{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Wednesday 20 April 2011

ပြည်တော်ပြန်

Views

..။။“23.ရက်။3.လ။ 2010ခုနှစ်”။...
လောဘ မီးတွေ မငြိမ်း သေးမီ ကာလ

အတ္တတွေ မှိုနံထွက်နေတဲ့ ပိုးအိတ်တစ်ခုထဲ လောဘ တွေ ဖိသိပ့်ထည့်
တောင်ပံ ရိုက်ခတ်သံတွေညံ နေတဲ့ ငှက်ကြီးတစ်ကောင် ၀မ်းဗိုက်ထဲ့  ခပ်တည်တည်ပဲ ၀င်ထိုင်လိုက်တယ်
ရွှေရောင်တွေ လွှမ်းနေတဲ့ ချစ်သော မြန်မာပြည်ကြီးကတော့......ဝေးလို့ ....ဆွေးလို့ ......
ငေးလို့ ........ကျန်ခဲ့လေရဲ့ ........။။။


....။။။။နင်လားဟဲ့ လောကဓံ ငါဘယ်တောမှ ကျောမခံဘူး ။။။။......
ညှီစို့ ပုပ်အက် နေတဲ့ မြို့ပြတစ်ခုရဲ့ လေထုကို ရှုရှိုက် ပူအိုက်လွန်းတဲံ့ ရာသီထဲ
မကြမ်းခံ မယ့် ဒဿန တချို့ ကို ထွေးပိုက် ....ကြုံးဝါးလိုက်တဲ့ ပဲ့တင်သံ
.... မတစ်ထောင် တစ်ကောင်ဖွား....... ငါဟဲ့ အာဂ ယောင်္ကျား....
အဲဒီမှာ ရည်မှန်းချက် တစ်ခုပြုတ်ကျ လာတယ်.

ငါ မြန်မာပြည်ပြန်ရောက်ရင် တိုက်ကြီးနဲ့ ကားကြီးနဲ့ နေနိုင်ရမယ်။။

..။။ လိုချင်တာ Lady Gaga ညားတော့ ရွာသူကြီး တူမ ။။..
မှန်းချက်နဲ့  နှမ်းထွက် မကိုက် ထမင်းကြမ်းကို ရေဆပ်းပီး စားဖို့ 
မတင်းတိမ် နိုင်သေးတဲ့  လောက သားတွေဆိုတော့လည်း… ဟူးးးးးးးးးးး



“ မြန်မာပြည်ပြန်ရောက်လို့  မပူမပင် လေးစားနိုင်သောက်နိုင်ရင်ပဲ ကျေနပ်ပါပီကွာ”

..။။ အရိုးတွေ ကျေ အရေတွေခမ်း ။။..
ဒါဏ်ရာတွေ များများ လာတိုင်း အမေနဲ့ ရွာကို လွမ်းတယ်
လှည်းလမ်းကြောင်းက ဖုန့် လုံးကြီး တွေ လွမ်းတယ်
ရွာသူလေးကို လွမ်းတယ်
ကောက်ရိုးပုံကြီး ကိုလွမ်းတယ်
လွမ်းတယ် လွမ်းတယ် လွမ်းတယ်
လွမ်းတဲ့ ဒါဏ် မခံ နိုင်လို့  ကျွန်တော် ပြည်တော်ပြန် ရန် အကြံထုပ်
“ တော်ပီကွာ မြန်မာပြည် ပြန်ပီး လယ်ထွန် စားတော့မယ် ”



(ရောင်ရဲတင်းတိမ်နိင်ချင်းဟာလည်း မင်္ဂလာ တစ်ပါးပါပဲ လေ)
ဒုတိယ
20/04/2011

1 comment:

Sandar said...

ေ၇ာင့်၇ဲတင်းတိမ်နိုင်ချင်းဟာ မင်္ဂလာ တစ်ပါး ဆိုတာ
သိပေမဲ့လည်းးးးးးးးးးးး