ယနေ့အတွက်မိုးလေ၀သခန့်မှန်းချက်များအရ…
အရှေ့အပေါ်ပိုင်းဒေသ သူ့မျက်ဝန်းများတွင်..
အင်အားအတန်သင့်ပြင်းထန်သည့် မုန်တိုင်းငယ်တစ်ခု အစပျိုးနေပြီး…
ဆက်စပ်ဒေသဖြစ်သော နှာခေါင်းတောင်တန်းဒေသမှာလည်း အတန်သင့်
ပွစိပွစိ ဖြစ်နေကြောင်း တွေ့ရှိရပါသည်..ထို့ပြင်
ထိုမုန်တိုင်းနှင့် တစ်ဆက်တည်း သူ၏ နှုပ်ခမ်းများလည်း ရှေ့သို့
အတန်ငယ် ဆူထွက်နေကြောင်း
တွေ့ရှိရပါသည်….
နောက်တစ်နာရီအတွင်း ခန့်မှန်းချက်အရ…
ထိုမုန်တိုင်းသည် အတန်ငယ်အားကောင်းလာ၍ မုန်တိုင်းနှင့်အတူပါလာသော
သူ၏လက်များမှာ ကျွန်တာ်၏ ခေါင်းပေါ် ဂုတ်ပိုးပေါ်ကို ကျရောက်လာနိုင်ကြောင်း
ခန့်မှန်းရပါသည်…
သို့သော်…ကျွန်တော်၏ အရှေ့ဘယ်ဘက်အခြမ်း ရင်ဘက်ထဲတွင်ရှိသော
အချစ်များမှာ ထိုမုန်တိုင်းကို ကောင်းစွာခံနိုင်ရည်ရှိပြီး…
လတ်တလောကြိုတင်ပြင်ဆင်မှုများအနေဖြင့် ကျွန်တော်၏
မျက်နှာကို အချိုဆုံးထားသင့်ပြီး နှုပ်ခမ်းများကိုလည်း
အစွမ်းကုန်ပြုံးကာ ကျွန်တော်၏ လက်များမှလည်း
သူကြိုက်တတ်သော အချဉ်ထုပ်မုန့်ထုပ်များကို
ဆွဲကိုင်ထားကာ ထိုမုန်တိုင်းကို ရင်ဆိုင်ရန် ပြင်ဆင်ထားပါသည်...
ထိုမုန်းတိုင်း၏ နောက်ဆက်တွဲ အကျိုးဆက်များအနေဖြစ်
မုန်တိုင်းတိုက်ခတ်ပြီးနောက် တစ်ပတ်အတွင်းတွင် လက်ဆောင်ဖိုး
မုန့်ဖိုးများနှင့် ဖုန်းဖိုးများ ပို၍ ကုန်နိုင်ဖွယ်ရှိကြောင်းနှင့် တစ်ပတ်အတွင်း
အတူတွေ့ခွင့် လက်ကိုင်ခွင့်နှင့် အားဘွားရှလူးခွင့်များ ဆုံးရှုံးကာ
နိုင်ငံတစ်ကာ အချစ်ဒုက္ခသည်စခန်းတွင်
ယာယီဒုက္ခသည် အဖြစ် တစ်ပတ်ခန့် နေနိုင်ရဖွယ်ရှိကြောင်း ခန့်မှန်းရပါသည်….
ယနေ့မိုးလေ၀သ အစီအစဉ် ဒီတွင်ပြီးဆုံးပါပြီ….။။။
(မှက်ချက်)ပြည်တော်ပြန်သွားတဲ့..ကျွန်တော့်ဆရာသူငယ်ချင်း နေနက်ရဲ့.
အမှက်တရကဗျာလေးပါ.ပိုစ့်တွေကျဲနေတာရယ်.သူငယ်ချင်းနေနက်ကိုသတိရမိနေတာရယ်
နှစ်ခုပေါင်းပြီး.ဆားချက်လိုက်မိပါတယ်.း)p.. ရွှင်လန်းချမ်းမြေ့နိုင်ပါစေ…
(ဒုတိယ)
19/11/2011
Saturday, 19 November 2011
"တစ်ပတ်အတွင်းမိုးလေ၀သ ခန့်မှန်းချက်"

Subscribe to:
Post Comments (Atom)
1 comment:
သြော် ငါ့နှယ်နော်း)
Post a Comment