{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Sunday 9 January 2011

ပရမ်းပတာပြဇာတ်...

Views
“ခွက်… ခွက်… ခွက်”

ရွာထဲကို မြင်းတွေဝင်လာတယ်

သူပုန်တွေကိုစီးပြီးတော့…

ဟုတ်သေးဘူး…

သူပုန်တွေဝင်လာတယ်…

မြင်းတွေစီးပြီးတော့….

ကုတ်အကျီအရှည်ဝတ်မယ်….

မာဖလာပတ်မယ် ဦးထုပ်ငိုက်ငိုက်ဆောင်းမယ်…

ဒါပေမယ့် သူပုန်ပဲ….



“ကတော် … ကတော် … ကတော်”

ကြက်တစ်ကောင်ဆွဲသွားတယ်….

သူကြီး….

အင်း….

သူကြီးသွားတိုင်မှဖြစ်မယ်…

ဆေးတွံကြီးခဲမယ်…ခေါင်းပေါင်းပေါင်းမယ်…ရဲတွေ… ရဲတွေရောက်လာမယ်…

အမှုစစ်မယ်…

ဝက်သုံးကောင်ပေါ်ကျွေးရတယ်…

အရက်မူးပြီး နွားတင်းကုတ်မီးရှိ့တယ်…

တိုင်မယ်…ဘယ်သူ့တိုင်ရမလဲ….



ဖြတ်တယ်….

ဒီအခန်း ဆင်ဆာ ဖြတ်တယ်…

ဆင်ဆာဖြတ်ပေမယ့်…

ကြင်ယာဖက်ကတော့ နောက်ဖေးတံခါးဖွင့်ထားတယ်….



နောက်ပေါက်က တက်ရတယ်….

ဒါပေမယ့် ဂိတ်ကြေးဈေးကြီးတယ်…

သူတိုက်တဲ့ ရေတစ်ခွက်က တော်တော်ပူနေတယ်….



တော်တော်ပူနေတဲ့သူဗိုက်ထဲမှာ

ဘီယာဘားဖွင့်ထားတယ်….

ခွက်ထဲက အရက်ပြင်းလို့ထင်တယ်..

နှုပ်ခမ်းနီလေးနဲ့ မြည်းတယ်…

နှုပ်ခမ်းနီလေးကလဲ

အစိမ်းရောင်ခြေင်္သေ့တွေနဲ့ ပြန်မြည်းတယ်….



မြည်းရင်းနဲ့ပဲ စာတမ်းထိုးမယ်…

တယောသံထည့်ချင်ထည့်မယ်…

နှဲသံပါချင်ပါတယ်…

သေချာတာတော့ စာတမ်းထိုးရမယ်…

ဦး…..

အသက်( ) ။ ။

နေနက်

No comments: