{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Tuesday 29 April 2014

{သို့သူငယ်ချင်း}

Views
“သူငယ်ချင်းရေ..မင်းဟာ
အလှကြည့်..မှန်ဘောင်ထဲက
ရွှေငါးလေး..မဟုတ်သလို.။
ငါကလဲ.. ရေတွင်းထဲက
ဖားတစ်ကောင်မှ မဟုတ်တာကွယ်.။
သို့ပါလျှက်
ဘယ်နှယ့်ကြောင့် .
ငါ့တို့ရဲ့ကောင်းကင်ကြီးကို ..ဘောင်ခတ်လို့
ဘာ့အတွက်..ငါတို့ရဲ့
အမြင်အာရုံ တွေကျဉ်းမြောင်း နေရမှာလဲ..။
..ငါ နဲ့စ ငါနဲ့ဆုံးတဲ့..
(MADE IN CHINA).ဆန်ဆန်
ဝေါဟာရတွေ ငါမသုံးပါရစေနဲ့ကွာ.။
ကဲ.....
လူကိုသေစေတက်တဲ့ လျှာတွေကို
ခေါက်သိမ်းရင်း ..။
အရောင်တွေရောနေတဲ့..အမြင်အာရုံတွေလဲ
ခဏ..ပိတ်ထားလိုက်ပါအုံး..။
ရင်ဘက်ချင်း နီးစပ်တယ်ဆိုရင်ပေါ့..
နှလုံးသားချင်းပဲ စစ်ခင်းကျပါ..စို့လား
..သူငယ်ချင်း.“..။။
         ...။။။((ဒုတိယ))။။။...
            /29/04/2014/

2 comments:

စံပယ်ချို said...

ကဗျာလေးဖတ်ခဲ့ပြီ ဒုဒုရေ
စစ်ခင်းမယ်ဆိုရင်တော့ပါဘူး ကြောက်တတ်တယ်---
ပြေးပြီ----ဟီး

သူကြီးမင်း (တုံးဖလား) said...

ကဲ ရေးဖို့သာ ပြင်ပေတော့ အမောင်ဒွတ်။
ဓါတ်စားတာလေး နဲနဲလျော့ပြီး ဘကုန်းရွာကြီးကို စည်ကားသိုက်မြှိုက်လာအောင် လုပ်ဆောင်ဦး။း)