့်သားသမီးကို ဘွဲ့ရအောင် သင်ပေးနိုင်မှ တာဝန်ကျေ တယ် ထင်နေကြတာ။ အသက်မွေးဝမ်း ကျောင်း ပညာရပ်တွေ သင်ပေးဖို့လိုတာ ကို မေ့နေကြတယ်။
အမရေ သည်ပတ်ဝန်းကျင်က မိ ဘတွေကတော့ အဲလိုမဟုတ်ပါဘူး။ သူ တို့က ဘွဲ့ရပြီးလည်း ထမင်းငတ်တာပဲ၊ ဘွဲ့ရတာ အထင်ကြီးဖို့မရှိဘူးတဲ့၊ သူတို့ ကျောင်းပို့တာက အိမ်မှာထိန်းရသက် သာအောင် ကျောင်းပို့နေတာ အမရေ၊ ခိုင်းလို့ရတဲ့ အရွယ်ရောက်ရင် ကျောင်း ဆက်မထားတော့ဘူး၊ ခုလည်း တချို့ ဆို ဆရာတော်က အတင်းကျောင်းထား ခိုင်းလို့ ပိုက်ဆံလည်းမကုန်လို့ ထားနေ တာ
ဟုတ်လား၊ အင်း ဘာပဲဖြစ်ဖြစ် ပေါ့လေ၊ သည်ကလေးတွေ ကျောင်း မှာရှိနေသမျှတော့ သူတို့ကို စာတတ် အောင် သင်ပေးနိုင်တာပေါ့၊ ဆရာမတို့ စိတ်ဓာတ်မကျပါနဲ့၊ စေတနာက အကျိုး ပေးမှာပါ
သူငယ်ချင်းကဝင်ပြီး အရွှန်းဖောက် သည်။
ဆရာမရယ် ကိုယ်က ကလေးတွေ သင်ပေးတာပဲ၊ လူကြီးတွေကို သင်ပေး တာမှ မဟုတ်တာ၊ လူကြီးဆိုတာမျိုးက သင်လို့မရတော့ဘူး၊ လွှတ်ထားလိုက် တော့
ဆရာမလေးက သဘောကျစွာရယ် မောရင်း ပြောလိုက်သည်။
ဟင်း ဟင်း ဟုတ်ပါတယ်၊ စိတ် ဓာတ်လည်းမကျပါဘူး၊ ကိုယ့်တာဝန် ကျေဖို့ပဲ ဂရုစိုက်ပါတယ်
ဆရာမလေးကို စိတ်ဓါတ်မကျဖို့ အားပေးသော ကျမကိုယ်တိုင်ကတော့ မရယ်နိုင်ပဲ မောရင်း ..
အင်း ငါရောတာဝန်ကျေရဲ့လား
ပြင်ဆင်လာခဲ့တဲ့ သင်ခန်းစာလေး တစ်ခုကိုတောင် ပြီးအောင် မသင်ပေး နိုင်ခဲ့တဲ့ ကျမကရော .. တာဝန်ကျေပါရဲ့ လား။





ဝန်ခံချက်။ ။ မောက္ခပညာရေးမဂ္ဂဇင်းဝက်ဆိုက်မှ ကူးယူဖေါ်ပြပါသည်။ စာရေးသူကတော့ ခင်လေးကြည်ကြည်ပါ။

Saturday, 19 February 2011

*ဖေဖေ သူမ အတွက် ပန်းသီး တစ်လုံး ပိုဝယ်ခဲ့ ပါနော *

" အတိတ် က ပြက္ခဒိန် စာမြက်နှာ အဟောင်း တချို့ တုန်ကပေါ့"
... ခပ်စွာစွာ .ကောင်မလေးတစ်ယောက်နဲ့  ကျွန်တော် အပြေးပြိုင်ဘူးခဲ့ တယ်..
ယုန်နဲ့ လိပ် မဟုတ်တဲ့  အဲဒီဇာတ်လမ်းမှာ..ကျွန်တော် (ဖား) တစ်ကောင်ဖြစ်သွားခဲ့တာပေါ့..
"အဖြစ်က" 'ဒီလိုဗျ


အဲဒီ့ နေ့က ကျွန်တော်ရဲ့  ဖေဖေ မြီု့ တက်ပီး ပြန်လာတော့ သူသား အချစ် တုံး လေးကျွန်တော်အတွက်
ပန်းသီး အကောင်းစားတစ်လုံး ၀ယ်ခဲ့ တယ်လေ..
ချောင်ကြကြ ကျေးတောရွာ ပေစုတ်စုတ် လေးမှာ လူဖြစ်ခွင့် ရခဲ့ တဲ့  ကျွန်တော့်အတွက်တော့
ဖေဖေ့ ၀ယ်ခဲ့ တဲ့ ပန်းသီး လေးက ကျွန်တော်အတွက်တော့ ပျော်ရွှင်ဖွယ်ရာ လက်ဆောင်မွှန် တစ်ခုပေါ့
ဖေဖေ က အဲဒိပန်းသီး လေးကို ကိုင်းပီးတော့ ကျွန်တော်နဲ့  ကျွန်တော်ရဲ့ သူငယ်ချင်း ခပ်စွာစွာ ကောင်းမလေးကိုမေးတယ်
.."ကဲ သားနဲ့  သမီး ကို ဖေဖေ တစ်ခုမေးမယ် ဟော ဒီပန်းသီးလေး က တစ်လုံပဲ ရှီတော့ တစ်ဝက်ဆီ မျှဝေစားကြမလား
ဒါမှ မဟုတ် ဒီက နေ ဟောဟိုက သစ်ပင် နားကိုပြေး ပီးရင်ဒီပြန်လာ အရင်ရောက်အောင် ပြေးလာနိုင်သူက ဒီပန်းသီးလေးကို စားရမှာပေါ့ ..ကဲ ပြောသားတို့  မျှဝေစားကြမလား ဒါမှ မဟုတ် အပြေးပြိုင်းကြမလား " တဲ့ ......
ကဲဗျာ ဖေဖေ့ ရဲ့ စကား အပြီးမှာ ကျွန်တော် တော်တော်လေး ကြောင် သွားမီတယ် ..ဘာလိုလဲ ဆိုတော့
သူများနဲ့ မတူ မြောက်ရှုံးအောင် ဆော့နိုင်တဲ့ ကျွန်တော် လေ အရင်နေ့ က ကမြင်းကျော ထ ထားလို့  ချေ ထောက်မှာ
ငြှောင်စူး ဒဏ်ရာနဲ့  ဆိုတာ ဖေဖေ သိရက်နဲ့  ဒိလို ဘာကြောင့် ပြောရတာလဲ ပေါ့။။
ကျွန်တော် တွေဝေ နေချိန် မှာပဲ ကျွန်တော်ရဲ တဦးတည်းသော ကစား ဖော် ခပ်စွာစွာ ကောင်မလေးက
" သမီး ပြိုင်မယ် ဦးဦ့း" တဲ့ ..
သူကပြိုင်မှာပေါ့ ကျွန်တော်ချေထောက်မှာ ဒဏ်ရာကြီးနဲ့ လေ ပြိုင်ရင် သူပဲ နိုင်မှာ ဆိုတာ ငတိ မလေးက ကြိုတွက်ပီးသားလေ
( ကိံစ္စ မရှီပါ) ။။။ မိန်းမ တစ်ယောက်ရဲ့  စိန်ခေါ် ကမ်းလှမ်းချက်ကို ငြင်းပယ်ဖို့  ကျွန်တော်အဲ ဒီလောက် သတ္တိ မမဲ သေးပါ
" သားလဲ သူကို နိုင်အောင် ပြေးပြ မယ် ဖေဖေ "ဆို တော့ ဖေဖေ က ကျွန်တော်ကို ပြုံးပြုံး လေးကြည်နေတယ်
(အဲဒီတုံးက ဖေဖေ့ ရဲ့ အပြုံးကို ကျွန်တော် နားမလည်ခဲ့ ပါ)
ကဲ ရှည်ရှည် ဝေးဝေး မပြော လိုတော့ပါ ။။။
ထိုပြိုင်ပွဲ ကျွန်တော် ရှုံး ခဲ့တာပေါ့ ......


အနိုင်ရသွားတဲ့  ငတိ မလေးကတော့ ကျွန်တော် အတွက်မဖြစ်လိုက်ရတဲ့ 
ပန်းသီး လေး ကိုကိုင်ပီးတော့ ကျွန်တော်ကို ပြောသေးတယ် " "ဒုတိယ" ရယ် "ဒုတိယ"က ဘယ်တော့မှ ပထမ မဖြစ်နိုင်ပါဝူးဟာ.
ဟားးးးးးးးးးးးဟားးးးးးးးးးးးးတဲ့ ဗျာ ။။။။
(တောက်) ခံပြင်းလိုက်တာ သူမ ရဲ့  လောင်ပြူံးလေးနဲ့ ကြည်တဲ့ အကြည်တွေက ကျွန်တော်အသဲ ကို မွှေနှောက်နေသလိုပဲ
ခံစားရခက်လိုက်တာ ရှက်လိုက်တာလဲ လွန်ရောပဲ ။။
အရွယ် နဲ့  မလိုက်အောင် ဒေါ်သတွေ ထွက်နေတာ ရင်ထဲမှာ လဲ ပူလောင်နေတယ်
သူမ ကိုတော့ ကျွန်တော် ဘာမှ မပြောပါဝူး ရင်ထဲမှာတော့ " နင် မှက်ထာပေါ့ ဟာ ငါဘာကောင်ဆိုတာ တနေ့ နင်သီစေရမယ်"
( ဘာညာ)(ဘာညာ) ပေါ့ အဲဒီတုံး ကလေး ဆိုတော့ ကလေး အတွေးပေါ့ ဗျာ ။။။။။
ငတိ မလေးလဲ ပန်းသီး လေးစားလို့  ကုန်ခံ နီးလေးရောက်တော့ ကျွန်တော်ကို
သူစားပီး သား ပန်းသီး အပဲ လေး လာကြွေး ရှာတယ် ..။။။။။။။။။။" နင်လည်း စားအုံးလေဟာ ၊ဒုတိယ၊ ငါက က ပန်းသီး မစားဖူးဝူးဟ
အခုမှ စားဖူးတာ အရမ်းကောင်းတာပဲဟာ " ။။။။။။.....တဲ့ 
......ကျွန်တော်ရင်ထဲမှာ ဘာကို အမည်ဖော်ရမှန်း မသိတဲ့  ခံစားချက်တစ်ခု ဖြစ်သွားတယ်.....
ကျွန်တော် သူမှ ရဲ့ ကမ်လှမ်းချက်ကို ဂရု မဆိုက်ပဲ ဖေဖေ့  ဆီ ကို အပြေးကလေးသွားလိုက်တယ်
ဖေဖေ့ နားကိုရောက်တော့ ဖေဖေ့ ကိုမော့်ကြည့်ပြီး ကျွန်တော် ရင်ထဲက ထွက်ကျလာတဲ့  အသံ တွေ ကတုန်ကရင်နဲ့ ပဲ
ပြောချလိုက် တယ် ...။။။..။။။။။။။။။။။။။(" ဖေဖေ နောက်တစ်ခါ မြို ကိုသွားရင် သူမ အတွက် ပန်းသီး ပိုဝယ်ခဲ့ ပါနော်
သူက ပန်းသီး မစားဖူးဝူးတဲ့  ဖေဖေ ရ" ....)။။။။။။။။။။။။။။...ဟော့ ..(ဖေဖေ ခုဏ လိုပဲ တစ်ခါ ထပ်ပြုံးပြန်ပီ)
..ဖေဖေ က ကျွန်တော်ကို ပြုံးပြုံးလေး နဲ ပြောတယ် " အေးပါသားရယ် ၀ယ်ခဲ့ မှာပေါ့ ".." လာသား
လူလေး ချေထောက် နာနေပီ မဟုတ်လား ဖေဖေ ဆေးထည့် ပေးမယ်လေ"..။။။။


