{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Sunday 1 May 2011

(အသဲကွဲနေသည်....!!!!)

Views
ပစ်ချပြီးမှတော့ ပြန်ရှာမနေပါနဲ့
ငါက လေလွင့်နေတဲ့ကျောက်ခဲတစ်လုံးကွယ့်
အကန်ခံရတိုင်း လွင့်သွားပေမယ့်
ဦးတည်ရာတော့ မင်းစီမှမဟုတ်တာ…


ဟင့်အင်း…မဟုတ်သေးဘူး…
ထုတ်ချင်းခတ်တဲ့ မျှားတစ်စင်းအတွက်
လေးမှာ အပြစ်ရှိတာလား ကြိုးမှာ အပြစ်ရှိတာလား……..
ဒါပေမယ့် ပစ်သူကတော့ မင်းမဖြစ်သင့်ဘူး…


“သွေးစွန်းမှ သူရဲကောင်းဖြစ်မယ်ဆိုရင်တော့…
အဲဘွဲအတွက် ငါ့ကိုမထောက်ခံကြပါနဲ့….
ငါ….အိပ်ရေးမ၀သေးလို့”


အစောကြီးတည်းက ငါသိသင့်တယ်…
ရေဆေးထူထူသုံးထားတဲ့
ငါ့အိမ်မက်တွေအတွက်…
မင်းဟာ ဓါးတစ်လက်ဖြစ်တယ်ဆိုတာကိုပေါ့…


အချိန်မှီလေးတင်ပဲလို့ပြောရအောင်လည်း…
လက်ပတ်နာရီက အချိန်လား…
တိုင်ကပ်နာရီက အချိန်လားဆိုတာ…
ငါမသိသေးတော့လည်း….
မြို့ပတ်ပြီး နာရီဝယ်ဖို့အတွက်…
အချစ်တစ်ရံလောက် ခဏငှားပါ……။ ။





နေနက်
1/5/2011

1 comment:

Anonymous said...

ကဗျာလေးကို ကြိုက်လို့ 
အခေါက်ခေါက်ဖတ်နေမိတယ်...ကောင်းတယ်ဗျို့ ...။
( adaptorlay )