{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Monday 23 May 2011

မေးချင်တာမေး ဖြေချင်တာဖြေ ....

Views

မေး ။ ။ ခင်ဗျားကဘာလည်း

ဖြေ ။ ။ လူ

မေး ။ ။ ဒါဆို ဘာပညာတွေတတ်လဲ…

ဖြေ ။ ။ ခလုပ်မတိုက်အောင်လမ်းလျှောက်တတ်တယ် လှေကားတွေ့ရင် နင်းသွားတယ် ဘောလုံးတွေကန် ကန်ထုပ်တယ် ဖုန်ထူနေရင် မျက်စီမှိတ်ထားတယ် အရပ်ရှည်တဲ့ လူရှေ့
ခေါင်းငုံသွားတယ် အရပ်ပုတဲ့သူဆို ခေါင်းခေါက်တယ်

မေး ။ ။ ခင်ဗျားဘာတွေလုပ်လဲ

ဖြေ ။ ။ အမှောင်ထဲမှာ မှန်ကြည့်တယ် မျက်ချေးတွေမြင်မှာစိုးလို့…

မေး ။ ။ ဒီလိုအောင်မြင်အောင် ဘယ်လိုကြိုးစားခဲ့လည်း

ဖြေ ။ ။ တစ်သက်လုံး ကိုယ့်ဓါတ်ပုံပဲ ကိုယ်ကြည့်တယ်…

နောက်ပြီး ရှေ့မှာလူရှိရင် ဖိနပ်တက်နင်းတယ် နောက်မှာ ပါလာရင် လေလည်လိုက်တယ်…

မေး ။ ။ ရေရှည်အတွက် ဘာတွေစီမံထားလဲ…

ဖြေ ။ ။ ထိုင်ခုံကောင်းကောင်းတစ်လုံးကို ဘယ်သွားသွားထမ်းသွားတယ်

မေး ။ ။ အချစ်ကို ဘယ်လိုနားလည်လဲ

ဖြေ ။ ။ ကမ္ဘာပေါ်က အကောင်းဆုံး စီးကရက်တစ်လိပ်လိုပဲ ဘယ်လောက်အရသာရှိရှိ အစီခံရောက်ရင်တော့ လွှင့်ပစ်လိုက်ရတာပဲ…

မေး ။ ။ အိမ်ထောင်ရေးကိုရော…

ဖြေ ။ ။ စောနက လွှင့်ပစ်လိုက်တဲ့ အစီခံပါ

မေး ။ ။ ဒါနဲ့ ခင်ဗျားကြောကုန်းက ခြေရာတွေက

ဖြေ ။ ။ အော် ဒါလား…. မှောက်လျှက်ပြုတ်ကျတုံးက လှေကားထင်ပြီးနင်းသွားတာ…

မေး ။ ။ ရင်ဘက်ကခြေရာတွေကရော

ဖြေ ။ ။ လိမ့်နေတုံးက ဘောလုံးထင်ပြီး ကန်သွားကြတာ


မေး ။ ။ ခင်ဗျားရဲ့ အနာဂတ်ကို ဘယ်လိုမြင်လဲ…

ဖြေ ။ ။ ဘလပ်ကော်ဖီတစ်ခွက်လိုပါပဲ သကြားများရင်ချိုမယ် ကော်ဖီများရင်တော့ ခါးမှာပေါ့ ဒါပေမယ့် ကော်ဖီမကုန်မချင်း ခွက်အောက်ခြေကိုမြင်ရမှာ
မဟုတ်ဘူး

မေး ။ ။ စကားလက်ဆောင်ပေးအုံးမလား

ဖြေ ။ ။ ခင်ဗျားလဲ မျက်ချေးထွက်နေတယ်

မေးသူ ။ ။ ဟဟဟ ခင်ဗျား တစ်ကယ်လူ အစစ်ပဲ တစ်ခါတစ်လေလောက် အလင်းရောင်ရှိတဲ့အချိန် မှန်ထုပ်ကြည့်ကြည့်ပါအုံး….။ ။


နေနက်
8/7/2010


3 comments:

မောင်(စွယ်စုံကျမ်း) said...

ကိုနက်ရေ..လာဖတ်သွားတယ်ဗျာ...မိန်မိန်နဲ့ တွေ့ စရာ၇ှိလို့ ပြန်ပီနော...အော်မေ့ဂိုဏ်းသွားစရာရှိသေးတယ်မြဲကြွယ်ကိုဘာမှာအုံးမလဲ..ဟဲဟဲ..မိန်မိန်ကိုထိနဲ့ ..တေတွားမယ်

အဖြူရောင်နတ်သမီး said...

တကယ့်ကို ဖြေချင်တာဖြေသွားတာပဲကိုး..
ဖြေပုံဖြေနည်းလေး လေ့လာသွားပါတယ်...
လာတော့မမေးနဲ့နော်...
း)

မင်းဧရာ said...

မေးချင်တာမေးထားပေမယ့် ဖြေထားတာလေးတွေလေးနက်တယ်နော်