{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Thursday 24 February 2011

ကျမ တာဝန်မကျေပါ

Views

သူငယ်ချင်းတို့ရေ... ဒီဝတ္ထုတိုလေးကောင်းလို့ သူငယ်ချင်းတို့ကိုဖတ်စေချင်တာနဲ့ တင်ပေးလိုက်တယ်။။။။။ကဲ သားတို့သမီးတို့ သည်နေ့ ဆရာမ က မင်းတို့ကို သစ်ပင်တွေအကြောင် ပြောပြချင်တယ်။ ဆရာမက အတန်း တွင်းရှိ ကလေးများကို ပြောရင်း မေးခွန်းထုတ်လိုက်သည်။
သစ်ပင်ကြီးတွေအသက်ရှုသလား
ရှုပါတယ်
သေချာလား .. ရှုတယ်ဆိုရင် သူ တို့ဘာနဲ့ အသက်ရှုလဲ၊ မင်းတို့ သစ်ပင်မှာ နှာခေါင်းပေါက်များတွေ့ဖူးလို့လား
မတွေ့ပါဘူး..မရှုပါဘူး
ရှုပါတယ်..အမြစ်နဲ့ပါ
အကိုင်းနဲ့ရှုပါတယ်
ဆရာမက အကြောင်ဖမ်းမေးလိုက်၍ ကလေးများ တစ်ယောက်တစ်ပေါက် ဖြစ်ကုန်ကြသည်။ဆရာမက ပြုံးလိုက်ပြီး သင်ပုန်းပေါ်တွင် မြေကြီးမှာပေါက်နေသော သစ်ပင်ပုံဆွဲလိုက်သည်။ ထို့နောက်ကလေးများဘက်ပြန်လှည့်ကာ..
ကဲ မင်းတို့လည်း အသက်ရှုရင် လေကိုရှုတယ်လေ၊ သစ်ပင်လည်းလေ ကိုရှုမှာပေါ့၊ ဒါဆို ဘယ်အပိုင်းနဲ့ရှုမလဲ၊ အမြစ်က မြေကြီးထဲမှာဆိုတော့အမြစ် နဲ့ရှုလို့ရပါ့မလား
လေပေါ်ကအပိုင်းနဲ့ရှုပါတယ်
ဒါပေါ့ သစ်ပင်တွေက အရွက်တွေ ကနေ အသက်ရှုကြတယ်
သစ်ပင်တွေဟာ လေထဲက ကာ ဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို အရွက် မှာရှိတဲ့ လေပေါက်ကလေးတွေကနေ စုပ်ယူကြတယ်၊ မြေကြီးထဲက ရေကို တော့ အမြစ်တွေကနေ စုပ်ယူကြတယ်၊ နောက်သစ်ပင်ရဲ့ အစိမ်းရောင်အပိုင်း မှာရှိတဲ့ ကလိုရိုဖီးလ်ဆိုတဲ့ ဓာတ်ကနေ ရောင်ခြည်ကို အသုံးပြုပြီးခုနစုပ်ယူထား တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေကိုကာ ဗွန်ဟိုက်ဒြိတ်လို့ခေါ်တဲ့ အစာတွေဖြစ် အောင်ချက်ပေးတယ်၊ အဲသည်မှာ ဘေး ထွက်ပစ္စည်းအနေနဲ့ အောက်စီဂျင်ကိုထုတ်လွှတ်လိုက်တယ်၊ အိမ်မှာမင်းတို့ စားဖို့အစာကို အမေက ထမင်းအိုးထဲ ဆန်ထည့်၊ ရေထည့်ပြီး ထမင်းချက်သလိုပေါ့၊ ဆန်က ကာ ဗွန်ဒိုင်အောက်ဆိုဒ်ဆိုရင် ရေကတော့ ရေပေါ့၊ နေရောင်ခြည်က မီးဆိုရင် အ မေက ဘာလဲ
အမေက ထမင်းချက်တဲ့သူပါ
အမေက ကလိုရိုဖီးလ်ပေါ့၊ သစ်ပင်ကြီးကတော့ ထမင်းအိုးကြီးပေါ့ မဟုတ်ဘူးလားကွဲ့
ဟုတ်ပါတယ် ဆရာမ
ဒီတော့ သစ်ပင်တွေဟာ တို့တွေ စားဖို့ အစာတွေကို အဓိက ထုတ်လုပ် ပေးတယ်၊ တို့တွေရှုဖို့ လေကောင်းလေ သန့် အောက်စီဂျင်တွေကိုလည်း ထုတ် ပေးသေးတယ်၊ တို့လူသားတွေကို အ ကျိုးမပြုဘူးလားနော်
ပြုပါတယ် ဆရာမ
အေး ဒါပေမယ့် အဲလို လုပ်ပေး တာက နေ့ခင်းနေရောင်ခြည် အလင်း ရှိတုန်း သူတို့အစာချက်တဲ့ လုပ်ငန်းစဉ် မှာပဲကွဲ့၊ ညရောက်တဲ့ အခါမှာတော့ သစ်ပင်တွေကလည်း တို့လူတွေအသက် ရှုသလိုပဲ သူတို့လည်းရှုကြတယ်တဲ့၊ ဆရာမက သင်ပုန်းတွင် ရောင်ခြည်ဖြာနေသော နေလုံးပုံ၊ သစ်ပင်ပုံ ဆွဲပြပြီး၊ အမြစ်က ရေစုပ်ယူပုံ၊ ပင်စည် အပေါ်ပိုင်းက စုပ်ယူသောဓာတ်ငွေ့ ၊ ပြန်ထွက်ဓာတ်ငွေ့ စတာတွေကို ကလေးတို့သဘောပေါက်လွယ်အောင် မျှားလေးတွေဖြင့်ပြရင်းမေးလိုက်သည်။ လူတွေက လေထဲက ဘာဓာတ်ငွေ့ကို ရှုကြတာလဲ
အောက်စီဂျင် ဓာတ်ငွေ့ပါ
ဘာဓါတ်ငွေ့ကို ပြန်ထုတ်သလဲ
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ပါ
