{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Sunday 15 May 2011

*အပျော်တမ်း*

Views

ဒီနှစ်ကျုပ်တို့ ရွာ ဘုရားပွဲမှာ အရင်နှစ်တွေနဲ့ မတူတမူထူးခြားစွာ အပျော်တန်း လက်ဝှေ့  စိန်ခေါ်ပွဲ ပါ ထည့်မယ်ဆိုပဲ ….
အဲ့ဒိသတင်း ကြားကတဲက ကျုပ်တို့  သူငယ်ချင်း တစ်စု ခေါင်းချင်း ရိုက်ပီး တိုင်ပင်နေကြပီ တိုင်ပင်တယ်ဆိုလို့  အကောင်းတော့ မထင်ကြနဲ့အုံး နော် ကျုပ်တိုသူယ်ချင်းတွေက ရွာဇော် လူပေလူတေ တွေဆိုပေမယ့် သတ္တိ ကတော့ နည်းနည်းလေးမှမရှီတာဝန်ခံပါတယ်ဗျာ....
လက်ဝှေ့ ပွဲနဲ့  ကျုပ်တို့ လို့  သတ္တိခဲ တွေနဲက လုံးလုံးမှ မသက်ဆိုင် ပါ သိုသော်လည်း လက်ဝှေ့ ပွဲမှာ ကြေငြာ ထားတဲ့ “အနိုင်ရသူ ၁၀၀၀ ကျပ် ရှုံးတဲ့သူ ၅၀၀ ကျပ် ” ဆိုတဲ့ ဆိုင်းဘုတ် ကြီးက ကျုပ်တို့ သူငယ်ချင်း တစ်စုအတွက် သရေယို စရာကြီးပေါ့..။။။ အပျော်တန်း လက်ဝှေ့ ဆိုမှ တစ်ကယ့် အပျော်တန်း ပွဲမျိုးပါ …စဉ်ပေါ်တက်ထိုး လို့ နိုင်ရင် ၁၀၀၀ ရှုံးရင် ၅၀၀ယူပီးပြန်ဆင်းလာရုံပဲ အနိုင်အရှုံးကလည်း ဒိုင်လူကြီးတွေကပဲ အကဲဖြက်ပေးတဲ့ ပွဲးမျိုးပါ .. အဲဒီပွဲမှာ ကျုပ်နဲ့  သူငယ်ချင်း ချက်စူ တက်ထိုးဖို့  ဆုံးဖြက်ချက် ချလိုက်တယ် ကျန်တဲ့ သူငယ်ချင်းတွေကလည်း စဉ်ပေါ်မတက်ရဲကျ လို့ အောက်ကပဲ ကျုပ်တို့ နှစ်ယောက် ကို အားပေးကျမယ် ပေါ့.......
ကျုပ် နဲ့ ထိုးမယ် ချက်စူ ကလည်း သဏ္ဍန်လုပ်သရုပ်တူအောင် ဟန်ဆောင်ပန်ဆောင် ထိုးကြမယ် ပီးရင် ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံးရလာတဲ့ ဆုကျေးငွေ ကိုအတူတူပေါင်း ပီးရွာထိပ် က အောင်ဗလ တို့ ပြည်တွင်းဖြစ် ..ချက်အရက် ဆိုင်လေးမှာမှာ ပျော်ပျော်ပါးပါးကြီး အောင်ပွဲ ခံမယ့်ပေါ့… .........ကဲဘယ့်နယ့်လည်း ကျုပ်အကြံ ပိုင် တယ်မဟုတ်လားဗျ …..
ဒီလိုနဲ့  …လက်ဝှေ့ ပွဲ ရက်ကို ရောက်လာခဲ့ပါပြီ .. ..ပွဲမစ ခင် တိုင်ပင် ခဲ့တုံးက တော့ သွေးတွေ ကြွခဲ့တဲ့ ကျုပ် အခုတော့ တစ်ကယ့် ပွဲရက်ရောက်တော့ စဉ်ပေါ်တက်ရမှာ ဒူးတွေတုန်နေပီ ကျုပ်ကသာ ဒူးတုန်နေတာ ချက်စူ ကတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့  “ဒုဒု ရာငါတော့ မရတော့ဘူးထင်တယ် စဉ်ပေါ်မတက်ရဲတော့ဘူး မင်းကိုမကြောက်ပေမယ့် အောက်က အားပေးနေတဲ့ ပရိတ်သတ် ကိုကျောက်တယ်ကွ ” …
“ ဟေ ကောင်ချက်စူ အဲလိုတော့ မလုပ်နဲ့လေကွာ စာရင်းက ပေးပီးသားနော် မင်းတက်မလာရင် မင်းအစားတက်လာတဲ့ သူနဲ့ ဆို ငါသေသွားမှာပေါ့ဟ ..အားတင်ထားစမ်းပါကွာ ခဏ လေးပဲ မင်းနှစ်ချက်လောက်သာ င့ါကိုထိုးလိုက် ငါမှောက်နေလိုက်မယ် ဟုတ်ပီလား”

ကျုပ် ကအဲလိုပြောနေပေမယ့် ချက်စူ ကတော့ တက်ရဲမယ့်ပုံမပေါ် နာမည်ခေါ်လိုမှ စဉ်ပေါ်မတက်ရင်လည်း သောက်ရှက် ကဖြန်းဖြန်းကွဲတော့မယ် ..ချက်စူ ကြောက်နေတာလည်းမပြောနဲ့  အရင်က အပျော်တန်းလို့ ပြောခဲ့တဲ့ လက်ဝှေ့ ပွဲ စဉ်ပေါ်ကိုကြည့်လိုက်တော့ ကွဲ တဲ့ကောင်ကွဲ ပြဲတဲ့ကောင်ပြဲနဲ့ (နဖူး တို့  ဒူးတို့ ) အောက်ကပရိတ်သက် ကလဲ အားပေးလိုက်ကြတာ မိုးလုံးကိုညံလို့ ရွာက လူတွေ အပြင် ရွာနီးခြောက်စပ် က လူတွေပါ လာကျတာဆိုတော့ အများကြီးဆိုမှ အများကြီးရယ်ပါ ..
ကျုပ်နဲ့ ချက်စူ နဲ့ အခုလိုတွေပြောနေတုံးမှာပဲ ပွဲစင်ကြေငြာတဲ့ သူရဲ အသံ လော်စပီကာ မှ ထွက်ပေါ်လာပါပီ .....

“အခု တစ်ခါယှဉ်ပြိုင် ထိုးသက်မယ့်သူ တွေကတော့ ဒုဒု နဲ့ ချက်စူ တိုပဲ ဖြစ်ပါတယ် ခင်ဗျာ”
ကြေငြာ သူရဲ့ အသံ အဆုံးမှာ ပရိတ်သက် ရဲ့ လက်ခုပ်သံတွေ တစ်ဖြောင်းဖြောင်းနဲ့  သူငယ်ချင်းများကလည်း “ဒုဒု ဒုဒု ချက်စူချက်စူ ” နဲ့ အော်ဟစ်အားပေးကြပီ ကျုပ်လည်း အရဲစွန့် ပီး စဉ်ပေါ် တက်လိုက်တယ် စဉ်ပေါ်ရောက်လို့ နောက်ကို လှည့်ကြည်လိုက်တော့ ချက်စူ ကို မတွေတော့ ကျုပ် သိလိုက်ပါပီ ချက်စူ စဉ်ပေါ်မတက်ရဲ့ လို့ ပြေးပီ လေ....
ပေါက်တဲ့နဖူး မထူးတော့ဘူး တက်လာတဲ့ကောင်နဲ ကျုပ် ထိုးရတော့မှာပေါ့ ..ထိုခဏ မှာပဲ ပွဲစင် ကြေငြာ တဲ့သူအသံ တဖန် ထွက်ပေါ်လာတယ်.
.“ ပရိတ်သက်များခင်ဗျား မောင်ချက်စူ နေမကောင်းလို့  ချက်စူ အစား တောင်ပြိုရွာက ကျွဲပေါက် က ဒုဒု နဲ ယှဉ်ပြိုင် ထိုးသက်မှာဖြစ်ပါတယ်”

(ဟိုက်.... သွားပီ ကျွဲပေါက် ဆိုတဲ့ကောင်ရဲညီမ ကိုကျုပ် ဟိုတလောက ရည်းစားစာ လိုက်ပေးဘူးတယ် ကျွဲပေါက် တော့မသိဘူး သူညီမရဲ့လက်သံကတော့ တော်တော် ပြောင်တယ်..ပါးနှစ်ချက်အရိုက် ခံလိုက်ရတာ ထမင်းတောင် ကောင်းကောင်း မစားနိုင်ခဲ့ ဘူးလေ …ဘုရားဘုရား ကယ်တော်မူကြပါ ….)

ဒိုင်လူကြီးရဲ့  အချက်ပေး ခရာ စမှုတ်တယ် ဆိုရင်ပဲ ကျွဲပေါက်ရဲ့ လက်သီးတွေ ကျုပ်မျက်နှာ ပေါ် နေရာလပ်မရှီ မိုးရွာသလို ကျရောက်လာခဲ့ပီ ကျုပ်ထိုးတဲ့ လက်သီး တွေက လေထဲမှာပင် ပျောက်ပျက် သွားပေမယ့်ကျွဲပေါက် က လက်တံလည်း ရှည် လူကောင်ကလည်း ကျုပ်ထက် မြင့်တာဆိုတော့ ဘာမှ ပြောစရာ မလိုအောင် ကျုပ် အလူးအလဲ ခံလိုက်ရတယ် ….....
.
.. ကဲ …...ပထမ အချီ မပီးခင်မှာပဲ ဒိုင်လူကြီးရဲ့  အချက်ပြ အရှုံး ပေးချင်းကို ခံလိုက်ရပါပြီ …ရှုံးတဲ့ အတွက် ရရှီခဲ့ တဲ့ ငွေအသပြာ ၅၀၀ ကျပ် ကို လက်ထဲမှာ ကျစ်ကျစ် ပါအောင်စုပ်ပီး ပြန်အဆင်းမှာတော့ ....

........အောက်မှာ အသင့်စောင့် နေကြတဲ့  သူငယ်ချင်းများကတော့ ကျုပ်ရှုံးတာတောင် သူတို့ မှာ အပျော်ကြီးပျော်လို့ ပေါ့ “ ဒုဒု ဒုဒု ” လို့ အော်ဟစ်ကာ ၀ိုင်းဝန်းပွေ ချီလျှက် .ရွာထိပ်က အောင်ဗလ ရဲ ပြည်တွင်းဖြစ် အရက် ဆိုင် လေးသို ဘယ်ညာခြေအစုံ ချီတက်လျှက်... …

. အပျော်ကြီး ပျော်နေကြတဲ့ သူငယ်ချင်းများကို ကြည့်ပီး ကျုပ်တစ်ယောက် မျက်နှာ ပေါ်က ရေမလောင်း ပေါင်းမသင်ပဲ နေချင်းညချင်း ကြီးထွားလာတဲ့ (အာလူးသီး)တွေ ကြားထဲမှ ပြူံးပီးကြည့်နေမိပါတော့သည်….။။။။။




(ဒုတိယ)
15/05/2011

1 comment:

jasmine(တောင်ကြီး) said...

နောက်တစ်ခါရန်ဖြစ်ရင်ကူညီပေးပါနော်
ကျွန်မကခဏခဏရန်ဖြစ်တတ်လို့ပါ။