ဖောင်တိန်တစ်ချောင်းနဲ့ ကဗျာဆရာလား...?
ကီးဘုတ် တစ်လုံးနဲ့ ကဗျာဆရာလား...?
မဟုတ်ဘူး...လုံးဝမဟုတ်ပါဘူး
ငါ.. ကဗျာဆရာမဟုတ်ပါဘူး...
ကဗျာက ငါ့ ဆရာပါ...
သူစေခိုင်းတဲ့အတိုင်း ငါရေးတဲ့အတွက်
ငါ့ ကို ကဗျာရေးသူလို့တော့ ခေါ်ချင်ခေါ်ပေါ့...
ဖြစ်ချင်တာတွေ တောင်းဆိုဖို့ ကဗျာရေးတာမဟုတ်ပါဘူး...
တောင်းဆိုချင်တာတွေပြောပြဖို့ ကဗျာရေးတာ မဟုတ်ပါဘူး..
ပြောပြချင်တာတွေ မပြောရဲလို့ ကဗျာရေးတာ မဟုတ်ပါဘူး...
ဒါပေမယ့် ငါကဗျာရေးသူပါ...
တစ်ခါတစ်ရံ ကာရံတွေ ခွာစုံပေါက်လို့ မီးဟုန်းဟုန်းတောက်ချင် တောက်မယ်..
တစ်ခါတစ်ရံ ကာရံတွေ တွေဝေငေးလို့ ဆွေးချင်ဆွေးမယ်...
တစ်ခါတစ်ရံ ကာရံတွေ ခပ်တုံးတုံးနဲ့ ပေါချင်ပေါမယ်...
တစ်ခါတစ်ရံကျတော့လည်း ကာရံတွေပါချင်မှ ပါမယ်...
ဒါပေမယ့် ငါ ကဗျာရေးသူပါ...
ကောင်းကင် အပ်ကြား မွေးဖွားလာတဲ့ ကဗျာတစ်စက
made in china ဆိုရင်တော့ ငါသုံးမှာမဟုတ်ဘူး..
"ငါလက်နှင့်ဖွား ဒီကဗျာများ... မိုးတိမ်ကြားမှာ နားစေသား" လို့တော့
ငါ မကြွေးကျော်ခဲ့ပါဘူး....
ဒါပေမယ့် ငါ ကဗျာရေးသူပါ...
ငါ့ရဲ့နာမည် ငါ့ချစ်သူတောင်မသိဘူး...
ငါ့ရဲ့စာတွေ ပုံမနှိပ်ဘူး...
ဒါပေမယ့် ငါကဗျာရေးသူပါပဲ...
ဒါပေမယ့် ငါ ကဗျာ ဆရာမဟုတ်ဘူး...။ ။
10/12/2011
နေနနက်
Saturday, 10 December 2011
*ကျွန်တော်နင့်ကဗျာ*

Subscribe to:
Post Comments (Atom)
8 comments:
ကောင်းလိုက်တဲ့ကဗျာ
ကဗျာကောင်းလေး
အားပေးသွားပါတယ်
--*-- ကဗျာ --*--
ငါ့ရဲ့နာမည် ငါ့ချစ်သူတောင်မသိဘူး....
တစ်ကယ်ပဲလားနေနက်ရေ
ကဗျာကောင်းလေးတစ်ပုဒ်ဖတ်ခဲ့ရလို့
တော်တော်ကျေနပ်မိတယ်...
အားပေးသွားတယ်ဗျာ့
ကဗျာဆရာမဟုတ်လို့ပဲ တော်တော့တယ်
ကဗျာရေးသူ ဒုဒုရေ။
လိုက်မမှီတော့ဘူးကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
Made in Chinna ဆိုရင်တော့ လုံးဝမသုံးဘူးဆိုတဲ့ ကဗျာဆရာမဟုတ်တဲ့ ဒုဒုရေ... ကလောက်လက်စွမ်းကောင်းကို မြည်းသွားပါတယ်ဗျာ..
ချမ်းမြေ့ပါစေကြောင်း
ချယ်ရိမြေ
အဟဟဟ....ပေါလိုက်တဲ့ကဗျာ..အယ်ဟုတ်ပါဘူး..
အကိုဘာစိတ်ကူးပေါက်လို့တင်နေတာလဲ..ဟဲဟဲ..
အားပေးသွားတယ်နော်
lwantalఆ
Post a Comment