
ရေထဲမှာတောင် အသက်ရှူနိုင်တဲ့ ငါးး
ကုန်းပေါ်ရောက်မှ အသက်ရှူကျပ်သေရတယ်တဲ့…
ပြသနာတော့မရှိပါဘူး
သူ့ဈာန်ပဏါက အတွက်တော့
ကြက်သွန်နိုင်နိုင်နဲ့ ငရုပ်သီးဆီသတ်ရှိလေရဲ့….
လှလှလေး သင်္ဂြိုလ်နိုင်ဖို့
သူ့ခနာ ဟိုဘက်ဒီဘက်
ဓါးလေးနဲ့တော့ မွန်းပေးမပေါ့…..
စေတနာတွေ ပလပွနဲ့
ဗိုက်ကိုခွဲလို့လဲ သန့်ရှင်းလုပ်ပေးအုံးမှ…….
သေတာတောင် သုံးပိုင်ကွဲ
ခေါင်းပိုင်းကတော့ အရည်သောက်….
လှလှလေးပြင်ထားတဲ့ ဒီအခမ်းအနားအတွက်
ရနံ့တွေသင်းဖို့
နနွင်းနဲ့ မဆလာလည်း ထည့်အုံးမှပဲ…
ဒါဆို အသင့်ဖြစ်လို့ …
အသုဘ ပို့ဆောင်သူများ ထမင်းဝိုင်းတွင်
ဝင်ရောက် နေရာယူနိုင်ပါပြီ ……။ ။
“ နေနက် ရဲ့ အမှက်တရ လျှက်တစ်ပျက်ကဗျာလေးပါ ”
3 comments:
I like the way you express about fish curry!! Super like 3x
သရုပ်ဖော်ပုံကောင်းလို. စားတောင်မစားရက်တော.ပါဘူး
ကုသိုလ်လည်းရ၊၀မ်းလည်းဝတာ
ဒါမျိုးဟး))
မယားငယ်သီးကြော်လေးပါ.ပါရင်သိပ်ကောင်းမှာ :P
Post a Comment