{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Wednesday 25 May 2011

ကျွန်တော်တို့ ပိုင်ဆိုင်သော အချိန်

Views

ကိုဇော် စီကနေပြီး သေခါနီး ၅ မိနစ်အကြောင်းဖတ်မိတော့ ကျွန်တော့ တစ်ခုတွေးမိတယ် ။ တစ်ခြားတော့ မဟုတ်ပါဘူး … start non zero time ဆိုတဲ့စကားလေးပါ ။ အဲဒါကတော့ သုညနဲ့ တစ်စက္ကန့်ကြားမှာရှတဲ့ အချိန်လေးပေါ့ ။ အရင်ကတော့ ကျွန်တော်လည်း လုံးလုံး ကို သတိမထားမိပါဘူး ။ အချိန်တွေထည့်တွက်ရတဲ့ ပုဒ်စာတွေ တွက်ရင် အနည်းဆုံး စက္ကန့်နဲ့ပဲ တွက်ကြတာများတာကိုး ။ မှတ်မှတ်ရရ အဲအကြောင်းလေးကို ကျွန်တော် စာသင်ခန်းထဲမှာ ပဲသိခဲ့ရတာပါ ။ အဲနေ့က ကျွန်တော်တို့ သင်တာက အရာဝတ္ထုတွေကို သပ်မှတ်တဲ့ အကွာအဝေး သပ်မှတ်ထားတဲ့ အမှတ်တစ်ခုကို သပ်မှတ်ထားတဲ့ အချိန်အတွင်း ရောက်အောင် သွားနိုင်ဖို့အတွက် တွက်ကြ ချက်ကြတာပေါ့ ။
ပုဒ်စာမတွက်ခင် ဆရာက ဟိုပြောဒီပြောနဲ့ ပြောရင်း ကျွန်တော်တို့ကို တစ်ခုမေးတယ် ။ နိုင်ငံတစ်ခုကျော်လောက်အောင် ပစ်လွှတ်ရတဲ့ ပစ္စည်းတွေ အတွက်ဆို ဘာတွေလိုမလဲတဲ့ (ဥပမာ … တာဝေးပစ်ဒုံး ၊ အာကာသထဲထိ ပစ်တဲ့ ဒုံးမျိုးတွေ ၊မောင်သူမဲ့ ဂြိုလ်တု တွေ စသည်ဖြင့်ပေါ့) သူ့ရဲ့ အရှိန်ကို တွက်ချက်ဖို့ပါ ။ ဘာတွေလိုမလဲလို့မေးတော့ ကျွန်တော်တို့လည်း ကိုယ်သိသလောက်ကြားဖူးနားဝလေးတွေဝိုင်းပြောကြတာပေါ့ ။ နောက်ကနေ တွန်းကန်အားတွေထွက်မယ့် အင်ဂျင် တို့ ဒုံးထိန်းဒလက် တို့ အရှိန်သပ်မှတ်ချက်တွေ ဘာတွေညာတွေ တစ်ယောက်တစ်ပေါက် ပြောကြတာပေါ့ …။ ကျွန်တော်တို့ပြောလို့အပြီးမှာ ဆရာက ပြောပါတယ် …။ အဲလိုမျိုးတွေအတွက်ဆို အချိန်ကို သုညနဲ့ တစ်စက္ကန့်ကြားမှာရှိတဲ့ အချိန်က အရေးကြီးဆုံးပါပဲတဲ့ ။
ကျွန်တော်ပြောတာ နည်းနည်းလေး ရှုပ်သွားပါပြီ ။ ပြန်ရှင်းပါ့မယ့် ။ တာဝေးပစ် ပစ္စည်းတွေမှာ တာတိုနဲ့ တာလတ် တို့မှာ ထည့်မစဉ်းစားတဲ့ အချက်တစ်ချက်ပါပါတယ် အဲဒါက တစ်ခြားတော့မဟုတ်ပါဘူး ကမ္ဘာရဲ့ လည်ပတ်နှုံးပါပဲ ။ သုညနဲ့ တစ်စက္ကန့်ကြားက ကြာချိန်ကို အရေအတွက်အားဖြင့် 100 ထားထားပါတယ် ။တစ်စက္ကန့်လျှင် ၂၉.၇၈၃ ကီလိုမီတာနှုန်း နဲ့လည်ပတ်နေတဲ့ ကမ္ဘာကြီးပေါ်ကနေ အာကာသထဲကို ပစ်မယ့် ဒုံးတစ်စင်းကို သူ့ရဲ့ သွားနှုန်းက တစ်စက္ကန့်ရဲ့ သုံးပုံတစ်ပုံလောက် မြန်သွားရင် ပဲဖြစ်ဖြစ် နှေးသွားရင်ပဲဖြစ်ဖြစ် ပစ်မှတ်ကို ၉.၉၂၇၇၇ ကီလိုမီတာလွဲချော်သွားမှာ ဖြစ်လို့ပါပဲ တဲ့ ။ နိုင်ငံကျော်ပစ်ရတဲ့ တာဝေးပစ် ပစ္စည်းတွေမှာလည်း အဲအချက်ကို အရေးကြီးအချက်နေနဲ့ ထည့်စဉ်းစားကြပါတယ်တဲ့ ။
ကျွန်တော်ပြောချင်တာက နည်းပညာအကြောင်းမဟုတ်ပါဘူး ။ ကိုဇော်ရေးထားတာလေးဖတ်ပြီး ကျွန်တော့စိတ်ထဲမှာ နည်းနည်းမေ့နေတဲ့ အကြောင်းအရာလေး ပြန်ပေါ်လာလို့ပါ ။ နိုင်ငံကျော် မင်းသားကြီး ခဏခဏ ပြောနေကျ စကားတစ်ခုရှိပါတယ် ။ သေဖို့အတွက် ပြင်ဆင်နေတယ်တဲ့ ။။။။ ပြင်ဆင်ခြင်းဆိုတာ လုပ်ဆောင်ခြင်းမဟုတ်သလို လုပ်ဆောင်ခြင်းဆိုတာလည်း ပြီးမြောက်ခြင်းမဟုတ်သေးပါဘူး ။ ကဲ ကျွန်တော်တို့ ပြင်ဆင်ရင်းနဲ့ သေသွားမယ်ဆိုရင်ရော ။။။ လုပ်ဆောင်တဲ့ အချိန်နဲ့ ပြီးမြောက်ခြင်းကိုတောင် ကြားဖူးလိုက်မယ်မထင်ဘူး ။ ပြင်၇င်းဆင်ရင်းနဲ့ တို့လို့တန်းလန်း သေသွားခဲ့မယ်ဆိုရင်တော့ မြန်မာစကား ဇော်ကန့်လန့် လိုဖြစ်လောက်မယ်ထင်တယ် လို့ တွေးဖူးပါတယ် ။ ဇော်ကန့်လန့်ဆိုတာတော့ တစ်ခြားဇော်ဂျီတွေလို မိုးပေါ်လည်း ပျံလို့မရ ။ ရိုးရိုးလူတွေလို မြေပေါ်မှာလည်း နေလို့မရ အလယ်ကောင်မှာ ကန်လန့်ကြီးဖြစ်နေတဲ့ ဇော်ဂျီပေါ့ ။ တော်တော်လေး ကိုးရိုးကားယား နိုင်မယ့်ပုံပါပဲ ။
လူတိုင်းက တစ်နေ့ကို ၂၄ နာရီပိုင်ဆိုင်ထားတယ်လို့ပြောပြီး ထသွားတုံး ကားတိုက်သွားတဲ့ ကျွန်တော့သူငယ်ချင်းတစ်ယောက် ရှိဖူးပါတယ် ။ အဲနေရာမှာပဲ သေသွားတယ် ။မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက်ရှိတယ်လို့ ပြောရင်းပဲ မတော်တစ်စတစ်ခုခုကြောင့် မနက်ဖြန်ဆိုတာောတင် မမြင်လိုက်ရတဲ့သူတွေ တစ်ပုံကြီးပါပဲ ။ အဲတော့ ကျွန်တော်တို့ ဘယ်လောက်များများ ပိုင်ဆိုင်နိုင်မလဲ ။ နောက်ပြီး ဘယ်လောက်ထိ လုပ်သင့်လဲ ။ သေဆုံးခြင်းဆိုတာ ကျွန်တော်တို့နဲ့ ဝေးကွာနေတယ်လို့ထင်ရပေမယ့် အနီးကပ်ဆုံးလည်း ဖြစ်နိုင်တာပဲလေ ။ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ။ ကျွန်တော့အထင်တော့ အကြွေစေ့တစ်ခုက ပန်းနဲ့ခေါင်းလိုပါပဲ ။ အချိန်မရွေးပြောင်းလဲ သွားနိုင်ပါတယ် ။ ပြင်ဆင်ချိန် အရမ်းများနေရင်တော့ လုပ်ဆောင်ချိန်တွေ လျှော့နည်းသွားမှာပါပဲ … ။ ကျွန်တော်တို့ သေချာပေါက် ပိုင်ဆိုင်ထားတဲ့ အချိန်တစ်ခုပဲရှိပါတယ် ၊ အဲဒါကတော့ သုညနဲ့ တစ်စက္ကန့်ကြားမှာရှိတဲ့ အချိန်ကလေး တနည်းအားဖြင့် ရှင်သန်ချိန်လေးပါပဲ ။ အရမ်းနည်းနေတယ်လို့ထင်လို့လား အဲအချိန် တစ်ယူနစ်အတွင်းမှာ ကမ္ဘာကြီးက 0.29783 ကီလိုမီတာတောင် လည်ပတ်သွားပြီ ။ ကဲ …. ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ သုညနဲ့ တစ်စက္ကန့်ကြားက အချိန်လေးထဲမှာ ဘာတွေလုပ်ကြမလဲ ?


ခလုပ်ဆွဲညှစ်ပြီးတဲ့ သေနတ်ပြောင်းဝမှာ ကျွန်တော်ရှိနေတယ်ဆိုရင်တော့ ကမန်း ကတမ်း စိတ်ထဲက အလုပ်တစ်ခု လုပ်လိုက်မိတယ် ….
“ဘု……..”



နေနက်
25/5/2011

6 comments:

KMC@ချင်းလေး said...

ကမန်းကတန်းနဲ့ထလုပ်တာတော့ရှင်းပါတယ်. ''ဘု'' ဆိုတာကိုတော့မရှင်းဘူးဗျ...:-) ဟဲဟဲ.တော်တော်ညစ်ပတ်တဲ့လူ..

naynet said...

ဘုရားတလိုက်တာပါ ... ဒါပေမယ့် အဆုံးထိမတလိုက်နိုင်လို့ ....

မိုးယံ said...

သွားမယ်ဆိုလည်း သွားပါလေ..တို့ကတော့ သေသောသူ ကြာရင်မေ့ ပဲသိတယ်။ ဟီးဟီး

ကိုဇော် said...

ဂွတ်ဗျာ။ အရမ်းကောင်းတယ်။ ဒီလို ထပ်ဆင့် အတွေးတွေ လိုချင်နေတာ။ နောက်ထပ်လည်း လုပ်စမ်းပါဦး။

saimyinttun said...

တွေးထားတဲ့  အချက်တွေက အရမ်းကောင်းတယ်ဗျာ.......လုံးဝ လေးစား
တယ်.......ကျွန်တော် ရဲ့  ဘလော့ကိုလာလည်
ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
http://saimyinttun.blogspot.com/
လေးစားလျှက် ( နန်းကြာဦး )

saimyinttun said...

ဖတ်ရတာ မ၀ လို့  ထပ်ပြီးလာဖတ်တယ် ။ နောက်ထပ်လည်း လာဖတ်မယ်။ ..

( နန်းကြာဦး ).......