{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Friday 17 January 2014

{အရင်လိုပါပဲ}

Views
“စွန့်ပစ်ထားတာကြာပြီဖြစ်တဲ့ ခရီးဆောင်အိတ်အဟောင်းလေးထဲ
အမှက်မထင် ထားခဲ့ဘူးတဲ့ ငွေတိုငွေစလေးများ ရှီလေမလားရယ်လို့
ဖြဲ ရွဲ ရှာကြည့်လိုက်တာ..2005 ခုနှစ်က ကျနော့်ဘ၀ရဲ့တစ်စိပ်တစ်ပိုင်း
မှက်ဥာဏ် ဖြစ်ခဲ့တဲ့ Diary စာအုပ်အဟောင်းလေးပဲထွက်လာတယ်.
နှုတ်ခမ်းထောင့်ကို ဟန်ပါပါကွေးညွှန့်ရင်း..
ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်တယ်..

“Faith without wark is dead”
{အလုပ်မပါသော ယုံကြည်မှုသည်
အသေ သက်သက်သာ ဖြစ်သည်}တဲ့..

 “အောင်မယ် တယ်လာတဲ့စာသားပါ့လား”.
စာအုပ်အဟောင်းလေးကိုအသာပိတ် ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တယ်
ဆံပင်တွေတောင် တစ်ပင်စ နှစ်ပင်စ ဖြူလို့ အရိုးပေါ်အရည်တင်နေတဲ့
အသားရောင် မွဲခြောက်ခြောက်နဲ့ နံဘေးမှာ အဖေါ်တစ်ယောက်
တိုးလာတာကလွဲလို့.2005 ခုနှစ်ကအတိုင်း ဘာဆိုဘာမှမပြောင်းလဲ....

ဆရာတာရာမင်းဝေရဲ့ ဟိုလိုလို ဒီလိုလို စာပိုဒ်လေးတစ်ခုကို
ကျနော် ခတ်တိုးတိုးလေး ရေရွတ်မိတယ်..

“စာရွက်ပေါ်မှာ.မင်းကိုချစ်နေယုံနဲ့တော့ ငါ့ဘဝ
မှင်ကုန်တာပဲ အဖက်တင်လိပ်မည်”..။။။


..............။။။ဒုတိယ။။။.............

No comments: