{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Wednesday 16 February 2011

ဒီနေရာ ကို က လ စ် ရ င် ထွ က် ကျ လာ ဖို့ေ သ ချာ မ လား ပဲ

Views

ဆောင်းတွင်းမှန်း သိသာအောင်တော့ ကယောက်ကယက်အိပ်မက်ဦးမှပါ၊၊ ဒီလို မစ္စတာ ဒေါက်ကွိဒ် ရဲ့  …အခန်းက မှောင်နေပေမယ့် စာရေးလို့ ရနေသေးတာပဲ ၊၊ အင်တာနေရှင်နယ် ကြာဇံချက်ကြီးက ငန်တယ်နော်၊၊ ဝတ်စားဆင်ယင်မှုက နေရာလိုက်ပေမယ့် ကိုယ်ခန္ဓာကမှ မျက်နှာမလိုက်တာ ၊၊ အေးဗျ…မိုးခမျာလည်း ဖျားပါတယ်ဆိုမှ ဒါတောင်မရွာရသေးဘူး လုပ်နေလို့ ၊၊ အဟက်ဟက် ၊၊ ဖြစ်ချင်တာဖြစ်စမ်း၊၊ အစိတ်အပိုင်းတစ်ခုချင်းဆီကို ဖြုတ်ဖျားပြလိုက်မယ်၊၊ကောင်းရော၊၊ မင်းသားကြီးဆိုတဲ့ ကောင်ကလည်း ဘောလုံးကန်တတ်တာကလွဲရင် ဘာမှ သောက်သုံးမကျဘူး ၊၊ ဆိုတော့ သူကရယ်သေးတယ် ၊၊
ငါမင်းပေးတဲ့  ပတ္တာအိတ်လေး ခုထိကိုင်တုန်း
မင်းဓာတ်ပုံလေးရောပေါ့ကွာ၊၊
လိင်ဆန္ဒမပါတဲ့  ယောက်ျားချင်း ချစ်မြတ်နိုးမှုကို သူရှာတွေ့ သွားပုံပါ၊၊
ကျွန်တော့် PS2 Memory Card လေး ဒီကောင် ရောင်းစားပစ်တာပေါ့၊၊ သူတောင်းစား အဲဒါတွေ မင်းကို ချစ်နေရတာ…မွှ…၊၊ဒေါ်အုံးကြည်ကြီးလည်း သူ့ ဆိုင်က ပန်းသီးတွေ လာနှိုက်စားတုန်းလား၊၊ ခုနပြောတဲ့ စကားပြန်ဆက်ရအောင် မစ္စတာတွမ်…ဘေးအခန်းက နည်းနည်းဆူလို့ ပါ၊၊ ကျွန်တော်တို့ တွေ တတ်လည်း တတ်နိုင်ကြတဲ့ လူတွေပဲနော်၊၊ တရားကျစရာတောင် ကောင်းသေး၊၊ ပြောပါပြီ၊၊တဲ့ ၊၊ ခင်ဗျားတို့ ကို လေထုထဲက အောက်ဆီဂျင်တွေပဲ ရွေးရှူဖို့  ဘယ်ဘုရားသခင်(ရှင်) က သင်တန်းပေးလို့ တုန်း၊၊ရိုသေလှပါပြီဟဲ့  ဆိုလည်း သဘာဝတရားကိုသာ ကုန်းကုန်းကန်တော့ပေတော့ ၊၊ ဖောက် ဖောက် ဖောက် ဖောက် ဖောက် ဖောက် ဖောက် ဖောက် ဖောက် ၊၊၊၊၊၊၊၊၊၊၊၊၊၊၊ငါတို့ က ဝါသနာအရသာ ကဗျာရေးတာပါကွာ (ဆိုပဲ) ၊၊ တခုခုကို အမြဲတွေးတောနေတဲ့ ပုံနဲ့  ကဗျာ(သမား)(ဆရာ)အလွင်လေ၊၊
ကိုဘေးမြို့ ကြောက်တယ်
ဘီယာတိုက်မွေးတဲ့ နွားတွေကြောက်တယ်
ယာခိနိခု အသားကင်တွေကြောက်တယ်
ခံစားမှုပြင်းထန်တဲ့  ကြွက်နို့ တွေကြောက်တယ်
ထိပ်ပြောင်မှာကြောက်တယ်
အလုပ်ပြုတ်မှာကြောက်တယ်
ဝေလဲ့ဖြူငိုမှာကြောက်တယ်
ကြောက်ပရက် ကြောက်ပရက် အော်သံတွေကြောက်တယ်
ဒလောက်တောင်ဖြစ်လှတာ တပြိုင်နက်ကြောက်(လို့ ရသလောက်)နိုင်သလောက် ကြောက်ပစ်လိုက်တယ်၊၊
သက်တမ်းတွေကို အနိုင်ပိုင်းပစ်လိုက်တာလား မစ္စတာကိုဘိန်း ရ ၊၊ ဇွပ် ဇွပ် ဇွပ် ဇွပ် ဇွပ် ဇွပ် ဇွပ် ဇွပ် ဇွပ် ဇွပ် …(အသံကြီးက တမျိုးကြီးပဲနော်..ခစ်ခစ်) ၊ ကျွန်တော် နာလန်ထခါစဆို စကားအရမ်းများတယ်(တဲ့ ) http://အမေပြောတာလေ -----------အမောမပြေပါဘူး ---------------အမေ ညီလေး ရွှေမင်းဟန်ကို ဆယ်တန်းအောင်ရင် ကဗျာဆရာမလုပ်ခိုင်းနဲ့ ဗျာ၊၊ ကဗျာတွေကို သူမမှီတဲ့ နေရာတွေမှာထား၊၊ ကဗျာရေးတဲ့ စာရွက်က သရက်သီးတောင် မှည့်အောင် အုပ်လို့ မရဘူးဆိုတာ ကျွန်တော့်ကို ဥပမာပေးပေးပြီး ရှင်းရှင်းပြ ဆုံးဆုံးမ.com ၊၊ ခေါင်းရင်းခန်းက ချာတိတ်တွေရှိတော့ အသံကျယ်တယ် မစ္စတာဖှာနန်ဒက်စ် ရဲ့ ၊၊ တဆိတ် စိတ်မရှိနဲ့ ဗျ၊၊ ဘဝပေးပေါ့၊၊ အဲ…မဟုတ်တာ၊၊ ကိုယ့်ဖာသာကိုယ်ပေး၊၊ is offline. You can still send this person messages and they will receive them the next time they are online. သုဘဒ္ဒါချင်း တူတူ စမောလေးကိုမှ ရွေးကိုက်ချင်ရလား မိခါချဉ်၊၊ ဟေ့ကောင်တွတ်ပီ ကိုကြီးထက်အောင် တစ်ခွက်လို့  လန်ဒန်တစ်လိပ်ပါ ယူခဲ့  ၊ မင်း မီးမညှိခဲ့ နဲ့  တော်ကြာ ဆေးလိပ်သောက်တတ်သွားမယ် ၊ မသောက်နဲ့  ငါတောင် မဖြတ်ချင်လို့ ၊၊ ဦးမြင့်အောင်ပဲ ဖျော်ခိုင်းနော် ၊၊ ဆရာမဖျော်တာ သောက်လို့ မကောင်းဘူး၊ကောင်တာမှ ဆရာမက ပြုံးပြုံးကြီးကြည့်ပြုံး၊ မစ္စတာအိုဒီဝင်ဂီ သိမလားပဲ ၊ ဖိုးသားကြီးက လေသာ ပေါတာ ၊၊ စိတ်ရင်းကောင်းရှာတယ်၊ ကျုပ်ဆို ညာခိုင်းနေကျ၊၊ ဂျွန်ကာဒူးကြီးဆိုတာ သူ့ ပြောတာပေါ့၊၊ ဟဲဟဲနဲ့ ရယ်ပြပါလိမ့်မယ်၊၊
ဘဝက ရည်မှန်းချက်ပန်းတိုင်မရှိရင်
