{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Tuesday 12 April 2011

နောင်ဘ၀ထက်ဝေးသောမနက်ဖြန်များ

Views

...မေမေ့ရဲ ပါးပြင်က သနပ်ခါး ပါးခွက်ကြားကို
အားရပါးရ မွှေးကြူနိုင်မယ့် “မနက်ဖြန်”။။

ဖေဖေ့ ရဲ့ ရိုးရှင်းတဲ့ အတွေးနဲ့ 
...ဘ၀ တစ်ခုကိုတည်ဆောက်နိုင်မယ့်“မနက်ဖြန်”။။

. ရွာဦးကျောင်းက ဘုန်းဘုန်းရဲ ချေအစုံကို ..
ဦးချကတော့နိုင်မယ်... “မနက်ဖြန်”။။

. ရောင်းရင်များနဲ့ ဝိုင်းဖွဲ့ လို့ 
ထန်းတောလေးရဲ.. နေညိုချိန်မှာ
လေပြို နေမယ် ..“မနက်ဖြန်”။။

ကျေးတော့သူ အပျိုစဉ် လေးကို
ချစ်ရေးတွေ ဆိုမယ် ..“မနက်ဖြန်”။။

နောင်ဘ၀ ထက်ဝေးသော..“မနက်ဖြန်”။။

.ရွှေမြန်မာ နိုင်ငံကြီး (လွတ်လပ်) ရေးရမယ် ..“မနက်ဖြန်”။။

စိတ်ချပါ မေမေ...သားပြန်ခဲ့မယ် ....
....ပြန်ခဲ့မယ်.....
............................ပြန်ခဲ့မယ်..။။။။။။။


(ဒုတိယ)

No comments: