လူကလေးရေ
မနက်စောစောမှာအိပ်ယာနိုးတက်အောင်
မင်းစိတ်ကိုလေ့ကျင့်ပေးစမ်းကွဲ့
အေးအေးမြမြနဲ့ ငြိမ်းချမ်းတက်တဲ့ အာရုံကိုမျှော်ကြည့်လှဲ့
ဟိုမှာကြည့်စမ်းကွဲ့
ကောင်းကင်ကြီးကို .....
ပတ္တမြားအဆင်းနဲ့ တလဲ့လဲ့တဝင်းဝင်း.
လင်းလို့......၊
ဟိုမှာကြည့်စမ်းကွဲ့
သစ်ပင် ၊ ပန်းပင်ကလေးတွေ
နှင်းရည်စက်တွေ ရွှဲရွှဲ စိုလို့
စိမ်းစိမ်းစိုစို ကိုယ်ကလေးတွေနဲ့
ရွှင်ရွှင်ပြပြမြူးနေလိုက်ကြတာ..၊အသက်ကို တစ်ဝ ရှုစမ်းကွဲ့
လူကလေးရဲ့ .. ပြီးရင်..
ဘာမှပြန်မလိုချင်တဲ့ ဆန္ဒကလေးနဲ့
မင်းရဲ့ အရပ်ရှစ်မျက်နှာမှာ ရှိရှိသမျှ အရာရာကို
ချမ်းသာပျော်ရွှင်ပါစေကြောင်း
ဆုကလေးတောင်းပေးကြည့်လှည့်..
ပီတိလေးတစ်ခုကို မင်းသိလိမ့်မယ်..၊
လူကလေးရေ မှတ်ထားကွဲ့
ဘယ်အရာကိုပဲကြည့်ကြည့်
မျက်မှောင်ကုပ်ထားချင်တဲ့ဆန္ဒနဲ့ မကြည့်နဲ့
လောကကြီးဆီက
စိတ်မကောင်းဖြစ်စရာတွေပဲ မင်းရမယ်..၊
လူကလေးရေ..
ခါးကိုလည်း မတ်မတ်ထားကွဲ့
မင်းခြေဖဝါးတွေ ကိုလည်း
ရပ်တည်နေရာ အရာပေါ်မှာ
ပြန့်ပြန့်ပြူးပြူး ရှိပါစေ
မင်း ဒူးတွေ မခွေနဲ့ မယိုင်နဲ့
မက်နေတဲ့ အိပ်မက်ကလေးကို
အလှဆုံးဆေးသားတွေ
အထပ်ထပ် အခါခါ ထည့်နေလိုက်စမ်းပါ
လူကလေးရယ်.........၊
လူကလေးရေ...
ဘဝမှာ သက်ပြင်းချစရာတွေ ကြုံတဲ့ အခါ
သက်ပြင်းမချနဲ့ သက်ပြင်းရှူကွဲ့
အဲ တာမှ ပိုကောင်းတဲ့ အခွင့်အလမ်း တစ်ပိုင်းတစ်စ.
မြင်ခွင့်ရမယ်......၊ လူကလေး.......
ငုံ့ကြည့်ချင်စိတ်နဲ့ ဘယ်တော့မှအမြင့်မတက်နဲ့
အနိုင်ယူလိုစိတ်နဲ့ ဘယ်တော့မှ မယှဉ်ပြိုင်နဲ့..၊
လူကလေးရေ ...
မင်းလောကထဲမှာ နေထိုင်ရှင်သန်တဲ့အခါ
သတိကြီးကြီးထားရမယ့်
ရန်သူသတ္တဝါ မင်းမှာရှိတယ်..
အဲဒါ မင်းကိုယ်တိုင်ပါပဲ...................၊
လူကလေးရေ.....
မင်းကိုယ်မင်းမနိုင်တဲ့ အခါ
မင်းဟာကျရှူံး သွားလိမ့်မယ်ဆိုတာ
သေသေချာချာမှတ်ထားပါ....၊
...........................................
လူကလေးရေ ........
မင်း.. အေးချမ်းပျော်ရွှင်ပါစေ........။
Thursday, 24 February 2011
လူကလေး
Views
Subscribe to:
Post Comments (Atom)
No comments:
Post a Comment