တခါတခါ ပိုပေါ့ပါးတယ်
လူမပါတဲ့ မြေအောက်ရထားပေါ်က ငါဟာ တစ်ယောက်စာထက်ပိုစီးခဲ့ ဖူးတယ်
အလကားရရင် တောမီးတောင် ချွေးထွက်အောင် လှုံချင်ရှာသူဟာ လောကကြီးအတွက်ဆို ????? ၊၊ ပျစ်တွဲတွဲအရည်တွေဟာ ဂိန်သွားပြီ၊၊ ဘင်လာဒင်နဲ့  မီးခွက်စမ်း တဲ့ ကိစ္စက…၊၊ Stand up Speak up လိင်ဖြူလိင်မည်း ခွဲခြားလို့ ၊၊ ဘာကာ ၅ - ၀ ရီးရဲလ် ၊၊ တကယ့်ကို ရီးရဲလီး(really)ပါပဲ၊၊ တစ်ဂိုးငါးပွဲရှုံးတာထက် ငါးဂိုးတစ်ပွဲရှုံးတာ ခံသာပါတယ်၊၊ တကယ့်ကို ရီး ရဲ လီး (really) ပါ ပဲ၊၊ ယောက်ျားမှန်းသိအောင်တော့ ရှိတဲ့ အမောက်လေး ထောင်ပြရတာပေါ့ မစ္စတာ ဒသဂီရိ ၊၊ ဒီနှစ် ဇန်နဝါရီအပြောင်းအရွှေ့ မှာ ကျွန်တော်ကဗျာတစ်ပုဒ်မှ ပြောင်းရွှေ့ ခွင့် မရလိုက်ဘူး၊၊ ထက်အောင်က နေမြဲကို သတ်လိုက်တာ၊၊ နေမြဲ ဟာ ဖူး  သစ်  လှ  ပ ဖို့ ဘယ်တုန်းကမှ ပျင်းရိစွာ သတိမထားခဲ့ပြန်တာ၊၊နောက်ကျသွားပြီလို့ သိလိုက်ရတဲ့ အချိန်မှာ ရထားစက်ခေါင်းတိုင်က မီးခိုးတွေ အူလူဝေ့ ပြန်တက်ကုန်ကြတာ ၊၊ ညအခါ ဆိုလိုက်တာနဲ့  နောက်က လသာသာ ဖို့  မမေ့ လျော့ခဲ့တာ… မစ္စတာ ယာမာမိုတို ၊၊ ကျွဲပွဲမြို့ လေးဟာ ဖုန်တွေ ဖိန့် ဖိန့် တုန်အောင် ဖုံးနေပြန်ပြီ၊၊ ငါ့ကို ပြန်ရွေးနှုတ်သွားပါတော့ လောကဓံရယ် ၊၊ သွေးဆုံးသွားတဲ့  ဖူဂျီတောင်လို အကောင်တစ်ကောင် မဖြစ်ပါရစေနဲ့ ၊၊ တောင်းတဲ့ ဆုတွေ ဆုတွေတောင်းတဲ့  ……မာန်တက်လှချည်လား အာဝါဒါး ရ …ဆီးနှင်းခဲတွေ သနားမှ ကိုယ့်အကျီကိုယ်ပြန်ဝတ်ရတာပါ ဖူဂျီရဲ့  ၊၊ ဟူးးး ..မောလိုက်တာ၊၊ အေးဗျ…ခင်ဗျားကိုသာ ကျုပ်အကြောင်းတွေ တထိုင်တည်း ထိုင်ပြီး တပြောတည်းပြောနေတာ ၊၊ ခင်ဗျားနာမည်တောင် မမေးရသေးဘူးနော်၊၊ ကျွန်တော့်ကိုတွေ့ ချင်ရင်တော့ ညနေကြယ်နံ မှာ ဓါးထစ်ထားလိုက်လေ၊၊ ပြောရင်းဆိုတုန်း ဝုန်းဆို ဝေါဆို ကန့် လန့် ကာကြီး ပစ်ကျလာတယ် ၊၊ နေ့ တစ်နေ့ ဟာ ဒီလိုပဲ ဝိသေသ မဲ့ မဲ့  ပြီးဆုံးပြန်စ လိုက်ရတယ် ၊၊ ၊၊


နေမြဲ ( ၉၊၂၊၂၀၁၁ )

No comments: