အမေ့ရဲ့ ချောင်းသံ တစ်ဟွတ်ဟွတ်အတွက်
ထပ်တူကျ လဲလှယ်ခဲ့တဲ့
သံစဉ်မဲ့ ငိုကြွေးတဲ့
သူ့ရှိုက်သံများ…..
မောင်နှမတွေတွေ ကျောင်းစရိတ်
အသာအယာ ဖြေသိမ့် အံကိုကြိပ်လို့
ရောင်စဉ်မဲ့ကျဆင်းတဲ့
သူ့မျက်ရည်များ….ချစ်သူကိုကျောခိုင်း
ရိုင်းဆိုင်းတဲ့ ဒီအမှောင်တောထဲ
ငွေထုပ်ကို လင်လုပ်လို့
ချော်ရည်ပူအနမ်းများထဲ
ပျောက်ပျက်ခဲ့တဲ့ သူ့အိမ်မက်များ…..
ပတ်ဝန်းကျင်စကား သူမကြား
အမေ့ဆေးဖိုးအတွက်ရေကိုချိုး
အလှတွေ မရိုးအောင်ပြင်ခဲ့ပေမယ့်
မ၀ံ့ရဲတဲ့ သူ့ခြေလှမ်းတွေကတော့
ဒီညအတွက် သူ့ရဲ့ ငရဲခန်းစီသို့….
သမီးကြီးမို့ ထီးဖြစ်ဖို့အတွက်
အပူဒဏ်တွေကို ရင်စည်း ခံရင်း
ရမ္မက်တွေရဲ့ လောင်မြိုက်မှုနွံထဲမှာ
ပျက်နေလဲ ပြင်မရပေမယ့်
အမေ့အတွက်တော့….
ဒီသမီးက အလိမ္မာဆုံးပေါ့………..။ ။
Tuesday, 15 March 2011
သမီးလိမ္မာလေး (သို့) စတေးခံ အနာဂတ်များ
Views
Subscribe to:
Post Comments (Atom)
No comments:
Post a Comment