{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Tuesday, 29 April 2014

{သို့သူငယ်ချင်း}

“သူငယ်ချင်းရေ..မင်းဟာ
အလှကြည့်..မှန်ဘောင်ထဲက
ရွှေငါးလေး..မဟုတ်သလို.။
ငါကလဲ.. ရေတွင်းထဲက
ဖားတစ်ကောင်မှ မဟုတ်တာကွယ်.။
သို့ပါလျှက်
ဘယ်နှယ့်ကြောင့် .
ငါ့တို့ရဲ့ကောင်းကင်ကြီးကို ..ဘောင်ခတ်လို့
ဘာ့အတွက်..ငါတို့ရဲ့
အမြင်အာရုံ တွေကျဉ်းမြောင်း နေရမှာလဲ..။
..ငါ နဲ့စ ငါနဲ့ဆုံးတဲ့..
(MADE IN CHINA).ဆန်ဆန်
ဝေါဟာရတွေ ငါမသုံးပါရစေနဲ့ကွာ.။
ကဲ.....
လူကိုသေစေတက်တဲ့ လျှာတွေကို
ခေါက်သိမ်းရင်း ..။
အရောင်တွေရောနေတဲ့..အမြင်အာရုံတွေလဲ
ခဏ..ပိတ်ထားလိုက်ပါအုံး..။
ရင်ဘက်ချင်း နီးစပ်တယ်ဆိုရင်ပေါ့..
နှလုံးသားချင်းပဲ စစ်ခင်းကျပါ..စို့လား
..သူငယ်ချင်း.“..။။
         ...။။။((ဒုတိယ))။။။...
            /29/04/2014/

Tuesday, 18 March 2014

{နံမည်.လား နာမည်လား}

ဟိုးးးးတစ်ချိန်က ရန်ကုန်မှာ အလုပ်မရှီအကိုင်မရှီနဲ့
လမ်းသလားနေချိန်. ချစ်သူကမုန်း ဖဲကရှုံး ငငြုပ်သီးကစပ်
ရေကငက်တဲ့အခိုက်..စိတ်ညစ်ညစ်နဲ့ခြေဦးညွှန်ရာထွက်လာ မိရင်း
မန္တလေးရွှေမြို့တော်ကြီးဆီကိုရောက်ခဲ့တုန်းက.လူတစ်ယောက်နဲ့
ဆုံမီတယ် အလွန်ဖော်ရွေသော ထိုပုဂ္ဂိုလ်က သူ့ကိုယ်သူမိတ်ဆက်ရင်း
သူ့နာမည်(မင်းသစ္စာ)တဲ့ ဒီနာမည်ကြားဘူးပါတယ်လို့ တွေးနေတုန်း
သူကဆက်ပြောတယ် “ခင်များ အလုပ် လုပ်ချင်ရင်တော့ ကျနော် အရင်
လုပ်ခဲ့ဘူးတဲ့စက်ရုံမှာ သွားလုပ်လို့ရတယ် အဲ့မှာကျနော့် သူငယ်ချင်း
“ဝေဠုကျော်”ဆိုတာရှီတယ်“မင်းသစ္စာ”ကလွှတ်လိုက်တာလို့ ပြောရင်
ချက်ချင်း အလုပ်ရမယ်ဗျာ”..“ဝေဠုကျော်”.ဆိုတဲ့နာမည်ကြားလိုက်တော့
ထိုပုဂ္ဂိလ်.“မင်းသစ္စာ” ဆိုတာမအံသြတော့ပါ.ဘာပဲဖြစ်ဖြစ် ဒုက္ခရောက်နေတဲ့
အချိန်.(ကိုယ်တိုင်ရှာဖွေတဲ့ဒုက္ခ).ကူညီပေးတဲ့ ကျေးဇူးရှင်ကို
ကျေးဇူးစကားလှိုက်လှိုက်လှဲလှဲ ဆိုရင်း ကျနော်ထိုစက်ရုံအားထွက်လာခဲ့တယ်
မန္တလေးတောင်ရဲ့အရှေ့ဘက် နန်းရှေ့ခေါ်မလား ကလေးတွေစားတဲ့
သရည်စာမုန့်မျိုးစုံနဲ့ ပလပ်စတိတ်ကြိုးခွေတွေ လုပ်တဲ့စက်ရုံပါ အခုလဲ
ရှီအုံးမည်ထင်သည်..ထိုစက်ရုံရောက်တယ်ဆိုရင်ပဲ security ဦးလေးကြီးကို
ဝေဠုကျော်နဲ့ တွေ့ချင်လို့ပါ ..လို့ပြောတော့..ချက်ချင်းခေါ်ပေးပါတယ်
ကိုဝေဠုကျော်ကလဲဖေါ်ဖေါ်ရွေရွေပါပဲ .အလွန်ခင်ဖို့ကောင်းပါသည်.
((နောက်.. ကျနော့အ၀တ်စားတွေငှားဝတ်ပြီး ပိုက်ဆံသုံးထောင်ချေးကာ
ခဏဆိုပြီးထွက်သွားလိုက်တာပြန်မပေါ်လာတော့ပါ)).. :)
ကိုဝေဠုကျော်နဲ့တွေ့တယ်ဆိုရင်ပဲ ကျနော့အား ကို“မင်းသစ္စာ”က
လွှတ်လိုက်တဲ့အကြောင်း.အကျိုးအကြောင်း ပြောပြလိုက်တော့
ကို“ဝေဠုကျော်”ကနေ သူ့ရဲ့အလုပ်သမားခေါင်းဆောင်ကို“ခင်လှိုင်”နဲ့
တစ်ဖန်မိတ်ဆက်ပေးတယ် ကိုခင်လှိုင်က သူအဖွဲ့မှာလူပြည့်နေလို့
ညပိုင်းအဖွဲ့ဖြစ်တဲ့ ကိုသန်းနိုင် တို့ အဖွဲ့ထဲ ထည့်ပေးမယ် ညပိုင်း
ဆင်းရမယ်လို့ပြောပါတယ် ((ကိုသန်းနိုင်ဆိုတာ နောက်မှသိရတယ်
သူနာမည်အပြည့်စုံက ပလေးဘွိုင်းသန်းနိုင် ပါ သူ့ခမျာ နာမည်ကရှည်
တော့ သူများတွေလို မပြည့်စုံတော့ပဲ အဖြားစွတ်၍ သန်းနိုင်ပဲ
တွင်နေခြင်းသာ))..ထို့နောက် ကိုခင်လှိုင်ကပဲ ကျနော် နေရမယ်
အခန်းကို လိုက်ပို့ပါတယ် အခန်းလေးက ၀က်ခြံသာသာရယ်ပါ
ပူလောင်အိုက်စပ် လေအ၀င်အထွက်မရှီတဲ့ထိုအခန်းငယ်ထဲမှာ
အသားညိုညို နဲ့ လူတစ်ယောက်ထိုင်ပြီး ဆေးလိပ်သောက်နေတာ
တွေ့ရတော့ ကျနော်ကပဲ စပြီး “မင်္ဂလာပါဗျာ ကျနော်အခုမှ ရောက်တဲ့
လူသစ်ပါ”လို့ နုတ်ဆက်စကားဆိုတော့ ထိုပုဂ္ဂိုလ်က အားရ၀မ်းသာ
အသံနဲ့“..ဟုတ်..ဟုတ်ကဲ့.ကျ.ကျ.ကျနော့..န..နာ..နာမည် .
သီ.သီ.ဟ.တင်.တင်စိုး ပါ ” တဲ့..ကျနော်လဲ ပြုံးပြရင်း.
“အော်ဟုတ်ကဲ့ ကိုသီဟတင်စိုး ကျနော့နာမည်လဲ မှက်ထားပေါ့ဗျာ
ကျနော့် နာမည် “မောင်ဂီလာန” ပါခင်မျာ”ဆိုတော့ ..
သီဟ ဆိုတဲ့ ငတင်စီုးခင်မျာ မျက်လုံးလေးကို ပြူးလို့.... :D :) ......


..ကဲ.ဟုတ်တယ်မှက်လားလူတစ်ယောက်မှာ ပဥာဏ်ထား
တဲ့ နာမည်က အရေးကြီးတယ်ဆိုတာ ......  :) :D ..

                   ..........။။။။။(ဒုတိယ)။။။။။..........
                               19.03.2014

Sunday, 2 March 2014

{ကျွန်ုပ်၏ အညံစား ရိုက်ချက်များ}




                                                 (1)
                                “ဟိုကောင့်လို့..ရင်ကွဲမပြပေမယ့်
                                    ကျုပ်ကလဲ အူအသဲ မပါတဲ့
                                           ပုဇဉ်းပါပဲဗျာ.”


 (2)
{ထွေထွေထူးထူး မဟုတ်ရပါဘူး..
အရူးတစ်ယောက်ရဲ့ စိတ်ကူး“လက်ရာ”
တွေကတော့ အရင်လို ..ဖရိုဖရဲ
ရောင်စဉ်တွေ.ဖွာလန်ကျဲနေတဲ့.
ညနေခင်း တစ်ခုစာနဲ့သာ.
ကျေနပ်ခဲ့ရ ပေါ့.}


 
(3)
“.ခေတ်ကြီးကိုက အရောင်တွေဗလပွနဲ့
စီးမျှောနေတာလေ...
နေ၀င်ချိန်တောင် ဘာမှန်းမသိတဲ့ မြို့ပြတစ်ခုစာရဲ့
ဝင်ရိုးစွန်းမှာ.တွေးရင်း.ငေး.ရင်း
အာခရစ်တီ ရဲ့ ကဗျာတစ်ပုဒ်ကိုတီးတိုး ဆိုမိတယ်..
“ပေါင်မုန့် မလိုဘူး
ဝိုင်ရစ်အချိုတွေမလိုဘူး
ငါချစ်တဲ့မင်းလဲ.မလိုဘူး
မျှော်လင့်ချက်တစ်ကိုယ်.ဆင်စာနဲ
အိမ်မက်အပုတ်အသိုးတွေမလိုဘူး ”
အမိန့်ပေးသံတွေ
မကြားရတဲ့ အရပ်ဒေသမှာပဲ
အိပ်ရေး ၀ ၀ အိပ်ချင်နေမီတာ
တစ်ကယ်ပါ.ဗျာ...”



                                                         (4)
                                      “ကျွန်ုပ်မော်ဒယ်၏ ဂဏန်းစတိုင်” 




                                                 (5)

                (သူပြောချင်တာ ဟာသ ကျနော့်အတွက်က ဒဿန)
 

“ဒဏ္ဌာရီပုံပြင်များဖြင့် နာမည်ကြီးသည့် ရုရှားစားရေး ဆရာကြီး (ကရီလော့.Krilov)
သည် မိမိ ငှားရမ်းသည့်အိမ်အတွက် အိမ်ရှင်နှင့် အိမ်ငှားစာချုပ် ချုပ်ဆိုသည်။
စာချုပ်တွင် “အကယ်၍ အိမ်ငှား၏ ပေါ့ဆမှု့ ကြောင့်အိမ်မီးလောင်ပျက်စီးလျှင်
အိမ်ငှားက အိမ်ရှင်အား ရူဘယ် ခြောက်သောင်းလျော်ကြေးပေးရမယ်”ဟူသောအချက်
ကိုထည့်သွင်းထားသည်။ဤအချက်ကို ကရိလော့ မြင်သောအခါ မင်တံယူပြီး သုညနှစ်လုံးထပ်ဖြည့်လိုက်သည်။ သို့နှင့် ခြောက်သောင်းမဟုတ်ပဲ ခြောက်သန်း
ဖြစ်သွားလေသည်အိမ်ရှင်က အာနာသံနှင့် ကန့်ကွက်စကားဆိုရာ.
ကရီလော့.က“မကန့်ကွက်ပါနဲ့ဗျာ၊ခြောက်သောင်း မဟုတ်ပဲ ခြောက်သန်းရမယ်
ဆိုတာ ပိုကောင်းတယ်.ပြီးတော့ စိတ်လည်းချမ်းသားရတာပေါ့ ၊
အဲ..ကျနော်အတွက်ကတော့မထူးပါဘူး ခြောက်သောင်းပဲဖြစ်ဖြစ် ခြောက်သန်း
ပဲဖြစ်ဖြစ် ကျနော် ဘယ်လိုမှ မလျော်နိုင်ဘူးလေ”..




Friday, 17 January 2014

{အရင်လိုပါပဲ}

“စွန့်ပစ်ထားတာကြာပြီဖြစ်တဲ့ ခရီးဆောင်အိတ်အဟောင်းလေးထဲ
အမှက်မထင် ထားခဲ့ဘူးတဲ့ ငွေတိုငွေစလေးများ ရှီလေမလားရယ်လို့
ဖြဲ ရွဲ ရှာကြည့်လိုက်တာ..2005 ခုနှစ်က ကျနော့်ဘ၀ရဲ့တစ်စိပ်တစ်ပိုင်း
မှက်ဥာဏ် ဖြစ်ခဲ့တဲ့ Diary စာအုပ်အဟောင်းလေးပဲထွက်လာတယ်.
နှုတ်ခမ်းထောင့်ကို ဟန်ပါပါကွေးညွှန့်ရင်း..
ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်တယ်..

“Faith without wark is dead”
{အလုပ်မပါသော ယုံကြည်မှုသည်
အသေ သက်သက်သာ ဖြစ်သည်}တဲ့..

 “အောင်မယ် တယ်လာတဲ့စာသားပါ့လား”.
စာအုပ်အဟောင်းလေးကိုအသာပိတ် ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တယ်
ဆံပင်တွေတောင် တစ်ပင်စ နှစ်ပင်စ ဖြူလို့ အရိုးပေါ်အရည်တင်နေတဲ့
အသားရောင် မွဲခြောက်ခြောက်နဲ့ နံဘေးမှာ အဖေါ်တစ်ယောက်
တိုးလာတာကလွဲလို့.2005 ခုနှစ်ကအတိုင်း ဘာဆိုဘာမှမပြောင်းလဲ....

ဆရာတာရာမင်းဝေရဲ့ ဟိုလိုလို ဒီလိုလို စာပိုဒ်လေးတစ်ခုကို
ကျနော် ခတ်တိုးတိုးလေး ရေရွတ်မိတယ်..

“စာရွက်ပေါ်မှာ.မင်းကိုချစ်နေယုံနဲ့တော့ ငါ့ဘဝ
မှင်ကုန်တာပဲ အဖက်တင်လိပ်မည်”..။။။


..............။။။ဒုတိယ။။။.............