ဘာကြောင့်မှန်းမသိပါပဲ ..ကျွန်တော် ရဲ့ ငတိ မ ခပ်စွာစွာ လေးကိုလှမ်းကြည်မိလိုက်တယ်..
သူမ ကတော့ ...ဘာကို မှ စိတ်ဝင်စားပုံမပေါ်
သူစားလက်စ ပန်းသီး လေးကိုပဲ
အစေ့ တွေပါ မကျန် ၀ါးစား ပစ်နေပီ ထင်ပါရဲ့ ....။။။။။။။။။( သူငယ်ချင်းများ အားလုံးလဲ မျှဝေခံ စားနိုင်ကြပါစေလို့ ) ။






Tuesday, 15 February 2011

ကောင်းကင်သွားတောလား


(၁)

နံနက်ခင်းသည် လောကကိုသာမဟုတ်ပဲ လူကိုပါလင်းစေ၏ ။ ဖတ်လတ်စ ကျမ်းစာအုပ်များကို ပိတ်လိုက်သည်။ အဝေးစီမှ ခေါင်းလောင်းထိုးသံ သဲ့သဲ့ကြားရ၏ ။ ချိုမြသော နှုပ်ဆက်အားပေးသံများဟု ရဟန်းနားလည်သည် ။ ထိုသို့ဖြင့် ခရီးကို စထွက်ခဲ့လေသည် ။

(၂)

တောင်ကြားလမ်းတစ်နေရာမှာ ကြည်လင်သော ချောင်းကွေချောင်းကောက် ကလေးတစ်စင်း စီးဆင်းနေသည် ။ တစ်ဝုန်းဝုန်းနှင့် ရေစီးသန်လှသောကြောင့် လှပသော်လည်း ကြောက်မက်ဖွယ်ရာ ဖြစ်နေ၏ ။ စံပယ်ပွင့်ဖြူများထံမှ ထစ်ချုန်းသံကြားရသလိုပင် ရဟန်းထင်မြင်မိ၏ ။

(၃)

“ရဟန်းလေး ဒီချောင်းက ဘယ်ကိုသွားတာလဲ”
“ဒါ…. ချောင်းလား”
“ဟုတ်တယ်လေ … ဒါချောင်းပေါ့”
“ချောင်းဆိုရင်တော့ မြစ်ရှိရာ သွားမှာပေါ့”


(၄)

မုဆိုးက ဒေါသမျက်နှာနှင့် ကြည့်ပြီး လှည့်ထွက်သွားသည် ။ ချောင်းကို အနံ့ခံပြီး မြစ်ကိုပစ်ခတ်ခြင်း မရှိသည့်အတွက်သာ ကျေးဇူးဆိုဖွယ်ရာ ရှိပါတော့သည် ။ ပင်လယ်တွေ စီးဆင်းမြဲ စီးဆင်းကြပါစေ ။

(၅)

“တပည့်တော်ကို ကယ်ပါအုံး ဘုရား”
အပြစ်သားက ရဟန်းကို ဦးချစဉ် အာဏာသားက ၀င်ပြော၏ ။
“သူဟာ မခုတ်ရမယ့် သစ်ပင်တွေကို လျှောက်ခုတ်တယ်”
“ဆောင်းရာသီမို့ အနွေးဓါတ်လိုလို့ပါ ၊ ထင်းအတွက် ခုတ်မိတာပါ ၊ အရှင်ဘုရား …. တပည့်တော်ကို ကယ်ပါ”

(၆)

“ပူအိုက်တဲ့ နွေရာသီမှာ ဒီသစ်ပင်တွေက အရိပ်ပေးမှာကိုရော မတွေးမိဘူးလား ၊ မျက်လုံးနှစ်လုံးရှိပြီး ဘာဖြစ်လို့ တစ်လုံးတည်းနဲ့ ကြည့်ရတာလဲ”
ရဟန်းက မျက်လွှာချပြီး ထိုသို့ ပြောသောအခါ သူတို့ အားလုံး ငြိမ်သက်သွားကြသည် ။

(၇)

“မကယ်နိုင်တာကို ခွင့်လွှတ်ပါ ၊ ဗုဒ္ဓလမ်းစဉ်ကို နားလည်ပါ ။ ဗုဒ္ဓဟာ ကယ်တင်ရှင်မဟုတ်ဘူး ၊ ဗုဒ္ဓဟာ လမ်းညွှန်သင်ကြားသူ ဆရာသာဖြစ်တယ် ၊ ကိုယ့်ကိုကိုယ် ကယ်မှ ရမယ်”
သူတို့ကို ဥပေက္ခာပြုပြီး ရဟန်းလည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်ခဲ့လေသည် ။

(၈)

တရုတ်ဒသနပညာရှင် ၀ိန်းရန်မင်း၏ ကဗျာတစ်ပုဒ်ကို ရဟန်းက ရေရွတ်လိုက်သည် ။
“က္ဋစ္ဆာသရ သိုလှောင်အိမ်ကြီးကို လွှင့်မပစ်လိုက်ပါနဲ့ ပြီး … အ၀င်လမ်းမှာ လာရပ်နေတဲ့ ခွက်ကိုင် သူဆင်းရဲတွေကိုလဲ အတုမယူပါနဲ့”

(၉)

ခေတ္တအားဖြင့်တော့ အခြားသော လမ်းသွားလမ်းလာများလို့ ငေးရပ်ကြည့်မိသည် ။ (အံ့သြစရာတော့ မဟုတ်ပါ)
သူကြွယ်တစ်ဦးဖြစ်၏ ။ သူပိုင်ဆိုင်သော စပါးကျီကြီးရှေ့တွင်ရပ်ကာ လာသမျှသူထံမှ … ရသမျှ အကူအညီကို အော်ဟစ်တောင်းခံနေသည် ။ ပါးစပ်ကို ခွက်အဖြစ်တပ်ဆင်ထားသော သူဆင်းရဲကြီး တစ်ယောက်ပမာ ရှိနေလေသည် ။

(၁၀)

သူ့တွင် မျက်လုံးနှစ်လုံးရှိသည် ။ နှစ်ခုစလုံးနှင့် ကြည့်သည် ။ သို့သော် … ဘာမှမမြင်သူ ဖြစ်သည် ။ ဥစ္စာဓန၏ ညို့ငင်မှု ၊ ရုပ်ဝတ္ထုများ၏ အိမ်မွေ့ချမှုကို ခံထားရသူဖြစ်သည် ။
“ရဟန်း ၊ ကျုပ်ကို အိမ်မက်ကောင်းတွေ ပေးပါ”
“ကောင်းသောစိတ်နဲ့ အိပ်ရာဝင်ပါ ဒကာ…. ၊ အိမ်မက်တင်မဟုတ်ဘဲ နံနက်ခင်းကပါ ကောင်းနေပါလိမ့်မယ်”

(၁၁)

စကားလက်ဆုံကျနေသော အဖိုးအိုနှင့် လူငယ်ကိုကြည့်ကာ မြို့စား ၊ ရွာစားနှင့် လယ်သမားက ဝေဖန်သုံးသပ်ကြ၏ ။ “လူငယ်က …. အနာဂတ်အတွက်ပြင်ဆင်နေတယ်” ဟုမြို့စားကပြောသည် ။
“အဖိုးအိုက အတိတ်ကို ဖြည့်စွက်ကြိုးစားနေတယ်” ဟု ရွာစားက ပြောသည် ။

(၁၂)

“မိုက်လိုက်တာ …. အမှန်တော့ လူဆိုတာ ပစ္စုပ္ပန်ပဲနေရမှာ”
ဟု လယ်သမားက ပြောသည် ။ ရဟန်းက အေးချမ်းစွာ ပြုံးမိလေသည် ။ အမြင် ‘နယ်’ ကျယ်ဝန်းမှုအရသာ ပြောရလျှင် လယ်သမားသည် နယ်စားကြီးပင်တည်း ။

(၁၃)

“မင်းဟာ…. ‘ရေ’ … ပဲ”
သစ်ပင်အောက်တွင် တည်ငြိမ်စွာ သမထ ထိုင်နေသော လူငယ်က ရဟန်းစကားကြောင့် မော့ကြည့်သည် ။
“အရှင်…. ဘာပြောလိုက်တာလဲ”
ရဟန်းက ခေါင်းကို ဖြည်းညှင်းသွာ ခါလိုက်၏ ။
“အခုတော့ ….. မင်း….. ‘လှိုင်း’ ဖြစ်သွားပြီ ….”

(၁၄)

ဝမ်းသာအားရ အော်ဟစ်သံများ ၊ ၀မ်းနည်းကြေကွဲ ငိုသည်း သံများနှင့်အတူ ဓါးပြိုင်ပွဲကြီး ပြီးသွားပြီ ။ ပြိုင်ဆိုင်ခဲံသော မြေစည်းဝိုင်းကိုသော်လည်းကောင်း ၊ စိုက်ကျန်ရစ်သော ဓါးတစ်လက်ကို လည်းကောင်း ရဟန်းကြည့်မိ၏ ။

(၁၅)

ဓါးမှာသော်လည်းကောင်း ၊ မြေစည်းဝိုင်းမှာသော် လည်းကောင်း ဘာမှ မရှိ၊ ၀မ်းသာမှုလည်းမရှိ ၊ ၀မ်းနည်းမှုလည်း မရှိ ၊ အောင်မြင်မှုလည်းမရှိ ၊ ဆုံးရှုံးမှုလည်း မရှိ ၊ ဘာမှမရှိ ဘာမှမရှိ ၊ ဘာမှ မရှိ ။

(၁၆)

တောလမ်းက ရှည်လျားကြီး ကြမ်းတမ်းသည် ။ မြင်းစီးလာသူ တစ်ဦးကမေး၏ ။
“ငါ့ရှင်က ရဟန်းလား”
“မဟုတ်ဘူး … ငါဟာ သူခိုးဖြစ်တယ်”
“ဘယ်လို သူခိုးလဲ”
ဗုဒ္ဓရဲ့ ကျင့်ကြံမှုကို အတုခိုးနေတဲ့ သူခိုးပေါ့….”

(၁၇)

တောင်တက်လမ်းသည် ကောင်းကင်ကို နွယ်ထားသော နဂါးငွေ့တန်းပမာ …. ဖြူခိုးတို့ဖြင့် ၀ိုးဝါးမှိုင်းပြာနေသည် ။ စိုစွတ်သော ညနေရီမှုံတို့ကို သတိတရားဖြင့် ရဟန်းကြည့်မ၏ ။ သိမ်ငယ်လှသော ကျောက်တောင်ကုန်လေးကို တီးတိုးမေးလိုက်၏ ။
“တောင်ကုန်းလေးရေ … မင်းဆီမှာ ပန်းတွေလည်းမပွင့်ပါလား”

(၁၈)

တောင်ကုန်းလေးက ခပ်အုပ်အုပ် ပြန်ဖြေ၏ ။
“အရှင်ဘုရားဟာ …. ကျွန်တော်မျိုးဆီမှာ လာပွင့်တဲ့ ပန်းပေါ့”
ဟုတ်သည် ။ သူသည် ကျောက်တောင်ကုန်းမှာ ပွင့်သော ပန်းဖြစ်သည် ။ သူနှင့် သဘာဝတရားတို့ တစ်သားတည်း ဖြစ်ကြပြီး သဘာဝတရားနှင့် တစ်သားတည်းဖြစ်ခြင်းသည် ဓမ္မနှင့် အတူနေရခြင်းလည်း ဖြစ်သည် ။ ရဟန်းက မျက်လွှာချပြီး ငြင်သာစွာ ရွတ်ဆိုလိုက်သည် ။
“ရောက်လုပါပြီ …..”

(တာယာမင်းဝေ …. မျဉ်းဖြောင့်၏ ဧရီယာ စာအုပ်မှ ပြန်လည်ဖေါ်ပြပါသည်)

Wednesday, 12 January 2011

အဖေ နဲ့  ကျွန်တော်

အတွေ့ အကြုံ ဆိုတာ ...

.

အရက်စက်ဆုံး

အကြမ်းကြုတ်ဆုံးဆရာပဲ ၊

ဒါပေမယ့်  အဲ့ ဒီက သင်ခန်းစာ ယူစမ်းပါ ၊

ယူဖြစ်အောင် ယူပါ ။

( စီ၊ အက်( စ် )၊ လူးဝစ် )


စပိန်ပြည်တောင်ပိုင်း အက်စ်တီပိုနာ ဆိုသည့် နေရာလေးမှာ ကျွန်တော်ကြီး

ပြင်းခဲ့ သည်။ ကျွန်တော် အသက် ၁၆ နှစ်အရွယ် တစ်မနက်မှာ၊ အဖေက သူ့ အား ၁၈

မိုင်လောက်အကွာမှာရှိသည့်  မီဂျား( စ် ) ရွာသို့  ကားမောင်းပို့ ခွင့် ပေးသည်။ အဲဒီလိုခွင့် 

ပေးခြင်းအတွက် ကျွန်တော်က ကားကိုအနီးရှိ ၀ပ်ရှော့ တစ်ခုမှာ ရေဆေး၊ ဆီထိုး လုပ်

ပေးရန်ပါ တာဝန်ယူရသည်။

အဲသည်တုန်း ကျွန်တော် ကားမောင်းတတ်စ၊ ကားကိုကိုင်တွယ်သုံးစွဲခွင့် လည်း

သေသေချာချာ မရသေးသည့် ကာလဖြစ်ရာ၊ အဖေပြောတာကို ကျွန်တော် အလျှင်အမြန်

ခေါင်းညိတ်ဖြစ်ခဲ့ သည် ။

ကျွန်တော် အဖေ့ ကို မီဂျား( စ် ) သို့  ကားမောင်းပို့ သည်။ သည့် နောက်ည

နေ ၄ နာရီတိတိမှာပြန်လာကြိုမယ်ဟု ကတိပေးပြီး ၀ပ်ရှော့ ရှိရာတန်းသွားကာ ကား

ကို အပ်သည်။ အဲသည်နောက် အချိန်လေး အနည်းငယ်ပိုနေသဖြင့်  ၀ပ်ရှော့အနီးရှိ ရုပ်

ရှင်ရုံမှာ ရုပ်ရှင်တစ်ကားနှစ်ကားကြည့် မည်ဟု ဆုံးဖြတ်ပြီး ရုံထဲဝင်ကာကြည့်နေ

လိုက်သည်။ ဇာတ်လမ်းများထဲ ကျွန်တော် မျောပါကာ အချိန်ဘယ်လောက်ကြာမှန်း

မသိ ဖြစ်သွားသည်။ နောက်ဆုံးကားကြည့် ပြီး နာရီကြည့် လိုက်သည့် အခါ ၆ နာရီထိုး


နှစ်နာရီတိတိ ကျွန်တော်နောက်ကျသွားသည် ။

ရုပ်ရှင်ကြည့် နေ၍ နောက်ကျမှန်းသိလျှင် အဖေ အကြီးအကျယ် ဒေါသ၏ထွက်

တော့ မည်။ ကျွန်တော့ ကိုလည်း ဘယ်တော့ မှကားမောင်းခွင့်ပေးမည်မဟုတ် ။ ထို့ 

ကြောင့် အဖေ့အား ကားမှာပြင်စရာတွေရှိနေ၍ ၀ပ်ရှော့ ကလူတွေ အချိန်အကြာကြီး

လုပ်ကိုင်နေရကြောင်း၊ ပြောရန်စဉ်းစားပြီ လာခဲ့ သည်။

အဖေနှင့် တွေ့ ရန် ချိန်းထားသည့် နေရာသို့ ရောက်သည့် အခါ စိတ်ရှည်လက်

ရှည်ပင် အဖေ စောင့် နေတာတွေ့ ရသည်။

နောက်ကျသည့် အတွက်တောင်းပန်ကြောင်း၊ တတ်နိုင်သမျှ အမြန်ဆုံးလာခဲ့

ကြောင်း ၊ ၀ပ်ရှော့ မှာ ကြီးကြီးမားမားပြင်ရတာတွေ ရှိသဖြင့် အကြာကြီးဖြစ်နေရကြောင်း

ကျွန်တော်ပြောလိုက်သည့် အချိန်၊ ကျွန်တော့် ကိုလှမ်းကြည့် လိုက်သည့်  အဖေ့၏ အ

ကြည့် ကို ကျွန်တော့် တစ်သက်မေ့နိုင်မည်မဟုတ် ။

`` ဂျေဆင် ၊ ဒီကိစ္စ အဖေ့ကိုလိမ်ပြောမှဖြစ်မယ်လို့  မင်းသဘောထားတာ

အဖေ စိတ်မကောင်းဘူး သား ´´

`` ဘာဖြစ်လို့ လည်း အဖေ၊ ကျွန်တော်အမှန်အတိုင်းပြောတာပဲဟာ ´´

အဖေ ကျွန်တော့် ကိုထပ်ကြည့် ပြန်သည် ။

`` မင်းမပေါ်လာတော့  ၀ပ်ရှော့ ကို ဘာတွေဖြစ်သလဲ လှမ်းမေးတယ်၊ မင်းလာ

မယူသေးတာတဲ့ ၊ အဲဒီတော့ ကားမှာ ဘာမှမဖြစ်တာ ငါ သိပြီးသားပေါ့ ကွာ ´´

ရုတ်တရက် ရှက်ကြောက်သည့် စိတ်ဖြင့်ကျွန်တော် ထူပူ၍သွားသည်။ ရုပ်ရှင်

သွားကြည့် ၍ နောက်ကျရခြင်းဖြစ်ကြောင်း ကျွန်တော် ၀န်ခံရသည်။ ကျွန်တော့်စကား

တွေနားထောင်နေတဲ့ အဖေ့မျက်နှာမှာ ၀မ်းနည်းကြေကွဲသည့်  အရိပ်လက္ခဏာများ

ယှက်သန်းလာပြီး ...

`` အဖေ တော်တော် ဒေါသထွက်တယ်၊ အဲဒါ သားကိုမဟုတ်ဘူး၊ ကိုယ့်ကိုကိုယ်

ဒေါသထွက်တာ ဒီအရွယ်ထိရောက်လာတဲ့ သားမှာ၊ အဖေ့ကို လိမ်ပြောရမယ်ဆိုတဲ့  စိတ်

မျိုးရှိနေတာ အဖေညံ့ လို့ ပဲ၊ အဖေမွေးထာတဲ့ သားဟာ .. ကိုယ့်အဖေကိုတောင် အမှန်

အတိုင်းမပြောနိုင်တဲ့  လူတစ်ယောက်ဖြစ်နေတာ အဖေအသုံးမကျလို့ ပဲ။ ဖခင်တစ်

ယောက်အနေနဲ့  အဖေ မအောင်မြင်ခဲ့ ဘူး ၊ အခု အဖေ အိမ်ကိုလမ်းလျှောက်ပြီးပဲ ပြန်

မယ်၊ သားကို ပြုစုပျိုးထောင်ခဲ့ တဲ့  ဒီနှစ်ကာလတွေအတွင်း အဖေ ဘာအမှာတွေကျုး

လွန်ခဲ့ လည်းဆိုတာ အဖြေပေါ်တဲ့ အထိ စဉ်းစားသွားမယ် ´´

`` အဖေ ၊ ၁၈ မိုင်ဝေးတဲ့ အိမ်ကိုလမ်းလျှောက်ရမှာ ဝေးလွန်းပါတယ် ၊ ပြီးတော့ 

မှောင်လဲမှောင်နေပြီ ´´

ကျွန်တော် တောင်းပန်တာတွေ အချည်းနှီးသာ ဖြစ်ခဲ့သည် ။ အဖေ အကြီးအ

ကျယ် စိတ်မကောင်းဖြစ်အောင် ကျွန်တော် လုပ်ခဲ့ မိပြီ။ ယခုတော့ တစ်သက်တာမှာ

အထိခိုက်၊ အနာကျင်ရဆုံး သန်ခန်းစာတစ်ခု ကျွန်တော် ခံယူရတော့ မည်။

ဖုန်ထူးသော ထိုလမ်းအတိုင်း အဖေ လျှောက်သွားသည့် အခါ ကျွန်တော်

ကားပေါ်ပြေးတက်ပြီး အဖေ့နောက်က လိုက်ရသည်။ သည်မျှဆို အဖေ ရပ်လေမည်

လား၊ မျှော်လင့်ချက်ကြီးစွာ တောင်းပန်တိုးလျှိုးပြီးလိုက်လာသည် ။ အဖေ ကျွန်တော့် ကို

စကားတစ်ခွန်းမှ ပြန်မပြော ။ ၀မ်နည်းကျေကွဲပြီး တွေဝေငေးမောစွာဖြင့်သာ လျှောက်

၍သွားနေသည် ။

ကျွန်တော့် ဘ၀ တစ်သက်တာတွင် အဖေ့ကို အဲဒီလို ကိုယ်ပင်ပန်းကြီးစွာ ၊

စိတ်ပင်ပန်းကြီးစွာ ခံစားနေသည့် အနေအထားဖြင့် ... မြင်တွေ့ ခဲ့ရသည်မှာ ၊ ထိုစဉ်က

အဖြစ်လောက် ခါးသီးဖွယ်၊ ရင်နင့်ဖွယ်ကောင်းလှသော အတွေ့ အကြုံ မရှိတော့ ပါ ။

နောက်နောင်များတွင်တော့ အဖေ့ရှေ့ မှောက်၌ မမှန်သောစကားကို တစိုးတစိမျှပင်

ကျွန်တော် မဆိုဖြစ်တော့ ပါ ။ ။

Jason Bocarro ၏ A Long Walk Home

ဆရာ ဖေမြင့် ဘာသာပြန်သည်။

ဖက်ဖူးသူများလည်းဖက်ဖူးကြမှာပါ...မဖက်မိကြသေးသူတွေအတွက်လည်း...ရင်ထဲမှာ တစ်ခုတစ်ခု ကျန်ခဲ့ရင်ကို..ကျွန်တော် ကျင်နက်ပါပြီ...

Saturday, 8 January 2011

အိမ်ကလေး

ကျွန်မ…အိမ်ပေါ်ရောက်တာနဲ့…ရုံးပစ္စည်းတွေနဲ့ တစ်ခြားပစ္စည်းတွေထည့်ထားတဲ့ ဆွဲခြင်းကို ချပြီး ခဏ အမောဖြေနေမိတယ်…

“အော်…အမေကြီးတောင် ပြန်ရောက်ပြီပဲ…”

အသံကြားလို့ ကြည့်လိုက်တော့ ကျွန်မရဲ့ ခင်ပွန်းပါ…သူခပ်ပေးတဲ့ရေတစ်ခွက်ကိုသောက်ရင်း အမောဖြေနေမိတယ်…

အမောဖြေနေရင်းနဲ့ နံရံပေါ်မှာ ချိတ်ထားထဲ ဓါတ်ပုံတွေကို ကြည့်နေမိတယ်….သောက်နေတဲ့ ရေတစ်ခွက် ဘယ်လိုကုန်သွားမှန်းကို မသိပါဘူး…

သက်ပြင်းချသံတစ်ခု ကြားလိုက်ပါတယ်…

“လာပါ အမေကြီးရယ်…ရေမိုးချိုးလိုက်အုံး…ပြီးရင် ထမင်းစားရအောင်…အဖေကြီးဒီနေ့ စောစောပြန်ရောက်လို့ထမင်းဟင်း အကုန်ချက်ထားတယ်…”

ရေမိုးချိုးပြီး ထမင်းဝိုင်းရောက်တော့လည်း ထမင်းဝိုင်းက ထုံးစံအတိုင်းပါပဲ ခြောက်ကပ်ကပ်နဲ့ပေါ့…

မဲညစ်ညစ် ထမင်းဝိုင်းပု လေးမှာ နေရာ ၂ နေရာက လွတ်နေတယ်လေ…

ကျွန်မ ခင်ပွန်းရဲ့ မျက်နှာကို ကြည့်လိုက်တော့လည်း သူက ထမင်းသာစားနေရတယ်…သူ့စိတ်က ထမင်းဝိုင်းထဲမှာ မရှိဘူးဆိုတာ… လွတ်နေတဲ့ နေရာ ၂ ခုကို ကြည့်ကြည့်
နေတဲ့ သူ့မျက်လုံးတွေက ၀န်ခံနေတယ်လေ…




ထမင်းစားပြီး TV ဇတ်လမ်းတွေကြည့်တော့လည်း ဘာမှမထူးခြားပါဘူး…ကျွန်မတို့ရဲ့ အိမ်လေး သေးသေးလေးထဲမှာ TV ဇတ်လမ်းအသံတွေပဲလွှမ်းနေတယ် မျက်လုံးတွေက
ဇတ်လမ်းပေါ်ရောက်နေသော်လည်း ဘာတွေဖြစ်နေမှန်းမသိ
စိတ်တွေကတော့ တစ်နေရာမှာ…

“အမေကြီး…သားနဲ့ သမီး စီက ဖုန်းလာသေးလား…”

ကျွန်မ ခင်ပွန်းရဲ့မေးခွန်းပါ…နေ့စဉ်မေးနေကျမေးခွန်းတစ်ခုပါ…..



ကျွန်မကတော့ တက္ကသိုလ်တစ်ခုက ဌာနခွဲစာရေးကြီးတစ်ယောက်ပါ…လွန်ခဲ့သော ၁၀ နှစ်လောက်ထဲက ဌာနအုပ်အဖြစ် ရာထူးတိုးဖို့ အခွင့်အရေးရှိခဲ့ပေမယ့်လည်း
နယ်ပြောင်းရမည်ဖြစ်သောကြောင့် ၂ ယောက်တည်းသာရှိတဲ့
သားနှစ်သမီးကို မခွဲနိုင်တာက တစ်ကြောင်း သားနှင့် သမီးကို နယ်ခေါ်သွားပါက သူတို့ ကျောင်းနှစ်တစ်ခြားကိစ္စတွေ
အခက်အခဲဖြစ်မှာစိုးလို့ တိုးမယ့်ရာထူးကို လက်လွှတ်ပြီး စာရေးကြီး အဖြစ်နှင့်ပင် ဆက်လက်တာဝန်ထမ်းနေခြင်းဖြစ်သည်…ကျွန်မခင်ပွန်းမှာလည်း
ပန်းပုဆရာတစ်ယောက်ဖြစ်သော်လည်း သားနှင့် သမီးကို စိတ်မချသောကြောင့် နယ်သွားပြီး အလုပ်မလုပ်ပဲ
ဒီနေရာမှပဲ ရရာအလုပ်လုပ်နေသူဖြစ်ပါသည်…



ကျွန်မ နံရံပေါ်မှ ဓါတ်ပုံများကို ကြည့်ရင်း မျက်ရည်များ ၀ဲလာပါတယ်…

ကျွန်မရော ကျွန်မ ခင်ပွန်းပါ ဖိနပ်ပြတ်လျှင်တောင် တွယ်ချိတ်ထိုးစီပြီး သားနှင့်သမီး ပညာရေးကို ထောက်ပံ့ရင်းနဲ့ အခု ကျွန်မတို့ အိမ်နံရံမှာတော့ မိသားစု ၎
ယောက်တွဲရိုက်ထားတဲ့ သားကြီး
နှင့် သမီးတို့ရဲ့ ဘွဲဝတ်စုံနှင့် ရိုက်ထားသော
ဓါတ်ပုံ များနှင့် တစ်ခြား သင်တန်းများရဲ့ သင်တန်းပြီးဆုံးခြင်းလက်မှတ်ပေးပွဲတွေမှာ
ရိုက်ထားတဲ့ ဓါတ်ပုံတွေ…

“အဖေကြီးရယ်…ဒီလိုမှန်းသိရင် သားတွေ သမီးတွေ စာမတော်ခဲ့ရင်ကောင်းမယ်နော်…”

“အာာ…အမေကြီးကလည်း အဲလိုတော့ မပြောပါနဲ့…”

“ဟုတ်ပါတယ် အဖေကြီးရယ် ကျွန်မ သပ်သပ်ပြောတာပါ…အခုလို သူတို့တွေ ထူးထူးချွန်ချွန်ဖြစ်သွားတော့လည်း ကောင်းပါတယ်…ဒါပေမယ့် အဖေကြီးရယ်…”

“အင်း…သားကြီးတောင် ဖုန်းမဆက်တာ တော်တော်ကြာပြီနော်…ဟိုမှာ အဆင်ပြေရဲ့လား မသိပါဘူး”

ကျွန်မသားကြီးမှာ ပြည်ပနိုင်ငံတွင် ကျောင်းသွားတက်နေသူတစ်ယောက်ဖြစ်ပါတယ်

သမီးကတော့ ရန်ကုန်နှင့် မိုင်ပေါင်းများစွာဝေးသော မြို့တစ်မြို့ရဲ့ ရေအားလျှပ်စစ် စီမံကိန်းတစ်ခုမှာ အထက်တန်း
အင်္ဂျီနီယာတစ်ယောက်အဖြစ်နှင့်သွားရောက်တာဝန်ထမ်းဆောင်နေတာပါ…

လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခုလောက်ကပေါ့ ကျွန်မတို့ရဲ့ ယိုင်နဲ့နဲ့ အိမ်လေးက အရမ်းပျော်ဖို့ကောင်းတဲ့ နေရာလေးတစ်ခုပေါ့ အစအနောက်သန်တဲ့ သားနဲ့
စိတ်တိုတတ်တဲ့ သမီးတို့ရဲ့ အသံတွေ…ကျွန်မ ရုံးကပြန်ရောက်တာနဲ့
အလုအယှက် ပြေးကြိုကြပြီး ကျွန်မဆွဲခြင်းထဲမှာ ပါလာတဲ့မုန့် အနည်းငယ်လေးကို အလုစားကြတဲ့
မောင်နှမနှစ်ယောက်ရဲ့ အသံတွေ…ညပိုင်း အပန်းဖြေစရာ TV လေးတစ်လုံးတောင် မရှိပေမယ့် သားနဲ့သမီးတို့ရဲ့
စာကျက်သံတွေနဲ့ စနောက်ညင်းခုံသံတွေက ကမ္ဘာကျော်နာမည်ကြီး ဇာတ်ကားတစ်ကားထက်ကို ပိုပြီး
ခံစားလို့ကောင်းခဲ့တယ် တစ်နေကုန်ပင်ပန်းသမျှ သားနဲ့ သမီး အသံနဲ့ပဲ ဖြေဖျောက်ခဲ့တယ်ပေါ့…

ကျွန်မတို့အကြောင်းမသိတဲ့ သူများကတော့ အဘိုးကြီးနဲ့ အဘွားကြီး ၂ ယောက်တည်းနေတယ်ထင်တဲ့သူတွေရှိ သလို သိတဲ့သူတွေကလည်း သားနဲ့သမီးတွေကို ချီးမွန်းနေတဲ့သူတွေလည်း
ရှိပါရဲ့…ဒါပေမယ့်လည်း တစ်ခါတစ်လေကျရင် တောင့်တမိတယ်…အဲလို
ချီးမွန်းသံတွေနဲ့ သားနဲ့သမီးကို ခဏလောက်လဲလို့ ရရင်ကောင်းမယ်လို့ ဘယ်သူမှ မချီး ကျူးရင်နေပါ…သားနဲ့သမီး
အနားမှာ ရှိနေရင်ကို ပြည့်စုံပြီလို့ထင်နေတာ…

အော်…စိတ်ကူးကတော့ စိတ်ကူးပေါ့…အဆင့်မြင့် ပညာတွေသင်နေတဲ့ သားအတွက် ဂုဏ်ယူသလို တာဝန်ကြီးတွေ ထမ်းဆောင်နေတဲ့ သမီးအတွက်လည်း ကျွန်မ ပျော်နေခဲ့ပါတယ်…

တစ်နေ့နေ့ တစ်ချိန်ချိန်ပေါ့…

“ဖေကြီးရေ…မေကြီးရေ..” ဆိုပြီး တစ်ကျော်ကျော်အော်ရင်းနဲ့ ၀မ်းသာအားရပြန်လာမယ့် သားနဲ့သမီးကို မျှော်ရင်းနဲ့ပဲ…ကျွန်မတို့ရဲ့အိမ်သေးသေးလေးမှာတော့…ကျွန်မရယ်ကျွန်မခင်ပွန်းရယ်ဟာ…တစ်ယောက်ပခုံးကို
တစ်ယောက်မှီရင်း…တိတ်ဆိပ်လို့ပေါ့…ကျွန်မတို့ရဲ့ မျက်လုံးများကလည်း
နံရံပေါ်မှာ သားနဲ့
သမီးရဲ့ ဓါတ်ပုံတွေပေါ်မှာပါပဲ…ကျွန်မတို့ အိမ်လေးထဲမှာတော့ TV ကဇာတ်လမ်းသံလေးက သဲ့သဲ့လေး
လွင့်နေပါတယ်…ဒါပေမယ့်လည်း ထုံးစံအတိုင်းပါပဲ…ဒီအိမ်သေးသေးလေးမှာ ကျွန်မတို့ အဘိုးကြီး
အဘွားကြီး ၂ ယောက်ရဲ့ သက်ပြင်းချသံတွေကတော့…..

နေနက်