အခုတစ်လော ဘလော့ကာတွေ စီမှာ ဗိုင်းရပ် တစ်မျိုးဝင်နေတယ်လို့ မောင်(စွယ်စုံကျမ်း) သတင်းပေးတာနဲ့ ကျွန်တော်လည်း ဘာများလဲလို့ လျှောက်ကြည့်လိုက်တာ ဟုတ်တော့လည်းဟုတ်တာပဲ ။ ဘလော့ကာတိုင်းလိုလို တ(ဂ်) နေကြတာတွေ့တော့ ကျွန်တော် နေနက်နဲ့ ဒုတိယ လည်း အားကျမခံ တ(ဂ်) လိုက်ပါပြီ ။
နေ တ(ဂ်)
1. အစားချင်ဆုံး အစားအစာ = မြောက်ဝင်ရိုးစွန်းက ရေခဲခြစ်။
2. လတ်တလောစားနေတာ = ဦးနှောက် (စာမေးပွဲတွေရှိနေလို့ပါ)။
3. အလိုချင်ဆုံးရေမွှေး = မရှိ (လူကသန့်ပြိးသားဆိုတော့ မလိုဘူးလေ)။
4. သုံးဖြစ်နေတဲ့ဖုန်း = စလောင်းဖုံး(ဟင်းအိုးဖုံးတဲ့ စလောင်းဖုံးပါ) ။
5. အရူးအမူးဖြစ်စေသော အရာ = ပဒိုင်းသီး။
6. နေ့တိုင်းနားထောင်ဖြစ်တဲ့သီချင်း = တရားသီချင်း (ကျွန်တော်တို့ အိမ်နားမှာ အလှူခံတစ်ခုရှိပါတယ်)။
7. အလိုချင်ဆုံးစာအုပ် = စစ်နှင့်ငြိမ်းချမ်းရေး (ဘာသာပြန်) ဆရာမြသန်းတင့် ဘာသာပြန်ထားတာ ၁၂ အုပ်တောင်ရှိတယ်တဲ့ ခေါင်းအုံး လို့ရရုံတင်မဟုတ်ဘူး အောက်မှာပါ ခင်းအိပ်လို့ရတယ် ။
8. အကြားချင်ဆုံးသတင်း = အကြွေးရှင်ရဲ့ နာရေးသတင်း ။
9. နေ့တိုင်းရောက်ဖြစ်တဲ့နေရာ = အိမ်သာ ။
10. အသွားချင်ဆုံးနေရာ = အလှူအိမ် ။
11. အကြည့်ချင်ဆုံး ဇာတ်ကား = ဟိုကား (တစ်မျိုးမထင်နဲ့ ကာတွန်းကား)။
12. ဘယ်တော့မှ မတည်မြဲတဲ့အရာ = အိပ်ထဲက ပိုက်ဆံ ။
13. လတ်တလော အထိတွေ့ဆုံးအရာ = လက်ဖက်ရည်ဆိုင်က အကြွေးစာရင်း ။
14. အပြင်သွားတိုင်းပါတဲ့ ပစ္စည်း = ဖိနပ် ၊ အကျီ ၊ ဘောင်ဘီ … :P
15. ၀ါသနာအပါဆုံး အလုပ် = အိပ်စက်ခြင်း ( တစ်ခါတစ်လေ ဗိုက်ဆာတာတောင် ထမင်းစားပဲ ပေအိပ်နေတာ)။
16. အကြောက်ဆုံးအချိန် = သံချဆေးစားပြီး အိမ်သာတက်ချိန် ။
17. အခင်ဆုံး သူ = ပိုက်ဆံချေးပေးပြီး ပြန်တောင်ရန် မေ့နေသောသူ ။
18. အမုန်းဆုံးအရာ = အိပ်ယာပေါ်က ကြမ်းပိုး ။
19. ပေးချင်တဲ့ သတင်း = နေနက် ပိုက်ဆံပျက်နေသည် ဝေးဝေးရှောင်ကြပါ ။
20. ကြိုက်မိတဲ့ ကဗျာ = အိပ်ချင်သည့်စိတ် ၊ အိပ်သာအိပ် ၊ အိပ်သည့်အခါ ၊ အိမ်မက်လာ ၊ အိပ်ပါလျှက်နဲ့ နိုးရသည် (တာယာမင်းဝေ) ။
ဒု တ(ဂ်)
1. ၀ါသနာပါသော အလုပ်..= လေထဲမှာ တိုင်ဆောက်ချင်း
2. အပျော်ရွှင်ဆုံးအချိန်..= လာစာထုပ်ချိန်
3. အမြဲတန်းစုတောင်းတက်သောအရာ= အပြင်ထွက်တိုင်း ပိုက်ဆံ ကောက်ရပါစေ
4. အနှစ်သက်ဆုံးခံစားမှု့=ကြက်တောင်မွှေးဖြင့် နားကျပ်နေချင်း
5. ကိုယ်နဲ့အမြဲမကွာ ရှီနေတက်တာ=ဘကြီးဘုန်းကြီးပေးထားတဲ့ “ပိယသိဒ္ထိလက်ဖွဲကြိုး” (ယနေ့ အချိန်ထိ မစွံသေးပါ)
6. ဖြစ်ချင်သောဆန္ဒ..= အိုဘားမားရဲ့သမက်
7. စိတ်ညစ်သည့်အခါတိုင်း=ပါးစပ်ဆိုင်းတီးပီး ကနေတက်သည်
8. သူငယ်ချင်းတွေနှင့်ဆုံတိုင်း ပြောလေ့ရှီသည့်စကား..=ငါရေခမ်းနေတယ်ကွာ
9. ရှာဖွေတက်သည့်အရာ..= ..ပေါ..ချောင်…ကောင်း…
10. အကြိုက်ဆုံးအစားအစာများ=အရက်ဆိုင်ကအမြီး(တစ်ခါတစ်ရံ တကူးတကသွားစားလေ့ရှီသည်)
11. စိတ်နေသဘောထား..= သဘောကောင်းတယ် စိတ်ဆက်တယ်(အကြွေးတော့မဆပ်ဘူး)
12. မသွားချင်သည့်နေရာ= သုသန်
13. အမြဲရောက်သည့်နေရာ..= အပေါင်ဆိုင်
14. အကြိုက်ဆုံးဆောင်ပုဒ်=“ အစားလွန်တော့ ဗိုက်ဝ” “အအိပ်လွန်တော့ အိမ်မက်လှ” “အလုပ် လွန်တော့ ကျွန်ဖြစ်”
15. သူငယ်ချင်းများအတွက်စကားလက်ဆောင်=ကြက်သရေမင်္ဂလာအပေါင်းနဲ့ခါးညောင်း လို့ဒူးချောင် အရင်းပြောင် လို့ ဖွတ်တက်ကြပါစေ…
ဒုတိယ/နေနက်
Tuesday 24 May 2011
ကျွန်တော်တို့လည်း တ(ဂ်) ပါသည် ။
Views
Subscribe to:
Post Comments (Atom)
9 comments:
အကို့တဂ် ကိုဖတ်လိုက်မှ စိတ်ညစ်နေတာတွေတောင် ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး တကယ်ရယ်ရတယ်။
9. နေ့တိုင်းရောက်ဖြစ်တဲ့နေရာ = အိမ်သာ ။
ဝမ်းချုပ်တဲ့နေ့ရောဘယ်လိုလဲ
သူများသေရင်ဒုဒုကလိုက်မပို့တော့ဘူးလား
မသွားချင်ဆုံးနေရာဆိုလို့ပါ။ ။
ဟုတ်တယ်။ ရေးထားတာ တကယ်ကောင်းတယ် ။
4. အနှစ်သက်ဆုံးခံစားမှု့=ကြက်တောင်မွှေးဖြင့် နားကျပ်နေချင်း
9. ရှာဖွေတက်သည့်အရာ..= ..ပေါ..ချောင်…ကောင်း…
အပေါ်ကအချက်နှစ်ချက်ကိုကြည့်ရုံနဲ့တင် ဝါသနာတူတယ်ဆိုတာသိလိုက်ရလို့ ရိုသေစွာမန့်လိုက်ပါတယ်ခင်ဗျာ..:P:P:P:P.
ပေါက်ကရလေးဆယ်ရေးတက် တာ ဦးဦးနေနက်ပါ။
တစ်ကယ်ပဲ ဖတ်ရင်း ပြုံးမိတယ်... ရေးတက် တွေးတက်ပနော်..:):)
အိုဘာမာ သမက်ဖြစ်ခြင်ရင် သူသမတ္တဖြစ်တုံးတော့ မဖြစ်လောက်ဘူး။
မဲလည်း ယူမှာပဲလား?
ရေးတက်တယ်ဗျာ။ လူကို ပေါ့ပါးသွားတာပဲ။
လာရောက်ဖတ်သွားပါပြီ
ရေးလဲရေးတတ်လိုက်တာ
ပြုံးသွားတယ်နော်...
Post a Comment