ဟုတ်တယ် ကလေးတို့သိပ်တော်တာပဲ၊ သစ်ပင်ကြီးတွေဟာ နေ့အခါမှာတော့ နေရောင်ခြည်အသုံးပြုပြီး အစာ ချက်ရာမှာ လူတွေထုတ်လိုက်တဲ့ ကာ ဗွန်ဒိုင်အောက်ဆိုဒ်ကို သူတို့ကယူ၊ လူ တွေအသုံးလိုတဲ့ အောက်စီဂျင်ကို သူ တို့က ပြန်ထုတ်ပေးလို့ လူတွေနဲ့ သိပ် အဆင်ပြေကြတာပေါ့
ညဘက်ရောက်လို့ နေရောင်မရှိ တော့တဲ့အခါ အစာမချက်နိုင်တော့တဲ့ အချိန်မှာတော့ သူတို့လည်း လူတွေလို ပဲ အောက်စီဂျင်ကိုရှုပြီး ကာဗွန်ဒိုင်အောက် ဆိုဒ်ကိုပဲ ထုတ်ကြသတဲ့ကွယ်၊ ဒါကြောင့် တခါတလေ ညဘက်ကြီး သစ်ပင်အကြီး ကြီးတွေအောက်မှာတို့၊ သစ်တောတွေ ထဲမှာတို့ နေမိ၊ အိပ်မိရင် အသက်ရှုမဝ ဖြစ်ပြီး သတိလစ်တတ်တယ်ဆိုတာ၊ လူတွေနဲ့ သစ်ပင်တွေ အောက်စီဂျင်ကို လုရှုကြလို့ပေါ့၊ ဒါကို မသိတဲ့သူတွေက တော့ သရဲဖမ်းတာ၊ နတ်ဖမ်းတာနဲ့ ကြောက်တတ်ကြတယ်၊ အမှန်ကတော့ သစ်ပင်တွေက ညမှာကာဗွန်ဒိုင်အောက် ဆိုဒ်ကို ထုတ်တာကိုး
နေ့အချိန်တွင် လူနှင့်သစ်ပင် သ ဟဇာတဖြစ်စွာ အောက်စီဂျင်နှင့် ကာ ဗွန်ဒိုင်အောက်ဆိုဒ်ကို အပေးအယူ လုပ်ကြသော်လည်း ညအခါ အောက်စီ ဂျင်ကိုချည်းရှု၍ ကာဗွန်ဒိုင်အောက် ဆိုဒ်တွေချည်း ထုတ်လွှတ်ကြပုံကို လည်း ဆရာမက သင်ပုန်းပေါ်တွင် နေ့ ညခွဲခြားကာ ပုံကြမ်းဆွဲပြလိုက်သည်။
မင်းတို့ စဉ်းစားကြည့်စမ်း၊ သစ် ပင်တွေက သူတို့မနက်က သုံးထားစား ထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် ငွေ့ကို ညကျတော့ ပြန်ထုတ်၊ သူတို့မ နက်က ထုတ်ထားတဲ့ အောက်စီဂျင်ကို ညကျတော့ယူ၊ သူ့ဖာသာလည်ပတ် နေတာပဲနော်၊ သူတို့အစာအတွက် ဈေး သွားဖို့မလိုဘူး၊ မင်းတို့လည်း ဈေးသွား ဖို့မလိုအောင် မနက်ကစားထားတာ ည ကျပြန်ထုတ်၊ မနက်ကျပြန်စား မကောင်း ဘူးလား၊ အမေဈေးဖိုး သက်သာတာ ပေါ့
ဟင့် မကောင်းပါဘူး ဆရာမက လည်း
ဟားဟား..ဒါတော့သိသားပဲ ကဲ သစ်ပင်ကြီးတွေက ဘယ်လောက်ချစ်ဖို့ကောင်းလဲနော်၊ သူ့ပတ် ဝန်းကျင်ကို မျှတနေအောင် လုပ်ပေး ထားတာ၊ တို့လူတွေအတွက်လည်း အ စာတွေလည်းပေးတယ်၊ လေရှုဖို့လည်း လုပ်ပေးတယ်၊ နေစရာ၊ အရိပ်ခိုစရာ လည်းပေးတာပဲ၊ အဝတ်အထည်တွေ လည်းပေးတာပဲ၊ သစ်ပင်တွေကို ချစ် တတ် ထိန်းသိမ်းတတ်ဖို့လိုတယ်၊ သစ် ပင်မရှိတဲ့ ကမ္ဘာကြီးဆိုရင် ဘယ်လိုဖြစ်လဲစဉ်းစားကြည့်ကြစမ်းပါ

ကြောက်စရာကြီးပါ လူတွေ အကုန်သေကုန်မယ်ထင်တယ် ဆရာမ
အေး မင်းတို့ထင်တာတွေကို သစ်ပင်မရှိတဲ့ကမ္ဘာဆိုပြီး အိမ်ကနေ စာငါးကြောင်းလောက် ရေးခဲ့ကြနော်
ဆရာမက သင်ပုန်းပေါ်ရှိ ပုံများကို ဖျက်ကာ ပုံသစ်တစ်ပုံဆွဲရန် အစပြုရင်း မေးခွန်းထုတ်လိုက်သည်။
အခု သစ်ပင်တွေအသက်ရှုတာ သိပြီ၊ သူတို့လူတွေလို သွားလာလို့ ရ လား
မရပါဘူး ဆရာမ
လှုပ်လို့ရောရလား
လှုပ်လို့တော့ ရပါတယ်၊ လေတိုက် ရင်လေ
အေး မှန်တာပေါ့၊ ဟုတ်ပြီသူတို့ မျိုးပွားလို့ရောရလား၊ မင်းတို့ လူအသစ် လေးတွေ ထပ်မွေးလာသလို၊ သစ်ပင် အသစ် ကလေးတွေရော ထပ်ပေါက် သေးလား
ပေါက်ပါတယ်
ဘယ်လိုပေါက်သလဲ
သစ်စေ့လေးတွေကနေ အပင် သစ်လေးတွေ ပေါက်ပါတယ်
သိပ်တော်တာပဲ ကလေးတို့ ဒီမှာ ကြည့် သစ်စေ့ကလေးကနေ သည်လို မျိုး အဆင့်ဆင့် အပင်လေးပေါက်လာ တယ်နော်၊ ဒါက ပဲစေ့လေးတစ်စေ့ အ ပင်ပေါက်ပုံပေါ့
တတိယတန်း သဘာဝသိပ္ပံသင် ခန်းစာမှ ပဲစေ့အပင်ပေါက်ပုံအဆင့်ငါး ဆင့်ကို ဆရာမက ဆွဲပြလိုက်သည်။
ကဲ ကောင်းပြီ။ အခုမင်းတို့က သစ်စေ့လေးတစ်စေ့လို့ ကိုယ့်ကိုယ်ကို စိတ်ကူး ကြည့်ရအောင်နော်၊ မင်းတို့ ဘာစေ့လေးတွေ ဖြစ်ချင်လဲ၊ ပဲစေ့လေး တွေလား၊ သရက်စေ့လေး တွေလား၊ သင်္ဘောသီးအစေ့လေးတွေလား ဖြစ် ချင်တဲ့အပင်ကို စိတ်ကူးကြည့်ပါ
ဆရာမက ကြမ်းပေါ်တွင် ဒူးတုပ် ထိုင်လိုက်ရင်း ကိုယ်ကိုဝပ်လိုက်သည်။
ဆရာမ လုပ်သလို လိုက်လုပ် မယ်၊ ကိုယ်ကလေးတွေကို မြေကြီးပေါ် မှာ သစ်စေ့လေးလို ကပ်ထားပါ
ကလေးတို့အားလုံး ဒူးတုပ်ကလေး တွေထိုင်ပြီး စာသင်ခန်းကြမ်းပြင်တွင် ကုန်းကုန်းလေးတွေ လုပ်နေကြသည်။
ကဲ နေရောင်ခြည်တွေ၊ ရေတွေ၊ လေတွေရလို့ သစ်စေ့လေး အပင်ပေါက် လာပြီ
ဆရာမက တဖြည်းဖြည်း လက် နှစ်ဖက်ကို လက်အုပ်ချီသလို လုပ်ရင်း အပေါ်ကို မြှောက်ပြသည်။ ကလေးများလိုက်လုပ်ကြသည်။ ဟောသစ်ပင်ပေါက်ကလေး ရှည်လာပြီ ဆရာမက ဒူးကိုထောက် ခါးကိုဆန့်လိုက်ပြီး လက်ဖဝါးနှစ်ခုကို ဘေးဘက် ကားရင်း ခေါင်းပေါ်ကို မြှောက်လိုက် သည်။ ထို့နောက် တဖြည်းဖြည်း မတ် တပ်ထလိုက်သည်။ ကလေးများလည်း တဟိဟိ ရီရင်း လိုက်လုပ်ကြသည်။
ဟုတ်ပြီ သစ်ပင်ကြီး ဆက်ကြီး ထွားလာပြီ၊ နေရောင်ခြည်ရအောင် အ စွမ်းကုန် ရှည်လိုက်ကြစမ်းပါ
ဆရာမက အစွမ်းကုန် ခါးကိုဆန့် ပြီး လက်ကိုမြှောက်၊ ခြေဖျားကိုထောက် ရင်း ကလေးများကို ပြောလိုက်သည်။ ကလေးများကလည်း တကိုယ်လုံး အ စွမ်းကုန် ဆန့်ရင်း အညောင်းတွေ ပြေ ကုန်သည်။
ကဲ လိုက်ဆိုပါ .. လေငြိမ်ငြိမ်
လေငြိမ်ငြိမ်
သစ်ပင်ကြီးငြိမ်
သစ်ပင်ကြီးငြိမ်
လေပြင်းတိုက်တော့ဘယ်လိုဖြစ်တယ်
လေပြင်းတိုက်တော့ ဘယ်လိုဖြစ် တယ်
ဟောဒီလိုဖြစ်တယ်
ဟောဒီလိုဖြစ်တယ်
ဆရာမက လက်နှစ်ဖက်ကို ဝှေ့ယမ်းရင်းဆိုတော့ ကလေးများလည်း ပျော်ရွှင်စွာ ဝှေ့ယမ်းကြလေသည်။
ကလေးတို့ရေ အရှေ့ဘက်က လေတိုက်ရင် ဘယ်ဘက်ကိုယိမ်းမလဲ
အနောက်ဘက်ကိုယိမ်းပါမယ်
ဟုတ်ပြီ ဆက်ဆိုမယ်
အရှေ့ကတိုက်တော့ အနောက် ကိုယိမ်းတယ်
အရှေ့ကတိုက်တော့ အနောက် ကိုယိမ်းတယ်
အနောက်ကတိုက်တော့ အရှေ့ ကို ယိမ်းတယ်
အနောက်ကတိုက်တော့ အရှေ့ ကို ယိမ်းတယ်
စာသားအလိုက် ခါးကို ရှေ့နောက် ယိမ်းကြသည်။
ညာဘက်ကတိုက်တော့ ဘယ် ဘက်ကို ယိမ်းတယ်
ညာဘက်ကတိုက်တော့ ဘယ် ဘက်ကို ယိမ်းတယ်
ဘယ်ဘက်ကတိုက်တော့ ညာ ဘက်ကိုယိမ်းတယ်
ဘယ်ဘက်ကတိုက်တော့ ညာ ဘက်ကိုယိမ်းတယ်
အသံကို ဆွဲဆိုကာ ဘယ်ညာယိမ်း နွဲ့ ကြပြန်သည်။
လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်
ဆရာမက ရုတ်တရက် လက်နှစ် ဖက်ကို ဘေးကပ်၍ ခြေစုံရပ်လိုက် သည်။
ကလေးများကလည်း လက်ဘေးဘက်ကပ်လိုက်ရင်း သံပြိုင်အော်ဟစ် လိုက်ကြသည်။
လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်
ကဲ ရပြီလား ဆရာမနဲ့အတူနောက် တစ်ခေါက်ဆိုကြဦးမယ် သစ်ပင်လေး တို့ရေ
ကလေးတို့ အမူအရာနှင့်တကွ သီ ဆိုလိုက်သံက ဆရာမအသံကိုတောင် ဖုံးလွှမ်းသွားရသည်။
လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်
လေပြင်းတိုက်တော့ ဘယ်လိုဖြစ် တယ် .. ဟောဒီလိုဖြစ်တယ်။
လေပြင်းတိုက်တော့ ဘယ်လိုဖြစ် တယ် .. ဟောဒီလိုဖြစ်တယ်။
အရှေ့ကတိုက်တော့ အနောက် ကို ယိမ်းတယ်။
အရှေ့ကတိုက်တော့ အနောက် ကို ယိမ်းတယ်။
ညာဘက်ကတိုက်တော့ ဘယ်ဘက် ကိုယိမ်းတယ်။
ညာဘက်ကတိုက်တော့ ဘယ်ဘက် ကိုယိမ်းတယ်။
လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်။

(၂)
မနက်ဖြန် သူတို့နဲ့ တွေ့ရတော့ မည်။ ကျမ ပျော်ရွှင်စွာ စိတ်လှုပ်ရှားနေ မိပါသည်။ သူတို့ဆိုတာက သူငယ်တန်း ကနေ လေးတန်းအထိရှိသည့် ဘုန်းတော် ကြီးသင် ပညာရေးကျောင်းက ကလေး တွေပါ။ မနေ့က သူငယ်ချင်းက ဖုန်းလှမ်း ဆက်သည်။ သဘက်ခါကျရင်ငါတို့တွေ ဒဂုံမြို့သစ်တောင်ပိုင်းက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ကလေးတစ်ရာလောက် ကို နေ့လည်စာကျွေးရင်း ကလေးတွေ အတွက် ပန်းချီဆွဲတာလေး၊ ကဗျာဆို တာလေးတွေ လုပ်မယ်၊ နင်လည်းစိတ် ဝင်စားရင် နင်သိထားတဲ့၊ စာသင်နည်း လေးတွေကို ပြပေးမလားတဲ့။
အိုး ... သိပ်ရတာပေါ့။ ပြပေးချင်နေ တာ အတော်ပါပဲ။ ကျမ စာသင်ရမှာကို သိပ်ပျော်တာ။ စိတ်ကူးထဲမှာ အမြဲ စာ သင်ပေးနေတာ။ သူတို့ကို ကဗျာလေး တွေလည်း ဆိုခိုင်းမယ်၊ ကိုယ်လက်လှုပ် ရှား ကစားနည်းလေးတွေနဲ့လည်း က စားပေးဦးမယ်။
သည်နေ့ တစ်နေ့လုံး သူတို့နဲ့တွေ့ ရင် သင်ပြဖို့ သင်ခန်းစာတွေ ပြင်ဆင် နေမိသည်။ တစ်နာရီလောက်ဆိုရင် တော့ ကလေးတွေ ပျင်းမလားပဲ။ လေး ဆယ့်ငါးမိနစ်လောက်တော့ မပျင်းလောက် ပါဘူးလေ။ သူတို့ကို ဘာအကြောင်း သင်ပေးရင် ကောင်းမလဲ၊ သမိုင်း၊ ပထ ဝီ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အင်း ဒါတွေက သူတို့ အတန်းစုံ၊ အရွယ်စုံဆို တော့ သင်ရခက်မယ်။ အဲတော့ ကလေး အားလုံးလည်း နားလည်နိုင်မယ့် တတိ ယတန်း သဘာဝသိပ္ပံထဲက သစ်ပင်အ စာချက်တာနဲ့ သစ်စေ့လေးအပင်ပေါက် တဲ့ ပုံကိုယူသင်ပေးမယ်။ ဟုတ်ပြီ။ သား သားတို့ မူကြိုမှာသင်တဲ့ ကဗျာလေးကို သင်ပေးရမယ်။ ဒါဆို သူတို့ကိုယ်လက် လှုပ်ရှားပြီးသားလည်း ရမယ်။ သင်ခန်း စာနဲ့လည်း ကိုက်ညီတယ်။ ကောင်းတယ် ခုခေတ်စားနေတဲ့ ပတ်ဝန်းကျင်ထိန်း သိမ်းရေးကို ပညာပေးရာလည်း ရောက် တယ်။
ကလေးဗဟိုပြု သင်ကြားရေးမှာ ကလေးတွေရဲ့ သိပြီးသားအသိကို အ ခြေခံပြီး သင်ကြားပေးမယ့် သင်ခန်းစာ နဲ့ ဆက်စပ်ဆွဲယူ သင်ကြားပေးရတယ် လို့ ဆိုတယ်။ သည်တော့ ကလေးတွေ ကို သူတို့သိပြီး နားလည်ပြီးတာတွေကို မေးခွန်းတွေထုတ်ပေး မေးပေးရမယ်တဲ့။ သူတို့ စိတ်ကူးÓဏ်တွေကို အသစ်စဉ်း စားတတ်လာအောင်ဖွင့်ပေးတဲ့ မေးခွန်း တွေမေးရမယ်။ သူတို့ရဲ့ ကိုယ်ပိုင် စဉ်း စားချက်တွေကို စာကြောင်းအနည်းငယ် ရေးခိုင်းတဲ့နည်း၊ အတန်းသားတွေရှေ့ မှာ ပြောခိုင်းတဲ့နည်းကိုသုံပြီး ထုတ်ဖော် ပေးရမယ်တဲ့။ ဒါမှ ကလေးတွေဟာ မိမိ ယူဆချက်ကို ထုတ်ဖော်ပြောဆိုရဲလာ မယ်။ စာအရေးအသားစွမ်းရည်၊ အပြော စွမ်းရည်လည်း တက်လာမယ်လို့ ကျမ တက်ထားဖူးတဲ့ သင်တန်းတွေမှာ သိခဲ့ ရတယ်။
ကျမပြင်ဆင်ထားခဲ့တဲ့ သင်ခန်း စာကို အထပ်ထပ်စဉ်းစား၊ အထပ်ထပ် လေ့ကျင့်နေမိပါတယ်။ ကျမစိတ်ကူးထဲ မှာတော့ ကလေးတွေနဲ့ အပေးအယူ မျှ နေတာပဲ။ ကျမတို့ စာသင်ခန်းလေးက ပျော်စရာ သိပ်ကောင်းနေပါတယ်။

(၃)
သူငယ်ချင်းကတော့ ပြောခဲ့သား ပါ။
ကျောင်းကနည်းနည်းဝေးတယ် နော်တဲ့။ ဆင်းရဲလည်း ဆင်းရဲတယ်တဲ့။
သိပါတယ်ဟယ်။
အစိုးရကျောင်း မတက်နိုင်တဲ့ က လေးတွေအတွက် ဖွင့်တဲ့ကျောင်းဆိုမှ တော့ ချမ်းသာပါ့မလားပေါ့။
ဒါပေမယ့် ကျမစိတ်ကူးထဲမှာတုန်း က သည်လောက်ဆင်းရဲပြီး သည်လောက် ဝေးလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ ဝေး တယ်ဆိုတာက လူတွေနဲ့ဝေးတာကို ပြောတာပါ။ ရန်ကုန်မြို့ထဲကနေ ကားစီး ရင် တစ်နာရီလောက်ပဲ ကြာတဲ့ခရီးမို့ အမှန်တော့ ဝေးလှတယ်လို့ မဆိုနိုင်ပါ ဘူး။ ဒါပေမယ့် လူနေထူထပ်တဲ့ မြို့ ပြ ကနေထွက်လို့ လယ်ကွင်းစိမ်းစိမ်းတွေ ကြားကမြေနီနီလမ်းလေးနံဘေး ရွှံ့အိုင် ထဲက ဘုန်းတော်ကြီးကျောင်းကလေး ကတော့ ခေါင်လွန်း၊ ဝေးလွန်းလှသလို ပါပဲ။ ဘုန်းကြီးကျောင်းဆိုရင် ကလေး တွေအတွက် ကစားစရာ မြေကွက်လပ် တော့ရှိမယ်။ သစ်ပင်ရိပ်အောက်က မြေကွက်လပ်မှာ စာသင်ရရင် စာသင် ခန်းမလိုပါဘူး။ နာမည်ကျော် ဆန်တနိ ကေတန်ကျောင်းလို သဘာဝပတ်ဝန်း ကျင်ကို လေ့လာပြီးသားတောင် ရလိမ့် မယ်လို့ ထင်ခဲ့မိတယ်။
အခုတော့ ဘုန်းတော်ကြီးနဲ့ စာ သင်သားကိုရင် ငါးပါးလောက် သီတင်း သုံးတဲ့ ဆယ်ပေပတ်လည် ထရံကာ သွပ်မိုး၊ ပျဉ်ခင်းကျောင်းကလေး နှစ် ဆောင်နဲ့ ကလေးတို့ စုဝေးရာ ပေနှစ် ဆယ်ပတ်လည် ပြတင်းပေါက်မပါတဲ့ မြေစိုက်ထရံကာ စာသင်ကျောင်း အ တွက် မြေနေရာကလွဲလို့ ကျန်တာက လယ်ကွင်းပြင်ကြီးပဲလေ။ သစ်ပင်ကြီး ဆိုလို့ တစ်ပင်တောင်ပေါက်စရာနေရာ မရှိတဲ့ ဘုန်းကြီးကျောင်းကို တွေ့လိုက် ရပါတယ်။ အင်း သည်လိုကျောင်းမျိုးကို ရှာဖွေအလှူလုပ်နိုင်တဲ့ သူငယ်ချင်းတို့ အုပ်စုကို ချီးကျူးမိပါသေးတယ်။
ဆရာတော်ကို ကန်တော့ပြီးတော့ ကလေးတွေရှိတဲ့ စာသင်ခန်းကို လာခဲ့ တယ်။ ကလေးတွေကတော့ ချစ်စရာ လေးတွေပါ။ တို့နိုင်ငံရဲ့ အနာဂတ်ပန်း ကလေးတွေပေါ့။ အားလုံးပဲ အဖြူ၊ အ စိမ်းလေးတွေဝတ်လို့ တောက်တောက် ပပကြီး မဟုတ်ကြပေမယ့်၊ သိပ်နွမ်းနွမ်း ပါးပါးတော့ မတွေ့ရပါဘူး။ သူတို့ကို ကြာဇံကျော်ကျွေးမယ်၊ ပန်းချီတွေလည်း သင်မယ်၊ ကျောင်းကိုဧည့်သည်တွေ လည်းလာတယ်ဆိုတော့ ပျော်ရွှင်တက်ြွကနေကြတာပေါ့။ ဆရာမလေး နှစ် ယောက်ခမျာ တုတ်တချောင်းစီကိုင်လို့ တဟဲ့ဟဲ့ အော်နေရတာပါပဲ။ အင်း ကျမ တက်ခဲ့တဲ့ သင်တန်းမှာတော့ ကလေး စိတ်ပညာအရ တုတ်မကိုင်ရဘူး ဆိုပဲ။
သည်နေ့က ဧည့်သည်တွေလာလို့ အတန်းဖွဲ့စည်းပုံ ပြင်ထားသလား။ အ ရင်ကလည်း သည်လိုပဲလားတော့ မသိ ဘူး။ တခန်းတည်းသာရှိတဲ့ စာသင် ကျောင်းရဲ့ နံရံသုံးဘက်မှာ သင်ပုန်းငါး ခုကို ကပ်ထားတယ်။ နံရံတဘက်က တော့ ဝင်ပေါက်ပေါ့။ အင်း သူငယ်တန်း အတွက်က ဟိုသင်ပုန်းဖြစ်မယ်။ သည် ဘက်နံရံက သုံးတန်းနဲ့ လေးတန်းအ တွက်ဖြစ်နိုင်တယ်။ သုံးတန်းနဲ့ လေး တန်း အင်္ဂလိပ်စာတွေ သင်ပုန်းပေါ်မှာ ရေးလက်စတွေ့တယ်။ ဒါဆို ဟိုဘက် နံရံမှာ ပထမတန်းနဲ့ ဒုတိယတန်း ဖြစ် နိုင်တယ်။ ကလေးတစ်ရာကျော် အတန်း ငါးတန်းအတွက် ဆရာမနှစ်ယောက်ဆို တော့ အတန်းတွေကို ကြားမှာ မကာ ထားပဲ အဆင်ပြေမယ် ထင်ပါရဲ့လေ။ ဆရာတော်ရော ကူသင်ပေးသလား မ သိဘူး။ သင်မှပဲ ဖြစ်မယ်ထင်တယ်။ ကို ရင်ကြီးတွေ ဦးပဇင်းတွေလည်း ရှိသား ပဲ။ သူတို့လည်း ကူထိန်းပေးမှာပေါ့။
ဟော .. ကလေးတွေ ကြာဇံကျော် စားရအောင် တန်းစီပါတဲ့။ ဆရာမက တုတ်တချောင်းကိုင်ရင်း အော်နေတယ်။ တန်းစီ တန်းစီတဲ့။ အင်း အတန်းအလိုက် ကျွေးလိုက်ရင် ကောင်းမယ်။ တန်းစီလို့ တင်ပြောနေရင် သူတို့က ဘယ်စီတတ် မလဲ။
ကဲ .. ကဲ သူငယ်တန်းတွေ အရင် ရှေ့ကိုလာ။ အတန်းကြီးတွေ နောက်မှာ နေဦး
အမလေး .. ကျမ ဝင်အော်ပေးမှပဲ ပိုဆိုးသွားပါလား။ ဝုန်းကနဲဆို သူငယ် တန်းတွေရှေ့ကိုတဲ့ဆိုပြီး အားလုံးနီးပါး ပြုံတိုးရောက်လာကြတယ်။ နည်းနည်း အသက်ကြီးတဲ့ ကလေးတွေကို ဟဲ့နင် တို့က သူငယ်တန်းလား ဘာလို့ ရှေ့တိုး နေတာလဲ နောက်မှာစီလေလို့ ပြော လိုက်တော့ ...
သမီးသူငယ်တန်းပါ၊ မယုံရင် ဆ ရာမကို မေးကြည့်ပါတဲ့
စိတ်ရှုပ်နေပုံရတဲ့ ဆရာမလေးက လှည့်ကြည့်ရင်း ပြောလိုက်တယ်။
ဟုတ်တယ် အမရေသည်ကျောင်း မှာ သူငယ်တန်းကတင် ငါးဆယ်ကျော် တယ်။ အားလုံးနီးပါး သူငယ်တန်းချည်း ပဲတဲ့လေ။
ဪသာ် .. ဟုတ်မှာပေါ့နော်။ ဆရာ တော်ကျောင်းဖွင့်တယ်ဆိုမှ ကျောင်းစ တင်အပ်ရတော့ သူတို့ခမျာ အသက် ၈ နှစ်၊ ၉နှစ်လည်း သူငယ်တန်းပဲ ဖြစ်နေ တာကိုး။
ဟန်ဆောင်မှု၊ ပြိုင်ဆိုင်မှုကင်းကင်း နဲ့ စားသောက်နေကြတဲ့ ကလေးတွေကို ငေးကြည့်ရင်း ကျမလည်း ဗိုက်ဆာဆာ နဲ့ သူတို့နဲ့အတူ တန်းစီပြီး ကြာဇံကျော် စားလိုက်ပါတယ်။ ပြီးရင် သူတို့လေး တွေကို စာသင်ရင်း၊ ဂိမ်းတွေ ကစားပေး ရဦးမယ်လေ။

(၄)
ပန်းချီဆွဲပြနေတဲ့ ဆရာကြီးနဲ့ အ ပေးအယူမျှနေတဲ့ ကလေးတွေကို နောက် နားက ကြည့်နေရင်း သဘောကျမိနေ ပါတယ်။ အရမ်းထုံထုံအအ မပြောရဲ မ ဆိုရဲတဲ့ ကလေးတွေတော့ မဟုတ်ပါဘူး နော်။ မေးလိုက်ရင် ဖြေကြတာချည်းပဲ။ ဒါမျိုးမှကောင်းတယ်။ အင်းကိုယ့်အလှည့် မှာတော့ ဘယ်လိုလာမလဲ မသိဘူး။ အတန်းနားက တုတ်ကိုင်ရင်း ထိန်းပေး နေတဲ့ ဆရာမလေးကို တိုးတိုးပြောမိ တယ်။ အမ သိပ္ပံသင်ခန်းစာလေး နည်း နည်းသင်ပြပေးချင်တယ်နော်ဆိုတော့ သင်ပါ အမ ရပါတယ်တဲ့။
ကဲ ကိုယ့်အလှည့်ရောက်ပါပြီ။ သူ ငယ်တန်းကနေ လေးတန်းအထိ အား လုံးရောနေတဲ့ သည်ကလေးတွေကို ကြို တင်ပြင်ဆင်လာခဲ့တဲ့ သင်ခန်းစာကို သင်ပြပေးလိုက်ပါတယ်။ ပထမငါးမိနစ် လောက်တော့ ဘာအနှောင့်အယှက်မှ မရှိ အဆင်ပြေနေသားပင်။ ဟော . က လေးတစ်ယောက် ချွေးတွေရွှဲလို့ လိုက် အော်ရလို့ မောပန်းနေတဲ့ မျက်နှာထား လေးနဲ့ လက်ကလေးတစ်ချောင်းထောင် လို့ ဆရာမ ရေသောက်တဲ့ ကျမခေါင်း ညိတ်ပြလိုက်ပါသည်။ ကလေးက စာ သင်ခန်း အပြင်ဘက်က ရေအိုးစင်ဆီ ထွက်ပြေးသွားသည်။
အရှိန်ရနေတဲ့ စာကိုဆက်သင်မယ် လုပ်တုန်း .. ဟော နောက်တစ်ယောက် လက်ညိုးလေးထောင်လို့ ဆရာမသေး ပေါက်တဲ့ ခေါင်းညိတ်ပြရပြန်သည်။ မေးခွန်း မေးမယ်လုပ်တုန်း လာပြန်ပြီ လက်တစ်ချောင်းထောင်လို့ ဆရာမ ရေသောက် ဘုရားရေ လေးငါးယောက် တပြိုင်တည်း စုပြုံပြီး လက်တစ်ချောင်း စီထောင်လို့။ ကျမ ခေါင်းညိတ်မပြချင် တော့ပါဘူး။ ခေါင်းညိတ်ပြလိုက်မိရင် နောက်ထပ် ထောင်လာဦးမယ့် လက် ညိုးလေးတွေ အများကြီးကို မြင်နေပါ တယ်။ ယောင်နနငေးရင်း ဘာလုပ်ရမှန်း မသိတဲ့ ကျမအခက်အခဲကို တုတ်ကိုင် ထားတဲ့ ဆရာမလေးက ဝင်ကူလိုက်ပါ တယ်။ အားလုံးပြန်ထိုင်ကြ၊ တစ်ယောက် မှ မထရဘူး။ ရေလည်းမသောက်ရဘူး၊ သေးလည်းမပေါက်ရဘူး၊ သွားပြန်ထိုင် အင်း .. တော်ပါသေးရဲ့ နည်းနည်းငြိမ် သွားတဲ့ ကလေးတွေကိုကြည့်ရင်း ခုန သင်လက်စ သင်ခန်းစာကို ဆက်သင် လိုက်ပါတယ်။ ခဏတော့ အဆင်ပြေ သား။ ဟော .. လက်ကလေးထောင်လို့ ချွေးရွှဲနေတဲ့ မျက်နှာနဲပ ရေသောက်တဲ့ နောက်တစ်ယောက် နောက်နှစ်ယောက် နောက်သုံးယောက် လေးယောက်။
