{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Tuesday 18 March 2014

{နံမည်.လား နာမည်လား}

Views
ဟိုးးးးတစ်ချိန်က ရန်ကုန်မှာ အလုပ်မရှီအကိုင်မရှီနဲ့
လမ်းသလားနေချိန်. ချစ်သူကမုန်း ဖဲကရှုံး ငငြုပ်သီးကစပ်
ရေကငက်တဲ့အခိုက်..စိတ်ညစ်ညစ်နဲ့ခြေဦးညွှန်ရာထွက်လာ မိရင်း
မန္တလေးရွှေမြို့တော်ကြီးဆီကိုရောက်ခဲ့တုန်းက.လူတစ်ယောက်နဲ့
ဆုံမီတယ် အလွန်ဖော်ရွေသော ထိုပုဂ္ဂိုလ်က သူ့ကိုယ်သူမိတ်ဆက်ရင်း
သူ့နာမည်(မင်းသစ္စာ)တဲ့ ဒီနာမည်ကြားဘူးပါတယ်လို့ တွေးနေတုန်း
သူကဆက်ပြောတယ် “ခင်များ အလုပ် လုပ်ချင်ရင်တော့ ကျနော် အရင်
လုပ်ခဲ့ဘူးတဲ့စက်ရုံမှာ သွားလုပ်လို့ရတယ် အဲ့မှာကျနော့် သူငယ်ချင်း
“ဝေဠုကျော်”ဆိုတာရှီတယ်“မင်းသစ္စာ”ကလွှတ်လိုက်တာလို့ ပြောရင်
ချက်ချင်း အလုပ်ရမယ်ဗျာ”..“ဝေဠုကျော်”.ဆိုတဲ့နာမည်ကြားလိုက်တော့
ထိုပုဂ္ဂိလ်.“မင်းသစ္စာ” ဆိုတာမအံသြတော့ပါ.ဘာပဲဖြစ်ဖြစ် ဒုက္ခရောက်နေတဲ့
အချိန်.(ကိုယ်တိုင်ရှာဖွေတဲ့ဒုက္ခ).ကူညီပေးတဲ့ ကျေးဇူးရှင်ကို
ကျေးဇူးစကားလှိုက်လှိုက်လှဲလှဲ ဆိုရင်း ကျနော်ထိုစက်ရုံအားထွက်လာခဲ့တယ်
မန္တလေးတောင်ရဲ့အရှေ့ဘက် နန်းရှေ့ခေါ်မလား ကလေးတွေစားတဲ့
သရည်စာမုန့်မျိုးစုံနဲ့ ပလပ်စတိတ်ကြိုးခွေတွေ လုပ်တဲ့စက်ရုံပါ အခုလဲ
ရှီအုံးမည်ထင်သည်..ထိုစက်ရုံရောက်တယ်ဆိုရင်ပဲ security ဦးလေးကြီးကို
ဝေဠုကျော်နဲ့ တွေ့ချင်လို့ပါ ..လို့ပြောတော့..ချက်ချင်းခေါ်ပေးပါတယ်
ကိုဝေဠုကျော်ကလဲဖေါ်ဖေါ်ရွေရွေပါပဲ .အလွန်ခင်ဖို့ကောင်းပါသည်.
((နောက်.. ကျနော့အ၀တ်စားတွေငှားဝတ်ပြီး ပိုက်ဆံသုံးထောင်ချေးကာ
ခဏဆိုပြီးထွက်သွားလိုက်တာပြန်မပေါ်လာတော့ပါ)).. :)
ကိုဝေဠုကျော်နဲ့တွေ့တယ်ဆိုရင်ပဲ ကျနော့အား ကို“မင်းသစ္စာ”က
လွှတ်လိုက်တဲ့အကြောင်း.အကျိုးအကြောင်း ပြောပြလိုက်တော့
ကို“ဝေဠုကျော်”ကနေ သူ့ရဲ့အလုပ်သမားခေါင်းဆောင်ကို“ခင်လှိုင်”နဲ့
တစ်ဖန်မိတ်ဆက်ပေးတယ် ကိုခင်လှိုင်က သူအဖွဲ့မှာလူပြည့်နေလို့
ညပိုင်းအဖွဲ့ဖြစ်တဲ့ ကိုသန်းနိုင် တို့ အဖွဲ့ထဲ ထည့်ပေးမယ် ညပိုင်း
ဆင်းရမယ်လို့ပြောပါတယ် ((ကိုသန်းနိုင်ဆိုတာ နောက်မှသိရတယ်
သူနာမည်အပြည့်စုံက ပလေးဘွိုင်းသန်းနိုင် ပါ သူ့ခမျာ နာမည်ကရှည်
တော့ သူများတွေလို မပြည့်စုံတော့ပဲ အဖြားစွတ်၍ သန်းနိုင်ပဲ
တွင်နေခြင်းသာ))..ထို့နောက် ကိုခင်လှိုင်ကပဲ ကျနော် နေရမယ်
အခန်းကို လိုက်ပို့ပါတယ် အခန်းလေးက ၀က်ခြံသာသာရယ်ပါ
ပူလောင်အိုက်စပ် လေအ၀င်အထွက်မရှီတဲ့ထိုအခန်းငယ်ထဲမှာ
အသားညိုညို နဲ့ လူတစ်ယောက်ထိုင်ပြီး ဆေးလိပ်သောက်နေတာ
တွေ့ရတော့ ကျနော်ကပဲ စပြီး “မင်္ဂလာပါဗျာ ကျနော်အခုမှ ရောက်တဲ့
လူသစ်ပါ”လို့ နုတ်ဆက်စကားဆိုတော့ ထိုပုဂ္ဂိုလ်က အားရ၀မ်းသာ
အသံနဲ့“..ဟုတ်..ဟုတ်ကဲ့.ကျ.ကျ.ကျနော့..န..နာ..နာမည် .
သီ.သီ.ဟ.တင်.တင်စိုး ပါ ” တဲ့..ကျနော်လဲ ပြုံးပြရင်း.
“အော်ဟုတ်ကဲ့ ကိုသီဟတင်စိုး ကျနော့နာမည်လဲ မှက်ထားပေါ့ဗျာ
ကျနော့် နာမည် “မောင်ဂီလာန” ပါခင်မျာ”ဆိုတော့ ..
သီဟ ဆိုတဲ့ ငတင်စီုးခင်မျာ မျက်လုံးလေးကို ပြူးလို့.... :D :) ......


..ကဲ.ဟုတ်တယ်မှက်လားလူတစ်ယောက်မှာ ပဥာဏ်ထား
တဲ့ နာမည်က အရေးကြီးတယ်ဆိုတာ ......  :) :D ..

                   ..........။။။။။(ဒုတိယ)။။။။။..........
                               19.03.2014

No comments: