Friday 13 May 2011
ကောင်းကင်မဲ့သူများ
Views
ရောင်နီကျော်တာတောင် ….
မလင်းလက်နိုင်တဲ့ ….
ဒီအိမ်မက်တွေကတော့ …
အထပ်ထပ်ကြေ … နွမ်းဖက်နေဆဲ ပေါ့ …..။
ဆန္ဒတွေ မွတ်သိပ်ပေမယ့် …
ဆာလောင်မှုကို မကြိပ်မှိတ်နိုင်တော့
ဒီတစ်ဝမ်းက …. ခါး …
ဒီလမ်းက …. သွားတိုင်း
ဒီ အဆောက်အဦးကြီးကို …. ငေးကြည့်မိလေရဲ့ ….။
(ငါလဲလေ ….
ဝတ်ချင်တာပေါ့ …
ဖြူစင်စင် အကျီလေးနဲ့ စမ်းမြမြ ဘောင်းဘီလေးတွေ ….
လွယ်ချင်တာပေါ့ …
စာအုပ်တွေနဲ့ လွယ်အိပ်လေးတွေ …
ကြားချင်တာပေါ့ …
ဆရာ/ဆရာမ တို့ရဲ့ စာသင်သံတွေ ….
ရောက်ချင်တာပေါ့ …
စည်းကမ်းရှိတဲ့ စာသင်ခန်းတွေ …)
အတွေးတွေ ဘယ်လောက်များများ ….
သံချေးတက်တဲ့ ဒီအိမ်မက်တွေ ….
ခြစားနေတဲ့ အနာဂတ် တွေနဲ့ …
အလင်းရောင်မဲ့တဲ့ ဒီဘ၀တွေမှာ ….
ရွှံ့ထဲက ဗွက် ….
နွံ ထဲက မတက်နိုင်တော့လည်း …
လွယ်အိပ်အစား … အိပ်စုတ် ဆွဲ …
စာသင်သံ အစား … အော်ဟစ်ကြိမ်းမောင်းသံတွေကြားမှာပဲ …
စာသင်ခန်း နဲ့ ကျောင်းတော်ကြီးကို
ငေးရင်း …. မောရင်း …. ။ ။
နေနက်
13/5/2011
Subscribe to:
Post Comments (Atom)
1 comment:
ဒီကဗျာကိုတော့တကယ်ခံစားရတယ်ဗျာ
Post a Comment