အင်း ခုနလည်း စားသောက်ဆော့ ကစားထား၊ စာသင်တော့လည်း အော် ဟစ်ထား၊ ပြတင်းပေါက်မရှိတဲ့ သွပ်မိုး အောက်က စာသင်ခန်းထဲမှာ ချွေးတွေ လည်းထွက်ဆိုတော့ ရေငတ်မယ်ဆို လည်း ငတ်မှာပေါ့လေ။ ရေသောက်ချင် နေတဲ့ ကလေးတွေကို ရေမသောက် ခိုင်းပဲ စာသင်ခန်းထဲမှာ ထိုင်ခိုင်းထား တာ တရားပါ့မလား။ လူ့အခွင့်အရေး ချိုးဖောက်ရာ ကျမှာပေါ့နော်။ ဒါပေမယ့် လည်း ဒါ စာသင်ချိန်လေ။ သူတို့ ရေ သောက်တိုင်း သေးပေါက်တိုင်းသာ သွားခိုင်းရရင်တော့ တတန်းလုံးအကုန် ထွက်ကြမှာပဲ။ စာသင်ခန်းထဲ ကျောင်း သားတောင် ရှိတော့မယ် မထင်ဘူး။ ကျမကသာ ဘာလုပ်ရမှန်းမသိ စဉ်းစား နေတုန်း သူတို့ဆရာမက ပြန်ထိုင်ကြ စမ်းဆိုပြီး တုတ်သံ တဗြန်းဗြန်းပေးပြီး အတန်းထိန်းပေးနေသည်။
ကဲ .. ကဲ .. သင်လက်စလည်း ဘယ် ရောက်ပြီမသိ။ စိတ်လည်းမပါတော့ဘူး။ သူတို့ကို ကဗျာပဲဆိုခိုင်းပြီး သူတို့ဆရာ မ လက်ထဲပဲ အပ်လိုက်တော့မည် စဉ်း စားသည်။ အားလုံး သစ်စေ့လေးတွေ လုပ်ကြမယ် .. ကိုယ့်နေရာကိုယ်နေပါ၊ ဆရာမလုပ်သလို လိုက်လုပ်ကြပါ။ အင်းဒီလိုတော့လည်း အားလုံး လိုက် လုပ်ကြသည်။ ပျော်ရွှင်စွာ အားရပါးရ အော်ဟစ်သီဆိုကြသည်။ လွတ်လပ် စွာ ကိုယ်ကိုလှုပ်ရှား ယိမ်းနွဲ့ ကြလေ သည်။

(၅)
သူငယ်ချင်းက ပြောသည်။
သည်က ဆရာမလေးနှစ်ယောက် ကို နင်တက်ခဲ့တဲ့ သင်တန်းက ကလေး ဗဟိုပြုသင်နည်းတို့ ဘာတို့နည်းနည်း လောက်ပြောပြပေးခဲ့ပါဟာ၊ နည်းလေး တွေလည်း ပြပေးခဲ့ပါဦးတဲ့။
တကယ်တော့ ကျမက အစိုးရဝန် ထမ်းဆရာမ မဟုတ်ပါ။ ခေတ်မီစာသင် ကြားနည်းသင်တန်းတွေကိုတော့ တက် ခဲ့ဖူးသည်။ စာတွေ့လည်း လေ့လာခဲ့ သည်။ လက်တွေ့လည်း စနစ်တကျ ပြင်ဆင်ဖွဲ့စည်းထားသည့် စာသင်ခန်း တွေမှာ သင်ထောက်ကူပစ္စည်းအစုံအ လင်နဲ့ သင်ပြလေ့ကျင့်ခဲ့ဖူးသည်။ က လေး ၂၅ယောက်ထက်မပိုတဲ့ စာသင် ခန်းတွေမှာ အုပ်စုဖွဲ့ကစားနည်းတွေ၊ ကလေးတွေနဲ့ အပြန်အလှန် ဆွေးနွေး ပြောဆိုတာတွေ၊ ကလေးတွေရဲ့ ပင်ကို မူလ စွမ်းရည်တွေ အတွေးအခေါ်တွေ ကို ပိုမိုတောက်ပလာစေမယ့် နည်းလမ်း တွေသုံးလို့ သင်ကြားပြသပေးခဲ့ဖူးသည် ပေါ့။ ကလေးစိတ်ပညာစာအုပ်တွေ၊ က လေးဖွံ့ ဖြိုးမှုစာအုပ်တွေကိုလည်း ဖတ် ခဲ့ဖူးသည်ပေါ့။
လက်တွေ့ဘဝမှာ သူငယ်တန်းက နေ လေးတန်းအထိ ကျောင်းသား တစ် ရာနီးပါးကို ဘာသာစုံပြနေတဲ့ သည် ဆရာမလေး နှစ်ယောက်ကို သုံးလ လောက် သင်တန်းတွေတက်ပြီး သိခဲ့ တဲ့ ကျမက ဘာတွေများ ပြောပြရမှာပါ လိမ့်။ ကလေးတွေကို မရိုက်ပါနဲ့၊ တုတ် မကိုင်ပါနဲ့လို့ ပြောရမလား။ ဆရာက ချည်း သင်မပေးပါနဲ့၊ သူတို့ကိုလည်း ဆွေးနွေးစေပါ။ သူတို့ပြောတာကို နား ထောင်ပေးပါလို့ပြောရင် ကလေးတစ် ရာရဲ့ ပြောစကားကို နားလေးပေါက်ထဲ နဲ့ နားထောင်နိုင်ပါ့မလား။ ကစားနည်း တွေကိုသုံးပြီး ကစားရင်းစာသင်ပါလို့ အကြံပေးရမယ်ဆိုရင်တော့ သင်ထောက် ကူပစ္စည်းသိပ်မလိုတဲ့ ကစားနည်းလေး တွေကို စဉ်းစားကြံဆပြီး နည်းပေးခဲ့ရင် ကောင်းမယ်ထင်ပါရဲ့။
