ရာဇ၀င်မော်ကွန်း
ဘယ်လောက်ထွန်းလည်း
ရွှေခေတ်အချိန်ခါ
လွန်လေပြီ...
ရွှေရောင်မှေးမှိန်
ဂုဏ်သတင်းတိမ်လည်း
ငါသည်မုချ
မြန်မာဖြစ်၏ ....
ငါ့နိုင်ငံအောက်
ရေချို မရောက်လည်း
ရေငန်သောက်၍
ဆက်နေမည်...
ငါ့နိုင်ငံမြေ
လွန်သေးသိပ်၍
ချိုမြိန်သစ်သီင်္း မဖြစ်ထွန်းလည်း
ရှိသမျှသစ်ခေါက်
ဖျော်ကာသောက်၍
အသက်ဆက်ကာ ငါနေမည်...
နိုင်ငံစွန်ခွာ
ဝေးရပ်ရွာ၌...
ပြည်ရွာမကောင်းကြောင်း
တိမ်းစောင်းသမုတ်
အကြိုးယုတ်အောင်
လှီဆယ်ရှာစား
လူ့ငနွား လည်း ငါမလုပ်ပေ...
ဘယ်လောက် ရောင်မှိန်
အလွန်သေးသိမ်လည်း
ငါပင် လေလွှင့်
သစ်ရွက်ဖြစ်သော်
ငါ့နိုင်ငံလေ ခေါ်ဆောင်ရာ၌
ငါရွက်လွှင့်မည်....
အဖန်ဖန်သေဆုံး
လူဖြစ်အုံးက
ဤမြေ၌ပင်
အသက်ဆက်မည်......။ ။
နေနက်
(20/10/2009)
မြန်မာနိုင်ငံနဲ့ဝေးနေတဲ့ အချိန်တုံးက အလွမ်းပြေလေးရေးထားတဲ့ ကဗျာလေးပါ ကြာတာတော့ ကြာပါပြီ ... ဘာမှမရည်ရွယ်ဘူးနော် ... အလွမ်းပြေသပ်သပ်ပဲ
Monday, 25 April 2011
ကျွန်ုပ်၏ ချစ်လှစွာသော

Subscribe to:
Post Comments (Atom)
No comments:
Post a Comment