{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Wednesday 22 June 2011

ဆုံမှက်

Views

လမ်းခွဲတာလား ….
လမ်းလွှဲတာလား …
ကိုယ်တိုင် ကိုယ်ကျမသိပေမယ့် …
တစ်ချိန်ချိန် … တစ်နေရာရာမှာ …
ဆုံမှတ်ဆိုတာဖြစ်လာခဲ့ရင်ပေါ့ ….

တည်နေရာတစ်ခုကနေ …
ရွက်လွှင့်ခဲ့တာမှန်ပေမယ့် ….
ပခုံးချင်းတိုက်သွားတဲ့သူတွေ…
မျက်လုံးခြင်းဆုံခဲ့တဲ့သူတွေ….
အရိပ်ချင်းထပ် …
ကြပ် … ညှပ် နေတာတောင် …
လေလိုပဲ လွင့်သွား …
အမှတ်တမဲ့ တွေပါပဲ ….

သန်းနဲ့ချိတဲ့ …အသက်ရှူသံတွေကြားမှာ ….
နေ့စဉ် … စီးမျောနေပေမယ့် ….
နွေးထွေးတဲ့လက်နဲ့ ….
နှုတ်ဆက်ခဲ့တဲ့ … ဆုံချက်တွေထဲမှာ ….
အသက်ပါ … အရာရောက်တဲ့ ….
ကမ်းလင့်မှုမျိုးတွေနဲ့ ….
ကြိုးလေးတစ်ချောင်း
ရစ်တွယ်ညိပတ်ဖို့ ….
ဘယ်လိုနာမည်တွေ သုံးရပါ့ …
“သူငယ်ချင်း”
“ချစ်သူ”
“ရည်းစား”

ခွဲခွာမှုတိုင်းမှာ …
အမှတ်အသားတွေထားမယ်ဆိုရင်တော့ ….
ဒီရင်ထဲမှာ တစ်ချို့တစ်ဝက် …
ဖြတ်ကျော်ခဲ့တဲ့ အမှတ်တမဲ့နဲ့ယှဉ်ရင်တော့ …
ဝိုးတိုးဝါးတား … မသဲမကွဲပေါ့…

(ဒါပေမယ့်လည်း)
ပြောစရာ စကားတစ်ခွန်း
လက်ပြစရာ အချိန်အနည်းငယ်နဲ့
သိပ်သည်း နူးညံ့တဲ့ …..
ခံစားချက်တစ်စုံတစ်ရာတော့
ကျန်ရှိပေလိမ့်အုံးမပေါ့ …..

ပခုံးချင်းတိုက်တိုင်း ….
မျက်လုံးချင်းစုံတိုင်း …
အရိပ်ချင်းထပ်တိုင်း ….
စုံစည်းခဲ့တာမှ မဟုတ်ခဲ့တာပဲ ….. ။ ။

နေနက်
22/6/2011

1 comment:

jasmine(တောင်ကြီး) said...

ဆုံမှတ်နေရာကိုရောက်ခဲ့တယ်