အင်း ဆရာမတို့ရယ် နည်းတွေ ကတော့ သည်လို သည်လိုရှိပါတယ်။ အဓိကကတော့ စေတနာနဲ့ ဝါသနာကို ဗဟိုပြုပြီး ကိုယ့်အခြေအနေနဲ့ ကိုက်ညီ တဲ့ သင်နည်းတွေကို ကိုယ်တိုင်စဉ်းစား ပြီးတော့ပဲ သင်ကြပါ။ အစိုးရက ပြဌာန်း ထားတဲ့ သင်ရိုးညွှန်းတမ်းကိုလည်းကုန် အောင်သင်ရမှာဆိုတော့ အမြဲတမ်း က စားနည်းတွေနဲ့ချည်း မသင်ပေးနိုင်တော့ တစ်ပတ်မှာ တစ်ရက်လောက်တော့ ပျော်စရာ စာသင်ခန်းလေးဖြစ်အောင် သင်ပေးပေါ့နော်။
ဟုတ်ကဲ့ပါ အမရယ် ကျမတို့က လည်း ဘုန်းတော်ကြီးသင်ကျောင်းက ခန့်ထားတဲ့ ဆရာမတွေဆိုပေမယ့် ခေတ် မီနည်းတွေနဲ့လည်း သင်ပေးချင်ပါတယ်၊ ခုလောက်ပြောပြတာကိုပဲ ကျေးဇူးတင် ပါတယ်။ နောက်ကြုံရင်လည်း သင်တန်း တွေဖွင့်ပေးရင် ကျမတို့ တက်ချင်ပါ တယ်။ ကျမတို့လည်း ကိုယ့်အရည်အ ချင်းကို တိုးတက်ချင်တယ်လေ
ဟုတ်တာပေါ့ ဆရာမတို့ရယ်၊ ဆရာဆိုတာ ဓားသွေးကျောက်တဲ့၊ ကျ မတော့ လက်မခံနိုင်ပါဘူး။ သူတို့ကို သင်ရင်း ကိုယ်ကဘာလို့ လုံးပါးပါးရမှာ လဲ၊ သူတို့လည်းထက်မြက်၊ ကိုယ်လည်း တိုးတက်ရမှာပေါ့
ကျမက ကျမထင်မြင်ချက်တွေကို ဆက်ပြီးပြောပြန်သည်။
နောက်ပြီး .. ဆရာမတို့ရဲ့ ကလေး တွေကို ဘွဲ့ရပညာတတ်ကြီးတွေ ဖြစ် စေရမယ်လို့ ကြုံးဝါးစရာမလိုပါဘူး။ ဘွဲ့ မရလည်း အကောင်းအဆိုးကို ခွဲခြားသိ တဲ့ ကလေးတွေဖြစ်အောင်၊ လောကကို အကျိုးပြုနိုင်တဲ့ လူတွေဖြစ်လာဖို့ပဲ လို တာပါ။ မိဘတွေက ကိုယ့်သားသမီးကို ဘွဲ့ရအောင် သင်ပေးနိုင်မှ တာဝန်ကျေ တယ် ထင်နေကြတာ။ အသက်မွေးဝမ်း ကျောင်း ပညာရပ်တွေ သင်ပေးဖို့လိုတာ ကို မေ့နေကြတယ်။
အမရေ သည်ပတ်ဝန်းကျင်က မိ ဘတွေကတော့ အဲလိုမဟုတ်ပါဘူး။ သူ တို့က ဘွဲ့ရပြီးလည်း ထမင်းငတ်တာပဲ၊ ဘွဲ့ရတာ အထင်ကြီးဖို့မရှိဘူးတဲ့၊ သူတို့ ကျောင်းပို့တာက အိမ်မှာထိန်းရသက် သာအောင် ကျောင်းပို့နေတာ အမရေ၊ ခိုင်းလို့ရတဲ့ အရွယ်ရောက်ရင် ကျောင်း ဆက်မထားတော့ဘူး၊ ခုလည်း တချို့ ဆို ဆရာတော်က အတင်းကျောင်းထား ခိုင်းလို့ ပိုက်ဆံလည်းမကုန်လို့ ထားနေ တာ
ဟုတ်လား၊ အင်း ဘာပဲဖြစ်ဖြစ် ပေါ့လေ၊ သည်ကလေးတွေ ကျောင်း မှာရှိနေသမျှတော့ သူတို့ကို စာတတ် အောင် သင်ပေးနိုင်တာပေါ့၊ ဆရာမတို့ စိတ်ဓာတ်မကျပါနဲ့၊ စေတနာက အကျိုး ပေးမှာပါ
သူငယ်ချင်းကဝင်ပြီး အရွှန်းဖောက် သည်။
ဆရာမရယ် ကိုယ်က ကလေးတွေ သင်ပေးတာပဲ၊ လူကြီးတွေကို သင်ပေး တာမှ မဟုတ်တာ၊ လူကြီးဆိုတာမျိုးက သင်လို့မရတော့ဘူး၊ လွှတ်ထားလိုက် တော့
ဆရာမလေးက သဘောကျစွာရယ် မောရင်း ပြောလိုက်သည်။
ဟင်း ဟင်း ဟုတ်ပါတယ်၊ စိတ် ဓာတ်လည်းမကျပါဘူး၊ ကိုယ့်တာဝန် ကျေဖို့ပဲ ဂရုစိုက်ပါတယ်
ဆရာမလေးကို စိတ်ဓါတ်မကျဖို့ အားပေးသော ကျမကိုယ်တိုင်ကတော့ မရယ်နိုင်ပဲ မောရင်း ..
အင်း ငါရောတာဝန်ကျေရဲ့လား
ပြင်ဆင်လာခဲ့တဲ့ သင်ခန်းစာလေး တစ်ခုကိုတောင် ပြီးအောင် မသင်ပေး နိုင်ခဲ့တဲ့ ကျမကရော .. တာဝန်ကျေပါရဲ့ လား။





ဝန်ခံချက်။ ။ မောက္ခပညာရေးမဂ္ဂဇင်းဝက်ဆိုက်မှ ကူးယူဖေါ်ပြပါသည်။ စာရေးသူကတော့ ခင်လေးကြည်ကြည်ပါ။

No comments: