{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Friday 25 May 2012

“အတိုအထွာဟာသ“

Views





 
? ...“အဘက မိန်းမ နှစ်ယောက်ယူထားတာဆိုတော့
 မယားကြီးနဲ့မယားငယ် ဘယ်သူကိုပိုချစ်လဲ ဗျ”
=....“မယားကြီးကို ပိုချစ်တာပေါ့ကွ”

?.... “ဒါနဲ့များ အဘရယ်ဘာလို့မယားငယ်ထပ်ယူရတာလဲ”
=....“ဟကောင်ရ မသိရင်မှက်ထား.မယားငယ်ဆိုတာ အသက်အရွယ်ငယ်တုံးက
ယူတဲ့သူကမယားငယ်....အသက်ကြီးမှ ယူတော့ မယားကြီးပေါ့ကွ”။။.........


<===================================================================>

 
ဒဿန ပညာရှင်ကြီးတစ်ယောက်ထံ လူငယ်တစ်ဦးချဉ်းကပ်၍
+ ..“ဆရာကြီးကျနော့်ကိုအောင်မြင်စေနိုင့်မယ့် ဒဿနစကားလေးတစ်ခွန်းလောက်
လက်ဆောင်ပါးခဲ့ပါလား”
- ....“အိမ်း...မောင်မင်း.အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်ရင်.
အလုပ်လုပ်တဲ့အခါ..နာရီကို မကြည့်နဲ့ကွယ့်..”
+....“တိန်..ဒါဆိုရင်တော့ ကျနော်ထမ္မင်း ငတ်မှာပဲ.”
-....“ဘာလို့လဲကွ”
+ ...“ကျနော့် အလုပ်က နာရီပြင်တဲ့အလုပ်မို့ပါဆရာကြီး”.။။...........


<=================================================================>
 
ဆံပင်ညှပ်သမားက သူရဲ့ဖောက်သယ်ကို ဆံပင်ညှပ်ပေးရင်း
စကားစမြည်းပြောနေသည်..
* ....“လူဆိုတာ အောင်မြင်ဖို့အတွက် အောက်ခြေမှစရတယ်ကွ.
ငါအရင်က အောက်ခြေသိမ်းအလုပ်ကနေစခဲ့တာ  အခုဆို
ထိပ်ဆုံးရောက်နေပြီလေ.”
x...“ခင်များအရင်က ဘာလုပ်ခဲ့တာလဲ”
*.....“ဖိနပ်ချုပ်ခဲ့တာလေ”.။.........





    
 (ကြားဖူးနားဝ စကားလုံးလေးတွေစိတ်ကူးပုံဖော်မိပါသည်)
                26/05/2012
               (ဒုတိယ)
                     

6 comments:

လွင်ပြင်လှိုင်းငယ် said...

ရီရတယ်။မောတာလေ နဲနဲပြေသွားတယ်

နွေတေးရှင် (မင်းဧရာ) said...

ဒါနဲ့ ကိုဒု ရောဘယ့်သူ့ကို ပိုချစ်သလဲ ဟင်....
အချင်းချင်းမို့ လက်တို့ပြီးမေးကြည့်တာပါ ဒီကွန်မန့်ကို မဒမ်ဒု မမြင်စေနဲ့နော်))))း။

စံပယ်ချို said...

ဒုဒုရေ ချောင်ဆိုးနေလို့ ဖတ်ပြီးရယ်ရတာ အားမရဘူးဟ
အားရပါးရ၇ယ်ချင်လို့လေ

mstint said...

အများသူတို့ကို သက်ရှည်ကျန်းမာ စိတ်ချမ်းသာစေတဲ့ ရယ်မောဖွယ်ရာလေးတွေ ဖတ်သွားတယ် ဒုဒုရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

ဟီး အခုလိုညစ်နေတဲံအချိန်ဖတ်ရတော့တန်ဖိုးရှိတယ်

ပဥာက် said...

ဒါရိုက်တာ မောင်ပြည့်ဝ..ရိုက်ကူးပုံဖော်သည်။ဌဲဌဲ