{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Friday 1 April 2011

မျှားကျိုးခဲ့တဲ့ ဓနုကောင်ရဲ့ မှတ်တမ်းတစ်ပိုင်း

Views

နှင်းမကျတဲ့ ဒီဇင်ဘာရဲ့ …
မှော်မ၀င်တဲ့ တစ်ဆယ့်ကိုး မှာ ….
ဒီလေးညှို့ကနေပြီး ….
အရူးတစ်ကောင်ကိုတပ်လို့ ….
စတင်ပစ်လွတ် မွေးဖွားခဲ့လေရဲ့ ….
(အားမာန်အပြည့်နဲ့ပေါ့ ….)

ငိုသံတွေထဲမှာတောင်
ကာရံပျောက်တဲ့ …. ဒီလိုကောင်က
ကဗျာဆရာ စိတ်ကူးနဲ့ …
ရူးနှမ်းနှမ်းကဗျာတွေနဲ့လည်း …
ပျော်မွေ့နေလေရဲ့ ….
(လွန်ခဲ့တဲ့ ၄ နှစ်လောက်တုံးကပေါ့)
ပွဲတိုင်းရှုံးတဲ့ ဒီလိုကောင်က
အသည်းတစ်ခု ကျကျန်ခဲ့တာတောင်
အမှတ်မရှိပဲ
“တစ်ခါလွမ်းဖူး အရက်ဖိုးနားလည်” လို့တောင်
ပြောနေလေရဲ့ ….

စီးကရက်ထက် ….
ဖက်ကြမ်းဆေးလိပ်ကိုပိုကြိုက်ပြီး …
ကမ္ဘာကြီးကို မှိုင်းတိုက်နေတဲ့ကောင်က ….
သောက်တိုင်းမူး …. မူးတိုင်းတွေရစ်လို့ ….
အချုပ်ခန်းထဲလဲ ရောက်ဘူးသေးတာပေါ့ ….

အဓိက …. သာမည ဆိုတာ စိတ်ထဲမှာမရှိ
ပြီးတော့လည်းပြီးတာပဲဆိုတဲ့ဆောင်ပုဒ်နဲ့
လုပ်ချင်တာလုပ်တဲ့ကောင်
မီးဝေးလို့ ချိတ်မအေးပဲ
အမေနဲ့ဝေးလို့
မျက်ရည်တွေလည်း နွေးဘူးလေရဲ့ …..

လေညှို့က၀င့်
လေကပင့်လို့ ….
အမြင့်ရောက်နေတဲ့ကောင်…
သူ့ကိုယ်သူတောင် ….
ပစ်လွှတ်ခဲ့တာလား …. ခုန်ထွက်ခဲ့တာလားဆိုတာတောင်
မသေချာ မရေရာနဲ့လေ…

ဒီလိုနဲ့ပဲ ….
မျော လိုက်…. လွင့်လိုက်…
စုန်လိုက် …. ဆန်လိုက်…
ချည်တိုင်နဲ့ဝေး …. အိမ်ကိုငေးရင်းနဲ့ပဲ …
ဘ၀အပိုဒ်ခွဲ …. အခန်း (၂၄) ထဲတောင် ရောက်လို့ပေါ့ …

အစိမ်းတွေပျောက် ….
အ၀ါရောက်ပြီး …
ရော်ဝါရွက်တွေ ရောင်မြင်မှ …
အိုမင်းမှုတွေ နုပျိုလေရဲ့ဆိုပြီး
တောင့်တမဲ့ ငိုကြွေး …………..

ရက်တည်မှုတွေလဲ အဓိပ္ပာယ်မဲတဲ့ ဒီကောင်အတွက်
ရှင်သန်မှု ၂၄ မြောက် …
လက်ခုပ်တွေတီးလို့ အားပေးချင်ရဲ့ …..
“ဖြောင်း ….ဖြောင်း ….”
နှစ်ချက်နဲ့ နှစ်သိမ့် ကျေနပ်ပေလော့ ….
အဆုံးသော လက်ခုပ်သံ …
တစ်ချက်ညံဖို့အတွက်တော့ ….
ခဏ သိမ်းထားအုံးမယ်

ဝင်သက်တွေ ရပ်တန့်
လှဲလျောင်းချိန်မှ
အားသွန်ခွန်စိုက် တီးခတ်မပေါ့
ဆုံးသော လက်ခုပ်သံ ….
မြှားကျိုးတဲ့ ဓနုကောင်အတွက်
ဂုဏ်ပြုလက်ခုပ်သံပေါ့ …
လေးအ၀င့်ကို ….
မြှားမပစ်ပဲ … နှင်းဆီတင့်ခဲ့တဲ့ ….
ဒီလိုကောင်အတွက်
နောက်ဆုံးတစ်ချက် ဂုဏ်ပြုလိုက်မယ် …
ဓနုကောင် နေနက်
ကောင်းရာသုဂတိလားစေသော် ။ ။


(နေနက်)
1/4/2011

1 comment:

ဒုတိယ said...

အရက်သောက်ချင်းသည် အသဲအားကောင်းစေပါသည်။။ ဆေးလိပ်သောက်ချင်းသည် စိတ်လေလွင့်မှုကို့ တားစီးပေးပါသည်။။။တဲ့ဟ...မင်းနဲ့ကျမှပဲ
ကမ္ဘာကြီး မှိုင်းတိုက်နေမီတော့တယ် ဟဟ ကောင်းတယ်ဟေ့ သူငယ်ချင်းရေ့ ...