{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Monday 11 July 2011

အပိုင်းအစအလွမ်း

Views

.တစ်ရွာမပြောင်း.သူကောင်းမဖြစ်ဆိုလို့ ...
တစ်ရွာ..နှစ်ရွာ..တစ်မြို့ ..နှစ်မြို့ ..ရောက်ခဲ့..ရာ.
ရေကြည်သောက် မြက်နုစားချင် တဲ့စိတ်ကြောင့်..အခုတော့
တစ်နိုင်ငံ..နှစ်နိုင်ငံ..သုံးနိုင်ငံ..မြောက်ခဲ့ပေါ့...
ရိုးသားတဲ့ မီဘနှစ်ပါးနှင့်..မြက်ဗုဒ္ဓရဲ့နူးညံ့တဲ့
တရားတော်အောက်မှာ လူလားမြှောက်ရင်း
သောက်ရေအိုးစဉ်တွေ ရှီတဲ့နိုင်ငံမှာ လူဖြစ်ရတာ..
ငါ့ကိုငါ ဂုဏ်ယုတယ်ကွ..လို့ ပြောခဲ့တဲ့.
ဒီပါးစပ်က..အခုတော့..
အကြင်နာတရားကင်းမဲ့..လည်လှီးသားမှ...စားတက်တဲ့..
လူမျိုးခြား..ဘာသာခြား..တွေကြားထဲ့..
ချွဲပတ်ပတ်..စကားလုံးတွေ ထည်လဲသုံးလို့..
တစ်ခါ တစ်ခါ ငါ့ ကိုငါ မသတီ..သလိုလို..
ရောင်စုံလူတွေကြားထဲ့တိုးဝှေ့ ..တွေ့ သမျှလူ..
ဟန်လုပ်ပြုံးပြ..တစ်ခါ တစ်ခါ ငါ ပါးတွေများတောင် ညောင်းလို့ 
အသိခေါက်ခက် အ၀င်နက်..တဲ့.ဘယ်တော့မှမပြည့်နိုင်တဲ့
လောဘတွေနောက်..
အမှီလိုက်ရင်း..ငါ့အတွက်..
ဘယ်ဆီရောက်နေမှန်းမသိတဲ့ အိမ်ပြန်ချိန်တွေ တမ်းတနေမိတယ်
ခုတော့..စစ်ကူမရှီတဲ့အရပ်မှာ ငါတစ်ယောက်ထဲ..
.ကိုယ့်ဒုးကိုချွန် ကိုယ့်အရိပ် ကိုနင်း..
..ဒရောသောပါးနှင့် အပြေးသွားနေမီ ..
ကမ်းတွေရှီရာအရပ်ဆီသို့ ......


ဒုတိယ
11/07/2011

1 comment:

jasmine(တောင်ကြီး) said...

ကဗျာကောင်းလေးဖတ်လိုက်ပါတယ်