{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Wednesday 12 January 2011

အဖေ နဲ့  ကျွန်တော်

Views
အတွေ့ အကြုံ ဆိုတာ ...

.

အရက်စက်ဆုံး

အကြမ်းကြုတ်ဆုံးဆရာပဲ ၊

ဒါပေမယ့်  အဲ့ ဒီက သင်ခန်းစာ ယူစမ်းပါ ၊

ယူဖြစ်အောင် ယူပါ ။

( စီ၊ အက်( စ် )၊ လူးဝစ် )


စပိန်ပြည်တောင်ပိုင်း အက်စ်တီပိုနာ ဆိုသည့် နေရာလေးမှာ ကျွန်တော်ကြီး

ပြင်းခဲ့ သည်။ ကျွန်တော် အသက် ၁၆ နှစ်အရွယ် တစ်မနက်မှာ၊ အဖေက သူ့ အား ၁၈

မိုင်လောက်အကွာမှာရှိသည့်  မီဂျား( စ် ) ရွာသို့  ကားမောင်းပို့ ခွင့် ပေးသည်။ အဲဒီလိုခွင့် 

ပေးခြင်းအတွက် ကျွန်တော်က ကားကိုအနီးရှိ ၀ပ်ရှော့ တစ်ခုမှာ ရေဆေး၊ ဆီထိုး လုပ်

ပေးရန်ပါ တာဝန်ယူရသည်။

အဲသည်တုန်း ကျွန်တော် ကားမောင်းတတ်စ၊ ကားကိုကိုင်တွယ်သုံးစွဲခွင့် လည်း

သေသေချာချာ မရသေးသည့် ကာလဖြစ်ရာ၊ အဖေပြောတာကို ကျွန်တော် အလျှင်အမြန်

ခေါင်းညိတ်ဖြစ်ခဲ့ သည် ။

ကျွန်တော် အဖေ့ ကို မီဂျား( စ် ) သို့  ကားမောင်းပို့ သည်။ သည့် နောက်ည

နေ ၄ နာရီတိတိမှာပြန်လာကြိုမယ်ဟု ကတိပေးပြီး ၀ပ်ရှော့ ရှိရာတန်းသွားကာ ကား

ကို အပ်သည်။ အဲသည်နောက် အချိန်လေး အနည်းငယ်ပိုနေသဖြင့်  ၀ပ်ရှော့အနီးရှိ ရုပ်

ရှင်ရုံမှာ ရုပ်ရှင်တစ်ကားနှစ်ကားကြည့် မည်ဟု ဆုံးဖြတ်ပြီး ရုံထဲဝင်ကာကြည့်နေ

လိုက်သည်။ ဇာတ်လမ်းများထဲ ကျွန်တော် မျောပါကာ အချိန်ဘယ်လောက်ကြာမှန်း

မသိ ဖြစ်သွားသည်။ နောက်ဆုံးကားကြည့် ပြီး နာရီကြည့် လိုက်သည့် အခါ ၆ နာရီထိုး

နေပြီ။

နှစ်နာရီတိတိ ကျွန်တော်နောက်ကျသွားသည် ။

ရုပ်ရှင်ကြည့် နေ၍ နောက်ကျမှန်းသိလျှင် အဖေ အကြီးအကျယ် ဒေါသ၏ထွက်

တော့ မည်။ ကျွန်တော့ ကိုလည်း ဘယ်တော့ မှကားမောင်းခွင့်ပေးမည်မဟုတ် ။ ထို့ 

ကြောင့် အဖေ့အား ကားမှာပြင်စရာတွေရှိနေ၍ ၀ပ်ရှော့ ကလူတွေ အချိန်အကြာကြီး

လုပ်ကိုင်နေရကြောင်း၊ ပြောရန်စဉ်းစားပြီ လာခဲ့ သည်။

အဖေနှင့် တွေ့ ရန် ချိန်းထားသည့် နေရာသို့ ရောက်သည့် အခါ စိတ်ရှည်လက်

ရှည်ပင် အဖေ စောင့် နေတာတွေ့ ရသည်။

နောက်ကျသည့် အတွက်တောင်းပန်ကြောင်း၊ တတ်နိုင်သမျှ အမြန်ဆုံးလာခဲ့

ကြောင်း ၊ ၀ပ်ရှော့ မှာ ကြီးကြီးမားမားပြင်ရတာတွေ ရှိသဖြင့် အကြာကြီးဖြစ်နေရကြောင်း

ကျွန်တော်ပြောလိုက်သည့် အချိန်၊ ကျွန်တော့် ကိုလှမ်းကြည့် လိုက်သည့်  အဖေ့၏ အ

ကြည့် ကို ကျွန်တော့် တစ်သက်မေ့နိုင်မည်မဟုတ် ။

`` ဂျေဆင် ၊ ဒီကိစ္စ အဖေ့ကိုလိမ်ပြောမှဖြစ်မယ်လို့  မင်းသဘောထားတာ

အဖေ စိတ်မကောင်းဘူး သား ´´

`` ဘာဖြစ်လို့ လည်း အဖေ၊ ကျွန်တော်အမှန်အတိုင်းပြောတာပဲဟာ ´´

အဖေ ကျွန်တော့် ကိုထပ်ကြည့် ပြန်သည် ။

`` မင်းမပေါ်လာတော့  ၀ပ်ရှော့ ကို ဘာတွေဖြစ်သလဲ လှမ်းမေးတယ်၊ မင်းလာ

မယူသေးတာတဲ့ ၊ အဲဒီတော့ ကားမှာ ဘာမှမဖြစ်တာ ငါ သိပြီးသားပေါ့ ကွာ ´´

ရုတ်တရက် ရှက်ကြောက်သည့် စိတ်ဖြင့်ကျွန်တော် ထူပူ၍သွားသည်။ ရုပ်ရှင်

သွားကြည့် ၍ နောက်ကျရခြင်းဖြစ်ကြောင်း ကျွန်တော် ၀န်ခံရသည်။ ကျွန်တော့်စကား

တွေနားထောင်နေတဲ့ အဖေ့မျက်နှာမှာ ၀မ်းနည်းကြေကွဲသည့်  အရိပ်လက္ခဏာများ

ယှက်သန်းလာပြီး ...

`` အဖေ တော်တော် ဒေါသထွက်တယ်၊ အဲဒါ သားကိုမဟုတ်ဘူး၊ ကိုယ့်ကိုကိုယ်

ဒေါသထွက်တာ ဒီအရွယ်ထိရောက်လာတဲ့ သားမှာ၊ အဖေ့ကို လိမ်ပြောရမယ်ဆိုတဲ့  စိတ်

မျိုးရှိနေတာ အဖေညံ့ လို့ ပဲ၊ အဖေမွေးထာတဲ့ သားဟာ .. ကိုယ့်အဖေကိုတောင် အမှန်

အတိုင်းမပြောနိုင်တဲ့  လူတစ်ယောက်ဖြစ်နေတာ အဖေအသုံးမကျလို့ ပဲ။ ဖခင်တစ်

ယောက်အနေနဲ့  အဖေ မအောင်မြင်ခဲ့ ဘူး ၊ အခု အဖေ အိမ်ကိုလမ်းလျှောက်ပြီးပဲ ပြန်

မယ်၊ သားကို ပြုစုပျိုးထောင်ခဲ့ တဲ့  ဒီနှစ်ကာလတွေအတွင်း အဖေ ဘာအမှာတွေကျုး

လွန်ခဲ့ လည်းဆိုတာ အဖြေပေါ်တဲ့ အထိ စဉ်းစားသွားမယ် ´´

`` အဖေ ၊ ၁၈ မိုင်ဝေးတဲ့ အိမ်ကိုလမ်းလျှောက်ရမှာ ဝေးလွန်းပါတယ် ၊ ပြီးတော့ 

မှောင်လဲမှောင်နေပြီ ´´

ကျွန်တော် တောင်းပန်တာတွေ အချည်းနှီးသာ ဖြစ်ခဲ့သည် ။ အဖေ အကြီးအ

ကျယ် စိတ်မကောင်းဖြစ်အောင် ကျွန်တော် လုပ်ခဲ့ မိပြီ။ ယခုတော့ တစ်သက်တာမှာ

အထိခိုက်၊ အနာကျင်ရဆုံး သန်ခန်းစာတစ်ခု ကျွန်တော် ခံယူရတော့ မည်။

ဖုန်ထူးသော ထိုလမ်းအတိုင်း အဖေ လျှောက်သွားသည့် အခါ ကျွန်တော်

ကားပေါ်ပြေးတက်ပြီး အဖေ့နောက်က လိုက်ရသည်။ သည်မျှဆို အဖေ ရပ်လေမည်

လား၊ မျှော်လင့်ချက်ကြီးစွာ တောင်းပန်တိုးလျှိုးပြီးလိုက်လာသည် ။ အဖေ ကျွန်တော့် ကို

စကားတစ်ခွန်းမှ ပြန်မပြော ။ ၀မ်နည်းကျေကွဲပြီး တွေဝေငေးမောစွာဖြင့်သာ လျှောက်

၍သွားနေသည် ။

ကျွန်တော့် ဘ၀ တစ်သက်တာတွင် အဖေ့ကို အဲဒီလို ကိုယ်ပင်ပန်းကြီးစွာ ၊

စိတ်ပင်ပန်းကြီးစွာ ခံစားနေသည့် အနေအထားဖြင့် ... မြင်တွေ့ ခဲ့ရသည်မှာ ၊ ထိုစဉ်က

အဖြစ်လောက် ခါးသီးဖွယ်၊ ရင်နင့်ဖွယ်ကောင်းလှသော အတွေ့ အကြုံ မရှိတော့ ပါ ။

နောက်နောင်များတွင်တော့ အဖေ့ရှေ့ မှောက်၌ မမှန်သောစကားကို တစိုးတစိမျှပင်

ကျွန်တော် မဆိုဖြစ်တော့ ပါ ။ ။

Jason Bocarro ၏ A Long Walk Home

ဆရာ ဖေမြင့် ဘာသာပြန်သည်။

ဖက်ဖူးသူများလည်းဖက်ဖူးကြမှာပါ...မဖက်မိကြသေးသူတွေအတွက်လည်း...ရင်ထဲမှာ တစ်ခုတစ်ခု ကျန်ခဲ့ရင်ကို..ကျွန်တော် ကျင်နက်ပါပြီ...

No comments: